နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ သတင်းထုတ်ပြန်ရေးအဖွဲ့နှင့် သတင်းမီဒီယာများပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲမှတ်တမ်း

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ သတင်းထုတ်ပြန် ရေးအဖွဲ့၏ ၈/၂၀၂၁ ကြိမ်မြောက် သတင်းစာရှင်းလင်းပွဲ အခမ်းအနားကို ဩဂုတ် ၂၇ ရက်  မွန်းလွဲပိုင်းတွင် ပြန်ကြားရေးဝန်ကြီးဌာန၌ ကျင်းပပြုလုပ်ပြီး နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်း၊  ပြည်ထောင်စု ရွေးကောက်ပွဲအဖွဲ့ဝင် ဦးခင်မောင်ဦး၊ ဌာနဆိုင်ရာများ မှ ပြောရေးဆိုခွင့်ရှိသူများနှင့်  ဌာနဆိုင်ရာသတင်း ထုတ်ပြန်ရေးအဖွဲ့ကိုယ်စားလှယ်များက  မြန်မာနိုင်ငံ အခြေစိုက်  နိုင်ငံခြားသံရုံးများမှ  သံတမန်များနှင့် သတင်းမီဒီယာများ၏ သိရှိလိုသည့် မေးမြန်းမှုများကို ပြန်လည်ဖြေကြားသည်။


ပြောကြား


ဦးစွာ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက  ရှင်းလင်းပြောကြားရာတွင် ယနေ့သတင်းစာရှင်းလင်းပွဲကို တက်ရောက်လာကြ သည့်  နိုင်ငံတကာမှ  ကိုယ်စားလှယ်များ၊  သတင်း ထောက်များ၊ ဌာနဆိုင်ရာများမှ ပြောရေးဆိုခွင့်ရှိသူ များအားလုံး    ကိုဗစ်-၁၉  ရောဂါမှကင်းဝေးပြီး ကျန်းမာကြပါစေဟု     ဆုတောင်းမေတ္တာပို့သပါ ကြောင်း၊  ယနေ့သတင်းစာရှင်းလင်းပွဲကို   အပိုင်း       ၂ ပိုင်းနှင့်  ပြုလုပ်သွားမည်ဖြစ်ကြောင်း၊ ပထမပိုင်း တွင် မိမိနှင့်  UEC မှ ဦးခင်မောင်ဦးတို့က  ရှင်းလင်း တင်ပြမည်ဖြစ်ပြီး နိုင်ငံတကာသံတမန်များက မေးမြန်း လိုသည့်     မေးခွန်းများမေးမြန်းခြင်းနှင့်  ဖြေကြားခြင်း ဆောင်ရွက်မည်ဖြစ်ကြောင်း၊ ထို့နောက် မိမိတို့ပြသ ထားသည့် စာရွက်စာတမ်းများ၊ အထောက်အထား များအား နိုင်ငံတကာသံတမန်များကို လိုက်လံရှင်းလင်း ပြသမည်ဖြစ်ကြောင်း၊   ယင်းနောက်  နိုင်ငံတကာ သံတမန်များ၊ ကိုယ်စားလှယ်များ  ထွက်ခွာမည်ဖြစ် ကြောင်း၊ နိုင်ငံတကာသံတမန်များ၊ ကိုယ်စားလှယ် များ  သတင်းစာရှင်းလင်းပွဲခန်းမက  ထွက်ခွာပြီး နောက်ပိုင်းတွင်      ဒုတိယပိုင်းအစီအစဉ်အဖြစ် တက်ရောက်လာကြသည့်    သတင်းထောက်များက မေးခွန်းများ မေးမြန်းခြင်းနှင့်  မိမိကဖြေကြားခြင်း အစီအစဉ်ကို ဆက်လုပ်မည့်အကြောင်းကို ကြိုတင် အသိပေးလိုပါကြောင်း၊  ယနေ့သတင်းစာရှင်းလင်းပွဲ တွင် နံပါတ်တစ်အနေဖြင့်  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ် မှူးကြီးမင်းအောင်လှိုင် ပြောကြားခဲ့သည့် (၆)လပြည့် မိန့်ခွန်းနှင့်အစိုးရအဖွဲ့  ပြုပြင်ပြောင်းလဲဖွဲ့စည်းမှု၊ နံပါတ်နှစ်အနေဖြင့်    ကိုဗစ်-၁၉  ကပ်ရောဂါနှင့် ပတ်သက်ပြီး  နိုင်ငံတော်၏ဆောင်ရွက်ချက်များ၊ နံပါတ်သုံးအနေဖြင့်   အစိုးရ၏လုံခြုံရေးနှင့်  နိုင်ငံ တည်ငြိမ်အေးချမ်းရေးဆောင်ရွက်ချက်များနှင့် နံပါတ် လေးအနေဖြင့် ၂၀၂၀ ပြည့်နှစ်၊  နိုဝင်ဘာ ၈ ရက်က ကျင်းပခဲ့သည့်   ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအပေါ်စစ်ဆေးတွေ့ရှိမှု၊   ရွေးကောက်ပွဲ ရလဒ်ကို ဥပဒေနှင့်အညီ ပယ်ဖျက်ခဲ့မှုနှင့် ရှေ့ဆက် ဆောင်ရွက်မည့်လုပ်ငန်းများကို  ရှင်းလင်းသွားမည် ဖြစ်ပါကြောင်း ပြောကြားသည်။


ပထမဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊   နိုင်ငံတော်ဝန်ကြီးချုပ်  ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏    နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ၏ (၆)လပြည့်မိန့်ခွန်းတွင် နိုင်ငံတော်အစိုးရ ၏ အခြေခံနိုင်ငံရေး၊  လူမှုရေးနှင့် လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ  ဆောင်ရွက်ချက်များကို ပြောကြားခဲ့ပါကြောင်း၊ နိုင်ငံရေးဆိုင်ရာ ဆောင်ရွက် ချက်များအနေဖြင့်   နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီသည် နိုင်ငံတော်တာဝန်ကို ရယူခဲ့စဉ်ကစပြီး ရှေ့လုပ်ငန်းစဉ်(၅)ရပ်၊  ဦးတည်ချက်(၉)ရပ်  ချမှတ် ဆောင်ရွက်လျက်ရှိရာ  ဇူလိုင်လအတွင်းတွင်  ပထမ လုပ်ငန်းစဉ်ဖြစ်သည့်    မဲစာရင်းစစ်ဆေးခြင်းကို ဆောင်ရွက်ပြီးစီးခဲ့ပြီး  တွေ့ရှိချက်များကို  အပြီးသတ် ထုတ်ပြန်ခဲ့ပါကြောင်း၊       မဲမသမာမှုစုစုပေါင်း ၁၁,၃၀၅,၃၉၀ (တစ်ဆယ့်တစ်သန်းသုံးသိန်းကျော်) စစ်ဆေးတွေ့ရှိရပါကြောင်း၊  ခိုင်မာစွာတွေ့ရှိထား သည့် မဲမသမာမှုများ၊ NLD ပါတီအနေဖြင့် အုပ်ချုပ် ရေးအာဏာကို အလွဲသုံးစားပြုပြီး ဝင်ရောက်စွက်ဖက်၊ မလျော်ဩဇာသုံးစွဲမှု  အထောက်အထားမှတ်တမ်း များအရ ရွေးကောက်ပွဲရလဒ်ကို ဖျက်သိမ်းခဲ့ပါကြောင်း၊ ရွေးကောက်ပွဲရလဒ်ကို   ဥပဒေနှင့်အညီဖျက်သိမ်း ပြီးနောက်   ရှေ့လုပ်ငန်းစဉ်(၅)ရပ်ထဲမှ  နောက်ဆုံး လုပ်ငန်းစဉ်ဖြစ်သည့်   “လွတ်လပ်ပြီး   တရားမျှတ သော  ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ ကို    ပြန်လည်ကျင်းပပြီး      အနိုင်ရသည့်ပါတီကို             ဒီမိုကရေစီစံနှုန်းများနဲ့အညီ  နိုင်ငံတော်တာဝန်လွှဲအပ် နိုင်ရေး”  ဆက်လက်ဆောင်ရွက်သွားရမည်ဖြစ်ပါ ကြောင်း၊  ယင်းအတွက်  ကြိုတင်ပြင်ဆင်မှုများကို စတင်ဆောင်ရွက်နေပြီဖြစ်ပါကြောင်း။


စီမံချက်ချဆောင်ရွက်လျက်ရှိ


ထိုမိန့်ခွန်းတွင် လုပ်ငန်းရပ်အားလုံးကို ၂၀၂၃ ခုနှစ်၊ ဩဂုတ်လအတွင်း ပြီးမြောက်အောင် ဆောင်ရွက်သွား မည်ဖြစ်ပြီး ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက် ပွဲ ပြန်လည်ပြုလုပ်ပေးမည်ဆိုသည်ကို အာမခံထားပါ ကြောင်း၊  လွတ်လပ်ပြီး တရားမျှတသည့်ရွေးကောက် ပွဲဖြစ်လာစေရန်  အခြေခံလိုအပ်ချက်မှာ  တည်ငြိမ် အေးချမ်းရေးနှင့်  တရားဥပဒေစိုးမိုးရေးသာဖြစ်ပါ ကြောင်း၊     တည်ငြိမ်အေးချမ်းမှုရှိအောင်လည်း          ဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း၊   တိုင်းပြည် တည်ငြိမ်အေးချမ်းမှုရှိမှ လွတ်လပ်တရားမျှတသည့် ရွေးကောက်ပွဲကျင်းပနိုင်မည်ဖြစ်၍   ပြည်သူလူထု တစ်ရပ်လုံးက    ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ရန် တိုက်တွန်းလိုပါကြောင်း၊ ၂၀၂၀ ပြည့်နှစ်၊ ရွေးကောက်ပွဲ မဲဆန္ဒရှင်စာရင်းများမှာ  နိုင်ငံသား၊ ဧည့်နိုင်ငံသား၊ နိုင်ငံသားပြုခွင့်ရသူ၊  လက်မှတ်မရှိသူ ၄,၈၆၉,၄၂၇ (လေးသန်းရှစ်သိန်းကျော်)ရှိခဲ့ပါကြောင်း၊    မိမိတို့ အနေဖြင့် နောင်လာမည့်ရွေးကောက်ပွဲတွင် မဲပေးပိုင် ခွင့်ရှိသူအားလုံး ဆန္ဒမဲပေးပိုင်ခွင့် မဆုံးရှုံးစေရန်နှင့် မဲစာရင်းများ မှန်ကန်မှုရှိစေရန်အတွက် အကျုံးဝင်သူ အားလုံးကို နိုင်ငံသားစိစစ်ရေးကတ်များ  ပြုလုပ်ပေး နိုင်ရေး   စီမံချက်ချဆောင်ရွက်လျက်ရှိပါကြောင်း၊ လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနကို သီးခြားပြန်လည် ဖွဲ့စည်းပြီး ထိုကိစ္စကို အလေးထားဆောင်ရွက်လျက် ရှိပါကြောင်း၊ သက်ဆိုင်သူအားလုံးကလည်း  ဝိုင်းဝန်း ပူးပေါင်းဆောင်ရွက်ကြရန် မေတ္တာရပ်ခံလိုပါကြောင်း။


ယင်းဩဂုတ် ၁ ရက်တွင်ပင် ယခင်အစိုးရအဖွဲ့၏ လုပ်ငန်းတာဝန်များကို    ထမ်းဆောင်နေသည့်           နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊     စီမံခန့်ခွဲရေး ကော်မတီကို “ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် အိမ်စောင့်အစိုးရအဖွဲ့”  အဖြစ်  ပြင်ဆင်ဖွဲ့စည်းခဲ့ပါ ကြောင်း၊   အိမ်စောင့်အစိုးရဆိုသည့်အခေါ်အဝေါ် အတိုင်း နိုင်ငံတော်တာဝန်ကို ရေရှည်ရယူထားမည့် အစိုးရမဟုတ်ပါကြောင်း၊ ဗဟိုချုပ်ကိုင်မှုပိုမိုလျှော့ချ ပြီး နိုင်ငံတော်တာဝန်များကို ပိုမိုလွယ်ကူ၊ လျင်မြန်၊ ထိရောက်စွာ ဆောင်ရွက်နိုင်ရန်အတွက် ရည်ရွယ် ဖွဲ့စည်းခဲ့ခြင်းဖြစ်ပါကြောင်း ပြောကြားသည်။


ကူးစက်မှုနှုန်းလျှော့ချနိုင်ခဲ့


ဆက်လက်ပြီး    ကိုဗစ်-၁၉  ကပ်ရောဂါနှင့် ပတ်သက်၍ နိုင်ငံတော်အစိုးရ၏လုပ်ဆောင်ချက် များကို ပြောလိုပါကြောင်း၊ လက်ရှိအခြားကမ္ဘာ့နိုင်ငံ အများစုနည်းတူ  မိမိတို့နိုင်ငံတွင်ဖြစ်ပွားနေသည့် ကိုဗစ်-၁၉ ကပ်ရောဂါ တတိယလှိုင်းနှင့်ပတ်သက်ပြီး ကာကွယ်၊ ထိန်းချုပ်၊  ကုသရေးလုပ်ငန်းစဉ်များကို အစိုးရ၊ ပြည်သူလူထု၊ လူမှုရေးအသင်းအဖွဲ့များနှင့် တပ်မတော်တို့   ပူးပေါင်းဆောင်ရွက်လျက်ရှိပါ ကြောင်း၊  ယခုကဲ့သို့  ပူးပေါင်းဆောင်ရွက်မှုများ၊ ပြည်သူလူထု၏  ပူးပေါင်းဆောင်ရွက်မှုများကြောင့် ယခုလအတွင်း ရောဂါကူးစက်မှုနှုန်းကို ၂၀ ရာခိုင်နှုန်း ကျော်အထိ လျှော့ချနိုင်ခဲ့ပါကြောင်း၊  မိမိတို့နိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါ တတိယလှိုင်း၏ အရှိန်အမြင့်ဆုံး အချိန်ဖြစ်ခဲ့သည့်  ဇူလိုင်လတတိယပတ်   ဇူလိုင်          ၂၃ ရက်တွင်   ကိုဗစ်ရောဂါပိုးစစ်ဆေးခဲ့သူများ၌ ပိုးတွေ့ရှိမှု ၄၁ ရာခိုင်နှုန်းခန့်ရှိခဲ့ပါကြောင်း၊ ယခု ဩဂုတ်   ၂၆ ရက်တွင်မူ    ၂၁ ရာခိုင်နှုန်းခန့်အထိ ကျဆင်းသွားသည်ကို တွေ့ရှိရပါကြောင်း၊ ကိုဗစ်-၁၉ ကပ်ရောဂါသည်  အရှင်းပျောက်ကင်းသွားမည့် ရောဂါမျိုးမဟုတ်သော်လည်း  မိမိတို့အနေဖြင့် ယခု လထဲတွင်ပင် ရောဂါကူးစက်မှုနှုန်းကို  သိသိသာသာ ကျဆင်းအောင် ရည်မှန်းချက်ထားဆောင်ရွက်နေပါ ကြောင်း၊ ဝေဖန်မှုများ၊  တိုက်ခိုက်မှုများ  အမျိုးမျိုး ကြားထဲက ပြည်သူလူထု၏ ကျန်းမာရေးစောင့်ရှောက် မှုလုပ်ငန်းများတွင်  ရှေ့တန်းမှ  စွန့်လွှတ်စွန့်စား ကြိုးစားပြီး  တိုင်းပြည်အပေါ်  အသိတရားရှိရှိနှင့် ဆောင်ရွက်ခဲ့ကြသည့်   ဆရာဝန်များ၊  ဆရာမများ၊ ကျန်းမာရေးဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့များ၊ (Volunteer) အသင်းအဖွဲ့များ၊ ပြည်သူလူထုအားလုံး နှင့် တပ်မတော်ဆေးတပ်ဖွဲ့ဝင်များအားလုံးကိုလည်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီနှင့်  နိုင်ငံတော် အစိုးရက    မှတ်တမ်းတင်ဂုဏ်ပြုပါကြောင်းနှင့် ကျေးဇူးအထူးတင်ပါကြောင်း   လေးလေးနက်နက် ပြောကြားလိုပါကြောင်း ပြောကြားသည်။


ဆက်လက်ပြီး ကိုဗစ်ကာကွယ်ဆေးများရရှိမှု၊ ထိုးနှံမှုနှင့် ဆက်လက်ဆောင်ရွက်ထားရှိမှုများကို ပြောလိုပါကြောင်း၊  ယခင်အစိုးရလက်ထက်တွင် အိန္ဒိယနိုင်ငံမှ ကိုဗစ်ကာကွယ်ဆေး သန်း ၃၀ ဝယ်ယူ ရရှိရေး    စာချုပ်ချုပ်ဆိုဆောင်ရွက်ခဲ့ပါကြောင်း၊ အိန္ဒိယမှ ဝယ်ယူခဲ့သည့်ဆေးများထဲမှ  ၂ သန်းနှင့် လှူသည့်ဆေး  ၁ ဒသမ ၅ သန်းကို ရရှိခဲ့ပြီးဖြစ်၍ ထိုးနှံပေးခဲ့ပြီးဖြစ်ပါကြောင်း၊  အိန္ဒိယနိုင်ငံထဲတွင် လည်း  ကိုဗစ်ဖြစ်ပွားမှုမြင့်မားလာသည့်အတွက် ကျန်ဆေးများကို ဆက်လက်မပို့ဆောင်နိုင်သေးပါ ကြောင်း၊ ယင်းသည်လည်း  မိမိတို့တစ်နိုင်ငံတည်း မဟုတ်ပါကြောင်း၊  ကျန်နိုင်ငံများလည်း  အလား တူသာဖြစ်ပါကြောင်း၊    ပြည်သူလူထုအနေဖြင့် ကာကွယ်ဆေး အဆက်မပြတ်ထိုးနှံနိုင်ရန်အတွက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီနှင့်   အစိုးရ အနေဖြင့်  စဉ်ဆက်မပြတ် ကြိုးပမ်းဆောင်ရွက်ခဲ့ရာ ယခုလအတွင်း တရုတ်နိုင်ငံမှ ကာကွယ်ဆေး ၄ သန်း ဝယ်ယူရရှိခဲ့ပြီး ကာကွယ်ဆေး  ၂ သန်းလှူဒါန်းခဲ့ပါ ကြောင်း၊ ဆေးများရောက်ရှိမှုအနေဖြင့်   ၂ သန်း ရောက်ရှိခဲ့ပြီးဖြစ်ကြောင်း၊ ယခုလက်ရှိ တိုင်းဒေသကြီး၊ ပြည်နယ်အလိုက် ဦးစားပေးအုပ်စု  ၁၂ စု ခွဲခြားပြီး ထိုးနှံပေးလျက်ရှိပါကြောင်း၊  ယခုအပတ်အတွင်း နောက်ထပ် ၄ သန်းခန့် ထပ်မံရောက်ရှိလာမည်ဖြစ်ပြီး ကျန်ဆေးများလည်း အသုတ်လိုက်ရောက်ရှိမည်ဖြစ် ကြောင်း၊ နောက်ထပ် ဆေး ၂၄ သန်း ဝယ်ယူရရှိနိုင်ရေး ဆောင်ရွက်ထားပြီး ယခုနှစ်အတွင်း ဆေးထိုးနှံရမည့် ပြည်သူလူထု၏  ၅၀ ရာခိုင်နှုန်းကို ဆေးအပြီးထိုးနှံ နိုင်ရေးနှင့် အခြေအနေပေးမည်ဆိုပါက ၅၀ ရာခိုင် နှုန်းအထက် ကျော်လွန်အောင် ကာကွယ်ဆေးထိုးနှံ ပေးနိုင်ရန် ရည်မှန်းချက်ထား ဆောင်ရွက်လျက်ရှိပါ ကြောင်း။


နိုင်ငံတော်အစိုးရအနေဖြင့်လည်း ပြည်သူလူထု အတွက် ကိုဗစ်ရောဂါ အကာအကွယ်အမြန်ဆုံးရရှိ စေရေး ကြိုးစားပြီးဆောင်ရွက်ပေးနေပါကြောင်း၊ ယင်းသို့ဆောင်ရွက်ရာတွင်    ပြည်တွင်း၌  ကိုဗစ် ကာကွယ်ဆေးထုတ်လုပ်နိုင်ရန်အတွက် မိတ်ဆွေ နိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိပါကြောင်း၊ ထို့အပြင် ရုရှားနိုင်ငံကကာကွယ်ဆေး ၂ သန်းလည်း ယခုလထဲတွင် အသုတ်လိုက်ခွဲပြီး  ရောက်ရှိလာမည် ဖြစ်ပါကြောင်း၊  ထို့ကြောင့် ကာကွယ်ဆေးရရှိရန်၊ ပြည်သူလူထုကို   ကိုဗစ်ရောဂါကူးစက်ဖြစ်ပွားမှု လျှော့ချနိုင်ရန်အတွက်  အတိုင်းအတာတစ်ခုအထိ ထိထိရောက်ရောက်ဆောင်ရွက်နိုင်ပြီဟု   ဆိုရမည် ဖြစ်ပါကြောင်း၊  မိမိတို့ပြည်သူလူထုအနေနှင့်  မိမိ အတွက်၊ မိမိ  မိသားစုအတွက်၊ မိမိ အသိုင်းအဝိုင်း အတွက်ဆိုသည့် စိတ်ထားမျိုးနှင့် ကိုဗစ်ကာကွယ် ဆေးထိုးရန်  မိမိအလှည့်ရောက်ရှိချိန်တွင်  မပျက် မကွက်ထိုးနှံကြရန်  အသိပေးလိုပါကြောင်း၊  ယင်း အချိန်တွင် မိမိကျန်းမာရေး၊ မိမိ မိသားစုကျန်းမာရေး ထက် အရေးကြီးတာမရှိပါကြောင်း။
နားမယောင်ကြရန် လိုအပ်


ကာကွယ်ဆေးနှင့်ပတ်သက်၍   ပညာရှင်များ၏ ပြောကြားချက်များကို   သိရှိပြီးဖြစ်ကြလိမ့်မည်ဖြစ် ကြောင်း၊ ကာကွယ်ဆေးထိုးထားခြင်းအားဖြင့် ရောဂါ ကူးစက်မှုကို  အတိုင်းအတာတစ်ခုအထိ   ကာကွယ် ပေးနိုင်သည့်အပြင်  ကူးစက်ခံရလျှင်ပင်   ပြင်းထန် သည့်    ရောဂါလက္ခဏာခံစားရမှုမရှိပါကြောင်း၊ အသက်အန္တရာယ်မှ     ကာကွယ်နိုင်ပါကြောင်း၊ ကာကွယ်ဆေးထိုးပြီးသူနှင့်      မထိုးရသေးသူ တော်တော်လေးကွာခြားပါကြောင်း၊   ထို့ကြောင့် ကောလာဟလများ၊ သွေးထိုးလှုံ့ဆော်သည့် မဟုတ် မမှန်စကားများကို နည်းမျိုးစုံနှင့် ကြားလျှင်လည်း နားမယောင်ကြရန်  လိုအပ်သည်ဟု  ပြောလိုပါ ကြောင်း၊ ကိုဗစ်-၁၉ ရောဂါ   တတိယလှိုင်းသည် ပထမလှိုင်း၊ ဒုတိယလှိုင်းတို့နှင့်  ကူးစက်ခံရမှုနှုန်း မတူပါကြောင်း၊ ယခုမိမိတို့နိုင်ငံ၌ အများဆုံး တွေ့ရှိခဲ့ သည့် Delta မျိုးကွဲသည်  ယခင်မျိုးကွဲများထက် ကူးစက်မှုနှုန်း ၄ ဆခန့် ပိုမို မြန်ဆန်သည်ကို တွေ့ရပါ ကြောင်း၊ ကူးစက်ခံရသူများအနေနှင့် ရောဂါအခံရှိသူ များသည် ရောဂါလက္ခဏာများ ပြင်းထန်စွာခံစား ခဲ့ရပြီး အောက်ဆီဂျင်လိုအပ်ချက်များလည်း များပြား ခဲ့ပါကြောင်း၊ ကိုဗစ်ကြောင့် နောက်ဆက်တွဲခံစားရ သည့် ရောဂါလက္ခဏာများလည်း တွေ့ရှိရပြီး ကိုဗစ် ရောဂါ     ပျောက်သွားခဲ့လျှင်ပင်    နောက်ဆက်တွဲ  ထပ်ဖြစ်လာမည့် ရောဂါများကြောင့် သေဆုံးခဲ့ရသူ များလည်း ရှိခဲ့ပါကြောင်း။
ကိုဗစ်တတိယလှိုင်း    အရှိန်မြင့်တက်နေစဉ် ဆေးရုံ၊  ဆေးခန်းများ၌        

 

 


အောက်ဆီဂျင်နှင့်ပတ်သက်ပြီး  လိုအပ်ချက်များ ရှိခဲ့ပါကြောင်း၊  ယင်းသို့ဖြစ်ရခြင်းသည် ကြိုတင် ပြင်ဆင်မှုအားနည်းချက်ကြောင့်    ဖြစ်ပါကြောင်း၊ ယခင်အစိုးရလက်ထက်တွင်     ဆေးရုံများက အောက်ဆီဂျင်လိုအပ်ချက်ကို  ပုဂ္ဂလိကပိုင်စက်ရုံ များ၊ အထူးသဖြင့် ရန်ကုန်၊ မန္တလေးမှသာ  ဝယ်ယူ ဖြည့်တင်းခဲ့ပြီး ICU လူနာများအတွက်သာ ထားရှိခဲ့ ပါကြောင်း၊  ထို့ကြောင့် အောက်ဆီဂျင်နှင့် ပတ်သက် သည့် အခြေခံအဆောက်အဦများ ပြည်သူ့ဆေးရုံများ တွင် နည်းပါးခဲ့ပါကြောင်း၊ ထို့အပြင် နိုင်ငံရေးလှုံ့ဆော် သူများကြောင့်  ဆူပူဆန္ဒပြသည့်  လူစုလူဝေးဖြစ် ပေါ်ခဲ့ခြင်းသည်လည်း ရောဂါကူးစက်မှုမြင့်မားစေရန် အတွက်   အခြေခံအကြောင်းရင်းတစ်ရပ်ဖြစ်ခဲ့ပါ ကြောင်း၊ ယင်းကို အစိုးရအနေဖြင့် အချိန်တိုအတွင်း ဖြေရှင်းနိုင်အောင်       ဆောင်ရွက်ခဲ့ပါကြောင်း၊ အောက်ဆီဂျင်လိုအပ်ချက်များနှင့်  ပတ်သက်ပြီး       အိမ်နီးချင်းမိတ်ဆွေနိုင်ငံများဘက်မှ Liquid Oxygen များ တင်သွင်းပြီး အရေးပေါ်ဖြေရှင်းခဲ့ရပါကြောင်း၊ နိုင်ငံပိုင်၊ တပ်မတော်ပိုင်နှင့်  ပုဂ္ဂလိကပိုင် Oxygen Plant များမှ ဆေးရုံသုံးအောက်ဆီဂျင်များ ရရှိရေး အင်အားပြည့်ထုတ်လုပ်ခြင်း၊ အသစ်တည်ဆောက် ခြင်းများ  ဆောင်ရွက်ခဲ့ပါကြောင်း၊  ယခုအချိန်တွင် အမြင့်ဆုံးလိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်သည့် အနေအထားရှိသော်လည်း ထုတ်လုပ်မှု၏ ၃၀ ရာခိုင် နှုန်းခန့်သည် Liquid Oxygen မှ ထုတ်လုပ်နေရသည့် အနေအထားဖြစ်ပါကြောင်း၊ ထို့ကြောင့် နိုင်ငံတော် အစိုးရအနေဖြင့် တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့် လိုအပ် သည့်ဆေးရုံများ၌   ဆေးရုံသုံးအောက်ဆီဂျင်များ ထုတ်လုပ်နိုင်ရန် ရေရှည်အတွက် မျှော်မှန်းဆောင်ရွက် လျက်ရှိပါကြောင်း။


အထူးအလေးထားညွှန်ကြားခဲ့


ယင်းနှင့်ပတ်သက်ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်  ဗိုလ်ချုပ် မှူးကြီးမင်းအောင်လှိုင်က ၂၀၂၁ ခုနှစ်၊ ဩဂုတ် ၂၆ ရက်  တွင်ပြုလုပ်သည့်    ကိုဗစ်-၁၉ ရောဂါ  ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းစဉ် အဋ္ဌမအကြိမ်မြောက် အစည်းအဝေးတွင် အထူးအလေးထားညွှန်ကြားခဲ့ပါ ကြောင်း၊ ကိုဗစ်တတိယလှိုင်း၏ အမြင့်ဆုံးကာလ၌ ဖြစ်ပွားခဲ့သည့် ဆေးရုံသုံးအောက်ဆီဂျင် လိုအပ်ချက် ကို ဝိုင်းဝန်းကြိုးပမ်းဖြေရှင်းခဲ့သည့်အဖွဲ့အစည်းများ၊ နိုင်ငံပိုင်နှင့်  တပ်မတော်ပိုင်စက်ရုံ၊  အလုပ်ရုံများ၊ ပုဂ္ဂလိကပိုင်လုပ်ငန်းများ၊  လူမှုရေးအဖွဲ့အစည်းများ၊ Liquid Oxygen ကို အချိန်တိုအတွင်း  အမြန်ရောက်ရှိ အောင်စီစဉ်ပေးခဲ့သည့် အိမ်နီးချင်းတရုတ်နိုင်ငံနှင့် ထိုင်းနိုင်ငံတို့မှ တာဝန်ရှိသူများအားလုံးကို  ပြည်သူ လူထုကိုယ်စား မြန်မာနိုင်ငံတော်အစိုးရက  အထူး ကျေးဇူးတင်ပါကြောင်းကို လေးလေးနက်နက်ပြောကြားလိုပါကြောင်း၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ် မှူးကြီး မင်းအောင်လှိုင်ပြောခဲ့သည့်  မူရင်းစကား အတိုင်း မိမိပြောလိုပါကြောင်း၊ “ဒီလို ကူညီဆောင်ရွက် တာဟာ  ကျွန်တော်တို့မြန်မာနိုင်ငံသူ၊   နိုင်ငံသား များစွာရဲ့အသက်ကို     ကယ်တင်ပေးခဲ့တာလို့ ကျွန်တော်တို့ခံယူပါတယ်။  ဆောင်ရွက်ပေးခဲ့တဲ့ နိုင်ငံတွေနဲ့ ပြည်သူလူထုကို လှိုက်လှိုက်လှဲလှဲ ကျေးဇူး တင်ပါတယ် ” ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းစဉ်များတွင် လိုအပ်သည့်အထောက် အကူပစ္စည်းများ၊ ဆေးဝါးများကိုလည်း မိတ်ဆွေနိုင်ငံ များနှင့် အဖွဲ့ အစည်းများက ဆက်လက်လှူဒါန်းမှုများ၊ ကူညီမှုများ ဆောင်ရွက်ပေးလျက်ရှိပါကြောင်း။


 တရုတ်နိုင်ငံအနေဖြင့် ကာကွယ်ဆေးများအပြင် လိုအပ်သည့် ဆေးပစ္စည်းများ၊   အကာအကွယ်ပစ္စည်း များ၊ အထောက်အကူပြုပစ္စည်းများကို   အကြိမ်ကြိမ် လှူဒါန်းခဲ့ပါကြောင်း၊ ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ် (မြောက်ပိုင်း)နေ  ပြည်သူများကို  ထိုးနှံပေးနိုင်ရန် ကာကွယ်ဆေး တစ်သန်း ထပ်မံလှူဒါန်းခဲ့ပါကြောင်း၊ ထိုင်းနိုင်ငံအနေဖြင့်လည်း အထောက်အကူပြုပစ္စည်း များ လှူဒါန်းခြင်း၊ ကူညီပေးခြင်းများ  ဆောင်ရွက်ပေး လျက်ရှိပါကြောင်း၊ ဩဂုတ် ၁၉ ရက်တွင် ကမ္ဘောဒီးယား နိုင်ငံဝန်ကြီးချုပ် မစ္စတာဟွန်ဆန်၏ စီစဉ်ပေးမှုနှင့် ကမ္ဘောဒီးယားကျန်းမာရေးဝန်ကြီးက မြန်မာနိုင်ငံကို လာရောက်ပြီး ကမ္ဘောဒီးယားအစိုးရနှင့် ပြည်သူလူထု က လှူဒါန်းသည့်ပစ္စည်းများနှင့်ငွေများ၊  အာဆီယံလူသားချင်းစာနာထောက်ထားမှုနှင့်  အကူအညီ ပေးအပ်ရေးညှိနှိုင်းမှုဗဟိုဌာန(AHA)က  လှူဒါန်း သည့် အလှူငွေများ လာရောက်ပေးအပ်ခဲ့ပါကြောင်း၊ အလားတူ အိန္ဒိယနိုင်ငံကလည်း ဩဂုတ် ၂၀ ရက်က ထောက်ပံ့လှူဒါန်းမှုများ  အပါအဝင် ကိုဗစ်ကာလ အတွင်း လိုအပ်သည့် အထောက်အကူပစ္စည်းများ၊ ကုသဆေးများ ဝယ်ယူနိုင်ရန်အတွက် လူမှုအဖွဲ့အစည်း များက ထောက်ပံ့ကူညီခြင်း၊ ပူးပေါင်းဆောင်ရွက်ခြင်း များ ဆောင်ရွက်လျက်ရှိပါကြောင်း၊ ရုရှားနိုင်ငံအနေ ဖြင့်လည်း  ကိုဗစ်ကာကွယ်ဆေးများ  လှူဒါန်းခြင်း၊ ကာကွယ်ဆေးဝယ်ယူနိုင်ရန်  ကူညီပေးခြင်းနှင့် ထုတ်လုပ်နိုင်ရန်    ညှိနှိုင်းဆောင်ရွက်မှုများကို လုပ်ဆောင်နေပါကြောင်း၊ အားလုံးကို မြန်မာနိုင်ငံတော် အစိုးရက  ကျေးဇူးတင်ပါကြောင်းပြောကြားလိုပါ ကြောင်း။


မိမိတို့၏ခံယူချက်မှာ  လူ့အသက်ထက်အရေး ကြီးတာ မရှိပါကြောင်း၊ ကျန်းမာမှ အလုပ်လုပ်နိုင်မည် ဖြစ်ပြီး ကျန်းမာမှ ပညာသင်ကြားနိုင်မည်ဖြစ်ပါ ကြောင်း၊   ပြည်သူလူထု၏ ကျန်းမာရေးက မိမိတို့ အတွက်  ဦးစားပေး(၁)ဖြစ်ပါကြောင်း၊ မိမိတို့အနေဖြင့် နိုင်ငံတစ်ဝန်းလုံးတွင် ကိုဗစ်ရောဂါကူးစက်မှု သိသိ သာသာဟန့်တားနိုင်ရန်၊ ပြည်သူလူထုကို ထိရောက် သည့် ကာကွယ်ကုသမှုပေးနိုင်ရန်၊ အခြေခံဆေးဝါး လိုအပ်ချက်များ ဖြည့်ဆည်းနိုင်ရန်၊  ပြည်သူများ၏ အခြေခံကျန်းမာရေးဗဟုသုတ   အသိပညာရရှိရန်၊ တစ်နိုင်ငံလုံး    ကာကွယ်ဆေးထိုးရမည့်သူများ                  အမြန်ဆုံးကာကွယ်ဆေးရရှိထိုးနှံနိုင်ရန် အစွမ်းကုန် ကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်း၊    ထိုသို့ ဆောင်ရွက်ရာတွင်   ပညာပေးလုပ်ငန်းများကို       ကျယ်ကျယ်ပြန့်ပြန့် မြေပြင်အထိကွင်းဆင်းဆောင်ရွက် လျက်ရှိသလို ရောဂါကူးစက်မှုကွင်းဆက်ပြတ်တောက် နိုင်ရေးအတွက်    ဇူလိုင်လ   ၁၇   ရက်မှစပြီး ဝါဆိုလပြည့်နေ့  ရုံးပိတ်ရက်များနှင့်ဆက်စပ်ပြီး တစ်နိုင်ငံလုံး  Stay  At  Home  အစီအစဉ်ကို ထိထိ ရောက်ရောက်ဆောင်ရွက်နိုင်ရန်  ရုံးပိတ်ရက်ရှည် ကြေညာပြီး ဆောင်ရွက်ခဲ့ပါကြောင်း၊ ရောဂါကူးစက်မှု ၂၀ ရာခိုင်နှုန်းအထိ လျှော့ချနိုင်ခဲ့ပါကြောင်း။ ကိုဗစ် ရောဂါ ကာကွယ် ထိန်းချုပ်ရေးအတွက် ဗဟိုအဆင့် အစည်းအဝေးများ၊ အရေးပေါ် တုံ့ပြန်ရေးအစည်း အဝေးများကို  နိုင်ငံတော်ဝန်ကြီးချုပ်နှင့်  ဒုတိယ ဝန်ကြီးချုပ်တို့  ဦးဆောင်ပြီး ကျယ်ကျယ်ပြန့်ပြန့် ပြုလုပ်ခြင်း၊ လက်တွေ့ကျကျစီမံခြင်းများ ဆောင်ရွက် လျက်ရှိပါကြောင်း၊ တပ်မတော်လေယာဉ်၊ ရဟတ် ယာဉ်များအသုံးပြုပြီး လစဉ် Mask ၁၂ သန်း ဖြန့်ဝေ ပေးလျက်ရှိပါကြောင်း။


ကိုဗစ်ကာလအတွင်း တရုတ်၊ လာအိုနှင့် ထိုင်းနိုင်ငံ တို့တွင် ရောက်ရှိနေသည့်   မြန်မာနိုင်ငံသားများ ပြန်လည်လက်ခံပေးခြင်းကိုလည်း   ဆောင်ရွက် ပေးလျက်ရှိရာ ၂၀၂၁ ခုနှစ်၊ ဇူလိုင် ၁၇ ရက်မှ ဩဂုတ် ၂၆ ရက်အထိ ၁၂၂၄၈ ဦး  လက်ခံပြီးဖြစ်ပါကြောင်း၊ လက်ခံရာတွင်  ကိုဗစ်ရောဂါပိုးစစ်ဆေးသည့်အခါ ကိုဗစ်ပိုးတွေ့ရှိသူ ၂၄၂ ဦးကို စနစ်တကျ ကုသပေး လျက်ရှိပြီး ကင်းရှင်းသူများကိုလည်း နေရပ်ဌာနသို့ စနစ်တကျ ပြန်လည်ပို့ဆောင်ပေးနိုင်ခဲ့ပါကြောင်း၊ ရောဂါကာကွယ်၊ ထိန်းချုပ်၊  ကုသရေးလုပ်ငန်းများ တွင် အဓိကလိုအပ်သည့်ဆေးဝါးနှင့်ဆက်စပ်ဆေးပစ္စည်းများ စဉ်ဆက်မပြတ်ရရှိရေးထုတ်လုပ်နိုင်ရေး တို့ကို ဆောင်ရွက်ခဲ့ပါကြောင်း၊ FDA နှင့် ကိုက်ညီသည့် ဆေးဝါး၊ ဆေးပစ္စည်းများကို အခွန်လျှော့ပေါ့ခဲ့ပြီး လွတ်လွတ်လပ်လပ် တင်သွင်းဖြန့်ဖြူးခွင့်ရအောင် သက်ဆိုင်ရာဝန်ကြီးဌာနများက  ဆောင်ရွက်ခဲ့ပါ ကြောင်း၊ Slide တွင် ပြသထားသည့်စာရင်းများမှာ ကုန်သွယ်ရေးစခန်းများ၊     အပြည်ပြည်ဆိုင်ရာ လေဆိပ်နှင့်ဆိပ်ကမ်းများက  တင်သွင်းခဲ့ရသည့် စာရင်းများဖြစ်ပါကြောင်း၊ ကိုဗစ်-၁၉ ရောဂါ တတိယ လှိုင်းကာလအတွင်း အများပြည်သူအတွက်  ဆေးဝါး ဈေးနှုန်းမြင့်တက်မှုမရှိစေရေး   ရည်ရွယ်ပြီး  ဆေး ဂိုဒေါင်များကို  သက်ဆိုင်ရာပူးပေါင်းအဖွဲ့များနှင့် စစ်ဆေးခဲ့ပါကြောင်း၊ စစ်ဆေးတွေ့ရှိချက်များအရ ဈေးနှုန်းမြှင့်တင်ရန်  ရည်ရွယ်ချက်နှင့်   ထိန်းချုပ် ရောင်းချခြင်း၊ ပြည်တွင်း၊ ပြည်ပမှ ဝယ်ယူတင်သွင်း သည့် အထောက်အထားများ  တင်ပြနိုင်မှုမရှိခြင်း၊ သိုလှောင်ထားသည့် ပမာဏများပြားပြီး ဈေးကစားရန် ရည်ရွယ်ချက်နှင့် သိုလှောင်ထားခြင်းများကိုတွေ့ရ သည့်အတွက် ကုမ္ပဏီ ၁၀ ခုကို ထိထိရောက်ရောက် စစ်ဆေးလျက်ရှိကြောင်း။


ကိုဗစ်ကာလအတွင်းတွင် ပြည်သူများစားဝတ် နေရေး ပြေလည်စေရေးအတွက် အခြေခံစားသောက် ကုန်များကို  ဈေးနှုန်းသက်သာစွာဖြင့်   ရွေ့လျား ဈေးကား  (Mobile Market)များဖြင့်   လိုက်လံ ရောင်းချပေးလျက်ရှိသည့်အပြင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊  ကုသရေးတွင် အသုံးများသည့် ဆေးဝါးများ ဈေးနှုန်းမှန်ကန်စွာ ရရှိရေးအတွက် လည်း တိုင်းဒေသကြီး၊  ပြည်နယ်အစိုးရအဖွဲ့များနှင့် မြန်မာနိုင်ငံ  ဆေးနှင့်ဆေးပစ္စည်းလုပ်ငန်းရှင်များအသင်း၏ စီစဉ်မှုဖြင့် ဆေးဝါးများ လက်လီလက်ကား ရောင်းချပေးခြင်းအစီအစဉ်များကို ဆောင်ရွက်ပေး လျက်ရှိပါကြောင်း၊   ဆေးဈေးနှုန်းများကိုလည်း        နေ့စဉ်ထုတ်ပြန်ကြေညာပေးလျက်ရှိပါကြောင်း။


ထိုသို့ဆောင်ရွက်ရာတွင် အချို့သောတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများ (EAO) ဒေသများ တွင်ရှိနေသူများကိုပါ ကာကွယ်ဆေးထိုးနှံနိုင်ရေး ဆောင်ရွက်ပေးရန်  သက်ဆိုင်ရာ EAO အဖွဲ့များက ဆက်သွယ်အကြောင်းကြားလာသည့်အတွက်  EAO အဖွဲ့များရှိရာနေရာက  အကျုံးဝင်သည့်ဒေသခံ ပြည်သူများကို ကာကွယ်ဆေးထိုးနှံနိုင်ရန် ဆောင်ရွက် လျက်ရှိပြီး    စစ်ဘေးရှောင်စခန်း(IDP Camp)မှ သူများကိုလည်း  ကာကွယ်ဆေးထိုးနှံပေးလျက်ရှိပါ ကြောင်း၊  ဘူးသီးတောင်၊ မောင်တောဒေသနှင့်  ရခိုင် ပြည်နယ်ထဲတွင်ရှိနေသည့်  ဘင်္ဂါလီများကိုလည်း ကိုဗစ်-၁၉ ကာကွယ်ဆေးများ ထိုးနှံပေးသွားမည် ဖြစ်ပါကြောင်း၊  နိုင်ငံတော်အစိုးရ၏  ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းစဉ်များတွင် မည်သူတစ်ဦး တစ်ယောက်ကိုမှ     ချန်လှပ်ထားမည်မဟုတ်ပါ ကြောင်း၊ အားလုံးလွှမ်းခြုံမှု ရစေမည်ဖြစ်ပါကြောင်း။


နိုင်ငံတော်အစိုးရ၊ ပြည်သူလူထုနှင့် တာဝန်ရှိ၊ တာဝန်သိသူများက  အမျိုးသားရေးဖြစ်သည့် ကိုဗစ် ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးကို ကြိုးပမ်း ဆောင်ရွက်နေစဉ်တွင် ယုတ်မာကောက်ကျစ်သည့် အဖျက်သမားများ၏ ဖျက်လိုဖျက်ဆီးလုပ်ရပ်များက ရှိနေဆဲဖြစ်သည်ကိုလည်း  စိတ်မကောင်းဖွယ်ရာ တွေ့နေရပါကြောင်း၊ NLD ပါတီဝင်များနှင့် ၎င်းတို့ကို ထောက်ခံသူအစွန်းရောက်များ၏    လှုံ့ဆော်မှု၊ ခြိမ်းခြောက်မှုများကြောင့် ဆရာဝန်များနှင့် ကျန်းမာ ရေးဝန်ထမ်းအချို့သည် CDM ဆိုသည့် အာဏာဖီဆန် ရေးလှုပ်ရှားမှုတွင် ပါဝင်ပြီး အလုပ်တာဝန်မှပျက်ကွက် ခြင်း၊ အချို့ဆေးရုံများတွင် ဆရာဝန်၊ သူနာပြုများ လုပ်ငန်းခွင်ပျက်ကွက်ခြင်းများ  ပြုလုပ်ခဲ့ကြပါ ကြောင်း၊ ပြည်သူ့ကျန်းမာရေးစနစ်ကို ယိုင်လဲအောင် လုပ်ခြင်းဖြစ်ပါကြောင်း၊  တာဝန်သိကျန်းမာရေး ဝန်ထမ်းများ၊ တပ်မတော်မှ ဆရာဝန်များ၊ ကျန်းမာ ရေးဝန်ထမ်းများဖြင့် အချို့ဆေးရုံများကို ပြန်လည် ဖွင့်လှစ်ခဲ့ရပါကြောင်း။


အကြမ်းဖက်မှုများကိုပါ ပြုလုပ်လာ


ယခုအခါတွင်လည်း NLD ပါတီဝင် အစွန်းရောက် များ၊ NUG,  PDF ကဲ့သို့သော အကြမ်းဖက်အဖွဲ့များ အနေဖြင့် ကိုဗစ်နှင့်ပတ်သက်ပြီး မဟုတ်မမှန်သတင်း များ၊   ကာကွယ်ကုသတားဆီးထိန်းချုပ်ရေးကို အနှောင့်အယှက်ဖြစ်စေမည့် ကောလာဟလများကို လူမှုကွန်ရက်စာမျက်နှာများပေါ်တွင် ဖြန့်ဝေခြင်း၊ မီဒီယာများမှ ဖြန့်ဝေခြင်း ပြုလုပ်ရုံသာမက ကိုယ်ထိ လက်ရောက် အကြမ်းဖက်မှုများကိုပါ ပြုလုပ်လာခြင်း ကို တွေ့ရပါကြောင်း၊  မန္တလေးတိုင်းဒေသကြီး၊ အမရ ပူရမြို့တွင် Volunteer အဖွဲ့တစ်ဖွဲ့က  ကိုဗစ်-၁၉ ကပ်ရောဂါဆိုင်ရာ  အသိပညာပေးဟောပြောပြီး အကာအကွယ်      ဆေးပစ္စည်းများဝေငှခြင်းကို အကြမ်းဖက်   PDF အဖွဲ့က  သေနတ်နှင့်ပစ်ခဲ့ရာ Volunteer  အမျိုးသမီးတစ်ဦးသေဆုံးပြီး  သုံးဦး ဒဏ်ရာရရှိခဲ့ပါကြောင်း၊  ရန်ကုန်တိုင်းဒေသကြီး၊  မြောက်ဥက္ကလာပမြို့နယ်ဆေးရုံကြီးက  ခွဲစိတ်ခန်း အထူးကြပ်မတ်ကုသဆောင်တွင် အသုံးပြုသည့် အောက်ဆီဂျင်ပိုက်လိုင်းများကို ထုရိုက်ဖျက်ဆီးခဲ့ပါ ကြောင်း၊ မရမ်းကုန်းမြို့နယ်၊ အမှတ်(၁)ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးတွင် ဩဂုတ် ၁ ရက်က ကာကွယ် ဆေးထိုးနှံနေခြင်းကို  ၎င်းမြို့    PDF အမည်ခံ အကြမ်းဖက်အဖွဲ့များက လက်ပစ်ဗုံးနှင့် လာပစ်ခြင်း များ၊ ၂၀၂၁ ခုနှစ်၊ ဩဂုတ် ၃ ရက်တွင် ကယားပြည်နယ်၊ ဖယ်ခုံမြို့က  ကိုဗစ်ကာကွယ်ဆေးထိုးနှံနေသည့် နေရာကို ချိန်ကိုက်မိုင်းဖောက်ခွဲခဲ့ခြင်းများ လုပ်ခဲ့ သည့်အတွက် ရဲတပ်ဖွဲ့ဝင် တစ်ဦးကျဆုံးပြီး စေတနာ့ ဝန်ထမ်း Volunteer တစ်ဦး ဒဏ်ရာရရှိခဲ့ပါကြောင်း။


ထို့ပြင် ကိုဗစ်စစ်ဆေးရေးဂိတ်များကို တိုက်ခိုက် ခဲ့ပါကြောင်း၊ ဩဂုတ် ၁၅ ရက်တွင် စစ်ကိုင်းတိုင်း ဒေသကြီး၊ ပုလဲမြို့ရှိ စေတနာ့လူမှုကူညီရေးအဖွဲ့က ကိုဗစ်-၁၉ ကူးစက်ခံနေရသူများအတွက် လိုအပ် သည့်   အောက်ဆီဂျင်ဝယ်ယူဖြည့်တင်းရေးနှင့်            ကျန်းမာရေးဝန်ဆောင်မှုများ ပြုလုပ်ရန်အတွက် ဆွေးနွေးနေသည့် အစည်းအဝေးနေရာကို လက်ပစ် ဗုံးနှင့်  လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ပါကြောင်း၊ အဆိုပါ ဖြစ်စဉ်မျိုး ၁၈ ကြိမ်ရှိခဲ့ပါကြောင်း၊ ဆိုးရွား ယုတ်မာကောက်ကျစ်လွန်းသည့် အကြမ်းဖက်မှုများ ဖြစ်ပါကြောင်း၊ ဘယ်နိုင်ငံမှာမှ ထိုသို့အောက်တန်း ကျသည့်လုပ်ရပ်မျိုး ရှိမည်မဟုတ်ပါကြောင်း၊ မိမိတို့ နိုင်ငံတွင် ထိုသို့ နိုင်ငံရေးအစွန်းရောက် အကြမ်းဖက် အဖွဲ့များရှိနေပါကြောင်း၊  ပြည်သူလူထုအနေဖြင့် ထိုအဖျက်သမား၊    အကြမ်းဖက်သမားများကို ပြတ်ပြတ်သားသား ဝိုင်းဝန်းဆန့်ကျင်ကြရန် မေတ္တာ ရပ်ခံလိုပါကြောင်း ပြောကြားသည်။ 
(ဆက်လက်ဖော်ပြပါမည်)