နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာအဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့ Vostochny Cosmodrome အာကာသယာဉ်လွှတ်တင်ရေးစခန်းသို့ သွားရောက်လေ့လာ

 

နေပြည်တော်  စက်တင်ဘာ  ၉


နိုင်ငံတော်  စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ        နိုင်ငံတော် ဝန်ကြီးချုပ်      ဗိုလ်ချုပ်မှူးကြီး  မင်းအောင်လှိုင်   ဦးဆောင်သည့်   မြန်မာအဆင့်မြင့် ကိုယ်စားလှယ် အဖွဲ့သည်    ယနေ့နံနက်ပိုင်းတွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံ  ဗလာဒီ ဗော့စတော့ခ် အပြည်ပြည်ဆိုင်ရာ လေဆိပ်မှတစ်ဆင့်        Amur ပြည်နယ်၊     Blagoveshchensk မြို့ Ignatyevo အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့   ထွက်ခွာရာ   ဗလာဒီ ဗော့စတော့ခ်   ဒုတိယပြည်နယ် အုပ်ချုပ်ရေးမှူး  Mr.  Stegniy  Daria  နှင့်   တာဝန်ရှိသူများက လေဆိပ်၌    ပို့ဆောင်နှုတ်ဆက်ကြသည်။

 


ကြိုဆိုနှုတ်ဆက်


ထို့နောက်    နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ      ဥက္ကဋ္ဌ  နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင် များသည် Blagoveshchenskမြို့၊  Ignatyevo  အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့         ရောက်ရှိကြရာ Amur ပြည်နယ် အစိုးရအဖွဲ့အကြီးအကဲ Mr. Vasilii Orlov နှင့် အဖွဲ့ဝင်များက ကြိုဆိုနှုတ်ဆက်ကြပြီး ၎င်းမှတစ်ဆင့်     Vostochny    Cosmodrome   အာကာသယာဉ်လွှတ်တင်ရေးစခန်းသို့ ရဟတ်ယာဉ် များဖြင့် ဆက်လက်ထွက်ခွာကြသည်။

 


ယင်းနောက်    Vostochny   Cosmodrome အာကာသယာဉ်လွှတ်တင်ရေးစခန်းသို့  ရောက်ရှိ ခဲ့ရာတွင်  ရုရှားနိုင်ငံပိုင် အာကာသကော်ပိုရေးရှင်း State Space Corporation “Roscosmos” ၏ အထွေထွေညွှန်ကြားရေးမှူးချုပ် Mr. Yuri Borisov၊ “Roscosmos” အာကာသအေဂျင်စီ၏ အပြည်ပြည် ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ဦးဆောင်ပညာရှင် Mr. Nikita Perminov နှင့် တာဝန်ရှိသူများက ကြိုဆို နှုတ်ဆက်ကြသည်။ 

 


အမှတ်တရစုပေါင်းဓာတ်ပုံရိုက် 


ထို့နောက် Angara ဒုံးပျံပစ်လွှတ်စင် တည်ဆောက် မှုလုပ်ငန်းခွင်နေရာနှင့်  Soyuz-2 ဒုံးပျံပစ်လွှတ်စင် နေရာတို့သို့ ရောက်ရှိကြပြီး နည်းပညာရပ်ပိုင်းဆိုင်ရာ ဆောင်ရွက်မှု        အခြေအနေများနှင့်   ပတ်သက်၍  လိုက်လံရှင်းလင်းပြသကြရာ  နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က သိရှိ လိုသည်များအား    ပြန်လည်မေးမြန်း   ဆွေးနွေး ပြောကြားသည်။     ဆက်လက်ပြီး   Technical Complex အတွင်းရှိ Rocket တပ်ဆင်ရေးအလုပ်ရုံနှင့် ဂြိုဟ်တုထုတ်လုပ်ရေးအလုပ်ရုံအတွင်း      လိုက်လံ ရှင်းလင်းပြသကြရာ       နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ    နိုင်ငံတော်ဝန်ကြီးချုပ်က  စိတ်ပါ ဝင်စားစွာဖြင့်  အလုပ်ရုံတစ်ခုချင်းစီအလိုက်  သိရှိ လိုသည်များအား    ပြန်လည်မေးမြန်းဆွေးနွေးခဲ့ပြီး Rocket တပ်ဆင်ရေးအလုပ်ရုံအတွင်းရှိ Soyuz-2 ဒုံးပျံရှေ့တွင်  အမှတ်တရ  စုပေါင်းဓာတ်ပုံရိုက်ခဲ့ကြသည်။

 


အဆိုပါ Vostochny Cosmodrome အာကာသ ယာဉ်လွှတ်တင်ရေးစခန်းကို ၂၀၁၂ ခုနှစ် ဩဂုတ်လ တွင် စတင်တည်ထောင်ခဲ့ခြင်းဖြစ်သည်။ ၂၀၁၆ ခုနှစ် တွင် ပထမဆုံးအာကာသယာဉ်ကို စတင်လွှတ်တင် နိုင်ခဲ့ပြီး     စတင်တည်ထောင်ချိန်မှ   ယနေ့အထိ အာကာသယာဉ်    ၁၁   စင်းကို   လွှတ်တင်ခဲ့ပြီး ဖြစ်ကြောင်း သိရှိရသည်။

 


တွေ့ဆုံဆွေးနွေး


ဆက်လက်ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ  နိုင်ငံတော်ဝန်ကြီးချုပ်နှင့်  အဖွဲ့ဝင်များသည် Engineering-technical  building (GP-5)  သို့ ရောက်ရှိကြပြီး ရုရှားနိုင်ငံပိုင် အာကာသကော်ပိုရေး ရှင်း State Space Corporation “Roscosmos” ၏   အထွေထွေညွှန်ကြားရေးမှူးချုပ်   Mr.  Yuri Borisov နှင့် တွေ့ဆုံဆွေးနွေးသည်။ 

 


 အမြင်ချင်းဖလှယ်ဆွေးနွေး


ထိုသို့ တွေ့ဆုံဆွေးနွေးရာတွင် မြန်မာနိုင်ငံတွင် အာကာသနည်းပညာ   ဖွံ့ဖြိုးတိုးတက်ရေးအတွက် အတွေ့အကြုံများ၊   အကြံပြုချက်များ၊  နည်းပညာ ဆိုင်ရာများနှင့်  လူသားအရင်းအမြစ်  မွေးထုတ်ရေး ဆိုင်ရာတို့တွင်   ရုရှားဖက်ဒရေးရှင်းနိုင်ငံမှ  ကူညီ ဆောင်ရွက်ပေးသွားမည်ဖြစ်သည့် အခြေအနေများ၊ နှစ်နိုင်ငံ နည်းပညာရပ်ပိုင်းဆိုင်ရာ ပူးပေါင်းဆောင် ရွက်နိုင်မည့်   အခြေအနေများနှင့်   ပတ်သက်၍ အမြင်ချင်းဖလှယ် ဆွေးနွေးကြသည်။

 


ပို့ဆောင်နှုတ်ဆက်


ဆက်လက်ပြီး    နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များ သည် Amur ပြည်နယ်၊ Blagoveshchensk မြို့၊ Ignatyevo အပြည်ပြည်ဆိုင်ရာလေဆိပ်မှတစ်ဆင့် Buryatia ပြည်နယ်၊ Ulan-Ude မြို့၊ Baikal လေဆိပ် သို့ ဆက်လက်ထွက်ခွာကြရာ Amur ပြည်နယ်အစိုးရ အဖွဲ့ အကြီးအကဲ Mr. Vasilii Orlov နှင့် အဖွဲ့ဝင်များက လေဆိပ်တွင် ပို့ဆောင်နှုတ်ဆက်ခဲ့ကြကြောင်း သတင်းရရှိသည်။                              

သတင်းစဉ်