နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ချီးမြှင့်သည့် ဘွဲ့တံဆိပ်များအား အဝေးရောက် လက်ခံရယူသည့် ကာယကံရှင်နှင့် မိသားစုဝင်များထံ တာဝန်ရှိသူများ သွားရောက်၍ လက်ရောက်ချီးမြှင့်အပ်နှင်း

 

နေပြည်တော်   ဇန်နဝါရီ  ၁၁


(၇၅)နှစ်မြောက်  စိန်ရတုလွတ်လပ်ရေးနေ့ ဂုဏ်ထူးဆောင်ဘွဲ့များ   ချီးမြှင့်အပ်နှင်း ခြင်း   အခမ်းအနားကို    ၂၀၂၃   ခုနှစ် ဇန်နဝါရီ ၁ ရက်နှင့်     ၂   ရက်တို့တွင် အောင်မြင်စွာ ကျင်းပခဲ့ပြီး နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ  နိုင်ငံတော် ဝန်ကြီးချုပ်က       ဘွဲ့ခံပုဂ္ဂိုလ်များထံ  ဂုဏ်ထူးဆောင်ဘွဲ့များကို     ကိုယ်တိုင် တစ်ဦးချင်း  လက်ရောက်  ချီးမြှင့်အပ်နှင်း ခဲ့ပြီးဖြစ်သည်။

 


အဆိုပါ    ဂုဏ်ထူးဆောင်ဘွဲ့များ အပ်နှင်းခြင်းအခမ်းအနားသို့  အကြောင်း အမျိုးမျိုးကြောင့်  ကိုယ်တိုင်သော်လည်း ကောင်း၊    ကိုယ်စားသော်လည်းကောင်း တက်ရောက်ရယူနိုင်ခဲ့ခြင်းမရှိဘဲ   အဝေး ရောက်လက်ခံရယူမည့်   ဘွဲ့ခံပုဂ္ဂိုလ်များ ရှိသည့်အတွက် ယနေ့တွင် နေပြည်တော် ကောင်စီအပါအဝင်  သက်ဆိုင်ရာ  တိုင်း ဒေသကြီးနှင့် ပြည်နယ်တို့မှ    တာဝန်ရှိ  သူများက ဂုဏ်ထူးဆောင်ဘွဲ့များ  လက်ခံ ယူမည့်  ကာယကံရှင်နှင့်   မိသားစုဝင်များ ကို လက်ရောက်ချီးမြှင့်အပ်နှင်းကြသည်။

 


ထိုသို့    ချီးမြှင့်အပ်နှင်းရာတွင်   နေပြည်တော် ကောင်စီဥက္ကဋ္ဌ    သီရိပျံချီ    ဦးတင်ဦးလွင်နှင့်     နေပြည်တော်တိုင်း  စစ်ဌာနချုပ်တိုင်းမှူး   ဗိုလ်ချုပ်   ဇေယျကျော်ထင်ဇော်ဟိန်းတို့က      သီရိပျံချီဘွဲ့ ရရှိသူ    ဟိုတယ်နှင့်   ခရီးသွားလာရေးဝန်ကြီးဌာန   ပြည်ထောင်စုဝန်ကြီး (ငြိမ်း) ဦးအုန်းမောင် ၊      ဝဏ္ဏ ကျော်ထင်ဘွဲ့ရရှိသူ   အမှတ်(၂)     စက်မှုဝန်ကြီးဌာန    ဒုတိယဝန်ကြီး(ငြိမ်း) ဦးမျိုးအောင်၊     ဝဏ္ဏကျော်ထင် ဘွဲ့ရရှိသူ  နိုင်ငံခြားရေးဝန်ကြီးဌာန သံအမတ်ကြီး (ငြိမ်း)  ဦးစောလှမင်း၊     ဝဏ္ဏကျော်ထင်ဘွဲ့ရရှိသူ      နိုင်ငံခြားရေးဝန်ကြီးဌာန သံအမတ်ကြီး  ဒေါ်မော်မော်   (ကိုယ်စား) မောင်ဖြစ်သူ ဦးမင်းထွဋ်၊  ဝဏ္ဏကျော်ထင် ဘွဲ့ရရှိသူ    နိုင်ငံခြားရေးဝန်ကြီးဌာန     သံအမတ်ကြီး   (ငြိမ်း)   ဦးစိုးဝင်း(ကိုယ်စား)ဇနီးဖြစ်သူ  ဒေါ်ခင်ဝင်း ကြည်တို့ကို        ဂုဏ်ထူးဆောင်ဘွဲ့များ  လက်ရောက် ချီးမြှင့်အပ်နှင်းသည်။

 


ထို့အတူ မွန်ပြည်နယ်  ဝန်ကြီးချုပ်   သီရိပျံချီ   ဦးဇော်လင်းထွန်းက သီရိပျံချီဘွဲ့ရရှိသူ  ဦးအုန်းကျော်၊ ဝန်ကြီး   (လူမှုဝန်ထမ်းဌာန၊  အလုပ်သမားဌာန) ကိုယ်စား  ဇနီးဖြစ်သူ ဒေါ်သက်ဉာဏ်၊    အရှေ့တောင် တိုင်းစစ်ဌာနချုပ်   တိုင်းမှူး ဗိုလ်ချုပ် မြတ်သက်ဦးက  ဝဏ္ဏကျော်ထင်ဘွဲ့ရရှိသူ       မွန်ပြည်သစ်ပါတီဥက္ကဋ္ဌ နိုင်ရွှေကျင်  (ကိုယ်စား)   သားဖြစ်သူ  ဦးကိုကိုဦး တို့ကို  ဂုဏ်ထူးဆောင်ဘွဲ့များ  လက်ရောက် ချီးမြှင့် အပ်နှင်းသည်။

 


အလားတူ  ကရင်ပြည်နယ်  ဝန်ကြီးချုပ် သီရိပျံချီ  ဦးစောမြင့်ဦးက  သီရိပျံချီ ဘွဲ့ရရှိသည့်   တောင်ကလေး ဆရာတော်နှင့်        ဝဏ္ဏကျော်ထင်ဘွဲ့ရရှိသည့်       မြိုင်ကြီးငူ ဆရာတော်ဘဒ္ဒန္တသုဇန (ကိုယ်စား) ဒုတိယ မြိုင်ကြီးငူဆရာတော်တို့ထံ      ဂုဏ်ထူး ဆောင်ဘွဲ့များ ဆက်ကပ်သည်။  

 


ထို့နောက်      အရှေ့တောင်တိုင်းစစ်ဌာနချုပ်         တိုင်းမှူး   ဗိုလ်ချုပ်  မြတ်သက်ဦးက   သီရိပျံချီဘွဲ့ ရရှိသည့် တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား အစည်းအရုံး နယ်ခြားစောင့်တပ်များ ဗဟိုအကြံပေး နှင့်    ကွပ်ကဲရေးအဖွဲ့ ဥက္ကဋ္ဌ   (DKBA)  ဗိုလ်မှူးကြီး   စောထွန်းလှိုင်နှင့်    ဟောင်သရော   အထူးဒေသမှ    ဂုဏ်ထူးဆောင်   ဒုတိယဗိုလ်မှူးကြီး  စောဒေါဒေါ (ကိုယ်စား) ဗိုလ်မှူး ချစ်ဝင်းတို့ကို ဂုဏ်ထူးဆောင် ဘွဲ့များ ချီးမြှင့်အပ်နှင်းသည်။

 


အလားတူ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ်      ဝဏ္ဏကျော်ထင် သီရိပျံချီ ဦးမောင်ကိုက သတိုးမဟာ သရေစည်သူ    ဘွဲ့ရရှိသော    နိုင်ငံတော်ဝန်ကြီးချုပ် (ငြိမ်း)  ဦးမောင်မောင်ခ  (ကိုယ်စား)  ချွေးမဖြစ်သူ ဒေါ်လွင်လွင်မြင့်၊    အလင်္ကာကျော်စွာဘွဲ့    ရရှိသော   စာရေးဆရာ ဦးကိုလေး (ကိုလေးအင်းဝဂုဏ်ရည်)၊      သီရိပျံချီဘွဲ့ရရှိသော ချင်းပြည်နယ် အေးချမ်းသာယာ ရေးနှင့်  ဖွံ့ဖြိုးရေးကောင်စီဥက္ကဋ္ဌ (ငြိမ်း)၊   အနောက် မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူး (ငြိမ်း)   ဗိုလ်မှူး ကြီး လှငွေ (ကိုယ်စား)  ဇနီးဖြစ်သူ  ဒေါ်သိန်းသိန်း၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်   တိုင်းမှူး   ဗိုလ်ချုပ်   ဇေယျကျော်ထင်  ကိုကိုဦးက  ဇေယျကျော်ထင်ဘွဲ့ ရရှိသော   စစ်ဥပဒေချုပ်  (ငြိမ်း)   ဗိုလ်ချုပ်သန်းဦး (ကိုယ်စား) ဇနီးဖြစ်သူ ဒေါ်မြင့်သန်း၊   သီရိပျံချီဘွဲ့ ရရှိသော ကရင်ရေးရာဝန်ကြီး မန်းဘဆိုင် (ကိုယ်စား)    သားဖြစ်သူ   မန်းဖုန်းဆိုင်တို့ကို   ဂုဏ်ထူးဆောင် ဘွဲ့များ    လက်ရောက်ချီးမြှင့်     အပ်နှင်းခဲ့ကြောင်း သိရသည်။                        

သတင်းစဉ်