နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ထံမှ  ဆီးရီးယားနိုင်ငံသမ္မတ ထံသို့ စာနာထောက်ထားကြောင်း သဝဏ်လွှာပေးပို့

 

နေပြည်တော်     ဖေဖော်ဝါရီ     ၉
၂၀၂၃ ခုနှစ်   ဖေဖော်ဝါရီ  ၆ ရက်တွင်  တူကီယဲနိုင်ငံနှင့် ဆီးရီးယားနိုင်ငံနယ်စပ်တွင် ဖြစ်ပွားခဲ့သည့် မြေငလျင်ဒဏ်ကြောင့် ဆီးရီးယား ပြည်သူအများအပြား  အသက်အိုးအိမ်စည်းစိမ်  ပျက်စီးဆုံးရှုံးခဲ့ခြင်းများအတွက်   ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်   နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး  မင်းအောင်လှိုင်ထံမှ   ဆီးရီးယားနိုင်ငံသမ္မတ  ဒေါက်တာဘာရှား   အယ်-အာဆတ်ထံသို့  စာနာထောက်ထားကြောင်း သဝဏ်လွှာကို ၇-၂-၂၀၂၃ ရက်​နေ့တွင် ပေးပို့ခဲ့သည်။