
(ယမန်နေ့မှ အဆက် )
ထို့နောက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင် ဦးခင်မောင်ဦးက ရှင်းလင်းပြောကြားရာတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန် ရေးအဖွဲ့၏ သတင်းစာရှင်းလင်းပွဲ အမှတ်စဉ် (၇/၂၀၂၁)သို့ တက်ရောက်လာကြသည့် ဌာနဆိုင်ရာ တာဝန်ရှိပုဂ္ဂိုလ်များနှင့် သတင်းမီဒီယာသမား အားလုံးကို မင်္ဂလာပါဟု ဦးစွာနှုတ်ခွန်းဆက်ပါ ကြောင်း၊ မိမိအနေဖြင့် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်၏ လုပ်ငန်းဆောင်ရွက်မှုအခြေအနေများ နှင့်စပ်လျဉ်းပြီး ရှင်းလင်းတင်ပြသွားမည် ဖြစ် ကြောင်း၊ ရှင်းလင်းတင်ပြမည့် အကြောင်းအရာ များမှာ မဲဆန္ဒရှင်စာရင်းများ စိစစ်ထုတ်ပြန် ပြီးစီးမှုအခြေအနေ၊ ဆန္ဒမဲလက်မှတ်များ မြေပြင် ကွင်းဆင်းစစ်ဆေး ထုတ်ပြန်ပြီးစီးမှုအခြေအနေနှင့် တွေ့ရှိရသည့် ဥပဒေနှင့်ညီညွတ်မှုမရှိသော ဆောင်ရွက်ချက်များ၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်း စဉ်များဖြစ်ပါကြောင်း။
၆၄၉၆၁၁၇ ဦး ကွာခြားမှုရှိ
မဲဆန္ဒရှင်စာရင်းများ စိစစ်ထုတ်ပြန်ပြီးစီးမှု အခြေအနေကို ဦးစွာတင်ပြမည်ဖြစ်ပါကြောင်း၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေဖြင့် ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် သက်ဆိုင်ရာ မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲများက အသုံးပြုခဲ့သည့် နောက်ဆုံးမဲစာရင်း Soft copy များကို ရယူစိစစ်ထုတ်ပြန်လျက်ရှိရာ ယခုအခါ ရွေးကောက်ပွဲကျင်းပခဲ့သည့် မြို့နယ် ၃၁၅ မြို့နယ် အားလုံးအတွက် ထုတ်ပြန်ခဲ့ပြီး ဖြစ်ပါကြောင်း၊ မဲဆန္ဒရှင်စာရင်း စိစစ်တွေ့ရှိချက်စာရင်းချုပ်အရ တိုင်းဒေသကြီး၊ ပြည်နယ်အားလုံးရှိ မြို့နယ်ပေါင်း ၃၁၅ မြို့နယ်၊ မဲရုံပေါင်း ၃၉၉၆၃ ရုံကို စိစစ်ခဲ့ရာတွင် မြို့နယ်ကော်မရှင်စာရင်းအရ မဲဆန္ဒရှင် ၃၈၂၇၁၄၄၇ (သုံးဆယ့်ရှစ်သန်းနှစ်သိန်းခုနစ်သောင်း တစ်ထောင့် လေးရာလေးဆယ့်ခုနစ်) ဦးဖြစ်သော်လည်း လဝက စာရင်းအရ ၃၁၇၇၅၃၃၀ (သုံးဆယ့်တစ်သန်း ခုနစ်သိန်းခုနစ်သောင်း ငါးထောင့်သုံးရာသုံးဆယ်) ဦးသာရှိပြီး ၆၄၉၆၁၁၇ (ခြောက်သန်းလေးသိန်း ကိုးသောင်းခြောက်ထောင်တစ်ရာတစ်ဆယ့်ခုနစ်)ဦး ကွာခြားမှုရှိကြောင်း။
နိုင်ငံသားစိစစ်ရေးကတ်မရှိဘဲ မဲစာရင်းတွင် ပါဝင်နေသူ ၄၈၆၉၄၂၇ (လေးသန်း ရှစ်သိန်းခြောက် သောင်းကိုးထောင်လေးရာ နှစ်ဆယ့်ခုနစ်)ဦး၊ နိုင်ငံ သားစိစစ်ရေးကတ် တစ်ခုတည်းဖြင့် မဲစာရင်း သုံး ကြိမ်နှင့်အထက်ပါဝင်နေသူ ၂၉၅၄၀၅ (နှစ်သိန်း ကိုးသောင်း ငါးထောင်လေးရာ့ငါး)ဦး၊ နိုင်ငံသားစိစစ်ရေး ကတ်တစ်ခုတည်းဖြင့် မဲစာရင်း နှစ်ကြိမ် ပါဝင်နေသူ ၃၅၉၆၂၀၆ (သုံးသန်းငါးသိန်းကိုးသောင်းခြောက် ထောင်နှစ်ရာ့ခြောက်)ဦး တွေ့ရှိရကြောင်း၊ သို့ဖြစ်၍ နိုင်ငံသားစိစစ်ရေးကတ်မရှိဘဲ မဲစာရင်းတွင် ပါဝင်နေ သူနှင့် မဲစာရင်းထပ်နေသူ စုစုပေါင်း ၈၇၆၁၀၃၈ (ရှစ်သန်း ခုနစ်သိန်းခြောက်သောင်း တစ်ထောင် သုံးဆယ့်ရှစ်) ဦးဖြစ်ကြောင်း စိစစ်တွေ့ရှိရကြောင်း၊ အထက်ပါစာရင်းများမှာ မြို့နယ်တစ်ခုချင်းအလိုက် စာရင်းများသာဖြစ်ပြီး တိုင်းဒေသကြီး၊ ပြည်နယ် အတွင်းရှိ မြို့နယ်များကို Cross Check ပြုလုပ်ခြင်း အရ ထပ်နေသည့် မဲဆန္ဒရှင်စာရင်း ၁၀၉၁၇၇၆ (တစ်သန်းကိုးသောင်းတစ်ထောင်ခုနစ်ရာ ခုနစ် ဆယ့်ခြောက်)ဦး၊ တိုင်းဒေသကြီး/ပြည်နယ် တစ်ခုနှင့် တစ်ခုအကြား Cross Check ပြုလုပ်ခြင်းအရ ထပ်နေ သည့် မဲဆန္ဒရှင်စာရင်း ၁၄၁၇၅၉၈ (တစ်သန်းလေး သိန်းတစ်သောင်း ခုနစ်ထောင် ငါးရာကိုးဆယ့်ရှစ်) ဦး ဖြစ်၍ Cross Check ပြုလုပ်ခြင်းအရ ထပ်နေသည့် မဲဆန္ဒရှင် စုစုပေါင်း ၂၅၀၉၃၇၄ (နှစ်သန်းငါးသိန်းကိုးထောင်သုံးရာခုနစ်ဆယ့်လေး)ဦး စိစစ်တွေ့ရှိရ ပါကြောင်း။
ထို့ပြင် အသက် ၁၈ နှစ်အောက် မဲစာရင်းတွင် ပါဝင်နေသူ ၁၄၄၁၂ (တစ်သောင်းလေးထောင် လေးရာ တစ်ဆယ့်နှစ်)ဦး၊ အသက် ၁၀၀ အထက် မဲစာရင်းတွင်ပါဝင်နေသူ ၂၀၅၆၆ (နှစ်သောင်းငါးရာ ခြောက်ဆယ့်ခြောက်)ဦးဖြစ်ကြောင်း တွေ့ရှိရသဖြင့် မဲမသမာမှုဖြစ်နိုင်သော မဲဆန္ဒရှင်စာရင်း စုစုပေါင်း ၁၁၃၀၅၃၉၀ (တစ်ဆယ့်တစ်သန်းသုံးသိန်းငါးထောင် သုံးရာကိုးဆယ်) ဦး ရာခိုင်နှုန်းအားဖြင့် မဲဆန္ဒရှင် ၏ ၂၉ ဒသမ ၅၄ ရာခိုင်နှုန်းဖြစ်ကြောင်း၊ စိစစ်သည့် အခြေခံမဲဆန္ဒရှင်စာရင်း ကွာခြားချက်အရ ပြည် ထောင်စုရွေးကောက်ပွဲကော်မရှင်၏ စိစစ်တွေ့ရှိ ချက်က တပ်မတော်ကထုတ်ပြန်ခဲ့သည့် မဲမသမာ မှုပြုနိုင်၊ ဖြစ်နိုင်သည့်အရေအတွက် ၁၀၄၈၂၁၁၆ (တစ်ဆယ်သန်းလေးသိန်း ရှစ်သောင်းနှစ်ထောင် တစ်ရာ တစ်ဆယ့်ခြောက်) ဦး ရာခိုင်နှုန်းအားဖြင့် ၂၈ ဒသမ ၁၇ ရာခိုင်နှုန်းထက် ၈၂၃၂၇၄ (ရှစ်သိန်း နှစ်သောင်းသုံးထောင် နှစ်ရာခုနစ်ဆယ့်လေး)ဦး ပိုမိုများပြားစွာ စိစစ်တွေ့ရှိရပါကြောင်း။
ပျောက်ဆုံး ၁၄၂၄၃၉၁ နှင့် အပို ၄၃၈၈၅၀ ဖြစ်ပေါ်
ယခုဆက်လက်ပြီး ၂၀၂၀ ပြည့်နှစ် အထွေထွေ ရွေးကောက်ပွဲတွင် အသုံးပြုခဲ့သော ဆန္ဒမဲလက်မှတ် များကို မြေပြင်ကွင်းဆင်းစစ်ဆေးပြီး ထုတ်ပြန်ပြီးစီး မှုအခြေအနေကို တင်ပြသွားမည်ဖြစ်ပါကြောင်း၊ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်အနေဖြင့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၂၄ ရက်မှစတင်၍ စစ်ဆေး ထုတ်ပြန်လျက်ရှိရာ ဇူလိုင်လ ၅ ရက်တွင် မြို့နယ် အားလုံးဖြစ်သည့် ၃၁၅ မြို့နယ်အတွက် ထုတ်ပြန် ပြီးစီးပြီးဖြစ်ကြောင်း၊ မဲရုံ ၃၉၉၆၃ ရုံ၏ ဆန္ဒမဲ လက်မှတ်များကို ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင်များ၊ သက်ဆိုင်ရာ မြို့နယ်ရွေးကောက် ပွဲကော်မရှင်အဖွဲ့ခွဲအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိ သူများ၊ ကော်မရှင်အဖွဲ့ခွဲအဆင့်ဆင့်ရှိ ဝန်ထမ်းများ ပါဝင်သည့် ပူးပေါင်းအဖွဲ့ဖြင့် စနစ်တကျဖွင့်ဖောက် စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ စစ်ဆေးမှုစာရင်းချုပ် အရ ထုတ်ယူရရှိသည့်မဲလက်မှတ်ပေါင်း ၄၃၀၀၄၃၈၂ (လေးဆယ့်သုံးသန်း လေးထောင် သုံးရာရှစ်ဆယ့်နှစ်)၊ အသုံးပြု ၂၇၀၉၈၀၅၈ (နှစ်ဆယ့်ခုနစ်သန်း ကိုးသောင်းရှစ်ထောင်ငါးဆယ့်ရှစ်)ဖြစ်၍ ကျန်ရမည့် မဲလက်မှတ် ၁၅၉၀၆၃၂၄ (တစ်ဆယ့်ငါးသန်း ကိုးသိန်း ခြောက်ထောင်သုံးရာနှစ်ဆယ့်လေး)ဖြစ်သော်လည်း မြေပြင်လက်ကျန် ၁၄၉၂၀၇၈၃ (တစ်ဆယ့်လေးသန်း ကိုးသိန်းနှစ်သောင်းခုနစ်ရာ ရှစ်ဆယ့်သုံး) ဖြစ်ပြီး ကွာခြားချက်အနေဖြင့် ပျောက်ဆုံး ၁၄၂၄၃၉၁ (တစ်သန်းလေးသိန်းနှစ်သောင်းလေးထောင်သုံးရာ ကိုးဆယ့်တစ်)နှင့် အပို ၄၃၈၈၅၀ (လေးသိန်း သုံးသောင်းရှစ်ထောင်ရှစ်ရာငါးဆယ်) ဖြစ်ပေါ် လျက်ရှိကြောင်း၊ ၎င်းမဲလက်မှတ်များသည် သက်ဆိုင် ရာ လွှတ်တော်ရွေးကောက်ပွဲဥပဒေ၊ နည်းဥပဒေ များနှင့် ညီညွတ်ခြင်းမရှိဘဲ မဲမသမာမှုများဖြစ်ပေါ် စေခြင်းကို တွေ့ရကြောင်း။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေဖြင့် မြို့နယ်အသီးသီးသို့သွားရောက်၍ မြေပြင်ကွင်းဆင်း စစ်ဆေးပြီးနောက် စစ်ဆေးတွေ့ရှိချက်များကို တစ်မြို့နယ်ချင်းအလိုက် လည်းကောင်း၊ တိုင်းဒေသ ကြီး၊ ပြည်နယ်ချုပ်အနေဖြင့်လည်းကောင်း သတင်း ထုတ်ပြန်ခဲ့ပြီး ဖြစ်ကြောင်း၊ ယခုအခါ မြို့နယ် ၃၁၅ မြို့နယ် အားလုံးထုတ်ပြန်ပြီးဖြစ်၍ တိုင်းဒေသကြီး၊ ပြည်နယ်ချုပ်အားလုံးကိုလည်း ထုတ်ပြန်ခဲ့ပြီး ဖြစ်ကြောင်း၊ ယခင်သတင်းစာရှင်းလင်းပွဲများတွင် တိုင်းဒေသကြီး၊ ပြည်နယ် ၁၂ ခု၏တွေ့ရှိချက်များကို ကောက်နုတ်တင်ပြပြီးဖြစ်ကြောင်း၊ ယနေ့တွင် ကချင်ပြည်နယ်နှင့် ကရင်ပြည်နယ်ချုပ် ထုတ်ပြန် ချက်များအရ တွေ့ရှိချက်အချို့ ကို ကောက်နုတ်တင်ပြ မည်ဖြစ်ကြောင်း-
(က) သက်ဆိုင်ရာ လွှတ်တော်ရွေးကောက်ပွဲ ဥပဒေပုဒ်မ ၆(က)အရ ရွေးကောက်ပွဲ ကျင်းပသည့်နေ့တွင် အသက် ၁၈ နှစ် ပြည့်ပြီး ဥပဒေပါ ပြဋ္ဌာန်းချက်များနှင့် မဆန့်ကျင်သော နိုင်ငံသား၊ ဧည့်နိုင်ငံသား နှင့် နိုင်ငံသားပြုခွင့်ရသူများသာ မဲစာရင်း တွင် ပါဝင်ခွင့်ရှိသော်လည်း မဲစာရင်း စိစစ် ချက်များအရ နိုင်ငံသားစိစစ်ရေးကတ် မရှိဘဲ မဲစာရင်းတွင်ပါဝင်သူများ၊ နှစ်ကြိမ်/သုံးကြိမ်နှင့်အထက်ပါဝင်နေသူ များစွာ တွေ့ရှိရသဖြင့် မဲစာရင်းကောက်ယူရာ တွင် ဥပဒေနှင့်ညီညွတ်ခြင်းမရှိသော မှားယွင်းမှုများ တွေ့ရှိရကြောင်း။
(ခ) မြို့နယ်အသီးသီးရှိ မဲရုံများအလိုက် ဆန္ဒမဲလက်မှတ်များ လျော့နည်းပျောက် ဆုံးခြင်း၊ တရားမဝင် အပိုရှိနေခြင်းတို့ကို တွေ့ရှိရပြီး မဲရုံများသို့ မဲလက်မှတ်များကို သတ်မှတ်အရေအတွက်ဖြင့် ထုတ်ပေး ခြင်းဖြစ်၍ အပိုတွေ့ရှိမှုများနှင့် မဲလက် မှတ်ပျောက်ဆုံးခြင်းများသည် တရားမဝင် ဆောင်ရွက်မှုများ စစ်ဆေးပေါ်ပေါက်ခဲ့ ကြောင်း။
(ဂ) ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက် ပွဲတွင် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုကို အကြောင်းပြု၍ ကြိုတင်မဲပေးသူ ကချင် ပြည်နယ်တွင် ၂၁ ဒသမ ၅၃ ရာခိုင်နှုန်း၊ ကရင်ပြည်နယ်တွင် ၂၈ ဒသမ ၀၇ ရာခိုင်နှုန်းအထိရှိသဖြင့် ယခင် ရွေး ကောက်ပွဲများထက် လွန်စွာများပြား၍ ဥပဒေနှင့် မညီသော ကြိုတင်မဲကောက်ခံ မှုများကို စိစစ်တွေ့ရှိရကြောင်း။
(ဃ) အသက် ၁၈ နှစ် မပြည့်သူများကို မဲစာရင်းတွင်ထည့်သွင်း၍ မဲပေးခွင့်ပြုခဲ့ ခြင်း၊ နိုင်ငံသားစိစစ်ရေးကတ်မရှိသူများ မဲစာရင်းတွင် အစုလိုက်အပြုံလိုက် ပါဝင် ပြီး မဲဆန္ဒရှင်သက်သေခံလက်မှတ်များ ဖြင့်သာ နိုင်ငံသားစိစစ်ရေးကတ်မပါဘဲ မဲပေးမှုကို လက်ခံဆောင်ရွက်ခဲ့ခြင်းကို စိစစ်တွေ့ရှိရကြောင်း။
(င) ဆန္ဒမဲလက်မှတ် လက်ခံဖြတ်ပိုင်းများ၌ ဆန္ဒမဲပေးသူ၏အမည်၊ မဲစာရင်း အမှတ် စဉ်၊ မဲရုံအမှတ်၊ ရပ်ကွက်/ကျေးရွာအမည်၊ လက်မှတ် သို့မဟုတ် လက်ဝဲလက်မ လက်ဗွေတို့ကို ဖြည့်သွင်းရေးသားထားမှု မရှိဘဲ မဲပေးသုံးစွဲထားမှုများကို စိစစ် တွေ့ရှိရကြောင်း။
(စ) အချို့မဲရုံများ၏ မဲဆန္ဒရှင်စာရင်းပုံစံ(၁)များတွင် မဲဆန္ဒရှင်လက်မှတ် သို့မဟုတ် လက်ဝဲလက်မလက်ဗွေ ရေးထိုးရိုက်နှိပ် ခြင်းမရှိဘဲ ဆန္ဒမဲပေးခွင့်ပြုထားခြင်း၊ မဲဆန္ဒရှင်စာရင်းပုံစံ(၁)၏ စာမျက်နှာတိုင်း တွင် ရပ်ကွက်/ကျေးရွာအုပ်စု ကော်မရှင် အဖွဲ့ခွဲဥက္ကဋ္ဌနှင့် အတွင်းရေးမှူးများက လက်မှတ်ရေးထိုးခြင်းမရှိသည်ကို စိစစ် တွေ့ရှိရကြောင်း။
(ဆ) ရပ်ကွက်/ကျေးရွာအုပ်စု ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲများအနေဖြင့် ကြိုတင် ဆန္ဒမဲလက်မှတ်များ ကောက်ခံရာတွင် ကြိုတင်ဆန္ဒမဲ လက်ခံဖြတ်ပိုင်းများနှင့် ဆန္ဒမဲလက်မှတ်အပိုများကို ဥပဒေနှင့် အညီအပ်နှံရန် ပျက်ကွက်ခဲ့ခြင်းကို စိစစ် တွေ့ရှိရကြောင်း။
o စာမျက်နှာ ၁၆ မှ
(ဇ) ကြိုတင်မဲများ ကောက်ခံရာတွင်လည်း ဥပဒေနှင့်ညီညွတ်မှုမရှိသော ဆန္ဒမဲ ပေးခြင်းများကို စိစစ်တွေ့ရှိရကြောင်း။
(ဈ) ကိုဗစ်-၁၉ ရောဂါနှင့်စပ်လျဉ်း၍ ကျန်းမာ ရေးဆိုင်ရာ ညွှန်ကြားချက်များကို အကြောင်းပြုကာ ရွေးကောက်ပွဲကျင်းပ ရန် အချိန်နီးကပ်မှသာ ဥပဒေနှင့် ညီညွတ်မှုမရှိသော ညွှန်ကြားချက်များ ထုတ်ပြန်၍ မဲစာရင်းများ ကောက်ခံ မဲပေးစေခြင်း၊ ကြိုတင်မဲပေးခြင်းများကို စိစစ်တွေ့ရှိရကြောင်း။
(ည) ကချင်ပြည်နယ် မြစ်ကြီးနားမြို့နယ် ရမ်ပူရပ်ကွက်တွင် သက်ဆိုင်ရာ မြို့နယ် ကော်မရှင်အဖွဲ့ခွဲသို့ တင်ပြခြင်းမရှိဘဲ မဲဆန္ဒရှင်စာရင်း ပုံစံ (၁)စာအုပ်များတွင် ထပ်တိုးမဲဆန္ဒရှင်များကို လက်ရေးဖြင့် လည်းကောင်း၊ ကွန်ပျူတာစာစီ၍ လည်းကောင်း ဖြည့်သွင်းခြင်း၊ အဆိုပါ တရားမဝင် ဖြည့်သွင်းခဲ့သည့် မဲဆန္ဒ ရှင်များအတွက် ဆန္ဒမဲလက်မှတ်များကို ခိုးယူ၍ ဆန္ဒမဲပေးနိုင်ရေးဆောင်ရွက်ခြင်း၊ ပိုသည့်မဲလက်မှတ်စာအုပ်အား မီးရှို့ ဖျက်ဆီးခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့သဖြင့် အရေးယူဆောင်ရွက်ခဲ့ရကြောင်း။
အထက်ပါတင်ပြချက်များနှင့်စပ်လျဉ်းသည့် စစ်ဆေးတွေ့ရှိချက်အထောက်အထားများကို Power Point ဖြင့်လည်းကောင်း၊ ဘုတ်များတွင် ကပ်ထား၍ လည်းကောင်း ဖော်ပြထားပါကြောင်း၊ ဆက်လက်ပြီး ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ၈ ရက်တွင် ကျင်းပ ပြုလုပ်သည့် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီအနေဖြင့် ကချင်ပြည်နယ်နှင့် ကရင်ပြည်နယ် အတွင်း ဥပဒေ၊ နည်းဥပဒေ၊ အမိန့်၊ ညွှန်ကြားချက် များနှင့် ညီညွတ်မှုမရှိသည့် အောက်ပါဆောင်ရွက် မှုများကို ကောက်နုတ်တင်ပြသွားမည်ဖြစ်ပါကြောင်း-
(က) ဖားကန့်မြို့နယ် မဲဆန္ဒနယ်အမှတ်(၁) ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် လောင်း (ဖားကန့်မြို့နယ် ပြည်သူ့လွှတ် တော်ကိုယ်စားလှယ်) ဦးတင်စိုးအနေဖြင့် ဖားကန့်မြို့နယ်အတွင်း ရောက်ရှိနေထိုင် လျက်ရှိသည့် သတ်မှတ်ချက်များနှင့် ကိုက်ညီပြည့်စုံမှုမရှိသည့် ရွှေ့ပြောင်း လုပ်သားများ၊ ရေမဆေးကျောက် ကောက် သူများအား မဲစာရင်းတွင် ထည့်သွင်း ပေးရေး ဖိအားပေးဆောင်ရွက်ခဲ့သဖြင့် နိုင်ငံသားကတ်ပြနိုင်သည့် လျှောက်ထား သူများအား မဲစာရင်းတွင် ထည့်သွင်းပေး ခဲ့ရခြင်း၊ ဦးတင်စိုးဦးဆောင်၍ Stay at Home သတ်မှတ်ထားသည့် ကာလအတွင်း လှည့်လည် မဲဆွယ်စည်းရုံးခြင်းများ ဆောင်ရွက်မှုများကို တွေ့ရှိရကြောင်း။
(ခ) အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ ကချင်ပြည်နယ် အမျိုးသားလွှတ်တော် မဲဆန္ဒနယ်အမှတ်(၆) ကိုယ်စားလှယ် လောင်း ဒေါက်တာခင်မကြီးနှင့် လွှတ်တော်ကိုယ်စားလှယ်လောင်းများသည် မိုးကောင်းမြို့နယ်အတွင်း မဲဆွယ်စည်း ရုံးခြင်းလုပ်ငန်းများ ဆောင်ရွက်မည် ဖြစ်ကြောင်း တင်ပြချက်အပေါ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ ကျန်းမာရေးစံလုပ်ငန်း လမ်းညွှန်နှင့်အညီ လိုက်နာဆောင်ရွက်ရန် ထည့်သွင်း ညွှန်ကြား၍ခွင့်ပြုခဲ့သော်လည်း စတင် ထွက်ခွာသည့်အချိန်တွင် သတ်မှတ် အင်အား ၅၀ (ဝန်းရံသူများမပါ) ထက် ကျော်လွန်နေသဖြင့် စာဖြင့်သတိပေး ဆောင်ရွက်ခဲ့ရကြောင်း။
(ဂ) အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ ကချင်ပြည်နယ် အစိုးရအဖွဲ့ လူမှုရေး ဝန်ကြီးဖြစ်သူ ဦးနေဝင်းသည် မြစ်ကြီး နားမြို့နယ် တာလောကြီးကျေးရွာအုပ်စု သို့သွားရောက်၍ အစိုးရအဖွဲ့ကိုယ်စား ထောက်ပံ့ကြေးများ ထုတ်ပေးခဲ့ရာတွင် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးဖြစ်သူ ဦးအောင်ဆန်းထူးက အဆိုပါဝန်ကြီး၏ ရှေ့မှောက်၌ ကျေးဇူးတင်စကားပြန်လည် ပြောကြားရာတွင် “အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် အစိုးရလက်ထက်မှသာ ဤကဲ့ သို့ ထောက်ပံ့ကြေးရရှိခြင်းဖြစ်ကြောင်း၊ ပါတီ၏ကျေးဇူးကို တုံ့ပြန်သောအားဖြင့် ရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ကိုသာ မဲပေးခြင်းဖြင့် ကျေးဇူး ဆပ်သင့်ကြောင်း” ပြောကြားခြင်းဖြင့် မဲဆွယ်စည်းရုံးခွင့်မရှိသည့်ကိစ္စတွင် ရပ်/ကျေး အုပ်ချုပ်ရေးမှူးတစ်ဦးအနေဖြင့် မဲဆွယ်စည်းရုံးပေးခဲ့ကြောင်း။
(ဃ) အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ ကချင်ပြည်နယ်အစိုးရအဖွဲ့ လူမှုရေး ဝန်ကြီး ဦးနေဝင်းသည် ပါတီဝင်တစ်ဦး ဖြစ်သော မြစ်ကြီးနားမြို့နယ် ရမ်ပူ ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးမောင်မောင် မှတစ်ဆင့် ရပ်/ကျေးစာရေးအား ဥပဒေ နှင့်မညီသောမဲဆန္ဒရှင်များ မဲစာရင်းတွင် ပါရှိအောင် အကျပ်ကိုင်စေခိုင်းသဖြင့် ရပ်/ကျေးစာရေး ဦးဟန်ဇင်ဦးသည် ၎င်း၏အစီအစဉ်ဖြင့် နောက်ဆက်တွဲ မဲစာရင်းများအား ကွန်ပျူတာစာစီ၍ လည်းကောင်း၊ လက်ရေးဖြင့်လည်း ကောင်း ဖြည့်သွင်း၍ မဲစာရင်းအား တရား မဝင်တိုးခဲ့ခြင်း၊ ၎င်းတရားမဝင်တိုးခဲ့သော မဲစာရင်းအတွက် လိုအပ်သောမဲလက်မှတ် စာအုပ်များအား မြို့နယ်ကော်မရှင်အဖွဲ့ခွဲ ရုံးမှ ခိုးယူအသုံးပြုခြင်းများ ဖြစ်ပေါ် ခဲ့ကြောင်း။
(င) အင်ဂျန်းယန်မြို့နယ် အမျိုးသားဒီမို ကရေစီအဖွဲ့ချုပ်ပါတီမှ ကိုယ်စားလှယ် လောင်းဖြစ်သူ ဒေါက်တာဇော်ဂျပ်သည် မြစ်ကြီးနားမြို့နယ်အတွင်း အိမ်ထောင်စု ၁၇ စုမှ မဲဆန္ဒရှင် အင်အား ၁၃၃ ဦး အား လဝကပုံစံ(၁၀)ဖြင့် အင်ဂျန်းယန်မြို့နယ် အတွင်းရှိ ယင်း၏ မိတ်ဆွေဖြစ်သူ မိသားစုများတွင် အိမ်ထောင်စုအဝင် စာရင်းပြုလုပ်၍ မဲစာရင်းထည့်သွင်းပေး ရန် ပုံစံ(၃)၊ ပုံစံ(၄-ခ) ဖြင့် လျှောက်ထား ဆောင်ရွက်ခဲ့ကြောင်း၊ ထို့အတူ ကချင် ပြည်နယ် ပြည်သူ့ပါတီမှ ကိုယ်စားလှယ် လောင်းဖြစ်သူ ဦးလမာနော်အောင်က လည်း မြစ်ကြီးနားမြို့နယ်အတွင်း နေထိုင်လျက်ရှိသော အိမ်ထောင်စု ၂၉ စု မဲဆန္ဒရှင် အင်အား ၁၆၂ ဦးအတွက် အလားတူ လဝကပုံစံ(၁၀)ဖြင့် အင်ဂျန်း ယန် မြို့နယ်အတွင်းရှိ ယင်း၏မိတ်ဆွေ ဖြစ်သူ မိသားစုများတွင် အိမ်ထောင်စု အဝင်စာရင်းပြုလုပ်၍ မဲစာရင်း ထည့်သွင်းပေးရန် ပုံစံ(၃)၊ ပုံစံ(၄-ခ)ဖြင့် တန်ပြန်လျှောက်ထား ဆောင်ရွက်ခဲ့ ကြောင်း၊ ယင်းကိစ္စအပေါ် ဒေသခံများက လက်မှတ်ရေးထိုး တိုင်ကြားကန့်ကွက် သဖြင့် ပုံစံ(၃)ဖြင့် လျှောက်ထားသူများအား ရုပ်သိမ်းသွားခဲ့သော်လည်း မြစ်ကြီးနား မြို့နယ်မှ ပုံစံ(၁၀)ဖြင့် အိမ်ထောင်စု အထွက် ပြုလုပ်ခဲ့ကြသည့် မဲဆန္ဒရှင်များ မှာ အချိန်ကန့်သတ်ချက်အရ မည်သည့် နေရာတွင်မျှ မဲစာရင်းထည့်သွင်း၍ မရ တော့ဘဲ မဲပေးခွင့်ဆုံးရှုံးသည့် အခြေ အနေများ ဖြစ်ပေါ်ခဲ့ကြောင်း။
(စ) ကရင်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးစော ချစ်ခင်သည် လွှတ်တော်ကိုယ်စားလှယ် တစ်ဦး၏ လုပ်ပိုင်ခွင့်ထက် ကျော်လွန် ဖောက်ဖျက်ပြီး လှိုင်းဘွဲ့မြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု ခုနစ်အုပ်စုကို ရွေးကောက်ပွဲ ကျင်းပပြုလုပ်မည့် နယ်မြေစာရင်းမှ ပယ်ဖျက်ပေးရန် ပြည်နယ်လွှတ်တော် အနေဖြင့် အကြောင်းကြားစာပေးပို့ခြင်း ဖြင့် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်၏ တာဝန်နှင့် လုပ်ပိုင်ခွင့်ကို ဝင်ရောက်စွက်ဖက်ခဲ့ပြီး နိုင်ငံရေးရည်ရွယ် ချက်ဖြင့် ပြည်နယ်လွှတ်တော်၏ အရှိန် အဝါ ရယူဆောင်ရွက်ခဲ့ကြောင်း။
(ဆ) အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ဖာပွန်မြို့နယ်အောင်နိုင်ရေး အဖွဲ့ခေါင်း ဆောင် ဦးညီညီကျော်က ဖာပွန်မြို့နယ် အတွင်းရှိ မဲဆန္ဒရှင် ၅၄ ဦးကို မဲစာရင်း တွင်ထည့်သွင်းပေးရန် ဥက္ကဋ္ဌ၊ ကရင်ပြည် နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲသို့ လည်းကောင်း၊ ဘားအံမြို့နယ် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ အောင်နိုင်ရေး စည်းရုံးရေးမှူး ဒေါ်ငြိမ်းငြိမ်းအောင်က လှိုင်းဘွဲ့မြို့နယ်အတွင်းရှိ မဲဆန္ဒရှင် ၇၇၅ ဦးကို မဲစာရင်းတွင် ထည့်သွင်းပေးရန် ဥက္ကဋ္ဌ၊ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်သို့လည်းကောင်း တင်ပြတောင်း ဆိုခဲ့ကြောင်း။
(ဇ) ယခင် ကရင်ပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးချုပ်ဟောင်း နန်းခင်ထွေးမြင့်အနေဖြင့် ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ ခွဲအတွင်းရေးမှူးအား ခေါ်ယူတွေ့ဆုံပြီး မဲစာရင်းတွင်ပါဝင်ခြင်း မရှိသေးသော NLD ပါတီကို ထောက်ခံသည့် နိုင်ငံသား စိစစ်ရေးကတ်မရှိသည့် သွေးနှောများကို သက်ဆိုင်ရာ မဲဆန္ဒရှင်စာရင်းများတွင် ထည့်သွင်းပေးရန်နှင့် ဆောင်ရွက်ပေး ခြင်းမရှိပါက ရွေးကောက်ပွဲပြီးလျှင် သက် ဆိုင်ရာ မြို့နယ်နှင့် ရပ်/ကျေးကော်မရှင် အဖွဲ့ခွဲများအား လူ့အခွင့်အရေး ကော်မရှင် သို့တင်ပြ၍ တရားစွဲဆိုအရေးယူဆောင် ရွက်သွားမည်ဟု ခြိမ်းခြောက်ဖိအားပေး အကျပ်ကိုင်စွက်ဖက်ခဲ့ကြောင်းနှင့် သက်ဆိုင် ရာလွှတ်တော်ရွေးကောက်ပွဲဥပဒေ၊ နည်းဥပဒေနှင့် ညီညွတ်မှုမရှိသူများအား မဲစာရင်းတွင် ထည့်သွင်းနိုင်ခြင်း မရှိ ကြောင်း ပြန်လည်တင်ပြခဲ့ရသည်ကို တွေ့ရှိရကြောင်း။
(ဈ) မြဝတီမြို့နယ် အမှတ် (၃) ရပ်ကွက် မဲရုံ တွင် ယခင်အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ဟောင်း မန်းဝင်းခိုင်သန်း၏ သားဖြစ်သူ ဦးစိုးက မဲဆန္ဒရှင်သက်သေခံလက်မှတ် (မဲစလစ်အတု)များ ပြုလုပ်၍ ထုတ် ပေးရာတွင် သွားရောက်ကြီးကြပ်ခြင်း၊ NLD ပါတီဝင်များသည် ကြိုတင်မဲရုံ နှင့်ကိုက် ၅၀ အကွာတွင် ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ၅ ရက်၌ NLD အလံနှင့် တံဆိပ်များ တပ်ဆင်ထားသည့် မော်တော်ယာဉ်ပေါ်မှ NLD အောင်နိုင်ရေး သီချင်းများဖွင့်၍ မဲဆွယ်စည်းရုံးခြင်း၊ ကြိုတင်မဲပုံးများကို တရားမဲ့စွာ ချိပ်ပိတ် ခြင်း/သော့ခတ်ခြင်း၊ ကြိုတင်ဆန္ဒမဲများ ကောက်ယူစဉ် NLD ပါတီအား ဆန္ဒပြုရန် ပြောဆိုစည်းရုံးခြင်း၊ မဲဆန္ဒရှင်ကိုယ်စား ဆန္ဒပြုတံဆိပ်တုံးများ ရိုက်နှိပ်ပေးခြင်း စသည်ဖြင့် တရားမဲ့ပြုကျင့်မှုများ ဆောင် ရွက်ခဲ့ကြောင်း။
(ည) ကြာအင်းဆိပ်ကြီးမြို့နယ်တွင် NLD ပါတီ မှ အင်အားပြ မဲဆွယ်စည်းရုံးစဉ် ကရင် ပြည်နယ် အမျိုးသားလွှတ်တော်မဲဆန္ဒနယ် အမှတ် (၃) လွှတ်တော်ကိုယ်စားလှယ် ဦးစောယှားဖောင်အွာက ပါတီဝန်းရံ သူများကို တစ်ဦးလျှင် ကျပ် ၅၀၀၀ နှုန်း ပေးဝေစည်းရုံးသဖြင့် ကန့်ကွက်တိုင်ကြား မှုများရှိခဲ့ကြောင်း။
အထက်ပါ ကောက်နုတ်တင်ပြချက်များနှင့် စပ်လျဉ်းသည့် အသေးစိတ်အချက်အလက်နှင့် အထောက်အထားများကို ပြည်ထောင်စုရွေးကောက် ပွဲကော်မရှင်အနေဖြင့် အသေးစိတ်ထုတ်ပြန်ခဲ့ပြီး ဖြစ်ကြောင်း၊၂၀၂၀ ပြည့်နှစ် အထွေထွေ ရွေးကောက်ပွဲ နှင့် စပ်လျဉ်း၍ ပြည်ထောင်စုရွေးကောက်ပွဲကော် မရှင်၏ စိစစ်တွေ့ရှိချက်များအရ ဥပဒေနှင့် ညီညွတ်မှု မရှိသော မဲဆန္ဒရှင်စာရင်းပြုစုခြင်း၊ အသက် ၆၀ နှစ် အထက် မဲဆန္ဒရှင်များအပါအဝင် ကြိုတင်ဆန္ဒမဲ ကောက်ခံခြင်း၊ မဲပေးခြင်း၊ သက်ဆိုင်ရာလွှတ်တော် ရွေးကောက်ပွဲဥပဒေ၊ နည်းဥပဒေများနှင့်ညီညွတ်မှုမရှိသည့် ညွှန်ကြားချက်များ ထုတ်ပြန်ခဲ့ခြင်း၊ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအဆင့်ဆင့် ဖွဲ့စည်း ရာတွင်လည်းကောင်း၊ မဲဆန္ဒရှင်စာရင်းများ ကောက်ခံခြင်းနှင့် ထပ်တိုးမဲစာရင်း ဖြည့်စွက် ခြင်းများတွင်လည်းကောင်း၊ ကြိုတင်ဆန္ဒမဲပေးခြင်း အပါအဝင် ရွေးကောက်ပွဲဆိုင်ရာလုပ်ငန်းများတွင်လည်းကောင်း သက်ဆိုင်ရာ တိုင်းဒေသကြီး၊ ပြည်နယ်ဝန်ကြီးချုပ်များက ဝင်ရောက်စွက်ဖက် သြဇာလွှမ်းမိုး၍ ဆောင်ရွက်ခဲ့ခြင်းများကို တွေ့ရှိရ ကြောင်း။
၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် မဲစာရင်းအရေအတွက် များစွာမှားယွင်းမှုများ ဖြစ်ပေါ်ရခြင်းသည် မတော်တဆဖြစ်ပေါ်ခဲ့သော မှားယွင်းမှုမျိုးမဟုတ်ဘဲ ကြိုတင်ကြံစည်ဆောင် ရွက်ခဲ့ခြင်းကြောင့်သာဖြစ်ကြောင်း၊ ထို့အပြင် မဲစာရင်း ကောက်ယူခြင်း၊ မဲဆွယ်စည်းရုံးခြင်း၊ ကြိုတင် ဆန္ဒမဲပေးခြင်း၊ ရွေးကောက်ပွဲနေ့ ဆန္ဒမဲပေးခြင်း စသည့် ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းဆောင်ရွက်မှု အဆင့်ဆင့်တွင် ဝင်ရောက်စွက်ဖက် မလျော်သြဇာ အသုံးပြု၍ မသမာမှုများဆောင်ရွက်ခဲ့ကြောင်း တွေ့ရှိရသည့်အပြင် ယခင် ပြည်ထောင်စုရွေးကောက် ပွဲကော်မရှင် အနေဖြင့်လည်း တရားဝင်အပ်နှင်း ထားသော လုပ်ပိုင်ခွင့်ကို အလွဲသုံးစားပြုကာ ဥပဒေ၊ နည်းဥပဒေများကို ကျော်လွန်ဖောက်ဖျက် ဆောင် ရွက်ခဲ့ကြောင်း၊ သို့ဖြစ်ပါ၍ ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ ၈ ရက်တွင် ကျင်းပပြုလုပ်ခဲ့သည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲနှင့်စပ်လျဉ်း၍ မဲစာရင်း
များနှင့် မဲပေးမှုအခြေအနေများကို စစ်ဆေးခဲ့ရာတွင် NLD ပါတီသည် ရွေးကောက်ပွဲတွင် ယင်းတို့ပါတီ တစ်ခုတည်းသာ အနိုင်ရရှိပြီး အစိုးရအဖွဲ့ဖွဲ့စည်းနိုင် ရေးအတွက် ပြိုင်ဘက်ပါတီများနှင့် လွှတ်တော် ကိုယ်စားလှယ်လောင်းများ၏ မဲဆွယ်စည်းရုံး ရေးအပါအဝင် ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းဆောင် ရွက်မှုများအားလုံးကို ကိုဗစ်-၁၉ရောဂါကာကွယ် ထိန်းချုပ်ရေးဆိုင်ရာ ကန့်သတ်ချက်/တားမြစ် ချက်များကို အလွဲသုံး၍လည်းကောင်း၊ အုပ်ချုပ်ရေး အာဏာကို အလွဲသုံး၍လည်းကောင်း ကန့်သတ် ထိန်းချုပ်ခဲ့ပြီး နိုင်ငံတော်အာဏာကို မတရားရယူ နိုင်ရန် ကြိုတင်ကြံစည်ဆောင်ရွက်ခဲ့ကြောင်း၊ အထက်ပါစိစစ်ချက်များအရ သက်ဆိုင်ရာလွှတ်တော် ရွေးကောက်ပွဲဥပဒေ၊ နည်းဥပဒေများနှင့် ညီညွတ်မှု မရှိသည်ကို စစ်ဆေးတွေ့ရှိရသဖြင့် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲသည် လွတ်လပ်၍တရားမျှတမှုမရှိကြောင်း။
တစ်ကြိမ်ထက်ပို၍ ဆန္ဒမဲပေးမှုများကို အသေးစိတ်စိစစ်
ဆက်လက်ပြီး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ လက်ရှိဆောင်ရွက်မှုနှင့် ဆက်လက် ဆောင်ရွက်မည့် ကိစ္စရပ်များကို ရှင်းလင်းတင်ပြ မည်ဖြစ်ကြောင်း၊ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်သည် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ၏ နိုင်ငံတော်တာဝန်ထမ်းဆောင်ရာတွင် ဆောင် ရွက်သွားမည့် ရှေ့လုပ်ငန်းစဉ် (၅) ရပ်ပါ လုပ်ငန်းစဉ် (၁) ဖြစ်သည့် မဲစာရင်းစစ်ဆေးခြင်းအပါအဝင် လုပ် ဆောင်သင့်လုပ်ဆောင်ထိုက်သည်များကို ဥပဒေနှင့် အညီ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း၊ ထိုသို့ ဆောင်ရွက်သည့်နေရာတွင် ရွေးကောက်ပွဲကျင်းပခဲ့ သည့် မြို့နယ် ၃၁၅ မြို့နယ်၏ မဲဆန္ဒရှင်စာရင်းစိစစ် ချက်နှင့် ဆန္ဒမဲလက်မှတ်မြေပြင်ကွင်းဆင်းစစ်ဆေးတွေ့ရှိမှုအခြေအနေများ၊ တိုင်းဒေသကြီး/ ပြည်နယ် ချုပ်များကို ထုတ်ပြန်ခဲ့ပြီးဖြစ်ကြောင်း၊ မဲစာရင်းများ တွင် တစ်ကြိမ်ထက်ပို၍ အကြိမ်ကြိမ်ပါဝင်နေခြင်း ကြောင့် သက်ဆိုင်ရာမဲဆန္ဒရှင်အနေဖြင့် မြို့နယ် တစ်မြို့နယ်အတွင်းရှိ ရပ်ကွက်/ ကျေးရွာအုပ်စုများ၌ ကြိုတင်ဆန္ဒမဲပေးမည့်နေ့ရက်များတွင် ကြိုတင် ဆန္ဒမဲပေးခြင်းကို တစ်ကြိမ်ထက်ပို၍ ဆောင်ရွက် နိုင်ပြီး ရွေးကောက်ပွဲကျင်းပသည့်နေ့ မဲရုံတွင် တစ်ကြိမ်ဆန္ဒမဲပေးနိုင်ခြင်း၊ မဲစာရင်းပါရှိရာ မြို့နယ်၊ ရပ်ကွက်/ကျေးရွာအုပ်စုများသည် ခရီးမကွာဝေးဘဲ ကပ်လျက်ရှိသည့် အခြေအနေတွင် မဲမသမာမှုပြုလုပ် သူ မဲဆန္ဒရှင်အနေဖြင့် ကြိုတင်ဆန္ဒမဲပေးခြင်းကို တစ်ကြိမ်ထက်ပို၍ဆောင်ရွက်နိုင်ခြင်း၊ ရွေးကောက် ပွဲကျင်းပသည့်နေ့တွင် မဲရုံ၌လက်သန်း မင်မတို့ဘဲ ရှောင်လွှဲကာ အခြားမဲစာရင်းပါရှိသည့် မဲရုံများတွင် ဆန္ဒမဲပေးခြင်းများ ဆောင်ရွက်နိုင်ပြီး မဲစာရင်း နှစ်ကြိမ်/ သုံးကြိမ်ပါဝင်နေသူများအနက် တစ်ကြိမ်ထက် ပိုမို ဆန္ဒပြုထားသူများကို တွေ့ရှိရသဖြင့် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်အနေဖြင့် မဲစာရင်းပုံစံ(၁)တွင် လက်မှတ်ရေးထိုးထားသည့် အထောက်အထား များအရ တစ်ကြိမ်ထက်ပို၍ ဆန္ဒမဲပေးမှုများကို အသေးစိတ် စိစစ်ဆောင်ရွက်လျက်ရှိကြောင်း။
ထူးခြားဖြစ်စဉ်သတင်းများကို ထုတ်ပြန်
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေ ဖြင့် နိုင်ငံရေးပါတီများနှင့် တွေ့ဆုံညှိနှိုင်းဆွေးနွေး ခြင်း၊ အချိုးကျကိုယ်စားပြုစနစ် PR အပါအဝင် မြန်မာနိုင်ငံနှင့် သင့်လျော်မည့် ရွေးကောက်ပွဲစနစ်အသုံးပြုနိုင်ရေး လေ့လာသုံးသပ်ခြင်းနှင့် ညှိနှိုင်းဆွေး နွေးခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း၊ ယခင် ရွေးကောက်ပွဲတွင် ကြုံတွေ့ရသော ချို့ယွင်းအားနည်း ချက်များကို စိစစ်သုံးသပ်ပြီး နောင်ကျင်းပပြုလုပ်မည့် ရွေးကောက်ပွဲများကို ပိုမိုကောင်းမွန် စနစ်ကျစွာ ဆောင်ရွက်နိုင်ရေးအတွက် သက်ဆိုင်ရာ လွှတ်တော် ရွေးကောက်ပွဲဥပဒေ၊ နည်းဥပဒေများကို ပြင်ဆင်ရေး ဆောင်ရွက်လျက်ရှိကြောင်း၊ တစ်ချိန်တည်းတွင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအဆင့်ဆင့်၏ ဝန်ထမ်း ရေးရာစီမံခန့်ခွဲမှုနှင့် လေ့ကျင့်သင်တန်းပေးမှုများကို ဆောင်ရွက်လျက်ရှိကြောင်း၊ ထို့အပြင် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်အနေဖြင့် ကော်မရှင်နှင့် သက်ဆိုင်သည့် ထူးခြားဖြစ်စဉ်သတင်းများကိုလည်း အများပြည်သူ သိရှိစေရန် ထုတ်ပြန်ပေးလျက်ရှိရာ စစ်ကိုင်းတိုင်းဒေသကြီး ခန္တီးခရိုင် ဟုမ္မလင်းမြို့နယ် တွင် ဟုမ္မလင်းရပ်ကွက် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲဥက္ကဋ္ဌအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ ဦးဘိုချစ် ၏နေအိမ်၌ လက်လုပ်ဗုံးများ စုဆောင်းထားကြောင်း သတင်းအရ ၂၀၂၁ ခုနှစ် ဇူလိုင်လ ၂ ရက်တွင် လုံခြုံရေး ပူးပေါင်းအဖွဲ့ က ဝင်ရောက်ရှာဖွေခဲ့ရာ ၂၀၂၀ ပြည့်နှစ် အထွေထွေ ရွေးကောက်ပွဲတွင် အသုံးပြုခဲ့သော ပြည်သူ့လွှတ်တော်ဆန္ဒမဲ လက်မှတ်စောင်ရေ ၅၀ ပါ ဆန္ဒမဲလက်မှတ်စာအုပ်နှစ်အုပ်နှင့် ဆန္ဒမဲပေးရာ တွင် အသုံးပြုခဲ့သော UEC တံဆိပ်ပါ တံဆိပ်တုံးသုံးခု သိမ်းဆည်းရမိကြောင်း၊ ဦးဘိုချစ်မှာ ထွက်ပြေးတိမ်း ရှောင်လျက်ရှိပြီး သိမ်းဆည်းရမိသော ရွေးကောက် ပွဲသုံးပစ္စည်းများကို ဟုမ္မလင်းမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးတွင် အပ်နှံထားသည့်သတင်းကို လည်း ထုတ်ပြန်ပေးခဲ့ကြောင်း။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေ ဖြင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ နိုင်ငံတော် တာဝန်ထမ်းဆောင်ရာတွင် ဆောင်ရွက်သွားမည့် ရှေ့လုပ်ငန်းစဉ် (၅) ရပ်ပါ လုပ်ငန်းစဉ် (၁) ဖြစ်သည့် မဲစာရင်းစစ်ဆေးခြင်းအပါအဝင် လုပ်ဆောင်သင့် လုပ်ဆောင်ထိုက်သည်များကို ဥပဒေနှင့်အညီ ဆက်လက်ဆောင်ရွက်လျက်ရှိပါကြောင်းနှင့် လုပ်ငန်း စဉ် ၅ ဖြစ်သည့် အရေးပေါ်ကာလဆိုင်ရာ ပြဋ္ဌာန်းချက် များနှင့်အညီ ဆောင်ရွက်ပြီးစီးပါက ဖွဲ့စည်းပုံအခြေခံ ဥပဒေ (၂၀၀၈ ခုနှစ်)နှင့်အညီ လွတ်လပ်ပြီး တရား မျှတသော ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကျင်းပရေး ဆက်လက်ဆောင်ရွက်သွားမည်ဖြစ် ကြောင်း ရှင်းလင်းပြောကြားသည်။
(ဆက်လက်ဖော်ပြပါမည်)