နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ် ဇော်မင်းထွန်း၏ ပြောကြားချက်

 

မဟာဗျူဟာအမြင်၊ နည်းဗျူဟာအမြင်နှင့်ပတ်သက်ပြီး မြန်မာနိုင်ငံမှာ လက်ရှိဖြစ်ပေါ်နေသောအခြေအနေများ၊ 
ယခင်အတိတ်သမိုင်းကြောင်းမှာဖြစ်ပေါ်ခဲ့သော အခြေအနေများနှင့် နောင်တွင်ဖြစ်ပေါ်လာနိုင်သည့်အခြေအနေများ
ပြည်ဖျက်မီဒီယာများမှ ကောလာဟလ သတင်းတု၊ သတင်းမှားများထုတ်လွှင့်၍ 
ပြည်သူလူထုအား အကြောက်တရားဖြင့် ခြိမ်းခြောက်သွေးထိုးလှုံ့ဆော်နေမှုများ၊ 
၉-၁၂-၂၀၂၃ ရက်နေ့ ရှမ်းပြည်နယ် (မြောက်ပိုင်း) နမ့်ခမ်းမြို့၊ လောက်ကိုင်မြို့၊ ကယားပြည်နယ်၊ လွိုင်ကော်မြို့နှင့် 
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့တို့တွင် ထိတွေ့တိုက်ပွဲဖြစ်ပွားမှုအခြေအနေများနှင့် PDF အကြမ်းဖက်သောင်းကျန်းသူများက 
အများပြည်သူများအသုံးပြုလျက်ရှိသည့် လမ်းများ၊ တံတားများနှင့် လျှပ်စစ်တာဝါတိုင်များ ဖောက်ခွဲဖျက်ဆီးမှုများနှင့်ပတ်သက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ် ဇော်မင်းထွန်း၏ ပြောကြားချက်

 

ဒီနေ့မှာတော့  မဟာဗျူဟာအမြင်ပေါ့။ နည်းဗျူဟာအမြင်  ဒါတွေနဲ့ ပတ်သက်ပြီး နည်းနည်းလေးအသိပေးပြောကြားချင်ပါတယ်။ မဟာ ဗျူဟာအမြင်၊ နည်းဗျူဟာအမြင်နဲ့ပတ်သက်ပြီး ပြောကြားချင်တာ ကတော့  ကျွန်တော်တို့နိုင်ငံနဲ့ပတ်သက်ပြီး  အခုအချိန်မှာ  လက်ရှိ ဖြစ်ပေါ်နေတဲ့အခြေအနေတွေရှိတယ်။    ယခင်က    အတိတ်သမိုင်း ကြောင်းမှာ ဘာတွေဖြစ်ပေါ်ခဲ့တယ်ဆိုတဲ့အခြေအနေရှိတယ်။ နောင် မှာ ဘာတွေဖြစ်ပေါ်လာနိုင်တယ်ဆိုတဲ့ အခြေအနေတွေရှိပါတယ်။ အဲဒီတော့ ကျွန်တော်တို့ ကမ္ဘာကြီးနဲ့ချီပြီးတော့မပြောပါဘူး။ မြန်မာ နိုင်ငံနဲ့ အဓိကဆက်စပ်နေတဲ့နေရာတွေ၊ အရှေ့တောင်အာရှနေရာ လောက်ပဲ ကျွန်တော်ပြောချင်ပါတယ်။ ဒီအရှေ့တောင်အာရှပေါ့။ ကျွန်တော်တို့ပြောနေတဲ့  အခု ASEAN ဒေသပေါ့။ အဲဒီကွက်ကွက် ကလေးအမြင်နဲ့ပဲ ကျွန်တော်တို့ကြည့်ပါမယ်။ လွန်ခဲ့တဲ့ ရှေ့အနှစ် နှစ်ဆယ်နီးပါးပေါ့။ အနှစ်နှစ်ဆယ်နီးပါးမှာ ASEAN ဒေသမှာ ကမ္ဘော ဒီးယားလို၊ လာအိုလို၊ အရှေ့မှာ ဗီယက်နမ်လိုဒေသတွေမှာ မငြိမ်မသက် မှုတွေဖြစ်ခဲ့တယ်။ အဲဒီအချိန်မှာ ကျွန်တော်တို့မြန်မာနိုင်ငံအနေနဲ့က တည်ငြိမ်အေးချမ်းတဲ့နိုင်ငံတစ်ခုဖြစ်ခဲ့တယ်ဆိုတာ  သမိုင်းမှာ   ရှိခဲ့ ပါတယ်။ အဲဒီတော့ အဲဒီနယ်မြေဒေသတွေမှာ မတည်မငြိမ်၊ မအေး မချမ်းဖြစ်ခဲ့တယ်။ ဖြစ်ခဲ့တဲ့အချိန်မှာ ဘယ်သူ့ရဲ့ဝင်ရောက်နှောင့်ယှက် မှုကြောင့်  မတည်မငြိမ်၊  မအေးမချမ်းဖြစ်ခဲ့တာလဲ  ဒါကိုအားလုံး သိပြီးသား ဖြစ်ပါတယ်။ အနီးစပ်ဆုံးပြောရမယ်ဆိုရင် ကိုရီးယားစစ်ပွဲ၊ ဗီယက်နမ်စစ်ပွဲ ဘယ်သူ့ကြောင့်ဖြစ်ခဲ့တာလဲဆိုတာ အားလုံးမြင်ပြီး သား  ဖြစ်လိမ့်မယ်။     ဟိုးအဝေးကနေပြီး    ဘယ်သူကဝင်ရောက် နှောင့်ယှက်တာလဲဆိုတာ အကုန်လုံးမြင်နိုင်ပါတယ်။ အဲဒီ ဗီယက်နမ် စစ်ပွဲ၊ ကိုရီးယားစစ်ပွဲတွေကြောင့် ဘယ်သူတွေ ချမ်းသာသွားသလဲ။ ဘယ်သူတွေချမ်းသာသွားသလဲလို့  ဆိုတဲ့နေရာမှာ  ကမ္ဘာမှာရှိတဲ့ ဘယ်သူတွေချမ်းသာသွားသလဲလို့ ကျွန်တော်တို့ဆိုလိုတာ မဟုတ် ဘူး။ ကျွန်တော်တို့ ပတ်ဝန်းကျင်မှာရှိနေတဲ့ ဘယ်သူတွေကချမ်းသာ သွားသလဲ တွေ့နိုင်ပါလိမ့်မယ်။ ဒီနေ့အထိ အရှေ့တောင်အာရှတစ်ခွင် မှာ  စွမ်းအင်နဲ့ပတ်သက်ပြီး  ဓာတ်ဆီ၊  ဒီဇယ်၊  ရေနံနဲ့ပတ်သက်ပြီး ဘယ်သူက ဈေးကွက်ခြယ်လှယ်ထားသလဲ၊ အဲဒီဈေးကွက်ခြယ်လှယ်မှု ရဲ့ အခြေခံအဆောက်အအုံတွေ ဘယ်ကနေရရှိခဲ့သလဲဆိုရင် ဒီစစ်ပွဲ တွေကနေပဲ  အများဆုံးရခဲ့တာပါ။  ဒီစစ်ပွဲတွေကနေပဲထားခဲ့တာ။ ဒါတွေကို    ကြည့်မြင်နိုင်မယ်ဆိုရင်   ကျွန်တော်တို့နဲ့   ကျွန်တော်တို့ ပတ်ဝန်းကျင်ရဲ့အခြေအနေကို ကျွန်တော်တို့ သိမြင်နိုင်လိမ့်မယ်လို့ ပြောချင်ပါတယ်။ ဒီနေ့တွေမှာ ယခုလက်ရှိအခြေအနေမှာ ကျွန်တော် တို့နိုင်ငံအနေနဲ့ လက်နက်ကိုင်ပဋိပက္ခအချို့ ဖြစ်ပွားနေတာရှိတယ်။ ဒီရဲ့နောက်ကွယ်မှာ ဘာရှိလဲ၊ ဘယ်သူရှိလဲ ဆိုတာကိုလည်း သိနိုင်မှာပဲ ဖြစ်ပါတယ်။   ဒီရဲ့နောက်ကွယ်မှာရှိနေတဲ့  လွှမ်းမိုးချင်နေတဲ့  အဖွဲ့ အစည်းက ဒါပဲဖြစ်တယ်။ ဒါပေမယ့် ဒီအဖွဲ့အစည်းက အရှေ့တောင် အာရှမှာတော့  အခြေမခံတော့ဘူး။  အခုအချိန်မှာ  အခြေခံအနေနဲ့ အရှေ့အာရှမှာအခြေခံလာတာကို အံ့ဩဖွယ်တွေ့ရပါတယ်။ အဲဒီတော့ NUG, PDF အမည်ခံ အဓိကကတော့ NUG အမည်ခံ အကြမ်းဖက်အဖွဲ့ အနေနဲ့ အခုအချိန်မှာ ကျွန်တော်တို့ဒေသအတွင်းက ဘယ်နိုင်ငံတွေကို သွားလာနေလဲ၊  နောက်ဆက်တွဲမှာ  အမေရိကန်ရဲ့ အထောက်အပံ့ လူပုဂ္ဂိုလ်တွေက ဘယ်နိုင်ငံကို အမြဲတမ်းသွားလာနေလဲဆိုရင် အရှေ့ အာရှနိုင်ငံတစ်နိုင်ငံကို သွားလာနေပြီး လှုံ့ဆော်နေတာတွေ၊ စည်းရုံး နေတာတွေ  လုပ်နေတာကို  အခုအမြဲတမ်းတွေ့နေရပါတယ်။  ဒါနဲ့ ပတ်သက်ပြီး ကျွန်တော်တို့အနေနဲ့ သတိရှိရမှာဖြစ်တယ်လို့ ပြောချင် ပါတယ်။


ပြည်သူလူထုကို အကြောက်တရားနဲ့ ခြိမ်းခြောက်နေ


နောက်တစ်ခုကတော့ သတင်းတု၊ သတင်းမှားတွေကိစ္စ ဖြစ်ပါ တယ်။ ပဲခူးတိုင်းဒေသကြီး၊ ကျောက်ကြီးမြို့နယ်မှာရှိတဲ့ မုန်းဒေသက မုန်းတိုက်နယ်ပေါ့။  တိုက်ပွဲတောင်  ပြီးခဲ့တာကြာပါပြီ။  ဒါပေမယ့် အနောက်အားကိုးမီဒီယာတွေအနေနဲ့ အခုချိန်အထိတိုက်ပွဲက မပြီး သေးဘူး။ အဲဒီမှာဖြစ်နေတုန်းပဲ။ ဘယ်နေရာမှာတော့သိမ်းလိုက်ပြီ၊ ဘယ်နေရာမှာတော့    မီးရှို့လိုက်ပြန်ပြီဆိုတာ    လုပ်နေတုန်းပဲဖြစ် ပါတယ်။ ဒါတွေက ဘာကိုလုပ်နေတာလဲဆိုတော့ ကျွန်တော်မနေ့က ပြောခဲ့သလိုပဲ  အဓိကကတော့  သူတို့ရဲ့ပုံရိပ်ကို  ဟုတ်သည်ဖြစ်စေ၊ မဟုတ်သည်ဖြစ်စေ  မြှင့်တင်နေတာ၊  ပြည်သူလူထုကို  အကြောက် တရားနဲ့ ခြိမ်းခြောက်နေတာဖြစ်ပါတယ်။ အဲဒီတော့ ဗကပအထဲမှာ ကျွန်တော်တို့   ရဲဘော်သုံးကျိပ်ဝင်ဖြစ်ခဲ့တဲ့  ဗိုလ်မှူးချုပ်ကျော်ဇော တောခိုသွားတယ်။    တောခိုပြီးသိပ်မကြာဘူးဗျ။   အမြင်နှစ်မျိုးပဲ ထွက်ပေါ်လာတယ်။ ဗကပရဲ့အမြင်ပဲ။ ဗကပအထဲမှာရောက်နေတဲ့ တောခိုကျောင်းသားတွေရဲ့အမြင်က ဗိုလ်မှူးချုပ်ကျော်ဇောကို ဗကပ အထဲမှာရောက်နေတဲ့  ရုပ်သေးရုပ်ဆိုပြီး ပြောကြတယ်။ သူ့မိန်းမ ကိုယ်တိုင်က ဘာပြောခဲ့လဲဆိုတော့ ဗကပဆိုတာ အဝေးကကြည့်ရင် တော့ ရွှေတောင်ကြီးပဲတဲ့၊ အနီးကပ်ကြည့်မှ နွားချေးပုံမှန်း သိရပါတယ် တဲ့။ ဒါကဥပမာတစ်ခုပဲပြောတာပါ။ အဲဒီခေတ်တုန်းက ဗိုလ်မှူးချုပ် ဆိုတဲ့ရာထူးက   တော်တော်ကြီးကြီးမားမား   ရာထူးဖြစ်ပါတယ်။ အဲဒီလိုတောခိုခဲ့တဲ့လူတောင်မှ ဒီလိုမျိုးဖြစ်တယ်။ အဲဒီတုန်းက ဗကပ ရဲ့    လွှမ်းမိုးမှုဘယ်လောက်ကြီးတယ်ဆိုတာ    အားလုံးကသိရှိမှာ ဖြစ်ပါတယ်။ အခုအချိန်မှာ ဘာတွေလုပ်နေလဲဆိုရင် ပြည်သူလူထုကို ဘယ်သူ့ကို ဘယ်လိုသတ်လိုက်ပြီ၊ ဘယ်သူ့ကိုဘယ်လို ဗုံးခွဲလိုက်ပြီ၊ ဘယ်နေရာမှာ ဘယ်လိုဗုံးခွဲလိုက်ပြီဆိုပြီး ပြည်သူလူထုကို အကြောက် တရားရိုက်သွင်းပေးနေတာဖြစ်တယ်။ ဒီအကြောက်တရား ရိုက်သွင်း ပေးပြီးမှ ဆွဲဆောင်မှုပေါ့။ အစောပိုင်းကပြောသလို ဘယ်သူတွေကတော့ ဘယ်လိုဖြစ်လို့ ဘယ်လိုပူးပေါင်းတယ်ပေါ့။ ကျွန်တော်တို့တပ်မတော် သားတွေအနေနဲ့   ဘယ်သူမှ  သူရဲဘောကြောင်သူ မရှိဘူး။  သွားပြီး ပူးပေါင်းတဲ့လူမရှိဘူး။ မိသားစုတွေရဲ့ လုံခြုံရေးအရ၊ မိသားစုတွေရဲ့ အသက်အန္တရာယ်အရ   ဖမ်းဆီးခံရတာတွေ   ရှိကောင်းရှိနိုင်တယ်။ ဘယ်သူမှ သူရဲဘောကြောင်ပြီး သွားပြီးအညံ့ခံတဲ့သူမရှိဘူး။ ရှိစရာ လည်း အကြောင်းမရှိဘူး။ အရင်တုန်းက အကြောင်းအမျိုးမျိုးကြောင့် တပ်ကနေကင်းကွာသွားတဲ့ ခွင့်မဲ့ပျက်ကွက်သူတွေလည်း ရှိလိမ့်မယ်။ လုံခြုံရေးတပ်ဖွဲ့ဝင်တွေရှိလိမ့်မယ်၊ ရဲတပ်ဖွဲ့ဝင်တွေ ရှိလိမ့်မယ်။ ဒီလို လူမျိုးတွေကို ဒီအချိန်မှာအခွင့်ကောင်းယူပြီးတော့ ပြယုဂ်အနေနဲ့ ဆောင်ရွက်နေတာဖြစ်ပါတယ်။ ဒါတွေကို ကျွန်တော်တို့တပ်မတော် သားတွေ၊ လုံခြုံရေးတပ်ဖွဲ့ဝင်တွေအနေနဲ့ အားလုံးသတိရှိရမှာဖြစ်တယ် လို့ ကျွန်တော့်အနေနဲ့ ပြောချင်ပါတယ်။


လုံခြုံရေးတပ်ဖွဲ့ဝင်တွေ ရွပ်ရွပ်ချွံချွံ  ခုခံတိုက်ခိုက်ချေမှုန်း


ဒီနေ့မှာတော့  ရှမ်းပြည်နယ်(မြောက်ပိုင်း)  နမ့်ခမ်းမှာ  ထိတွေ့ တိုက်ပွဲဖြစ်ပွားမှုရှိပါတယ်။  ဒီ နမ့်ခမ်းကို   MNDAA   အကြမ်းဖက် သောင်းကျန်းသူတွေအနေနဲ့ တိုက်ခိုက်နေတာ တစ်လလောက်ရှိပါပြီ။ ပြည်သူလူထုလည်း မှတ်မိပါလိမ့်မယ်။ ဒီတိုက်ပွဲတွေဖြစ်ပြီး မကြာ သေးဘူး။ နမ့်ခမ်းမြို့တစ်မြို့လုံးကို သူတို့ထိန်းချုပ်လိုက်ပြီဆိုပြီး ဓာတ်ပုံ တွေနဲ့ တက်လာတာတွေ့လိမ့်မယ်။ ဒါကလွန်ခဲ့တဲ့ အောက်တိုဘာလ လောက်ကတည်းက တက်လာတာဖြစ်ပါတယ်။ သူတို့ထိန်းချုပ်နိုင်ပြီ ဆိုရင်   နမ့်ခမ်းကိုဘာကြောင့်အခုချိန်အထိ   တိုက်နေသေးတာလဲ။ ဒါတွေက သူတို့ရဲ့အပြောနဲ့အလုပ်ပဲဖြစ်ပါတယ်။ ဒီနမ့်ခမ်းဒေသမှာ စစ်ဆင်ရေး၊ လုံခြုံရေးတာဝန်ထမ်းဆောင်နေတဲ့ အရာရှိ/စစ်သည်များ၊ လုံခြုံရေးတပ်ဖွဲ့ဝင်များအားလုံးကို အသိအမှတ်ပြုဂုဏ်ယူကြောင်း ပြောကြားလိုပါတယ်။ လောက်ကိုင်မှာတော့ လောက်ကိုင်မြို့အနီး တစ်ဝိုက် နေရာနှစ်နေရာလောက်မှာ တိုက်ပွဲအနည်းငယ်ဖြစ်ပွားခဲ့ တာရှိပါတယ်။  လွိုင်ကော်မှာတော့  ဒီနေ့မှာ  ပြည်နယ်ရဲရုံးကို ၄/၅ ကြိမ်လောက် ဝင်ရောက်တိုက်ခိုက်တာရှိပါတယ်။ လုံခြုံရေးတပ်ဖွဲ့ဝင် တွေအနေနဲ့  ရွပ်ရွပ်ချွံချွံ  ခုခံတိုက်ခိုက်ချေမှုန်းခဲ့တဲ့အတွက်  ရန်သူ ထိခိုက်ကျဆုံးမှုများပြားကြောင်း သိရှိရပါတယ်။ ကရင်ပြည်နယ်ဘက် မှာတော့ ကော့ကရိတ်မြို့ဦးကျောင်းအနီးမှာ ထိတွေ့မှုအနည်းငယ်ရှိခဲ့ ပါတယ်။ မနေ့က ညအချိန်မှာတော့ ရန်ကုန် - မန္တလေးလမ်း ကျွဲပွဲ အနီးမှာ တံတားတစ်စင်းကို KNU, PDF အကြမ်းဖက်အဖွဲ့တွေအနေနဲ့ မိုင်းထောင်ဖောက်ခွဲခဲ့တာရှိပါတယ်။ တံတားကမ်းကပ်ခုံ အနည်းငယ် ပျက်စီးခဲ့ပါတယ်။ ဒီအဖွဲ့တွေအနေနဲ့ ကျွန်တော်ပြောခဲ့သလိုပဲ အများ ပြည်သူအသုံးပြုနေတဲ့ လမ်းတွေ၊ တံတားတွေ၊ လျှပ်စစ်တာဝါတိုင်တွေ ကိုပဲ အဓိကထားပြီး ဖျက်ဆီးနေတာဖြစ်ပါတယ်။ ဒါတွေကို ကျွန်တော် တို့ ပြည်သူတစ်ရပ်လုံးကသိရှိပြီးတော့ ပြည်သူ့အကျိုးကို တိုက်ရိုက် ထိပါးစော်ကားတဲ့ အကြမ်းဖက်သောင်းကျန်းသူမှန်သမျှကို ဆန့်ကျင် ချေမှုန်းဖို့ အစိုးရ၊ ပြည်သူ၊ လုံခြုံရေးတပ်ဖွဲ့ဝင်များအားလုံး လက်တွဲ ညီညီ  ဆောင်ရွက်ပြီး  ကျွန်တော်တို့ပြည်တွင်းမှာဖြစ်နေတဲ့  မငြိမ် မသက်မှုတွေ   အမြန်ဆုံးချုပ်ငြိမ်းသွားအောင်လုပ်ဖို့၊    ပူးပေါင်း ဆောင်ရွက်ကြဖို့  အားလုံးကိုမေတ္တာရပ်ခံ ပြောကြားလိုပါတယ်။


အားလုံးကိုကျေးဇူးတင်ပါတယ်။