နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ သတင်းထုတ်ပြန်ရေးအဖွဲ့နှင့် သတင်းမီဒီယာများပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲမှတ်တမ်း

(ယမန်နေ့မှအဆက်)


Myanmar Hard Talk မှ သတင်းထောက် ဦးဥက္ကာက NUG၊ CRPH တို့ကို  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ  မှ အကြမ်းဖက်အဖွဲ့အစည်းအဖြစ် ကြေညာခဲ့ခြင်း ရှိကြောင်း၊ ယနေ့အချိန်အထိ ၎င်းတို့၏လုပ်ရပ်များက တကယ့်အကြမ်းဖက်လုပ်ရပ်ဖြစ်နေခြင်းကို ထင်ထင် ရှားရှားတွေ့မြင်နေရပြီဖြစ်ကြောင်း၊ အကြမ်းဖက် အဖွဲ့အစည်းများကို အရေးယူရန်အတွက် အပြည် ပြည်ဆိုင်ရာရဲတပ်ဖွဲ့ Interpol အပါအဝင် ဒေသ တွင်းနိုင်ငံများက အစိုးရများနှင့်ပူးပေါင်းပြီး ဆောင် ရွက်မှုရှိ/မရှိ သိလိုပါကြောင်း မေးမြန်းသည်။


ဗိုလ်ချုပ်ဇော်မင်းထွန်းက ပူးပေါင်းဆောင်ရွက် မှုများရှိပါကြောင်း၊ ပြီးခဲ့သည့် သုံးရက်၊ လေးရက် လောက်က သတင်းထုတ်ပြန်ထားကြောင်း၊ ကိုဗစ်-၁၉ ရောဂါနှင့်ပတ်သက်ပြီး အကြမ်းဖက်မှုများလုပ် နေသည့် NUG ၊ CRPH တို့၏လုပ်ရပ်ကို အပြည်ပြည် ဆိုင်ရာအဖွဲ့အစည်းများထံ အကြောင်းကြားထား ကြောင်း၊ ရပ်ကွက်များအတွင်း၌ လှည့်လည်သတိပေး လျက်ရှိကြောင်း၊  ပြည်ထဲရေးဝန်ကြီးဌာနအနေဖြင့် မည်သည့်နေရာများကို မည်ကဲ့သို့ဆောင်ရွက်ထား သည်ကို သတင်းထုတ်ပြန်ထားကြောင်း၊ အဆိုပါကိစ္စ နှင့်ပတ်သက်ပြီး အသေးစိတ်ကို ပြည်ထဲရေးဝန်ကြီး ဌာနက ဆက်လက်ဖြေကြားသွားမည်ဖြစ်ကြောင်း ပြန်လည်ဖြေကြားသည်။ 
အပြည်ပြည်ဆိုင်ရာရဲအဖွဲ့ကို ပေးပို့


ပြည်ထဲရေးဝန်ကြီးဌာနမှ ရဲမှူးကြီးကျော်လင်း က NUG ၊ CRPH တို့ဖွဲ့စည်းထားသည့် လက်အောက်ခံ အဖွဲ့အစည်းအားလုံးကို အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားပြီးဖြစ်ကြောင်း၊   ထိုကဲ့သို့ ကြေညာ သကဲ့သို့ NUG ၊ CRPH၊ PDF တို့ အမည်ခံ အဖွဲ့အစည်း များကို အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေနှင့်လည်း အရေးယူနေခြင်းများ ရှိကြောင်း၊ ထိုသို့အရေးယူသကဲ့ သို့ ဥပဒေနှင့်အညီ ၎င်းတို့ကို သက်ဆိုင်ရာတရားရုံး များတွင် တရားစွဲဆိုပြီးနောက် တရားရုံးမှထုတ်ပြန် သည့်ဖမ်းဝရမ်းများကို နိုတြီပြုလုပ်ပြီး အပြည်ပြည် ဆိုင်ရာရဲအဖွဲ့ကိုလည်း  ပေးပို့ခြင်းများရှိကြောင်း၊ အပြည်ပြည်ဆိုင်ရာရဲအဖွဲ့တွင် အဖွဲ့ဝင်နိုင်ငံစုစုပေါင်း ၁၉၄ နိုင်ငံကိုလည်း ဆက်လက်ပေးပို့လျက်ရှိကြောင်း၊ လက်ရှိဆောင်ရွက်နေသည်များမှာ အဆိုပါအကြမ်း ဖက်အဖွဲ့အစည်းများကို နောက်ကွယ်မှ ငွေကြေးများ၊  ပစ္စည်းများထောက်ပံ့နေသည့်ကိစ္စများကို သေချာ စနစ်တကျ စိစစ်ဖော်ထုတ်ပြီး     အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေဖြင့် အရေးယူဆောင်ရွက်လျက်ရှိ ကြောင်း၊  ထိုအကြမ်းဖက်မှုများနှင့်ပတ်သက်၍ အများပြည်သူတို့   ကျယ်ကျယ်ပြန့်ပြန့်သိအောင် သတင်းထုတ်ပြန်ရန်အတွက် စီစဉ်ဆောင်ရွက်နေ ကြောင်း ဖြည့်စွက်ဖြေကြားသည်။


97 Media မှ သတင်းထောက်ချုပ် နန္ဒလင်း (ထားဝယ်)က ကိုဗစ်-၁၉ ရောဂါ ကုသရေးအတွက် နေပြည်တော်နှင့် တိုင်းဒေသကြီး/ပြည်နယ်အသီးသီး ၌ အောက်ဆီဂျင်စက်ရုံများကို  တည်ဆောက်ခဲ့ ကြောင်း၊ ထိုသို့တည်ဆောက်ခဲ့ရာတွင် တစ်နိုင်ငံလုံး အတိုင်းအတာအနေဖြင့် အောက်ဆီဂျင်စက်ရုံ မည်မျှ တည်ဆောက်ထားကြောင်း၊ လက်ရှိ အောက်ဆီဂျင် ပမာဏမည်မျှကို ဖြန့်ဝေပေးလျက်ရှိသည်ကို သိလို ကြောင်း မေးမြန်းသည်။
ဗိုလ်ချုပ် ဇော်မင်းထွန်းက အောက်ဆီဂျင် စက်ရုံနှင့်ပတ်သက်၍ တိုင်းဒေသကြီး စာရင်းများကို ပြောရမည်ဆိုလျှင် နည်းနည်းများကြောင်း၊ ဆိုလို သည်မှာ   တည်ဆောက်ဆဲစက်ရုံများရှိကြောင်း၊ တည်ဆောက်ပြီးလုပ်ငန်းများရှိကြောင်း၊ အားလုံးခြုံငုံ မိအောင်ဖြေပေးမည်ဖြစ်ကြောင်း၊  အောက်ဆီဂျင် နှင့်ပတ်သက်၍ လိုအပ်ချက်များရှိခဲ့ကြောင်း၊  ထို့ ကြောင့် ယခုအချိန်တွင်  ပြည့်မီအောင်ဆောင်ရွက် လျက်ရှိကြောင်း၊ မြို့တိုင်းနီးပါး၌လည်း တည်ဆောက် နေမှုများရှိကြောင်း၊ အောက်ဆီဂျင်လိုအပ်ချက်သည် တစ်နိုင်ငံလုံး၌ အမြင့်ဆုံးဖြစ်သည့်အချိန်ကိုသာ တိုင်းကြောင်း၊ ထိုသို့တိုင်းသည့်အခါ တစ်နိုင်ငံလုံး အောက်ဆီဂျင်    အမြင့်ဆုံးလိုအပ်ချက်ဖြစ်သည့် ကိုဗစ်-၁၉ ရောဂါ တတိယလှိုင်းကာလ ၂၀၂၁ ခုနှစ် ဇူလိုင် ၁၈ ရက်တွင်   အောက်ဆီဂျင်လီတာ ၄၀ ဝင်အိုး ၃၁၂၉၇ အိုး လိုကြောင်း၊ မြန်မာနိုင်ငံ၌ ၎င်း ပမာဏကို အကုန်လုံး စွမ်းအားပြည့်ထုတ်လျှင်ပင် မထုတ်နိုင်သဖြင့် အောက်ဆီဂျင်ပြည့်မီစွာ ထုတ်လုပ် နိုင်ရန်ကြိုးစားသည့်အခါ တစ်နိုင်ငံလုံး အောက်ဆီဂျင်စက်ရုံ(ပုဂ္ဂလိကပိုင်စက်ရုံ၊ အစိုးရပိုင်စက်ရုံနှင့် တပ်မတော်ပိုင်စက်ရုံ)ရှိကြောင်း၊ ထိုစက်ရုံများနှင့် မလောက်သည့်အပြင် ပြည်ပမှ liquid oxygen များသွင်းပြီး ဆောင်ရွက်ခဲ့ရကြောင်း၊ ယခုအချိန်တွင် ထုတ်နိုင်သည့်အိုးပေါင်း ၂၆၈၇၂ လုံး ထုတ်နိုင်မည် ဖြစ်ကြောင်း၊  အများဆုံးလိုအပ်ချက်ကိုပြောလျှင် ၃၁၂၉၇ လုံး၊ ယခုလက်ရှိ ထုတ်နိုင်သည့် ၂၆၈၇၂ လုံးသည် တစ်ပြည်လုံးအတွက် မလောက်သေးဘူးဟု ထင်ရကြောင်း၊ သို့သော် ယခုအခါ ထိုအရေအတွက် သည် တစ်ပြည်လုံးအတွက် လုံလောက်ကြောင်း။


တစ်နိုင်ငံလုံးတည်ဆောက်ရန်အတွက် ဆောင်ရွက်


ယခုလိုအပ်ချက်က ရောဂါဖြစ်နှုန်းကျသွားသည့် အတွက် တစ်ရက်လိုအပ်ချက်မှာ ၁၈၆၇၇ လုံးလိုအပ် ကြောင်း၊ ထို့ကြောင့် ဂရုတစိုက်ဆောင်ရွက် နေခြင်း ဖြစ်ကြောင်း၊ သို့သော် ယခုထုတ်နေသည့် ၂၆၈၇၂ လုံးသည် liquid oxygen ပါကြောင်း၊ liquid oxygen သည် ပြည်ပကသွင်းခြင်းကြောင့် ရေရှည်အားကိုး၍ မရကြောင်း၊ ရေရှည်အားကိုး၍မရဆိုသည်မှာ သူများ နိုင်ငံက မသွင်းပေးဟုပြောခြင်း  မဟုတ်ကြောင်း၊ သွင်းလျှင် ငွေပေးရမည်ဖြစ်ကြောင်း၊ တိုင်းဒေသကြီး နှင့်ခရိုင်များ၊ မြို့နယ်များမှာ လိုအပ်သည့်နေရာများ၌ လိုအပ်သလိုလုပ်နေကြောင်း၊ နိုင်ငံတော်ဝန်ကြီးချုပ် ပြောကြားသွားသည့်အတိုင်း တချို့မြို့နယ်များမှာ လူဦး ရေနည်းခြင်းကြောင့် မလိုအပ်ဘူးဟု ထင်ရကြောင်း၊ သို့သော် အဆိုပါဒေသများတွင် လုပ်ပေးရမည်ဖြစ် ကြောင်း၊  ဥပမာအနေဖြင့် စစ်ကိုင်းတိုင်းဒေသကြီးမြောက်ပိုင်းရှိ နန်းယွန်းဒေသကဲ့သို့နေရာမျိုးကို  အောက်ဆီဂျင်အိုးကိုပို့ရန် နှစ်ရက်၊ သုံးရက်ခန့်ကြာ ကြောင်း၊ ထိုဒေသ၌ အောက်ဆီဂျင်စက်ရုံကို တည် ဆောက်ပေးရမည်ဖြစ်ကြောင်း၊ လူဦးရေနှင့်မကြည့် ဘဲ လိုအပ်ချက်ကို ကြည့်ခြင်းဖြစ်ကြောင်း၊ တစ်နိုင်ငံ လုံးတည်ဆောက်ရန်အတွက် ဆောင်ရွက်လျက်ရှိ ကြောင်း၊ ထိုအောက်ဆီဂျင်စက်ရုံ တည်ဆောက်ပြီးပြီ ဆိုလျှင် အောက်ဆီဂျင် အမြင့်ဆုံးလိုအပ်ချက်ကို ယခုနှစ်မကုန်ခင် အားလုံးပြည့်နိုင်မည်ဖြစ်ကြောင်း၊ ယခင်တုန်းက ဖြစ်နေသည့်အခြေအနေမျိုးအထိ အမြင့် ဆုံးဖြစ်နေလျှင် ယခုအချိန်တွင် ဖြည့်ဆည်းပေးနိုင် ခြင်းရှိကြောင်း ပြန်လည်ဖြေကြားသည်။


Eleven သတင်းဌာနမှ   ဒုတိယသတင်း ထောက်ချုပ် ဦးမျိုးနိုင်စိုးက ဖမ်းဆီးထိန်းသိမ်းခံထား ရသည့် ဒေါက်တာဇော်မြင့်မောင်၊ ဩစတြေးလျနိုင်ငံ သား ရှောင်တာနယ်၊ ယခင်အစိုးရတာဝန်ရှိသူများထဲမှ အသက်အရွယ်အကြီးဆုံးဖြစ်သည့် အသက် ၈၃ နှစ် အရွယ်ခန့်ရှိ စီမံ/ဘဏ္ဍာဝန်ကြီးဟောင်း ဦးစိုးဝင်းတို့ ၏ ကျန်းမာရေးအခြေအနေနှင့်ပတ်သက်ပြီး  မည် ကဲ့သို့စီစဉ်ဆောင်ရွက်ထားသည်ကို သိလိုကြောင်း မေးမြန်းသည်။


ဗိုလ်ချုပ်ဇော်မင်းထွန်းက ဒေါက်တာဇော်မြင့် မောင်အနေဖြင့်  ယခင်ကတည်းက ရောဂါအခံရှိကြောင်း၊ သက်ဆိုင်ရာ အကျဉ်းထောင်ဆေးရုံတွင်ရှိကြောင်း၊ ပါရဂူများနှင့်တွေ့ဆုံခွင့်၊ ဆရာဝန်များနှင့်တွေ့ဆုံခွင့်၊ ကုသခွင့်ပြုထားပြီးဖြစ်ကြောင်း၊ ရောဂါအခြေအနေ က သိပ်ပြီးအကောင်းကြီးတော့မဟုတ်ကြောင်း၊ ဩစတြေးလျနိုင်ငံသားမှာ ကျန်းမာရေးကောင်းမွန် ကြောင်း၊ စီမံ/ဘဏ္ဍာဝန်ကြီး ဦးစိုးဝင်း၏ ကျန်းမာ ရေးအခြေအနေကို  မိမိမသိသေးကြောင်း၊  ပြန်မေး ပြီး ပြန်လည်ဖြေကြားပေးမည်ဖြစ်ကြောင်း ပြန်လည် ဖြေကြားသည်။


Eleven သတင်းဌာနမှ ဒုတိယသတင်းထောက် ချုပ် ဦးမျိုးနိုင်စိုးက စီမံ/ဘဏ္ဍာ ဝန်ကြီးအနေဖြင့် တာဝန်ထမ်းဆောင်ခဲ့သည့် ဦးစိုးဝင်းကို အဂတိတိုက် ဖျက်ရေးဥပဒေနှင့် စစ်ဆေးမှုများဆောင်ရွက်နေသည့် သတင်းများ ကြားသိရကြောင်း၊  ထိုအခြေအနေ နှင့်ပတ်သက်ပြီး  သိလိုကြောင်း မေးမြန်းသည်။ 
ဗိုလ်ချုပ်ဇော်မင်းထွန်းက  အဂတိတိုက်ဖျက် ရေးဥပဒေနှင့် စစ်ဆေးဆောင်ရွက်ခြင်းကို ကြိုတင် ပြီးမပြောနိုင်ကြောင်း၊ အဂတိလိုက်စားမှုတိုက်ဖျက် ရေးကော်မရှင်က  စစ်ဆေးပြီးလျှင် အဘယ်ကြောင့် အရေးယူသည်ကို အချိန်မီသတင်းထုတ်ပြန်မည်ဖြစ် ကြောင်း ပြန်လည်ဖြေကြားသည်။


D Day ထပ်လာဦးမည်လား


သူရိယနေဝန်းဂျာနယ်မှ CEO ဦးမိုးဟိန်းက ICJ မြန်မာကိုယ်စားလှယ်နှင့်ပတ်သက်သည့် မေးခွန်း တစ်ခု မေးမြန်းလိုပါကြောင်း၊ မမေးခင်တွင် အမှန် တကယ် မြန်မာနိုင်ငံတွင်ဖြစ်နေသည့် မြေပြင်အခြေ အနေပြဿနာတစ်ခု တင်ပြလိုပါကြောင်း၊ မိမိတို့ ထံ  ဖုန်းဆက်ပြီးမေးမြန်းမှုများရှိပါကြောင်း၊ ယင်း မှာ D Day ကိစ္စ ဖြစ်ပါကြောင်း၊  D Day ထပ်လာဦး မည်လား၊ ဦးမိုးဟိန်းမည်သို့ထင်ပါသလဲဟုဆိုကာ ဖုန်းများဆက်မေးပြီး      တစ်နိုင်ငံလုံးက  D Day၊ D Day နှင့်  ကျီးလန့်စာစား   ဖြစ်နေရပါကြောင်း၊ တစ်ဖက်ကနေပြီး D Day ဆိုသည်ကို မင်းကိုနိုင်၊ ဇော်ဝေစိုး၊ ဆာဆာ၊ မိုးဇော်ဦး ၎င်းတို့က ကြိမ်ဖန် များစွာ ကလေးများကို ထိုးကျွေးနေပါကြောင်း၊ PDF၊ GZ ဆိုသည့် အကြမ်းဖက်သမားများသေသည်ကို မိမိတို့ဝမ်းမနည်းပါကြောင်း၊ သို့သော် နေ့စဉ်သေနေ သည်ကို တားရမည့်အစား မင်းကိုနိုင်၊ ဇော်ဝေစိုး၊ ဆာဆာ၊ မိုးဇော်ဦး၊ NUG ပြည်ပြေးများသည် D Day ကို အကြိမ်တစ်ထောင်ခန့်လုပ်နေသည့်အတွက် မကြည့်ရက်တော့ပါကြောင်း၊ PDF ၊ GZ ၊ အကြမ်းဖက် သမားများ၊ အကြမ်းဖက်သမားမဟုတ်သေးသူများ ကို ပြောလိုသည်မှာ  ပွဲကပြီးသွားတာ လေးလခန့်ရှိပြီ ညီလေးတို့ဟူ၍ ပြောလိုပါကြောင်း၊ ပွဲပြီးသွားသည့် အတွက် အိမ်ပြန်လျှင်ပြန်၊ မဟုတ်လျှင် လက်ရှိဘဝက အပြီးထွက်သွားရတော့မည်ဖြစ်ကြောင်း၊ ထိုအချိန် တွင် မြှောက်ပေးနေသူများက D Day ဟု ထပ်မြှောက် ပေးနေခြင်းကြောင့် သေနေခြင်းများကို ဝမ်းမသာနိုင် ပါကြောင်း၊ မဖြစ်နိုင်သည့်ပွဲဖြစ်ပြီး ပွဲက “ပတ်စာခွာ ဖျာသိမ်း” ပြီးသွားပြီဖြစ်ကြောင်း။


များစွာဂယက်ရိုက်


ထိုကြားထဲတွင် နောက်ထပ်သတင်းတစ်ခုရှိပါ ကြောင်း၊ ယင်းမှာ နဝတခေတ်ခေါင်းဆောင်ကြီး တစ်ဦး ဆေးရုံတက်ရသည့်အခါ ၎င်းတို့ဇနီးမောင်နှံကို ဒေါ်အောင်ဆန်းစုကြည်သည် အကျယ်ချုပ်ဘဝမှ စာတစ်စောင်ပို့သည်ဟူ၍ စာက  များစွာဂယက်ရိုက် သွားပါကြောင်း၊ ကိတ်မုန့်ပို့ပြီး ကျန်းမာပါစေကြောင်း၊ ထာဝရလေးစားစွာဖြင့်ဆိုပြီးပို့သည်မှာ   ဂယက် အတော်ကြီးသွားပါကြောင်း၊ ဒေါ်အောင်ဆန်းစုကြည် သည် အကျယ်ချုပ်ဆိုသော်လည်း  ၎င်းပို့လိုသည့် Massage ကို ၎င်းပို့လိုသူကို ပို့၍ရနေပါကြောင်း၊ ထိုအချက်က ရှင်းသွားသည့်အတွက်ကြောင့် PDF၊ GZ၊ NUG၊ NLD များ၏    အကြမ်းဖက်လုပ်ငန်း ကိုလည်း ၎င်းသာတားဆီးလိုသည့်ဆန္ဒအမှန်ရှိလျှင် ၎င်းကြိုက်သည့်လမ်းကြောင်းမှ Massage ပေး၍ရပါ ကြောင်း၊ ထို့ကြောင့် မိမိအင်တာဗျူးများတွင်ပြောခဲ့ပါ ကြောင်း၊    ဒေါ်အောင်ဆန်းစုကြည်   ကိုယ်တိုင် အကြမ်းဖက်လုပ်ငန်းများကို   သဘောမတူဟုဆို သည့်စကားကို  ယခုရုပ်သိမ်းရတော့မည်ဖြစ်ပါ ကြောင်း၊ PDF ၊ GZ သေနေသည့်ကိစ္စကို မင်းကိုနိုင်၊ ဇော်ဝေစိုးမြှောက်ပေးနေသည်ထက် ဒေါ်အောင်ဆန်း စုကြည်က မတား ခြင်းက ပို၍ပြစ်မှုကြီးမားကြောင်းကို မိမိအနေဖြင့်    Massage ပေးလိုပါကြောင်း၊ မိမိမေးမြန်းလိုသည့်မေးခွန်းမှာ ICJ နိုင်ငံတကာ အပြည်ပြည်ဆိုင်ရာတရားရုံးတွင် မြန်မာနိုင်ငံဆိုင်ရာ ကိုယ်စားလှယ်အဖြစ် ရရှိရေးပြဿနာကို NUG က တရားရုံးကိုပင် လိုက်လုနေပါကြောင်း၊ အာဆီယံကို လုသော်လည်း    မရပါကြောင်း၊  နောက်ဆုံး ကုလသမဂ္ဂလုံခြုံရေးကောင်စီအစည်းအဝေးကိုပင်  လုရန် ကြံနေပါကြောင်း၊ နောက်ဆုံး အမှုဖြစ်နေပြီး တိုင်းပြည် အတွက်မကောင်းသည့်တရားရုံးကိုပင် လိုက်လုနေ ပါကြောင်း၊ ICJ တွင်    NUG က ကြိုးပမ်းနေသည်ကို မြန်မာနိုင်ငံကိုယ်စားပြုသည့် ကိုယ်စားလှယ်သည်   မည်သည့်အနေအထားမျိုး  ဖြစ်နေပါသလဲ၊ အခြေ အနေအမှန်ကို သိလိုပါကြောင်း မေးမြန်းသည်။


ဗိုလ်ချုပ်ဇော်မင်းထွန်းက သတင်းထုတ်ပြန်ရာ တွင် သေစာရင်းများကို    မထုတ်ပြန်ပါကြောင်း၊  မည်သူသေသေ  ကိုယ့်နိုင်ငံသားသေဆုံးခြင်းပင် ဖြစ်ကြောင်း၊ မည်သည့်အခါမှလည်း ထုတ်ပြန်စရာအကြောင်းမရှိပါကြောင်း၊ တော်တော်လေးသေဆုံး ကြပြီးတော်တော်လေးလည်း     မိုက်ရူးရဲဆန်ပါ ကြောင်း၊      

                i စာမျက်နှာ ၁၆ မှ


အစောပိုင်းက မိမိပြသခဲ့သည့် အကြောင်းအရာများ သည် အကင်းလောက်သာရှိသေးပါကြောင်း၊ ၎င်းတို့ ကိုယ်တိုင် ဗုံးလုပ်ရင်း ဗုံးကွဲ၍သေသူများ၊ အစ ပျောက်ပြီးသေသူများအစရှိသဖြင့် အမှန်တကယ် ဖြစ်ပျက်နေသည့်အခြေအနေက တော်တော်လေး ဆိုးပါကြောင်း၊  သတင်းများ မခိုင်မာဘဲပြောသည်ဆို လျှင် မကောင်းတတ်၍သာ       မပြောခြင်းဖြစ်ကြောင်း၊ မြှောက်ပေးနေသူများ တော်တော်များပါကြောင်း၊ မြှောက်ပေးနေသူများက ဒလက်များဖြစ်၍ ယင်းမှာ ၎င်းတို့လုပ်ရမည့်အလုပ်သာဖြစ်ကြောင်း။ 


ဒုတိယမေးခွန်းဖြစ်သည့်   အပြည်ပြည်ဆိုင်ရာ တရားရုံးနှင့်ပတ်သက်ပြီး ICJ ၌ မြန်မာနိုင်ငံကိုယ်စား ပြုသည့် ကိုယ်စားလှယ်နှင့်ပတ်သက်၍ အသိအမှတ် ပြုရန် ကျော်မိုးထွန်းက NLDနှင့်CRPHကို ကိုယ်စားပြု ပြီး ကုလသမဂ္ဂအထွေထွေညီလာခံ အစည်းအဝေးကို တက်ရောက်ခြင်းများ ပြုလုပ်ခဲ့ကြောင်း၊ CRPH နှင့် NUG တို့က  အပြည်ပြည်ဆိုင်ရာတရားရုံးတွင် ကျော်မိုးထွန်းကို ကိုယ်စားလှယ်အဖြစ်ခန့်နိုင်ရန် ဆောင်ရွက်ခဲ့ကြောင်း၊ ထို့အပြင် FAO , ILO , WHO တို့တွင်လည်း တက်ရောက်ခွင့်ကို ဆိုင်းငံ့ထားစေရန် ဆောင်ရွက်မှုများလုပ်ခဲ့ကြောင်း၊  ICJ နှင့်ပတ်သက်ပြီး လုပ်ဆောင်ရာတွင် ICJ အနေဖြင့် မြန်မာနိုင်ငံ၏ ကိုယ်စားလှယ်အဖြစ် ပြည်ထောင်စုဝန်ကြီး ဦးကိုကို လှိုင်နှင့် ဒုတိယကိုယ်စားလှယ်အနေဖြင့် ပြည်ထောင်စု ရှေ့နေချုပ် ဒေါက်တာသီတာဦးတို့အား ကိုယ်စားလှယ် အဖြစ်လက်ခံရန် ပြောခဲ့ကြောင်း၊ အဆိုပါကိစ္စကိုလည်း NUG မှ ကျော်မိုးထွန်းက  သူလုပ်မည်ဟု ပြောဆိုခြင်း ကြောင့် ဆိုင်းငံ့ထားသည့်အခြေအနေဖြစ်ခဲ့ကြောင်း၊ သို့သော် ၂၀၂၁ ခုနှစ် ဧပြီ ၁၄ ရက်တွင် တရားဝင်စာ ဖြင့် ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်နှင့် ပြည် ထောင်စုရှေ့နေချုပ် ဒေါက်တာသီတာဦးတို့ကို အသိ အမှတ်ပြုလက်ခံသည်ဟု အကြောင်းပြန်ခဲ့ကြောင်း။


တရားဝင်အသိအမှတ်ပြုခြင်း


ICJ ဆိုသည်မှာ အပြည်ပြည်ဆိုင်ရာဥပဒေကို လက်တွေ့ကျင့်သုံးနေသည့် ကုလသမဂ္ဂ၏ Judicial Organ ဖြစ်ကြောင်း၊ အပြည်ပြည်ဆိုင်ရာ တရားရုံး ICJ မှ       နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ကိုယ်စားလှယ်များကို အသိအမှတ်ပြုခြင်းသည် နိုင်ငံ တော် စီမံအုပ်ချုပ်ရေးကောင်စီ၏ Legitimacy ကို အသိအမှတ်ပြုသည့်သဘောဖြစ်ကြောင်း၊  ကုလ သမဂ္ဂတွင် ၎င်း၏လုပ်ငန်းဆောင်တာများရှိကြောင်း၊ အဆိုပါအထဲတွင် အမြင့်ဆုံးတရားစီရင်ရေးအဖွဲ့မှာ ICJ ဖြစ်ကြောင်း၊ နိုင်ငံတစ်ခုတွင် အုပ်ချုပ်ရေးအာဏာ၊ တရားဥပဒေပြုရေးအာဏာ၊ တရားစီရင်ရေးအာဏာ ရှိကြောင်း၊  ယင်းတို့အထဲတွင်  တရားစီရင်ရေး အာဏာကို ကိုင်စွဲထားသည့်အဖွဲ့အစည်းတစ်ခုက တရားဝင်အသိအမှတ်ပြုခြင်း ဖြစ်ကြောင်း။


အလားတူ ယခုလ ၂၀၂၁ ခုနှစ်   ဩဂုတ် ၂၃ ရက်မှ ၂၅ ရက်အထိပြုလုပ်သည့် အာဆီယံပါလီမန် များ အထွေထွေညီလာခံတွင်လည်း ထိုသို့ပင် လိုက် လုခဲ့ကြောင်း၊ အာဆီယံပါလီမန်များ အထွေထွေ ညီလာခံတွင် တရားဝင်တက်ရောက်ခွင့်ရသူများမှာ ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာသီတာဦးနှင့် ရှေ့နေချုပ်ရုံးမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်များ တက်ရောက်ခဲ့ကြောင်း၊ ဆွေးနွေးရာတွင်လည်း      မြန်မာနိုင်ငံအနေဖြင့် အာဆီယံပါလီမန်များညီလာခံ(AIPA)တွင် တက်ကြွ စွာ       ပါဝင်ဆောင်ရွက်သွားမည့်အကြောင်းများ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ လမ်းပြမြေပုံ (၅)ခု၊ ရှေ့လုပ်ငန်းစဉ်(၅)ရပ်နှင့်အညီ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ   ဆက်လက်ကျင်းပပြီး ဆောင်ရွက်မည့်အကြောင်းများကို   ဆွေးနွေးနိုင်ခဲ့ ကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် နိုင်ငံတကာပါလီမန် များသမဂ္ဂတွင် Statement များ  ဖတ်ကြားခြင်းကိုဆောင်ရွက်နိုင်ခဲ့ကြောင်း၊ ထို့ကြောင့် လက်ရှိအစိုးရ အနေဖြင့်  တရားဝင်    တက်ရောက်ခွင့်ရရှိခဲ့ပြီး တရားဝင်အသိအမှတ်ပြုခြင်းကို ရရှိခဲ့ပြီးဖြစ်သည် ဟုပြောလိုကြောင်း ပြန်လည်ဖြေကြားသည်။


NHP သတင်းဌာနမှ အယ်ဒီတာချုပ် ဦးဝင်းဦးက မေးခွန်းမမေးမီ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ နှင့် အိမ်စောင့်အစိုးရအား တောင်းဆိုစရာရှိကြောင်း၊ မိမိအနေဖြင့်  ယခုသတင်းစာရှင်းလင်းပွဲမတိုင်မီ ရန်ကုန်အပါအဝင် နယ်မြို့များကိုပါ ဆက်သွယ်ပြီး အခက်အခဲများကို စုံစမ်းကြည့်ရာ စားဝတ်နေရေး အခက်အခဲများစွာ ဖြစ်ပေါ်နေသည်ဟုသိရကြောင်း၊ ယခင် NLD လက်ထက်က ပေးခဲ့သကဲ့သို့ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီနှင့် အိမ်စောင့်အစိုးရအနေ ဖြင့် ပြည်သူများအား ထောက်ပံ့ငွေပေးရန် ပြောလို ကြောင်းနှင့် ရန်ကုန်တိုင်းဒေသကြီးတွင် လုပ်နေသည့် ရွေ့လျားဈေးရောင်းသည့်ကားများ အောင်မြင်နေ သည့်အခြေအနေကို တွေ့ရကြောင်း၊ အခြားပြည်နယ် နှင့် တိုင်းဒေသကြီးများတွင်လည်း ထိုကဲ့သို့လုပ်ဆောင် ပေးရန် တောင်းဆိုလာသည်များရှိကြောင်း၊ ထို့နောက် ပြည်တွင်း မီဒီယာများအားကောင်းလာစေရန် ယခင် ကလည်း တောင်းဆိုခဲ့ကြောင်း၊ အစိုးရအနေဖြင့် မည်ကဲ့သို့သောပံ့ပိုးမှုများ  ပေးနိုင်မည်ကိုလည်း  စဉ်းစားပေးစေလိုကြောင်းကို အကြံပြုပြောကြားလို ကြောင်း၊ မေးခွန်းနှင့်ပတ်သက်၍    နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီအစိုးရ၏သက်တမ်းသည် ယခုလကုန်ပါက ခုနစ်လပြည့်တော့မည်ဖြစ်ကြောင်း၊ အိမ်စောင့်အစိုးရ၏ သက်တမ်းသည်လည်း   တစ်လ ပြည့်ခါနီးပြီဖြစ်ကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီနှင့် အိမ်စောင့်အစိုးရတွင်  ကိုဗစ်ရောဂါထိန်း ချုပ်နိုင်မှု အပါအဝင် ကြုံတွေ့နေရသည့် အဓိက အခက်အခဲများကို သိလိုကြောင်း မေးမြန်းသည်။


ဗိုလ်ချုပ်ဇော်မင်းထွန်းက သတင်းထောက်ကြီး ပြောခဲ့သည့် ရန်ကုန်တိုင်းဒေသကြီးတွင် အောင်မြင် နေသည့်ရွေ့လျားဈေးကားများကိစ္စနှင့်ပတ်သက်ပြီး နိုင်ငံတော်ဝန်ကြီးချုပ်က  ကိုဗစ်-၁၉ ရောဂါနှင့် ပတ်သက်ပြီးပြုလုပ်သည့်  အစည်းအဝေးများတွင် တိုင်းဒေသကြီးနှင့်ပြည်နယ်  ဝန်ကြီးချုပ်များကို ပြည်သူများ  စားရေးသောက်ရေးကိစ္စများအတွက် ထုတ်လုပ်သည့်နေရာများကို သွားရောက်ကြည့်ရှုပြီး လိုအပ်သည်များ  ဖြည့်ဆည်းဆောင်ရွက်ပေးရန် ညွှန်ကြားထားပြီးဖြစ်ကြောင်း။
သတင်းထောက်ကြီးမေးခဲ့သည့် လက်ရှိအစိုး ရ၏ အဓိကအခက်အခဲနှင့်ပတ်သက်ပြီးပြောရလျှင် ယခုအချိန်တွင် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးနှင့် ပတ်သက်၍ အနှောင့်အယှက်ရှိသည်ဟု ပြောလို ကြောင်း၊ တည်ငြိမ်အေးချမ်းရေးဆိုသည်မှာ တစ်တိုင်း ပြည်လုံး၌ တည်ငြိမ်အေးချမ်းမှု တည်ဆောက်နိုင်မှ သာရမည်ဖြစ်ကြောင်း၊ ယခုအချိန်တွင် PDF ၊ NUG၊ CRPH စသည့်အဖွဲ့များက အဖျက်အမှောင့်လုပ်ငန်း များ လုပ်ဆောင်နေကြသည့်အတွက် ပြည်သူလူထု စိတ်ထဲတွင်  အနည်းဆုံးတော့  စိုးရိမ်ထိတ်လန့်မှု များ ခံစားရမည်ဖြစ်ကြောင်း၊   ဗုံးခွဲ၊ သေနတ်ပစ် သာမက D Day ကဲ့သို့သောကိစ္စများကို လုပ်နေသည် မှာကြာပြီဖြစ်ကြောင်း၊ ဖေဖော်ဝါရီလကတည်းက နေ့စဉ်လောက်နီးပါး၊ လစဉ်လောက်နီးပါး ပြောင်းလဲ ပြီးလုပ်နေကြကြောင်း၊ ထို့ကြောင့် ပြည်သူများ အနေဖြင့် စိတ်မလုံခြုံသကဲ့သို့ ခံစားနေကြရကြောင်း၊ သို့ဖြစ်၍ အမြန်ဆုံး  ပြန်လည်တည်ငြိမ်အေးချမ်း မှုရရှိရေး ဆောင်ရွက်လျက်ရှိကြောင်း၊ တတ်နိုင်သမျှ ထိန်းချုပ်နိုင်ပြီဆိုသော်လည်း  ရာနှုန်းပြည့်တော့ မဟုတ်သေးဟုပြောလိုကြောင်း။


နောက်တစ်ခုမှာ  စီးပွားရေးကိစ္စဖြစ်ကြောင်း၊ ကိုဗစ်-၁၉ ရောဂါကြောင့် နိုင်ငံတိုင်းတွင် စီးပွားရေး ကျဆင်းနေသည်ကို အားလုံးအသိပင်ဖြစ်ကြောင်း၊ မိမိတို့နိုင်ငံတွင် စီးပွားရေးပိတ်ဆို့အောင် နည်းမျိုးစုံ ဖြင့် လုပ်ဆောင်နေကြသူများကြောင့်  ပို၍ဆိုး ကြောင်း၊ ထိုကိစ္စများကိုလည်း မိတ်ဆွေနိုင်ငံများနှင့် လက်တွဲ၍ဖြေရှင်းသွားမည်ဟု  ပြောလိုကြောင်း ပြန်လည်ဖြေကြားသည်။


Myanmar National Post သတင်းဌာနမှ အယ်ဒီတာချုပ် နောင်တော်လေးက ယခုလိုကာလ တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည် နေရာချထားရေးဝန်ကြီးဌာနက အခြားသောကိစ္စများ ကို     ကူညီဆောင်ရွက်ပေးနေခြင်းရှိပါကြောင်း၊ သို့သော် အကြမ်းဖက်သမားများ၏လုပ်ရပ်ကြောင့် ထွက်ပြေးတိမ်းရှောင်နေကြရပြီး   အိုးမဲ့အိမ်မဲ့ဖြစ်နေ သည့် ပြည်သူများအတွက် ဆောင်ရွက်ပေးသည်ကို မတွေ့ရကြောင်း၊ လူမှုဝန်ထမ်း၊  ကယ်ဆယ်ရေးနှင့်   ပြန်လည်နေရာချထားရေး  ဝန်ကြီးဌာနအနေဖြင့်  အဆိုပါပြည်သူများကို   ကူညီဆောင်ရွက်ပေးရန် အစီအစဉ်ရှိ/မရှိ သိလိုကြောင်း မေးမြန်းသည်။
ဗိုလ်ချုပ်ဇော်မင်းထွန်းက လူမှုဝန်ထမ်း၊  ကယ် ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန အနေဖြင့် ဘေးအန္တရာယ်စီမံခန့်ခွဲရေးဦးစီးဌာနမှ ထောက်ပံ့ကူညီမှုများ ဆောင်ရွက်ရာတွင် သဘာဝဘေးအန္တရာယ်ဆိုင်ရာကိစ္စရပ်များကို  အများဆုံး လုပ်ဆောင်ရကြောင်း၊ ထိုသို့  လုပ်ဆောင်ရာတွင် နောက်ထပ် ထပ်ပါသည်မှာ  ယာယီတိုက်ပွဲရှောင် စခန်းများတွင် ခိုလှုံနေသူများ၊ ရခိုင်ပြည်နယ်တွင်  လူမှုပဋိပက္ခကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးနေရသူ များကို ကူညီထောက်ပံ့မှုများ ဆောင်ရွက်ကြောင်း၊ သတင်းထောက်ကြီးပြောသလိုကိစ္စများ  ဖြစ်ပေါ် လာပါက အဓိကလုပ်ဆောင်ရန် တာဝန်ရှိသည့်ဌာနမှာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမဟုတ်ကြောင်း၊  တိုင်းဒေသ ကြီး/ပြည်နယ်အစိုးရ၊ ခရိုင်၊ မြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနတို့က   ဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် ၎င်းတို့မှ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဦးစီးဌာနက သတ်မှတ် နှုန်းထားများဖြင့်  ဆောင်ရွက်ရမည်ဖြစ်ကြောင်း။
ယခုမေးမြန်းသည့်ဖြစ်စဉ်များတွင် နေအိမ်မီးလောင် မှု၊ သေဆုံးဒဏ်ရာရမှု၊ ထွက်ပြေးတိမ်းရှောင်မှုတို့ကို သက်ဆိုင်ရာတိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့ များ၊ ခရိုင်၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာနများက စိစစ်ပြီး ထောက်ပံ့ပေးရန်ညှိနှိုင်းလာပါက ဘေးအန္တရာယ်ဆိုင်ရာ  စီမံခန့်ခွဲမှုဦးစီးဌာန၊ တိုင်း ဒေသကြီးနှင့်ပြည်နယ်၊ ခရိုင်၊ မြို့နယ် အုပ်ချုပ်ရေးမှူး များ၏ ခွင့်ပြုချက်ရယူပြီး အခြားသော ဘေးအန္တရာယ် များထောက်ပံ့မှုနှင့် ထောက်ပံ့ပေးလျက်ရှိကြောင်း၊ ထို့ကြောင့် သက်ဆိုင်ရာတိုင်းဒေသကြီးနှင့် ပြည်နယ် အစိုးရ၊ ခရိုင်၊ မြို့နယ်  အုပ်ချုပ်ရေးအဖွဲ့များကို ပြောရန်လိုမည်ဖြစ်ကြောင်း၊ ယင်းကိစ္စနှင့်ပတ်သက် ပြီး ပြည်ထဲရေးဝန်ကြီးဌာနမှ ကိုယ်စားလှယ်လည်း ယခုသတင်းစာရှင်းလင်းပွဲကို  တက်ရောက်သည့် အတွက် ၎င်းတို့ဝန်ကြီးဌာနအနေဖြင့်လည်း သက် ဆိုင်ရာဝန်ကြီးဌာနများနှင့် ညှိနှိုင်းဆောင်ရွက်ပေးရန် ပြောလိုကြောင်း ပြန်လည်ဖြေကြားသည်။     ။