နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ် (၅) ရပ်

၁။    လွတ်လပ်ပြီးတရားမျှတသော     ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ   အောင်မြင်စွာ   ကျင်းပနိုင်ရေး  ပြည်ထောင်စုတစ်ဝန်းလုံး  တည်ငြိမ်အေးချမ်း၍    တရား ဥပဒေစိုးမိုးရေး အပြည့်အဝရရှိလာအောင် အလေးထား ဆောင်ရွက်သွားမည်။
၂။     တိုင်းရင်းသားပြည်သူတစ်ရပ်လုံးနှင့်     အကျုံးဝင်သော စိုက်ပျိုးမွေးမြူရေးကို   အခြေခံသည့် ကုန်ထုတ်လုပ်ငန်း များအားမြှင့်တင်၍  နိုင်ငံ့စီးပွားမြင့်မားရေးနှင့်   ပြည်သူ လူထုတစ်ရပ်လုံး၏ လူမှုစီးပွားဘဝမြင့်မားရေး ဆက်လက် ကြိုးပမ်းဆောင်ရွက်သွားမည်။
၃။    နိုင်ငံတော်၏  ပကတိအနှစ်သာရဖြစ်သော  ပြည်တွင်း ငြိမ်းချမ်းရေးနှင့် ရရှိထားသည့်   ပြည်တွင်းငြိမ်းချမ်းရေး ရလဒ်များ တည်ငြိမ်မှုရှိစေရေးအတွက် (NCA) ပါ   သဘော တူညီချက်များအတိုင်း  ဖြစ်နိုင်သမျှ  အလေးထား  လုပ် ဆောင်သွားမည်။ 
၄။    စစ်မှန်စည်းကမ်းပြည့်ဝသည့်    ပါတီစုံဒီမိုကရေစီစနစ်   ခိုင်မာစေရေးနှင့်    ဒီမိုကရေစီနှင့်   ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရေးလုပ်ငန်း စဉ်များကို   အရှိန်အဟုန်ဖြင့်   ဆက်လက်ဆောင်ရွက် သွားမည်။
၅။    ဆန္ဒမဲပေးပိုင်ခွင့်ရှိသူအားလုံး၏  အခွင့်အရေးများ နစ်နာ မှုမရှိစေရေးနှင့်နည်းလမ်းကျနမှန်ကန်မှုရှိသည့် အထွေထွေ ရွေးကောက်ပွဲတစ်ရပ်ဖြစ်စေရေးဆောင်ရွက်ခြင်း၊ အရေး ပေါ်ကာလဆိုင်ရာ ပြဋ္ဌာန်းချက်များနှင့်အညီ  ဆောင်ရွက် ခြင်းတို့ပြီးစီးပါက  လွတ်လပ်ပြီး  တရားမျှတသော ပါတီစုံ ဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲကျင်းပ၍ ထွက်ပေါ် လာသည့်    အစိုးရအား နိုင်ငံတော်တာဝန် လွှဲအပ်နိုင်ရေး      ဆက်လက်ဆောင်ရွက်သွားမည်။