
သတင်းအဖွဲ့
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ သတင်းထုတ်ပြန်ရေးအဖွဲ့၏ ၈/၂၀၂၁ ကြိမ်မြောက် သတင်းစာရှင်းလင်းပွဲ အခမ်းအနားကို ဩဂုတ် ၂၇ ရက် မွန်းလွဲ ပိုင်းတွင် ပြန်ကြားရေးဝန်ကြီးဌာန၌ ကျင်းပပြုလုပ်ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ သတင်းထုတ်ပြန်ရေး အဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်း၊ ပြည်ထောင်စု ရွေးကောက်ပွဲအဖွဲ့ဝင် ဦးခင်မောင်ဦး၊ ဌာနဆိုင်ရာများမှ ပြောရေး ဆိုခွင့်ရှိသူများနှင့် ဌာနဆိုင်ရာ သတင်းထုတ်ပြန်ရေး အဖွဲ့ကိုယ်စားလှယ်များက မြန်မာနိုင်ငံအခြေစိုက် နိုင်ငံခြားသံရုံးများမှ သံတမန်များနှင့် သတင်းမီဒီယာများ၏ သိရှိလိုသည့် မေးမြန်းမှုများကို ပြန်လည်ဖြေကြားသည်။
ရှေ့ဆက်မည့် လုပ်ငန်းများ ရှင်းလင်း
ဦးစွာ သတင်းထုတ်ပြန်ရေးအဖွဲ့ ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ရှင်းလင်းပြောကြားရာတွင် ယနေ့ သတင်းစာရှင်းလင်းပွဲကို တက်ရောက် လာကြသည့် နိုင်ငံတကာမှ ကိုယ်စား လှယ်များ၊ သတင်းထောက်များ၊ ဌာန ဆိုင်ရာများမှ ပြောရေး ဆိုခွင့်ရှိသူများ အားလုံး ကိုဗစ်-၁၉ ရောဂါမှ ကင်းဝေးပြီး ကျန်းမာကြပါစေဟု ဆုတောင်းမေတ္တာ ပို့သပါကြောင်း၊ ယနေ့သတင်းစာ ရှင်းလင်းပွဲကို အပိုင်း ၂ ပိုင်းနှင့် ပြုလုပ် သွား မည်ဖြစ်ကြောင်း၊ ပထမပိုင်းတွင် မိမိနှင့် UEC မှ ဦးခင်မောင်ဦးတို့က ရှင်းလင်းတင်ပြမည်ဖြစ်ပြီး နိုင်ငံတကာ သံတမန်များက မေးမြန်းလိုသည့် မေးခွန်းများ မေးမြန်းခြင်းနှင့် ဖြေကြားခြင်းဆောင်ရွက်မည်ဖြစ်ကြောင်း၊ ထို့ နောက် မိမိတို့ ပြသထားသည့် စာရွက် စာတမ်းများ၊ အထောက်အထားများအား နိုင်ငံတကာ သံတမန်များကို လိုက်လံ ရှင်းလင်းပြသမည်ဖြစ်ကြောင်း၊ ယင်း နောက် နိုင်ငံတကာသံတမန်များ၊ ကိုယ်စားလှယ်များ ထွက်ခွာမည်ဖြစ် ကြောင်း၊ နိုင်ငံတကာသံတမန်များ၊ ကိုယ်စားလှယ်များ သတင်းစာရှင်းလင်း ပွဲခန်းမက ထွက်ခွာပြီးနောက်ပိုင်းတွင်ဒုတိယပိုင်း အစီအစဉ်အဖြစ် တက် ရောက်လာကြသည့် သတင်းထောက်များ က မေးခွန်းများ မေးမြန်းခြင်းနှင့် မိမိက ဖြေကြားခြင်းအစီအစဉ်ကို ဆက်လုပ် မည့်အကြောင်းကို ကြိုတင်အသိပေး လိုပါကြောင်း၊ ယနေ့သတင်းစာရှင်းလင်း ပွဲတွင် နံပါတ် ၁ အနေဖြင့် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံ တော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပြောကြားခဲ့သည့် (၆)လပြည့်မိန့်ခွန်းနှင့် အစိုးရအဖွဲ့ ပြုပြင် ပြောင်းလဲဖွဲ့စည်းမှု၊ နံပါတ် ၂ အနေဖြင့် ကိုဗစ်-၁၉ ကပ်ရောဂါနှင့် ပတ်သက်ပြီး နိုင်ငံတော်၏ ဆောင်ရွက်ချက်များ၊ နံပါတ် ၃ အနေဖြင့် အစိုးရ၏လုံခြုံရေး နှင့် နိုင်ငံတည်ငြိမ်အေးချမ်းရေး ဆောင် ရွက်ချက်များနှင့် နံပါတ် ၄ အနေဖြင့် ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ ၈ ရက်က ကျင်းပခဲ့သည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအပေါ် စစ်ဆေး တွေ့ရှိမှု၊ ရွေးကောက်ပွဲရလဒ်ကို ဥပဒေ နှင့်အညီ ပယ်ဖျက်ခဲ့မှုနှင့် ရှေ့ဆက် ဆောင်ရွက်မည့် လုပ်ငန်းများကို ရှင်းလင်းသွားမည်ဖြစ်ပါကြောင်း ပြော ကြားသည်။
ပထမဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီး ချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ (၆)လပြည့် မိန့်ခွန်းတွင် နိုင်ငံတော် အစိုးရ၏ အခြေခံနိုင်ငံရေး၊ လူမှုရေးနှင့် လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးဆိုင် ရာ ဆောင်ရွက်ချက်များကိုပြောကြားခဲ့ ပါကြောင်း၊ နိုင်ငံရေးဆိုင်ရာ ဆောင်ရွက် ချက်များအနေဖြင့် နိုင်ငံတော်စီမံအုပ် ချုပ်ရေးကောင်စီသည် နိုင်ငံတော် တာဝန်ကို ရယူခဲ့စဉ်ကစပြီး ရှေ့လုပ်ငန်း စဉ်(၅)ရပ်၊ ဦးတည်ချက်(၉)ရပ် ချမှတ် ဆောင်ရွက်လျက်ရှိရာ ဇူလိုင်လအတွင်း တွင် ပထမလုပ်ငန်းစဉ်ဖြစ်သည့် မဲစာရင်းစစ်ဆေးခြင်းကို ဆောင်ရွက်ပြီး စီးခဲ့ပြီး တွေ့ရှိချက်များကို အပြီးသတ် ထုတ်ပြန်ခဲ့ပါကြောင်း၊ မဲမသမာမှု စုစုပေါင်း ၁၁,၃၀၅,၃၉၀ (တစ်ဆယ့် တစ်သန်းသုံးသိန်းကျော်) စစ်ဆေးတွေ့ရှိ ရပါကြောင်း၊ ခိုင်မာစွာတွေ့ရှိထားသည့် မဲမသမာမှုများ၊ NLD ပါတီ အနေဖြင့် အုပ်ချုပ်ရေးအာဏာကို အလွဲသုံးစားပြု ပြီး ဝင်ရောက်စွက်ဖက်၊ မလျော်ဩဇာ သုံးစွဲမှု အထောက်အထား မှတ်တမ်းများ အရ ရွေးကောက်ပွဲရလဒ်ကို ဖျက်သိမ်းခဲ့ ပါကြောင်း၊ ရွေးကောက်ပွဲရလဒ်ကို ဥပဒေနှင့်အညီ ဖျက်သိမ်းပြီးနောက် ရှေ့ လုပ်ငန်းစဉ် (၅)ရပ်ထဲမှ နောက်ဆုံး လုပ်ငန်းစဉ်ဖြစ်သည့် “လွတ်လပ်ပြီး တရားမျှတသော ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကို ပြန်လည် ကျင်းပပြီး အနိုင်ရသည့်ပါတီကို ဒီမို ကရေစီစံနှုန်းများနှင့်အညီ နိုင်ငံတော် တာဝန်လွှဲအပ်နိုင်ရေး” ဆက်လက် ဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း၊ ယင်းအတွက် ကြိုတင်ပြင်ဆင်မှုများကို စတင်ဆောင်ရွက်နေပြီဖြစ်ပါကြောင်း။
ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်
ထိုမိန့်ခွန်းတွင် လုပ်ငန်းရပ်အားလုံး ကို ၂၀၂၃ ခုနှစ် ဩဂုတ်လအတွင်း ပြီး မြောက်အောင် ဆောင်ရွက်သွားမည် ဖြစ်ပြီး ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ ပြန်လည်ပြုလုပ်ပေးမည် ဆိုသည်ကို အာမခံထားပါကြောင်း၊ လွတ်လပ်ပြီး တရားမျှတသည့် ရွေးကောက်ပွဲဖြစ်လာစေရန် အခြေခံ လိုအပ်ချက်မှာ တည်ငြိမ်အေးချမ်းရေး နှင့် တရားဥပဒေစိုးမိုးရေးသာဖြစ်ပါ ကြောင်း၊ တည်ငြိမ်အေးချမ်းမှုရှိအောင် လည်း ဆောင်ရွက်သွားရမည်ဖြစ်ပါ ကြောင်း၊ တိုင်းပြည်တည်ငြိမ်အေးချမ်း မှုရှိမှ လွတ်လပ်တရားမျှတသည့် ရွေးကောက်ပွဲ ကျင်းပနိုင်မည်ဖြစ်၍ ပြည်သူလူထုတစ်ရပ်လုံးက ဝိုင်းဝန်း ပူးပေါင်းဆောင်ရွက်ရန် တိုက်တွန်းလိုပါ ကြောင်း၊ ၂၀၂၀ ပြည့်နှစ်၊ ရွေးကောက်ပွဲ မဲဆန္ဒရှင် စာရင်းများမှာ နိုင်ငံသား၊ ဧည့်နိုင်ငံသား၊ နိုင်ငံသား ပြုခွင့်ရသူ၊ လက်မှတ်မရှိသူ ၄,၈၆၉,၄၂၇ (လေးသန်း ရှစ်သိန်းကျော်) ရှိခဲ့ပါကြောင်း၊ မိမိတို့ အနေဖြင့် နောင်လာမည့်ရွေးကောက်ပွဲ တွင် မဲပေးပိုင်ခွင့်ရှိသူအားလုံး ဆန္ဒမဲပေးပိုင်ခွင့်မဆုံးရှုံးစေရန်နှင့် မဲစာရင်းများ မှန်ကန်မှု ရှိစေရန်အတွက် အကျုံးဝင်သူ အားလုံး ကို နိုင်ငံသားစိစစ်ရေးကတ်များ ပြုလုပ်ပေးနိုင်ရေး စီမံချက်ချဆောင်ရွက် လျက် ရှိပါကြောင်း၊ လူဝင်မှုကြီးကြပ်ရေး ဝန်ကြီးဌာနကို သီးခြားပြန်လည် ဖွဲ့စည်းပြီး ထိုကိစ္စကို အလေးထား ဆောင်ရွက်လျက်ရှိပါကြောင်း၊ သက်ဆိုင် သူအားလုံးကလည်း ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ကြရန် မေတ္တာရပ်ခံလိုပါ ကြောင်း။
ယင်း ဩဂုတ် ၁ ရက်တွင်ပင် ယခင် အစိုးရအဖွဲ့၏ လုပ်ငန်းတာဝန်များကို ထမ်းဆောင်နေသည့် နိုင်ငံတော်စီမံအုပ် ချုပ်ရေးကောင်စီ၊ စီမံခန့်ခွဲရေးကော်မတီ ကို “ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အိမ်စောင့်အစိုးရအဖွဲ့” အဖြစ် ပြင်ဆင်ဖွဲ့စည်းခဲ့ပါကြောင်း၊ အိမ်စောင့် အစိုးရဆိုသည့် အခေါ်အဝေါ်အတိုင်း နိုင်ငံတော်တာဝန်ကို ရေရှည်ရယူထား မည့် အစိုးရ မဟုတ်ပါကြောင်း၊ ဗဟို ချုပ်ကိုင်မှု ပိုမိုလျှော့ချပြီး နိုင်ငံတော် တာဝန်များကို ပိုမိုလွယ်ကူ၊ လျင်မြန်၊ ထိရောက်စွာ ဆောင်ရွက်နိုင်ရန်အတွက် ရည်ရွယ်ဖွဲ့စည်းခဲ့ခြင်း ဖြစ်ပါကြောင်း ပြောကြားသည်။
ကူးစက်မှုနှုန်း ကျဆင်းအောင်ရည်မှန်း
ဆက်လက်ပြီး ကိုဗစ်-၁၉ ကပ် ရောဂါနှင့် ပတ်သက်၍ နိုင်ငံတော် အစိုးရ၏ လုပ်ဆောင်ချက်များကို ပြော လိုပါကြောင်း၊ လက်ရှိ အခြားကမ္ဘာ့နိုင်ငံ အများစုနည်းတူ မိမိတို့နိုင်ငံတွင်ဖြစ်ပွား နေသည့် ကိုဗစ်-၁၉ ကပ်ရောဂါ တတိယ လှိုင်းနှင့် ပတ်သက်ပြီး ကာကွယ်၊ ထိန်း ချုပ်၊ ကုသရေးလုပ်ငန်းစဉ်များကို အစိုးရ၊ ပြည်သူလူထု၊ လူမှုရေးအသင်းအဖွဲ့ များနှင့် တပ်မတော်တို့ ပူးပေါင်းဆောင် ရွက်လျက်ရှိပါကြောင်း၊ ယခုကဲ့သို့ ပူးပေါင်းဆောင်ရွက်မှုများ၊ ပြည်သူ လူထု၏ ပူးပေါင်းဆောင်ရွက်မှုများ ကြောင့် ယခုလအတွင်း ရောဂါကူးစက်မှု နှုန်းကို ၂၀ ရာခိုင်နှုန်းကျော်အထိ လျှော့ချနိုင်ခဲ့ပါကြောင်း၊ မိမိတို့နိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါတတိယလှိုင်း၏ အရှိန် အမြင့် ဆုံးအချိန်ဖြစ်ခဲ့သည့် ဇူလိုင်လ တတိယပတ် ဇူလိုင် ၂၃ ရက်တွင် ကိုဗစ်ရောဂါပိုး စစ်ဆေးခဲ့သူများ၌ ပိုးတွေ့ရှိမှု ၄၁ ရာခိုင်နှုန်းခန့်ရှိခဲ့ပါ ကြောင်း၊ ယခု ဩဂုတ် ၂၆ ရက်တွင်မူ ၂၁ ရာခိုင်နှုန်းခန့်အထိ ကျဆင်းသွား သည်ကို တွေ့ရှိရပါကြောင်း၊ ကိုဗစ်-၁၉ ကပ် ရောဂါသည် အရှင်းပျောက်ကင်းသွား မည့်ရောဂါမျိုး မဟုတ်သော်လည်း မိမိတို့ အနေဖြင့် ယခုလထဲတွင်ပင် ရောဂါ ကူးစက်မှုနှုန်းကို သိသိသာသာကျဆင်း အောင် ရည်မှန်းချက်ထား ဆောင်ရွက် နေပါကြောင်း၊ ဝေဖန်မှုများ၊ တိုက်ခိုက်မှု များ အမျိုးမျိုးကြားထဲက ပြည်သူလူထု ၏ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများတွင် ရှေ့တန်းမှ စွန့်လွှတ် စွန့်စားကြိုးစားပြီး တိုင်းပြည်အပေါ် အသိတရားရှိရှိနှင့် ဆောင်ရွက်ခဲ့ကြသည့် ဆရာဝန်များ၊ ဆရာမများ၊ ကျန်းမာရေး ဝန်ထမ်းများ၊ လူမှုရေး အသင်းအဖွဲ့များ၊ Volunteer အသင်းအဖွဲ့များ၊ ပြည်သူ လူထုအားလုံးနှင့် တပ်မတော်ဆေးတပ် ဖွဲ့ဝင်များအားလုံးကိုလည်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီနှင့် နိုင်ငံတော် အစိုးရက မှတ်တမ်းတင်ဂုဏ်ပြုပါ ကြောင်းနှင့် ကျေးဇူးအထူးတင်ပါ ကြောင်း လေးလေးနက်နက် ပြောကြား လိုပါကြောင်း ပြောကြားသည်။
ဆက်လက်ပြီး ကိုဗစ်ကာကွယ်ဆေး များရရှိမှု၊ ထိုးနှံမှုနှင့် ဆက်လက်ဆောင် ရွက်ထားရှိမှုများကို ပြောလိုပါကြောင်း၊ ယခင်အစိုးရလက်ထက်တွင် အိန္ဒိယ နိုင်ငံမှ ကိုဗစ်ကာကွယ်ဆေး သန်း ၃၀ ဝယ်ယူရရှိရေး စာချုပ်ချုပ်ဆိုဆောင်ရွက် ခဲ့ပါကြောင်း၊ အိန္ဒိယမှ ဝယ်ယူခဲ့သည့် ဆေးများထဲမှ နှစ်သန်းနှင့် လှူသည့်ဆေး ၁ ဒသမ ၅ သန်းကို ရရှိခဲ့ပြီးဖြစ်၍ ထိုးနှံ ပေးခဲ့ပြီးဖြစ်ပါကြောင်း၊ အိန္ဒိယနိုင်ငံထဲ တွင်လည်း ကိုဗစ်ဖြစ်ပွားမှု မြင့်မားလာ သည့်အတွက် ကျန်ဆေးများကို ဆက် လက် မပို့ဆောင်နိုင်သေးပါကြောင်း၊ ယင်းသည်လည်း မိမိတို့တစ်နိုင်ငံတည်း မဟုတ်ပါကြောင်း၊ ကျန်နိုင်ငံများလည်း အလားတူသာဖြစ်ပါကြောင်း၊ ပြည်သူ လူထုအနေဖြင့် ကာကွယ်ဆေး အဆက် မပြတ်ထိုးနှံနိုင်ရန်အတွက် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီနှင့် အစိုးရအနေ ဖြင့် စဉ်ဆက်မပြတ် ကြိုးပမ်းဆောင်ရွက် ခဲ့ရာ ယခုလအတွင်း တရုတ်နိုင်ငံမှ ကာကွယ်ဆေး လေးသန်း ဝယ်ယူရရှိခဲ့ပြီး ကာကွယ်ဆေး နှစ်သန်း လှူဒါန်းခဲ့ပါ ကြောင်း၊ ဆေးများရောက်ရှိမှုအနေဖြင့် ၂ သန်း ရောက်ရှိခဲ့ပြီးဖြစ်ကြောင်း၊ ယခု လက်ရှိ တိုင်းဒေသကြီး၊ ပြည်နယ်အလိုက် ဦးစားပေးအုပ်စု ၁၂ စု ခွဲခြားပြီး ထိုးနှံ ပေးလျက်ရှိပါကြောင်း၊ ယခုအပတ် အတွင်း နောက်ထပ် လေးသန်းခန့်ထပ်မံ ရောက်ရှိလာမည်ဖြစ်ပြီး ကျန်ဆေးများ လည်း အသုတ်လိုက်ရောက်ရှိမည်ဖြစ်ကြောင်း၊ နောက်ထပ် ဆေး ၂၄ သန်း ဝယ်ယူရရှိနိုင်ရေး ဆောင်ရွက်ထားပြီး ယခုနှစ်အတွင်း ဆေးထိုးနှံရမည့် ပြည်သူလူထု၏ ၅၀ ရာခိုင်နှုန်းကို ဆေးအပြီး ထိုးနှံနိုင်ရေးနှင့် အခြေအနေ ပေးမည် ဆိုပါက ၅၀ ရာခိုင်နှုန်းအထက် ကျော်လွန်အောင် ကာကွယ်ဆေးထိုးနှံ ပေးနိုင်ရန် ရည်မှန်းချက်ထား ဆောင် ရွက်လျက်ရှိပါကြောင်း။
ကိုဗစ်ဆေး မပျက်မကွက်ထိုးရန်
နိုင်ငံတော် အစိုးရအနေဖြင့်လည်း ပြည်သူလူထုအတွက် ကိုဗစ်ရောဂါ အကာအကွယ် အမြန်ဆုံးရရှိစေရေး ကြိုးစားပြီး ဆောင်ရွက်ပေးနေပါ ကြောင်း၊ ယင်းသို့ ဆောင်ရွက်ရာတွင် ပြည်တွင်း၌ ကိုဗစ်ကာကွယ်ဆေး ထုတ်လုပ်နိုင်ရန်အတွက် မိတ်ဆွေနိုင်ငံ များနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိပါ ကြောင်း၊ ထို့အပြင် ရုရှားနိုင်ငံက ကာကွယ်ဆေး နှစ်သန်းလည်း ယခုလ ထဲတွင် အသုတ်လိုက်ခွဲပြီး ရောက်ရှိလာ မည်ဖြစ်ပါကြောင်း၊ ထို့ကြောင့် ကာကွယ် ဆေးရရှိရန်၊ ပြည်သူလူထုကို ကိုဗစ် ရောဂါကူးစက်ဖြစ်ပွားမှု လျှော့ချနိုင်ရန် အတွက် အတိုင်းအတာတစ်ခုအထိ ထိထိရောက်ရောက် ဆောင်ရွက်နိုင်ပြီဟု ဆိုရမည်ဖြစ်ပါကြောင်း၊ မိမိတို့ ပြည်သူ လူထုအနေဖြင့် မိမိအတွက်၊ မိမိ မိသားစု အတွက်၊ မိမိအသိုင်းအဝိုင်းအတွက်ဆို သည့် စိတ်ထားမျိုးနှင့် ကိုဗစ်ကာကွယ် ဆေးထိုးရန် မိမိအလှည့်ရောက်ရှိချိန်တွင် မပျက် မကွက် ထိုးနှံကြရန် အသိပေး လိုပါကြောင်း၊ ယင်းအချိန်တွင် မိမိ ကျန်းမာရေး၊ မိမိ မိသားစုကျန်းမာရေး ထက် အရေးကြီးတာမရှိပါကြောင်း။
ကာကွယ်ဆေးနှင့်ပတ်သက်၍ ပညာ ရှင်များ၏ ပြောကြားချက်များကို သိရှိပြီး ဖြစ်ကြလိမ့်မည်ဖြစ်ကြောင်း၊ ကာကွယ် ဆေး ထိုးထားခြင်းအားဖြင့် ရောဂါ ကူးစက်မှုကို အတိုင်းအတာတစ်ခုအထိ ကာကွယ်ပေးနိုင်သည့်အပြင် ကူးစက်ခံရ လျှင်ပင် ပြင်းထန်သည့် ရောဂါလက္ခဏာ ခံစားရမှု မရှိပါကြောင်း၊ အသက် အန္တရာယ်မှ ကာကွယ်နိုင်ပါကြောင်း၊ ကာကွယ်ဆေး ထိုးပြီးသူနှင့် မထိုးရသေး သူ တော်တော် လေး ကွာခြားပါကြောင်း၊ ထို့ကြောင့် ကောလာဟလများ၊ သွေးထိုး လှုံ့ဆော် သည့် မဟုတ်မမှန်စကားများကို နည်းမျိုးစုံနှင့် ကြားလျှင်လည်း နားမယောင်ကြရန် လိုအပ်သည်ဟု ပြောလိုပါကြောင်း၊ ကိုဗစ်-၁၉ ရောဂါ တတိယလှိုင်းသည် ပထမလှိုင်း၊ ဒုတိယ လှိုင်းတို့နှင့် ကူးစက်ခံရမှုနှုန်း မတူပါ ကြောင်း၊ ယခု မိမိတို့နိုင်ငံ၌ အများဆုံး တွေ့ရှိခဲ့သည့် Delta မျိုးကွဲသည် ယခင်မျိုးကွဲများထက် ကူးစက်မှုနှုန်း လေးဆခန့် ပိုမိုမြန်ဆန်သည်ကို တွေ့ရ ပါကြောင်း၊ ကူးစက်ခံရသူများအနေ ဖြင့် ရောဂါအခံရှိသူများသည် ရောဂါ လက္ခဏာများ ပြင်းထန်စွာခံစားခဲ့ ရပြီး အောက်ဆီဂျင် လိုအပ်ချက်များလည်း များပြားခဲ့ပါကြောင်း၊ ကိုဗစ် ကြောင့် နောက်ဆက်တွဲခံစားရသည့် ရောဂါ လက္ခဏာများလည်း တွေ့ရှိရပြီး ကိုဗစ် ရောဂါ ပျောက်သွားခဲ့လျှင်ပင် နောက်ဆက်တွဲ ထပ်ဖြစ်လာမည့် ရောဂါ များကြောင့် သေဆုံးခဲ့ရသူများလည်း ရှိခဲ့ပါကြောင်း။
ကိုဗစ်တတိယလှိုင်း အရှိန်မြင့်တက် နေစဉ် ဆေးရုံ၊ ဆေးခန်းများ၌ အောက်ဆီ ဂျင်နှင့် ပတ်သက်ပြီး လိုအပ်ချက်များ ရှိခဲ့ပါကြောင်း၊ ယင်းသို့ ဖြစ်ရခြင်းသည် ကြိုတင်ပြင်ဆင်မှု အားနည်းချက်ကြောင့် ဖြစ်ပါကြောင်း၊ ယခင်အစိုးရ လက်ထက် တွင် ဆေးရုံများက အောက်ဆီဂျင်လိုအပ် ချက်ကို ပုဂ္ဂလိကပိုင် စက်ရုံများ၊ အထူး သဖြင့် ရန်ကုန်၊ မန္တလေးမှသာ ဝယ်ယူ ဖြည့်တင်း ခဲ့ပြီး ICU လူနာများအတွက် သာထားရှိခဲ့ပါကြောင်း၊ ထို့ကြောင့် အောက်ဆီဂျင်နှင့် ပတ်သက်သည့် အခြေခံအဆောက်အအုံများ ပြည်သူ့ ဆေးရုံများတွင် နည်းပါးခဲ့ပါကြောင်း၊ ထို့အပြင် နိုင်ငံရေးလှုံ့ဆော်သူများ ကြောင့် ဆူပူဆန္ဒပြသည့် လူစုလူဝေး ဖြစ်ပေါ်ခဲ့ခြင်းသည်လည်း ရောဂါကူးစက် မှု မြင့်မားစေရန်အတွက် အခြေခံ အကြောင်းရင်းတစ်ရပ် ဖြစ်ခဲ့ပါ ကြောင်း၊ ယင်းကို အစိုးရအနေဖြင့် အချိန်တိုအတွင်း ဖြေရှင်းနိုင်အောင် ဆောင်ရွက်ခဲ့ပါကြောင်း၊ အောက်ဆီဂျင် လိုအပ်ချက်များနှင့် ပတ်သက်ပြီး အိမ်နီးချင်း မိတ်ဆွေနိုင်ငံများဘက်မှ Liquid Oxygen များ တင်သွင်းပြီး အရေးပေါ် ဖြေရှင်းခဲ့ရပါကြောင်း၊ နိုင်ငံပိုင်၊ တပ်မတော်ပိုင်နှင့် ပုဂ္ဂလိကပိုင် Oxygen Plant များမှ ဆေးရုံသုံး အောက် ဆီဂျင်များရရှိရေး အင်အားပြည့် ထုတ်လုပ်ခြင်း၊ အသစ်တည်ဆောက်ခြင်း များ ဆောင်ရွက်ခဲ့ပါကြောင်း၊ ယခုချိန် တွင် အမြင့်ဆုံး လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်သည့် အနေအထား ရှိသော်လည်း ထုတ်လုပ်မှု၏ ၃၀ ရာခိုင်နှုန်းခန့်သည် Liquid Oxygen မှ ထုတ်လုပ်နေရသည့် အနေအထားဖြစ်ပါ ကြောင်း၊ ထို့ကြောင့် နိုင်ငံတော်အစိုးရ အနေဖြင့် တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့် လိုအပ်တဲ့ဆေးရုံများ၌ ဆေးရုံသုံး အောက်ဆီဂျင်များ ထုတ်လုပ်နိုင်ရန် ရေရှည်အတွက် မျှော်မှန်းဆောင်ရွက် လျက်ရှိပါကြောင်း။
မိတ်ဆွေနိုင်ငံများက လှူဒါန်း
ယင်းနှင့် ပတ်သက်ပြီး နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ၂၀၂၁ ခုနှစ် ဩဂုတ် ၂၆ ရက်တွင် ပြုလုပ်သည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းစဉ် အဋ္ဌမအကြိမ်မြောက် အစည်းအဝေးတွင် အထူးအလေးထား ညွှန်ကြားခဲ့ပါကြောင်း၊ ကိုဗစ်တတိယ လှိုင်း၏ အမြင့်ဆုံးကာလ၌ ဖြစ်ပွားခဲ့ သည့် ဆေးရုံသုံးအောက်ဆီဂျင် လိုအပ် ချက်ကို ဝိုင်းဝန်းကြိုးပမ်း ဖြေရှင်းခဲ့သည့် အဖွဲ့အစည်းများ၊ နိုင်ငံပိုင်နှင့် တပ်မတော်ပိုင်စက်ရုံ၊ အလုပ်ရုံများ၊ ပုဂ္ဂလိကပိုင် လုပ်ငန်းများ၊ လူမှုရေး အဖွဲ့ အစည်းများ၊ Liquid Oxygen ကို အချိန်တိုအတွင်း အမြန်ရောက်ရှိအောင် စီစဉ်ပေးခဲ့သည့် အိမ်နီးချင်းတရုတ်နိုင်ငံ နှင့် ထိုင်းနိုင်ငံတို့မှ တာဝန်ရှိသူများ အားလုံးကို ပြည်သူလူထုကိုယ်စား မြန်မာနိုင်ငံတော် အစိုးရက အထူး ကျေးဇူးတင်ပါကြောင်းကို လေးလေး နက်နက် ပြောကြားလိုပါကြောင်း၊ နိုင်ငံ တော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ပြောခဲ့သည့် မူရင်းစကား အတိုင်း မိမိပြောလိုပါကြောင်း၊ “ ဒီလို ကူညီဆောင်ရွက်တာဟာ ကျွန်တော်တို့ မြန်မာနိုင်ငံသူ၊ နိုင်ငံသားများစွာရဲ့ အသက်ကို ကယ်တင်ပေးခဲ့တာလို့ ကျွန်တော်တို့ ခံယူပါတယ်။ ဆောင်ရွက် ပေးခဲ့တဲ့ နိုင်ငံတွေနဲ့ ပြည်သူလူထုကို လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်ပါတယ် ” ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းစဉ်များတွင် လိုအပ် သည့် အထောက်အကူပစ္စည်းများ၊ ဆေး ဝါးများကိုလည်း မိတ်ဆွေနိုင်ငံများနှင့် အဖွဲ့အစည်းများက ဆက်လက်လှူဒါန်း မှုများ၊ ကူညီမှုများ ဆောင်ရွက်ပေးလျက် ရှိပါကြောင်း။
တရုတ်နိုင်ငံအနေဖြင့် ကာကွယ်ဆေး များအပြင် လိုအပ်သည့် ဆေးပစ္စည်းများ၊ အကာအကွယ်ပစ္စည်းများ၊ အထောက် အကူပြုပစ္စည်းများကို အကြိမ်ကြိမ် လှူဒါန်းခဲ့ပါကြောင်း၊ ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်(မြောက်ပိုင်း)နေပြည်သူ များကို ထိုးနှံပေးနိုင်ရန် ကာကွယ်ဆေး တစ်သန်း ထပ်မံလှူဒါန်းခဲ့ပါကြောင်း၊ ထိုင်းနိုင်ငံအနေနှင့်လည်း အထောက် အကူပြုပစ္စည်းများ လှူဒါန်းခြင်း၊ ကူညီ ပေးခြင်းများ ဆောင်ရွက်ပေးလျက်ရှိပါ ကြောင်း၊ ဩဂုတ် ၁၉ ရက်တွင် ကမ္ဘော ဒီးယားနိုင်ငံဝန်ကြီးချုပ် မစ္စတာဟွန်ဆန် ၏ စီစဉ်ပေးမှုနှင့် ကမ္ဘောဒီးယားကျန်းမာ ရေးဝန်ကြီးက မြန်မာနိုင်ငံကို လာရောက် ပြီး ကမ္ဘောဒီးယားအစိုးရနှင့် ပြည်သူ လူထုက လှူဒါန်းသည့် ပစ္စည်းများနှင့် ငွေများ၊ အာဆီယံ လူသားချင်း စာနာ ထောက်ထားမှုနှင့် အကူအညီပေးအပ် ရေး ညှိနှိုင်းမှု ဗဟိုဌာန(AHA)က လှူဒါန်း သည့် အလှူငွေများ လာရောက်ပေးအပ် ခဲ့ပါကြောင်း၊ အလားတူ အိန္ဒိယနိုင်ငံက လည်း ဩဂုတ် ၂၀ ရက်က ထောက်ပံ့ လှူဒါန်းမှုများ အပါအဝင် ကိုဗစ်ကာလ အတွင်း လိုအပ်သည့် အထောက်အကူ ပစ္စည်းများ၊ ကုသဆေးများ ဝယ်ယူနိုင် ရန်အတွက် လူမှုအဖွဲ့အစည်းများက ထောက်ပံ့ကူညီခြင်း၊ ပူးပေါင်းဆောင် ရွက်ခြင်းများ ဆောင်ရွက်လျက်ရှိပါ ကြောင်း၊ ရုရှားနိုင်ငံအနေနှင့်လည်း ကိုဗစ်ကာကွယ်ဆေးများ လှူဒါန်းခြင်း၊ ကာကွယ်ဆေး ဝယ်ယူနိုင်ရန် ကူညီ ပေးခြင်းနှင့် ထုတ်လုပ်နိုင်ရန် ညှိနှိုင်း ဆောင်ရွက်မှုများကို လုပ်ဆောင်နေပါ ကြောင်း၊ အားလုံးကို မြန်မာနိုင်ငံတော် အစိုးရက ကျေးဇူးတင်ပါကြောင်း ပြော ကြားလိုပါကြောင်း။
ရုံးပိတ်ရက်ရှည် ကြေညာပေး
မိမိတို့၏ ခံယူချက်မှာ လူ့အသက် ထက် အရေးကြီးတာ မရှိပါကြောင်း၊ ကျန်းမာမှ အလုပ်လုပ်နိုင်မည်ဖြစ်ပြီး ကျန်းမာမှ ပညာသင်ကြားနိုင်မည်ဖြစ် ပါကြောင်း၊ ပြည်သူလူထု၏ ကျန်းမာ ရေးက မိမိတို့အတွက် ဦးစားပေး (၁) ဖြစ်ပါကြောင်း၊ မိမိတို့အနေဖြင့် နိုင်ငံ တစ်ဝန်းလုံးတွင် ကိုဗစ်ရောဂါ ကူးစက်မှု သိသိသာသာဟန့်တားနိုင်ရန်၊ ပြည်သူ လူထုကို ထိရောက်သည့် ကာကွယ် ကုသမှုပေးနိုင်ရန်၊ အခြေခံဆေးဝါး လိုအပ်ချက်များ ဖြည့်ဆည်းနိုင်ရန်၊ ပြည်သူများ၏ အခြေခံကျန်းမာရေး ဗဟုသုတ အသိပညာရရှိရန်၊ တစ်နိုင်ငံ လုံး ကာကွယ်ဆေး ထိုးရမည့်သူများ အမြန်ဆုံးကာကွယ်ဆေး ရရှိထိုးနှံနိုင်ရန် အစွမ်းကုန် ကြိုးပမ်းဆောင်ရွက်လျက်ရှိ ပါကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် ပညာပေးလုပ်ငန်းများကို ကျယ်ကျယ် ပြန့်ပြန့် မြေပြင်အထိကွင်းဆင်း ဆောင် ရွက်လျက်ရှိသလို ရောဂါကူးစက်မှု ကွင်းဆက်ပြတ်တောက်နိုင်ရေးအတွက် ဇူလိုင် ၁၇ ရက်မှစပြီး ဝါဆိုလပြည့်နေ့ ရုံးပိတ်ရက်များနှင့်ဆက်စပ်ပြီး တစ်နိုင်ငံ လုံး Stay At Home အစီအစဉ်ကို ထိထိ ရောက်ရောက်ဆောင်ရွက်နိုင်ရန် ရုံးပိတ် ရက်ရှည်ကြေညာပြီး ဆောင်ရွက်ခဲ့ပါ ကြောင်း၊ ရောဂါကူးစက်မှု ၂၀ ရာခိုင်နှုန်း အထိလျှော့ချနိုင်ခဲ့ပါကြောင်း။
ကိုဗစ် ရောဂါ ကာကွယ် ထိန်းချုပ်ရေး အတွက် ဗဟိုအဆင့် အစည်းအဝေးများ၊ အရေးပေါ်တုံ့ပြန်ရေး အစည်းအဝေး များကို နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ဒုတိယဝန်ကြီးချုပ်တို့ ဦးဆောင်ပြီး ကျယ်ကျယ်ပြန့်ပြန့် ပြုလုပ်ခြင်း၊ လက်တွေ့ကျကျစီမံခြင်းများ ဆောင်ရွက် လျက်ရှိပါကြောင်း၊ တပ်မတော် လေယာဉ်၊ ရဟတ်ယာဉ်များ အသုံးပြုပြီး လစဉ် Mask ၁၂ သန်း ဖြန့်ဝေပေးလျက် ရှိပါကြောင်း။
ကိုဗစ်ကာလအတွင်း တရုတ်၊ လာအိုနှင့် ထိုင်းနိုင်ငံတို့တွင် ရောက်ရှိ နေသည့် မြန်မာနိုင်ငံသားများ ပြန်လည် လက်ခံပေးခြင်းကိုလည်း ဆောင်ရွက် ပေးလျက်ရှိရာ ၂၀၂၁ ခုနှစ်၊ ဇူလိုင် ၁၇ ရက်မှ ဩဂုတ် ၂၆ ရက်အထိ ၁၂၂၄၈ ဦး လက်ခံပြီးဖြစ်ပါကြောင်း။ လက်ခံရာတွင် ကိုဗစ်ရောဂါပိုး စစ်ဆေးသည့်အခါ ကိုဗစ်ပိုးတွေ့ရှိသူ ၂၄၂ ဦးကို စနစ်တကျ ကုသပေးလျက် ရှိပြီး ကင်းရှင်းသူများကိုလည်း နေရပ် ဌာနသို့ စနစ်တကျ ပြန်လည်ပို့ဆောင် ပေးနိုင်ခဲ့ပါကြောင်း၊ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများတွင် အဓိကလိုအပ်သည့်ဆေးဝါးနှင့် ဆက်စပ် ဆေးပစ္စည်းများ စဉ်ဆက်မပြတ်ရရှိရေး ထုတ်လုပ်နိုင်ရေးတို့ကို ဆောင်ရွက်ခဲ့ပါ ကြောင်း၊ FDA နှင့် ကိုက်ညီသည့် ဆေးဝါး၊ ဆေးပစ္စည်းများကို အခွန် လျှော့ပေါ့ခဲ့ပြီး လွတ်လွတ်လပ်လပ် တင်သွင်းဖြန့်ဖြူးခွင့်ရအောင် သက်ဆိုင် ရာ ဝန်ကြီးဌာနများက ဆောင်ရွက်ခဲ့ပါ ကြောင်း၊ Slide တွင် ပြသထားသည့် စာရင်းများမှာ ကုန်သွယ်ရေးစခန်းများ၊ အပြည်ပြည်ဆိုင်ရာ လေဆိပ်နှင့် ဆိပ်ကမ်း များက တင်သွင်းခဲ့ရသည့် စာရင်းများ ဖြစ်ပါကြောင်း၊ ကိုဗစ်-၁၉ ရောဂါ တတိယလှိုင်း ကာလအတွင်း အများ ပြည်သူအတွက် ဆေးဝါးဈေးနှုန်း မြင့်တက်မှု မရှိစေရေးရည်ရွယ်ပြီး ဆေးဂိုဒေါင်များကို သက်ဆိုင်ရာ ပူးပေါင်းအဖွဲ့များနှင့် စစ်ဆေးခဲ့ပါ ကြောင်း၊ စစ်ဆေးတွေ့ရှိချက်များအရ ဈေးနှုန်းမြှင့်တင်ရန် ရည်ရွယ်ချက်နှင့် ထိန်းချုပ်ရောင်းချခြင်း၊ ပြည်တွင်း၊ ပြည်ပမှ ဝယ်ယူတင်သွင်းသည့် အထောက်အထားများ တင်ပြနိုင်မှု မရှိခြင်း၊ သိုလှောင်ထားသည့် ပမာဏ များပြားပြီး ဈေးကစားရန်ရည်ရွယ်ချက် နှင့် သိုလှောင်ထားခြင်းများကို တွေ့ရ သည့်အတွက် ကုမ္ပဏီ ၁၀ ခုကို ထိထိ ရောက်ရောက် စစ်ဆေးလျက်ရှိကြောင်း။
ကိုဗစ်ကာလအတွင်းတွင် ပြည်သူ များ စားဝတ်နေရေး ပြေလည်စေရေး အတွက် အခြေခံစားသောက်ကုန်များကို ဈေးနှုန်းသက်သာစွာဖြင့် ရွေ့လျားဈေး ကား (Mobile Market) များဖြင့် လိုက်လံ ရောင်းချပေးလျက်ရှိသည့်အပြင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးတွင် အသုံးများသည့် ဆေးဝါး များ ဈေးနှုန်းမှန်ကန်စွာ ရရှိရေးအတွက် လည်း တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရ အဖွဲ့များနှင့် မြန်မာနိုင်ငံ ဆေးနှင့် ဆေးပစ္စည်းလုပ်ငန်းရှင်များအသင်း၏ စီစဉ်မှုဖြင့် ဆေးဝါးများ လက်လီ လက်ကား ရောင်းချပေးခြင်းအစီအစဉ် များကို ဆောင်ရွက်ပေးလျက်ရှိပါ ကြောင်း။ ဆေးဈေးနှုန်းများကိုလည်း နေ့စဉ် ထုတ်ပြန်ကြေညာပေးလျက် ရှိပါကြောင်း။
ထိုသို့ဆောင်ရွက်ရာတွင် အချို့သော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ အစည်းများ (EAO) ဒေသများတွင် ရှိနေသူများကိုပါ ကာကွယ်ဆေးထိုးနှံ နိုင်ရေး ဆောင်ရွက်ပေးရန် သက်ဆိုင်ရာ EAO အဖွဲ့များက ဆက်သွယ်အကြောင်း ကြားလာသည့်အတွက် EAO အဖွဲ့များ ရှိရာနေရာက အကျုံးဝင်သည့် ဒေသခံ ပြည်သူများကို ကာကွယ်ဆေးထိုးနှံနိုင် ရန် ဆောင်ရွက်လျက်ရှိပြီး စစ်ဘေးရှောင် စခန်း(IDP Camp)မှ သူများကိုလည်း ကာကွယ်ဆေး ထိုးနှံပေးလျက်ရှိပါ ကြောင်း၊ ဘူးသီးတောင်၊ မောင်တော ဒေသနှင့် ရခိုင် ပြည်နယ်ထဲတွင်ရှိနေသည့် ဘင်္ဂါလီများကိုလည်း ကိုဗစ်-၁၉ ကာကွယ်ဆေးများ ထိုးနှံပေးသွားမည် ဖြစ်ပါကြောင်း၊ နိုင်ငံတော်အစိုးရ၏ ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းစဉ် များတွင် မည်သူတစ်ဦးတစ်ယောက်ကိုမှ ချန်လှပ်ထားမည် မဟုတ်ပါကြောင်း၊ အားလုံး လွှမ်းခြုံမှုရစေမည် ဖြစ်ပါကြောင်း။
နိုင်ငံတော်အစိုးရ၊ ပြည်သူလူထုနှင့် တာဝန်ရှိ၊ တာဝန်သိသူများက အမျိုးသား ရေးဖြစ်သည့် ကိုဗစ်ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးကို ကြိုးပမ်းဆောင် ရွက်နေစဉ်တွင် ယုတ်မာကောက်ကျစ် သည့် အဖျက်သမားများ၏ ဖျက်လို ဖျက်ဆီး လုပ်ရပ်များက ရှိနေဆဲဖြစ်သည် ကိုလည်း စိတ်မကောင်းဖွယ်ရာတွေ့နေရ ပါကြောင်း။ NLD ပါတီဝင်များနှင့် ၎င်း တို့ကိုထောက်ခံသူ အစွန်းရောက်များ၏ လှုံ့ဆော်မှု၊ ခြိမ်းခြောက်မှုများကြောင့် ဆရာဝန်များနှင့် ကျန်းမာရေးဝန်ထမ်း အချို့သည် CDM ဆိုသည့် အာဏာဖီဆန် ရေးလှုပ်ရှားမှုတွင် ပါဝင်ပြီး အလုပ် တာဝန်မှပျက်ကွက်ခြင်း၊ အချို့ဆေးရုံ များတွင် ဆရာဝန်၊ သူနာပြုများ လုပ်ငန်း ခွင် ပျက်ကွက်ခြင်းများ ပြုလုပ်ခဲ့ကြပါ ကြောင်း၊ ပြည်သူ့ကျန်းမာရေးစနစ်ကို ယိုင်လဲအောင် လုပ်ခြင်းဖြစ်ပါကြောင်း၊ တာဝန်သိ ကျန်းမာရေးဝန်ထမ်းများ၊ တပ်မတော်မှ ဆရာဝန်များ၊ ကျန်းမာရေး ဝန်ထမ်းများဖြင့် အချို့ဆေးရုံများကို ပြန်လည်ဖွင့်လှစ်ခဲ့ရပါကြောင်း။
ယခုအခါတွင်လည်း NLD ပါတီဝင် အစွန်းရောက်များ၊ NUG, PDF ကဲ့သို့ သော အကြမ်းဖက်အဖွဲ့များအနေဖြင့် ကိုဗစ်နှင့်ပတ်သက်ပြီး မဟုတ်မမှန် သတင်းများ၊ ကာကွယ် ကုသ တားဆီး ထိန်းချုပ်ရေးကို အနှောင့်အယှက်ဖြစ်စေ မည့် ကောလာဟလများကို လူမှုကွန်ရက်စာမျက်နှာများပေါ်တွင် ဖြန့်ဝေခြင်း၊ မီဒီယာများမှ ဖြန့်ဝေခြင်းပြုလုပ်ရုံသာ မက ကိုယ်ထိလက်ရောက် အကြမ်းဖက်မှု များကိုပါ ပြုလုပ်လာခြင်းကို တွေ့ရပါ ကြောင်း၊ မန္တလေးတိုင်းဒေသကြီး အမရပူရ မြို့တွင် Volunteer အဖွဲ့တစ်ဖွဲ့က ကိုဗစ်-၁၉ ကပ်ရောဂါဆိုင်ရာ အသိပညာ ပေးဟောပြောပြီး အကာအကွယ် ဆေး ပစ္စည်းများ ဝေငှခြင်းကို အကြမ်းဖက် PDF အဖွဲ့က သေနတ်နှင့် ပစ်ခဲ့ရာ Volunteer အမျိုးသမီးတစ်ဦးသေဆုံးပြီး သုံးဦးဒဏ်ရာရရှိခဲ့ပါကြောင်း၊ ရန်ကုန် တိုင်းဒေသကြီး မြောက်ဥက္ကလာပ မြို့နယ်ဆေးရုံကြီးက ခွဲစိတ်ခန်း အထူး ကြပ်မတ်ကုသဆောင်တွင် အသုံးပြုသည့် အောက်ဆီဂျင်ပိုက်လိုင်းများကို ထုရိုက် ဖျက်ဆီးခဲ့ပါကြောင်း၊ မရမ်းကုန်းမြို့နယ် အမှတ် (၁) ရပ်ကွက်အုပ်ချုပ်ရေးမှူး ရုံးတွင် ဩဂုတ် ၁ ရက်က ကာကွယ် ဆေးထိုးနှံနေခြင်းကို ၎င်းမြို့ PDF အမည်ခံ အကြမ်းဖက်အဖွဲ့များက လက်ပစ်ဗုံးနှင့် လာပစ်ခြင်းများ၊ ၂၀၂၁ ခုနှစ်၊ ဩဂုတ် ၃ ရက်နတွင် ကယား ပြည်နယ် ဖယ်ခုံမြို့က ကိုဗစ်ကာကွယ် ဆေး ထိုးနှံနေသည့်နေရာကို ချိန်ကိုက် မိုင်း ဖောက်ခွဲခဲ့ခြင်းများ လုပ်ခဲ့သည့် အတွက် ရဲတပ်ဖွဲ့ဝင် တစ်ဦးကျဆုံးပြီး စေတနာ့ဝန်ထမ်း (Volunteer) တစ်ဦး ဒဏ်ရာ ရရှိခဲ့ပါကြောင်း။
ထို့ပြင် ကိုဗစ် စစ်ဆေးရေးဂိတ်များ ကို တိုက်ခိုက်ခဲ့ပါကြောင်း၊ ဩဂုတ် ၁၅ ရက်တွင် စစ်ကိုင်းတိုင်းဒေသကြီး ပုလဲမြို့ရှိ စေတနာ့လူမှုကူညီရေးအဖွဲ့က ကိုဗစ်-၁၉ ကူးစက်ခံနေရသူများ အတွက် လိုအပ်သည့် အောက်ဆီဂျင် ဝယ်ယူဖြည့်တင်းရေးနှင့် ကျန်းမာရေး ဝန်ဆောင်မှုများ ပြုလုပ်ရန်အတွက် ဆွေးနွေးနေသည့် အစည်းအဝေးနေရာ ကို လက်ပစ်ဗုံးနှင့် လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ပါကြောင်း၊ အဆိုပါ ဖြစ်စဉ် မျိုး ၁၈ ကြိမ်ရှိခဲ့ပါကြောင်း၊ ဆိုးရွား ယုတ်မာ ကောက်ကျစ်လွန်းသည့် အကြမ်းဖက်မှုများ ဖြစ်ပါကြောင်း၊ ဘယ် နိုင်ငံမှာမှ ထိုသို့အောက်တန်းကျသည့် လုပ်ရပ်မျိုးရှိမည် မဟုတ်ပါကြောင်း၊ မိမိတို့နိုင်ငံတွင် ထိုသို့ နိုင်ငံရေးအစွန်း ရောက် အကြမ်းဖက်အဖွဲ့များရှိနေပါ ကြောင်း၊ ပြည်သူလူထုအနေဖြင့် ထိုအဖျက်သမား၊ အကြမ်းဖက်သမား များကို ပြတ်ပြတ်သားသား ဝိုင်းဝန်း ဆန့်ကျင်ကြရန် မေတ္တာရပ်ခံလိုပါကြောင်း ပြောကြားသည်။
(ဆက်လက်ဖော်ပြပါမည်)