နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ် ဇော်မင်းထွန်း၏ ပြောကြားချက်

 

မြန်မာနိုင်ငံတွင် နယ်စပ်ဒေသတည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေး၊ လုံခြုံမှုရှိစေရေးအတွက် 
တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိရာ နယ်စပ်ဒေသများတွင် တရားမဝင်နေထိုင်သူများအား
 တရုတ်နိုင်ငံသို့ ပြန်လည်လွှဲပြောင်းပေးမှုအခြေအနေများ၊
၆-၁၂-၂၀၂၃ ရက်နေ့ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့် 
ရခိုင်ပြည်နယ်တို့တွင် ထိတွေ့တိုက်ပွဲဖြစ်ပွားမှု အခြေအနေများ၊
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်  မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ ထုတ်ပြန်ချက်နှင့် ပတ်သက်၍ 
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ် ဇော်မင်းထွန်း၏ ပြောကြားချက်

 

ကျွန်တော်တို့နိုင်ငံအနေနဲ့    နယ်စပ်ဒေသတည်ငြိမ်အေးချမ်းရေး၊ နယ်စပ်ဒေသတရားဥပဒေစိုးမိုးရေး၊ လုံခြုံမှုရှိစေရေးအတွက် တရုတ် ပြည်သူ့သမ္မတနိုင်ငံနဲ့  ပူးပေါင်းဆောင်ရွက်လျက်ရှိရာမှာ ဒီနေ့မှာ တော့  နယ်စပ်ဒေသမှာ တရားမဝင် ဝင်ရောက်နေထိုင်တဲ့ အမျိုးသား ၆၈ ဦး၊  အမျိုးသမီး ၉ ဦး၊ စုစုပေါင်း ၇၇ ဦးကို တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ  တာဝန်ရှိသူများထံ လွှဲပြောင်းပေးနိုင်ခဲ့ပါတယ်။ စုစုပေါင်း ၁၁၂၆၀ ဦး ဖြစ်ပါတယ်။ နယ်စပ်ဒေသတည်ငြိမ်အေးချမ်းရေး၊ လုံခြုံရေး၊ တရား ဥပဒေစိုးမိုးရေးအတွက်  နှစ်နိုင်ငံ  ဆက်လက်ပူးပေါင်းဆောင်ရွက် လျက်ရှိကြောင်း ပြောကြားချင်ပါတယ်။ 


ဒီနေ့ထိတွေ့တိုက်ပွဲဖြစ်ပွားမှုအနေနဲ့ကတော့    ရှမ်းပြည်နယ် (မြောက်ပိုင်း)  မှာ  နန့်ခမ်းမှာထိတွေ့တိုက်ပွဲဖြစ်ပွားနေတာ  ရှိပါ တယ်။ လောက်ကိုင်ရဲ့တောင်ဘက်မှာ  ထိတွေ့တိုက်ပွဲဖြစ်ပွားနေတာ ရှိပါတယ်။ စစ်ကိုင်းတိုင်းဒေသကြီးဘက်မှာတော့  ခမ်းပါတ်၊ ခမ်းပါတ် ကတော့ ယခင်ကလည်း သတင်းထုတ်ပြန်ခဲ့တဲ့အထဲမှာပါပါတယ်။ အဲဒီမှာရှိနေတဲ့ အကြမ်းဖက်သောင်းကျန်းသူများအနေနဲ့ ခမ်းပါတ်မြို့ ကို   ထိန်းချုပ်နိုင်ပြီဆိုတဲ့ဟာမျိုး ပြောခဲ့တာရှိပါတယ်။   ခမ်းပါတ်မှာ တော့   တပ်မတော်အနေနဲ့   လုံခြုံရေးဆောင်ရွက်လျက်ရှိပါတယ်။ အဲဒီမှာတော့   ထိတွေ့တိုက်ပွဲဖြစ်ပွားမှုရှိပါတယ်။  ရန်သူ့ဘက်က အလောင်းလက်နက်ရရှိမှုများရှိပါတယ်။ ရခိုင်ပြည်နယ်ဘက်မှာတော့ နုန်းဘူးမှာ   ထိတွေ့တိုက်ပွဲအနည်းငယ်ရှိပါတယ်။    တပ်မတော်နဲ့ နိုင်ငံတော်အစိုးရအနေနဲ့ အကြမ်းဖက်သောင်းကျန်းသူများ ဆောင်ရွက် နေတဲ့ အကြမ်းဖက်လုပ်ရပ်များကို  အမြန်ဆုံးရပ်တန့်စေရေး၊ အကြမ်း ဖက်လုပ်ရပ်များနဲ့ပတ်သက်ပြီး  အမြန်ဆုံးချုပ်ငြိမ်းစေရေး   ဦးစားပေး ဆောင်ရွက်လျက်ရှိကြောင်း ပြောကြားလိုပါတယ်။ 


မနေ့က ဗဟိုဘဏ်ကထုတ်ပြန်လိုက်တဲ့   နိုင်ငံခြားငွေ၊ သုံးငွေ ရောင်းဝယ်ဖောက်ကားတဲ့လုပ်ငန်း  AD လိုင်စင်ရဘဏ်များမှာ အရောင်း အဝယ် ပြုလုပ်ရာမှာ  ငွေလဲလှယ်နှုန်းကို  ယခင်ကလို ဗဟိုဘဏ်က သတ်မှတ်မှာမဟုတ်ဘဲနဲ့ ဈေးကွက်အတွင်းမှာ နိုင်ငံခြားငွေရောင်းချ လိုသူနဲ့  ဝယ်ယူလိုသူတွေရဲ့ ငွေလဲလှယ်နှုန်းအပေါ် မူတည်ပြီး Market Rate အတိုင်းဆောင်ရွက်မယ်ဆိုတဲ့ ထုတ်ပြန်ကြေညာချက်ရှိပါတယ်။ ဒီထုတ်ပြန်ကြေညာချက်နဲ့ပတ်သက်ပြီးပဲဖြစ်ဖြစ်၊    ဆီကိစ္စတွေနဲ့ ပတ်သက်ပြီးပဲဖြစ်ဖြစ်  မီဒီယာများက မေးမြန်းလာတာတွေရှိပါတယ်။ ဒါနဲ့ပတ်သက်ပြီး     ယခင်တုန်းကလည်း   ဖြေလျှော့တဲ့အချိန်တိုင်း၊ အချိန်တိုင်းမှာ ပြောကြားခဲ့ပြီးဖြစ်ပါတယ်။ အခုအချိန်မှာ ဖြေလျှော့မှု က    နိုင်ငံတော်ဝန်ကြီးချုပ်အနေနဲ့    လွန်ခဲ့တဲ့ရက်ပိုင်းအတွင်းက ပြောကြားခဲ့တဲ့    နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ   အစည်းအဝေး၊ ပြီးရင် Cabinet နိုင်ငံတော်အစိုးရရဲ့အစည်းအဝေးတွေမှာ ပြောကြား ခဲ့ပြီးဖြစ်ပါတယ်။ Export သမားတွေနဲ့ပတ်သက်တဲ့ဟာတွေ၊ နိုင်ငံတော် ရဲ့  ထုတ်ကုန်တိုးမြှင့်ရေးနဲ့ပတ်သက်တဲ့ဟာတွေ   ပြောကြားခဲ့ပြီးဖြစ် တယ်။  Export သမားတွေနဲ့ပတ်သက်ပြီး သူတို့ရဲ့ကြိုးစားမှု၊ သူတို့ရဲ့ လုပ်ဆောင်ပေးမှုအပေါ်မူတည်ပြီး   ကျွန်တော်တို့အနေနဲ့ အကျိုးခံစား ခွင့်ရရှိအောင် လုပ်ဆောင်တယ်ဆိုတာမျိုး ပြောကြားခဲ့တာရှိပါတယ်။ ဒီနေ့မှာလည်း ပို့ကုန်တင်ပို့သူများရဲ့ ပို့ကုန်တင်ပို့ခြင်းမှရရှိတဲ့ ပို့ကုန် ရငွေရဲ့ ယခင်တုန်းက စစချင်းမှာတော့ ၃၅/၆၅ ရာခိုင်နှုန်းပေါ့။ ပြီးတော့ ၅၀/၅၀ ရာခိုင်နှုန်း   သတ်မှတ်လိုက်တယ်။   ဒီနေ့မှာတော့    ပို့ကုန် တင်ပို့ခြင်းမှရရှိတဲ့   ပို့ကုန်ရငွေပမာဏရဲ့  ၅၀  ရာခိုင်နှုန်းအစား ၃၅ ရာခိုင်နှုန်းကိုသာ မြန်မာနိုင်ငံတော်ဗဟိုဘဏ်က သတ်မှတ်ညွှန်ကြား ထားတဲ့အတိုင်း  မြန်မာကျပ်ငွေနဲ့   လဲလှယ်ဆောင်ရွက်ရမှာဖြစ်ပါ တယ်။ ဒါဟာ လွန်ခဲ့တဲ့ရက်ပိုင်းကတည်းကတိုင်  နိုင်ငံတော်ဝန်ကြီးချုပ် ပြောခဲ့တဲ့အတိုင်း ထပ်မံပြီး  ဖြေလျှော့ပေးတာဖြစ်ပါတယ်။   အဲဒီမှာ ဖြေလျှော့မှုနှစ်ခုလုပ်ခဲ့ပါတယ်။    ဖြေလျှော့မှုနှစ်ခုကတော့  မနေ့က ထုတ်ပြန်ခဲ့တဲ့ AD လိုင်စင်ရဘဏ်များရဲ့ နိုင်ငံခြားငွေနဲ့ ပတ်သက်ပြီး တော့ ရောင်းလိုသူ/ဝယ်လိုသူတွေရဲ့တင်သွင်းတဲ့ ငွေလဲလှယ်နှုန်း ပေါ်မှာမူတည်ပြီး    လွတ်လပ်စွာဆောင်ရွက်နိုင်ဖို့   ထုတ်ပြန်ခဲ့တယ်။   ဒီနေ့မှာတော့   ပို့ကုန်တင်ပို့သူများအတွက်  ပို့ကုန်ရငွေရဲ့ ပမာဏ   ယခင်တုန်းက  ၅၀  ရာခိုင်နှုန်းကို  နိုင်ငံတော်ဗဟိုဘဏ်က  သတ်မှတ် ညွှန်ကြားတဲ့ မြန်မာကျပ်ငွေနဲ့လဲရပြီး  အခု  ၃၅   ရာခိုင်နှုန်းသာလဲရမှာ ဖြစ်ပါတယ်။ ကျန် ရာခိုင်နှုန်းကို  လွတ်လပ်စွာ   ဆောင်ရွက်နိုင်တာ ဖြစ်ပါတယ်။   ဒါနဲ့ပတ်သက်ပြီး    မီဒီယာကလည်း   မေးပါတယ်။ ဒါတွေဟာ  ဘာကြောင့်လုပ်တာလဲ။ နံပါတ်တစ်က  လုပ်ရတဲ့အကြောင်း ကတော့ ဖြေလျှော့ခြင်းဖြစ်ပါတယ်။  နံပါတ်နှစ်ကတော့ ကျွန်တော်တို့ နိုင်ငံမှာ ဖွံ့ဖြိုးတိုးတက်ဖို့ဆိုရင် ကုန်ထုတ်လုပ်မှုကို နံပါတ်တစ်အားပေး ရမယ်။ နံပါတ်နှစ်က ပို့ကုန်ပမာဏ  ပိုပြီးမြင့်တက်လာရမယ်။ ပို့ကုန် ပမာဏ   ပိုပြီးမြင့်တက်လာဖို့  ပြီးရင်  ထုတ်ကုန်ပစ္စည်းများ   ပို့ကုန် တင်ပို့နိုင်ဖို့အတွက်   နိုင်ငံအတွင်းမှာရှိတဲ့  ထုတ်ကုန်ပစ္စည်းများကို မြှင့်တင်နိုင်ဖို့အတွက် ရည်ရွယ်ပြီးဆောင်ရွက်ရခြင်းဖြစ်ပါတယ်။ ဒီလို ဆောင်ရွက်တဲ့အခြေအနေမှာတော့    ဘယ်နေရာတွေမှာ    အကျိုး သက်ရောက်သလဲဆိုရင် Import ကိစ္စတွေမှာ အကျိုးသက်ရောက်မှု အနည်းငယ်ရှိပါလိမ့်မယ်။ အထင်ရှားဆုံးပြောရလျှင်   စက်သုံးဆီ ကဏ္ဍမှာ အကျိုးသက်ရောက်မှုရှိပါလိမ့်မယ်။ ဒီအကျိုးသက်ရောက်မှု ဟာ ခဏတာပဲဖြစ်ပါလိမ့်မယ်။ စက်သုံးဆီနဲ့ ပတ်သက်ပြီး စက်သုံးဆီ တင်သွင်းရမယ့်လိုအပ်တဲ့ပမာဏ ကျွန်တော်တို့နိုင်ငံမှာ တင်သွင်းဖို့ အတွက်  အသင့်ရှိပါတယ်။ တင်သွင်းဖို့အတွက်ရောက်ရှိနေတဲ့ သင်္ဘော များလည်းရှိပြီးဖြစ်ပါတယ်။ သို့သော် ဒီမူဝါဒအပြောင်းအလဲကို ဆောင် ရွက်တဲ့အချိန်မှာတော့ ခုနကပြောတဲ့ Export  ပို့တဲ့ လူတွေကနေ ပြန်ဝင်လာမယ့် ငွေတွေ၊  ပြီးရင်  ပြည်ပထွက်တဲ့  အလုပ်သမားတွေ ဆီက   ပြန်ဝင်လာမယ့်ငွေတွေ၊    တရားမဝင်   ဟွန်ဒီလုပ်ငန်းတွေ ဆောင်ရွက်ထားတဲ့ငွေများသည်   incentive   ရှိတဲ့အတွက်ကြောင့် အကျိုးခံစားခွင့်ရှိတဲ့အတွက် ပိုမိုဝင်ရောက်လာမှာဖြစ်ပါတယ်။ ပိုမို ဝင်ရောက်လာတာနဲ့အမျှ   ဈေးကွက်လည်း  သူ့အလိုလို  ထိန်းညှိပြီး ဖြစ်တယ်လို့ ကျွန်တော့်အနေနဲ့ သတင်းကောင်းပါးလိုပါတယ်။ 
အားလုံးကိုကျေးဇူးတင်ပါတယ်။


သတင်းစဉ်