
(ယမန်နေ့မှအဆက်)
ဆုံးဖြတ်ချက်မူကြမ်းကို သဘောမတူ
ဖေဖော်ဝါရီလ ၁၂ ရက်နေ့က ဆွစ်ဇာလန်နိုင်ငံ ဂျနီဗာမြို့မှာ ကျင်းပခဲ့တဲ့ လူ့အခွင့်အရေးကောင်စီရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးအစည်းအဝေးမှာလည်း မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးမြင့်သူက မြန်မာနိုင်ငံ၌ လက်ရှိဖြစ်ပေါ်နေတဲ့ အခြေအနေများကို ရှင်းလင်းပြောကြားခဲ့ပါတယ်။ အစည်းအဝေးတွင် ဗြိတိန်နှင့် အီးယူတို့မှ ဦးဆောင် ၍ မြန်မာနိုင်ငံ၏ လတ်တလောအခြေအနေဆိုင်ရာ အဆိုမူကြမ်းတစ်ရပ် တင်သွင်းခဲ့ရာ မြန်မာနိုင်ငံ အနေဖြင့် ဆုံးဖြတ်ချက်မူကြမ်းကို သဘောမတူ ကြောင်း ပြောကြားခဲ့ပါတယ်။
နိုင်ငံခြားရေးရာမူဝါဒကော်မတီ၏ ၁/၂၀၂၁ အစည်းအဝေးကိုလည်း ဖေဖော်ဝါရီလ ၁၈ ရက် နေ့တွင် ကျင်းပခဲ့ပြီး အဆိုပါအစည်းအဝေးအတွင်း နိုင်ငံခြားရေးရာမူဝါဒ ကော်မတီဥက္ကဋ္ဌ၊ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က နိုင်ငံခြားရေးမူဝါဒများ၊ အိမ်နီး ချင်းနိုင်ငံများနှင့် ကောင်းမွန်သည့်ဆက်ဆံရေး တည်ဆောက်လျက်ရှိသည့်အခြေအနေများ၊ ပြည်ပ နိုင်ငံများတွင် ရောက်ရှိနေကြသည့် မြန်မာနိုင်ငံသား များအတွက် ဆောင်ရွက်ပေးနိုင်မည့်အခြေအနေများ၊ နိုင်ငံတကာဆက်ဆံရေးနှင့် ပူးပေါင်း ဆောင်ရွက်မှုလုပ်ငန်းများ အရှိန်အဟုန်မြှင့်တင် နိုင်မည့် အခြေအနေများနှင့် နိုင်ငံတကာနှင့် စီးပွား ရေးရာ ပူးပေါင်းဆောင်ရွက်နိုင်မှုအခြေအနေများကို ဆွေးနွေးခဲ့ကြပါတယ်။
ပြန်လည် ရှင်းလင်းဆွေးနွေး
ထို့အတူ ဖေဖော်ဝါရီလ ၂၂ ရက်နေ့တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယ ဥက္ကဋ္ဌ၊ ဒုတိယ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ် မှူးကြီး စိုးဝင်းက ဩစတြေးလျတပ်မတော်၏ Vice Chief of the Defence Force ဖြစ်သူ Vice Admiral David Johnston AO RAN နဲ့ လက်ရှိမြန်မာ့နိုင်ငံရေး အခြေအနေများကို တယ်လီဖုန်းဖြင့် ဆွေးနွေး ခဲ့ပြီး သိရှိလိုသည့်အချက်များကိုလည်း ပြန်လည် ရှင်းလင်းဆွေးနွေးခဲ့ပါတယ်။
ထိုင်းနိုင်ငံဝန်ကြီးချုပ်ရဲ့ ဖိတ်ကြားချက်အရ ဖေဖော်ဝါရီလ ၂၄ ရက်နေ့တွင် နိုင်ငံခြားရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်ဟာ ထိုင်းနိုင်ငံသို့ သွားရောက်ခဲ့ပြီး ထိုင်းနိုင်ငံဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး ပရာယုဒ်ချန်အိုချာ(ငြိမ်း)၊ ထိုင်း ဒုတိယဝန်ကြီးချုပ်နဲ့ နိုင်ငံခြားရေးဝန်ကြီးတို့နဲ့ သီးခြားစီတွေ့ဆုံခဲ့ပါတယ်။ ထို့အတူ အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးနဲ့လည်း ထိုင်းနိုင်ငံသို့ ရောက်ရှိ ခဲ့စဉ် တွေ့ဆုံခဲ့ပြီး မြန်မာနိုင်ငံနှင့် အာဆီယံအကြား ပူးပေါင်းဆောင်ရွက်ရေးကိစ္စရပ်များနဲ့ လက်ရှိ မြန်မာ့နိုင်ငံရေးအခြေအနေများကိုလည်း အမြင် ချင်းဖလှယ် ဆွေးနွေးခဲ့ပါတယ်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏
တစ်လတာအတွင်း တွေ့ရှိချက်များ
ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က လည်း ဖေဖော်ဝါရီလ ၁၆ ရက် နေ့စွဲဖြင့် သတင်း ထုတ်ပြန်ချက်တစ်စောင်ကို ထုတ်ပြန်ခဲ့ပါ တယ်။ အဆိုပါ သတင်းထုတ်ပြန်ချက်အတွင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ၈ ရက်နေ့မှာ ကျင်းပတဲ့ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲနဲ့ စပ်လျဉ်းလို့ ပြည်ထောင်စုနယ်မြေ နေပြည်တော်ရှိ မြို့နယ် ၈ မြို့နယ်ရဲ့ ဆန္ဒမဲပေးမှုများကို စစ်ဆေး ခဲ့ရာမှ စစ်ဆေးတွေ့ရှိချက်များကို ဖော်ပြထား ပါတယ်။ ယခင်ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ကြေညာတဲ့ မဲဆန္ဒရှင်စာရင်းမှာ ၉၀၆၂၂၆ ဦးဖြစ်ပြီး အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလစာရင်းအရ အသက် ၁၈ နှစ်ပြည့်ပြီး ဆန္ဒမဲပေးပိုင်ခွင့်ရှိသူမှာ ၇၀၃၅၄၆ ဦးဖြစ်ပါတယ်။ မဲဆန္ဒရှင်စာရင်းများမှာ နိုင်ငံသား၊ ဧည့်နိုင်ငံသား၊ နိုင်ငံသားပြုခွင့်ရသူ၊ လက်မှတ်မရှိသူများမှာ ၁၀၈၃၃၃ ဦး၊ နိုင်ငံသားစိစစ်ရေးကတ်ပြားအမှတ် တစ်ခုတည်းဖြင့် မဲစာရင်းတွင် သုံးကြိမ်နှင့်အထက် ပါဝင်နေသူများမှာ ၆၉၀၀၊ နှစ်ကြိမ်ပါဝင်သူများမှာ ၇၆၂၂၂ ဦးဖြစ်တယ်လို့ စာရင်းဇယားများဖြင့် စစ်ဆေးတွေ့ရှိချက်ကို ဖော်ထုတ်နိုင်ခဲ့တာ တွေ့မြင်ရပါတယ်။
သတင်းထုတ်ပြန်ခဲ့
ထို့ပြင် အထွေထွေရွေးကောက်ပွဲတွင် အသုံး ပြုခဲ့တဲ့ ဆန္ဒမဲလက်မှတ် ရိုက်နှိပ်မှုနဲ့ ပတ်သက်လို့ စစ်ဆေးတွေ့ရှိချက်များကိုလည်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ဖေဖော်ဝါရီလ ၂၃ရက် နေ့စွဲဖြင့် သတင်းထုတ်ပြန်ခဲ့ပါတယ်။ တွေ့ရှိချက် များအရ ကနဦး ဆန္ဒမဲလက်မှတ်ပေါင်း ၁၃၈၄၆၀၂၇၀ ရိုက်နှိပ်ခဲ့ပြီး လိုအပ်ချက်အရ ထပ်မံ၍ ကိုးကြိမ်ရိုက်နှိပ်ခဲ့ကြောင်း၊ ရန်ကုန်တိုင်း ဒေသကြီး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအနေ ဖြင့် အထွေထွေရွေးကောက်ပွဲကျင်းပရန် တစ်ရက် အလို ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ၇ ရက်နေ့တွင် နှစ်ကြိမ်ထပ်မံ မှာကြားချက်အရ ဆန္ဒမဲလက်မှတ် ရိုက်နှိပ်ခဲ့ကြောင်း တွေ့ရှိရတယ်လို့ စာရင်းဇယား များနဲ့ ဖော်ပြထုတ်ပြန်ခဲ့ပါတယ်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကနေ တတိယအကြိမ်မြောက် သတင်းထုတ်ပြန်ချက် အဖြစ် ဖေဖော်ဝါရီလ ၂၄ ရက်နေ့မှာ ထုတ်ပြန် ကြေညာခဲ့ပါတယ်။ ရွေးကောက်ပွဲကော်မရှင်က နေပြည်တော် ၈ မြို့နယ်၏ ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲတွင် အသုံးပြုခဲ့တဲ့ ဆန္ဒမဲလက်မှတ် များ ထုတ်ယူ/ ရရှိ/ သုံးစွဲ/ လက်ကျန် အခြေအနေ များကို သက်ဆိုင်ရာမြို့နယ်အလိုက် မြေပြင် ဖွင့်ဖောက်စစ်ဆေးမှုရလဒ်များကို ထုတ်ပြန်နိုင် ခဲ့ပါတယ်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကနေ ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲနဲ့ စပ်လျဉ်းပြီး ရခိုင် ပြည်နယ် စစ်တွေမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာ(အရှေ့)မြို့နယ်နဲ့ ရှမ်းပြည်နယ် တောင်ကြီးမြို့နယ်တို့ရဲ့ ဆန္ဒမဲပေးမှုများကို စစ်ဆေးခဲ့ရာ မဲစာရင်းကွာခြားမှုများကို စာရင်း ဇယားများဖြင့် ထုတ်ပြန်ခဲ့ပါတယ်။
ဖေဖော်ဝါရီလ ၂၇ ရက်နေ့ကလည်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က သတင်း ထုတ်ပြန်ချက်တစ်ရပ် ထုတ်ပြန်ခဲ့ပြီး ကချင်ပြည် နယ် ဝိုင်းမော်မြို့နယ်နဲ့ မကွေးတိုင်းဒေသကြီး မကွေးမြို့နယ်တို့တွင် ဆန္ဒမဲပေးမှုအခြေအနေများနဲ့ စပ်လျဉ်းလို့ မဲစာရင်းနဲ့ မြေပြင်စာရင်းကွာဟချက် များကို စာရင်းဇယားများဖြင့် ထုတ်ပြန်ခဲ့ပါတယ်။
တည်ငြိမ်အေးချမ်းရေးနှင့်
နိုင်ငံတော်ပြုပြင်ပြောင်းလဲရေးလုပ်ငန်းများ
နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီကနေ နိုင်ငံတော်အေးချမ်းသာယာရေးနဲ့ ဖွံ့ဖြိုးတိုးတက် ရေးကို ထိပါးနှောင့်ယှက်မှုများကို ကာကွယ် တားဆီးနိုင်ရန်အတွက် လိုအပ်တဲ့ဥပဒေများကို ပြင်ဆင်ခြင်း၊ ပြဋ္ဌာန်းခြင်းများကိုလည်း ဆောင်ရွက် ခဲ့ပါတယ်။ ဥပမာ- ရာဇသတ်ကြီးကို ပြင်ဆင်သည့် ဥပဒေ၊ ရာဇဝတ်ကျင့်ထုံး ဥပဒေကို ပြင်ဆင်သည့် ဥပဒေ၊ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ် ရေးဥပဒေကို စတုတ္ထအကြိမ် ပြင်ဆင်တဲ့ဥပဒေနဲ့ နိုင်ငံသားများ၏ ပုဂ္ဂိုလ်ရေးဆိုင်ရာ လွတ်လပ်မှုနှင့် ပုဂ္ဂိုလ်ဆိုင်ရာလုံခြုံမှုကို ကာကွယ်ပေးရေးဥပဒေ ကို ပြင်ဆင်တဲ့ဥပဒေစသည်တို့ကို ပြဋ္ဌာန်းခဲ့ပါ တယ်။ အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက် ရေးဥပဒေကိုလည်း ပြင်ဆင်ပြဋ္ဌာန်းခဲ့ပါတယ်။ ဒါ့အပြင် အကြောင်းအမျိုးမျိုးကြောင့် နိုင်ငံ့တာဝန် ထမ်းဆောင်ရန် ပျက်ကွက်နေကြတဲ့ နိုင်ငံ့ဝန်ထမ်း များကိုလည်း လုပ်ငန်းခွင်များထံ အမြန်ဆုံး ပြန်လည်ဝင်ရောက်ကြဖို့အတွက် အသိပေးကြေညာ ချက်များကို ဖေဖော်ဝါရီလဒုတိယပတ်မှ စတင်ကာ ထုတ်ပြန်ခဲ့ပါတယ်။
ဝန်ထမ်းများ CDM လှုပ်ရှားဆောင်ရွက်မှုနဲ့ ပတ်သက်ပြီး စတင်ဆောင်ရွက်ရန် ပြောကြား ဖြန့်ချိသူများကို ထိထိရောက်ရောက် အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနဲ့ CDM နှင့် ပတ်သက်ပြီး အွန်လိုင်းတွင် လှုံ့ဆော်နေတဲ့အဖွဲ့ များနဲ့ အဆိုပါအဖွဲ့များနောက်မှာ ပံ့ပိုးနေသူများရှိ ကြောင်း၊ ယင်းတို့နောက်မှာ ငွေကြေးစိုက်ထုတ် ပေးတဲ့ အဖွဲ့များရှိကြောင်း၊ မိမိတို့ကောင်စီအနေနဲ့ လုပ်ဆောင်ရန်ရှိသည်များကို ဥပဒေနဲ့အညီ ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အပါအဝင် ရှေ့ဆက်ဆောင်ရွက်သွားမယ့် ကိစ္စရပ် များနဲ့ စပ်လျဉ်းပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌက လမ်းညွှန်မှာကြားချက်များကို ဖေဖော်ဝါရီလ ၂၂ ရက်နေ့က ကျင်းပတဲ့ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ညှိနှိုင်းအစည်းအဝေး (၃/၂၀၂၁) မှာ ထည့်သွင်းပြောကြားခဲ့ပါတယ်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက အသိ ပေးချက်တစ်ရပ်ကို မတ်လ ၅ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်ခဲ့ပါတယ်။ အဆိုပါထုတ်ပြန်ချက်တွင် လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရပ်တည်ပိုင်ခွင့် မရှိသေးသူများက “ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ” CRPH အမည်ဖြင့် ကော်မတီဖွဲ့စည်းဆောင်ရွက်နေခြင်းသည် ဥပဒေ နှင့် ညီညွတ်ခြင်းမရှိသည့်အပြင် ကြီးလေးသည့် ရာဇဝတ်မှုကို ကျူးလွန်ရာရောက်သဖြင့် ယင်း ကော်မတီတွင် တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ ဖြစ်စေ ပါဝင်ဆောင်ရွက်ခြင်းမပြုကြရန်နှင့် ထိုသို့ ဆောင်ရွက်ပါက ဥပဒေအရ ထိရောက်စွာအရေးယူသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားခဲ့ပါတယ်။
စီးပွားရေးဦးတည်ချက်များအပေါ်
အကောင်အထည်ဖော်ဆောင်ရွက်
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ က စီးပွားရေးလုပ်ငန်းများ ပုံမှန်အတိုင်း ဆက်လက် လည်ပတ်နိုင်စေရေးနဲ့ စည်းကမ်းတကျ ပြန်လည် လည်ပတ်နိုင်ရေးအတွက်လည်းကောင်း၊ တိုင်းပြည် တစ်ခုရဲ့ အဓိကမောင်းနှင်အား စီးပွားရေးကဏ္ဍကို မြှင့်တင်ပေးနိုင်ရန်နှင့် ငွေရေးကြေးရေးကဏ္ဍ
တည်ငြိမ်မှုရှိစေရေးတို့အတွက် လည်းကောင်း မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်း ရှင်များအသင်းချုပ်နှင့် ညီနောင်အသင်းများမှ လုပ်ငန်းရှင်များ၊ မြန်မာနိုင်ငံဘဏ်များအသင်းမှ နာယက၊ ဥက္ကဋ္ဌနှင့်တာဝန်ရှိသူများ၊ ဘဏ်လုပ်ငန်း ရှင်များတို့နှင့် ဖေဖော်ဝါရီလ ၃ ရက်နေ့နှင့် ၄ ရက် နေ့တို့တွင် တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။ ထို့အတူ ငွေကြေးဆိုင်ရာ ကောလာဟလများနှင့် ပတ်သက် ၍ ပြည်သူများ စိုးရိမ်ကြောင့်ကြမှုမရှိစေရေး အတွက် မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှလည်း သတင်းထုတ်ပြန်ချက်များကို အချိန်မဆိုင်း ထုတ်ပြန်ပေးနိုင်ခဲ့ပါတယ်။
ပြည်သူများ ခရီးသွားလာမှုလွယ်ကူစေရေး မှာ ကိုဗစ်-၁၉ ရောဂါကူးစက်မှုကို ထိန်းချုပ်နိုင် စေမယ့် နည်းလမ်းများကို လိုက်နာခြင်းဖြင့် အများပြည်သူများ ပြည်တွင်းခရီးသွားလာမှု လွယ်ကူစေရန်အတွက် လေကြောင်းလိုင်းများ ပြန်လည်ဖွင့်လှစ်ပေးခြင်း၊ မီးရထားခရီးစဉ်များ တိုးချဲ့ပြေးဆွဲခြင်းနှင့် အဝေးပြေးယာဉ်လိုင်းများ တိုးချဲ့ပြေးဆွဲခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးနိုင်ခဲ့ တာကို မြင်တွေ့ရပါတယ်။
ဖေဖော်ဝါရီလ ၁၃ ရက် နေ့စွဲဖြင့် ပို့ကုန် လုပ်ငန်းများမှ ကြိုတင်ကောက်ခံတဲ့ ဝင်ငွေခွန် ၂ ရာခိုင်နှုန်းကို ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် လူမှုရေး၊ စီးပွားရေးထိခိုက်မှုများ ဆက်လက်ရှိနေ ဆဲဖြစ်တာကြောင့် ဖေဖော်ဝါရီလ ၂၈ ရက်နေ့အထိ ထပ်မံ၍ ကာလတိုးမြှင့် ကင်းလွတ်ခွင့်ပြုပေးခဲ့ပါ တယ်။ ဒါဟာ နိုင်ငံ့စီးပွားရေးအတွက် ဆောင်ရွက်မှု များထဲမှ တစ်ခုဖြစ်ခဲ့ပြီး ပို့ကုန်လုပ်ငန်းရှင်များ အဆင်ပြေစေရန် ဆောင်ရွက်ပေးနိုင်ခဲ့ခြင်းလည်း ဖြစ်ပါတယ်။ ထို့ပြင် ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ထိခိုက်ဆုံးရှုံးနေကြသည့် စီးပွားရေးလုပ်ငန်းများ အထိုက်အလျောက်သက်သာခွင့် ရရှိစေရန်အတွက် ဖေဖော်ဝါရီလ တတိယပတ်အတွင်း ကမ်းဝေး ငါးဖမ်းရေယာဉ်များကို ငါးဖမ်းရက် တိုးမြှင့်ခွင့်ပြု ခြင်း၊ ဒေသတွင်းဘက်စုံစီးပွားရေး ပူးပေါင်းဆောင် ရွက်မှု သဘောတူစာချုပ် အကောင်အထည်ဖော်ရေး ကိုလည်း ဖေဖော်ဝါရီလ ၁၉ ရက်နေ့က ဆောင်ရွက် ခဲ့ပါတယ်။ ကိုဗစ်- ၁၉ စီးပွားရေးထိခိုက်မှု သက်သာ ရေး စီမံချက် အကောင်အထည်ဖော်မှုများကို စဉ်ဆက်မပြတ် ဆက်လက်ဆောင်ရွက်နိုင်ရန် ညှိနှိုင်းဆွေးနွေးခြင်းများ လုပ်ဆောင်လျက် ရှိပါ တယ်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက တာဝန် ယူဆောင်ရွက်ချိန်မှစတင်ကာ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးရန်ပုံငွေများ သုံးစွဲ ရာတွင် ပွင့်လင်းမြင်သာမှုရှိစွာ ဘဏ္ဍာရေး စည်းမျဉ်းများနှင့်အညီ လိုက်နာဆောင်ရွက်၍ သတင်းထုတ်ပြန်ပေးနေတာကို မြင်တွေ့နိုင် ပါတယ်။ ထို့ပြင် အငြိမ်းစားပင်စင်လစာ ထုတ်ယူ ကြမယ့် ကိုးသိန်းကျော်သော ပင်စင်စားကြီးများ အဆင်ပြေလွယ်ကူစွာဖြင့် ပင်စင်လစာများ ထုတ်ယူနိုင်ရေးအတွက် ရုံးဖွင့်ရက် ၂၁ ရက်နေ့ တစ်ရက်တည်းအစား ၂၁ ရက်နေ့ နောက်ပိုင်း ဘဏ်ဖွင့်သည့်ရက်များတွင် ထုတ်ယူခြင်း၊ Mobile Money စနစ်အသုံးပြု၍ နီးစပ်ရာ Mobile Agent များမှာ ထုတ်ယူခြင်းတို့ကို စီစဉ်ဆောင်ရွက်ပေးခဲ့ ပါတယ်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ စီးပွား ရေးရာကော်မတီအစည်းအဝေး အမှတ်စဉ် (၁/ ၂၀၂၁) ကို ဖေဖော်ဝါရီလ ၂၃ ရက်နေ့မှာ ကျင်းပခဲ့ ပါတယ်။ စီးပွားရေးကော်မတီဥက္ကဋ္ဌက ကိုဗစ် ကပ်ရောဂါကြောင့် ယိုင်နဲ့နေသည့် စီးပွားရေးကို အမြန်ဆုံးပြန်လည် တည့်မတ်စေရေးဆောင်ရွက် သွားရန်နှင့် သက်ဆိုင်ရာလုပ်ငန်းများအလိုက် ဌာနဆိုင်ရာ တာဝန်ရှိသူများက မှန်မှန်ကန်ကန် မြန်မြန်ဆန်ဆန် ဆောင်ရွက်ပေးရန် လိုအပ်ကြောင်း ထည့်သွင်းပြောကြားခဲ့ပါတယ်။
လူမှုရေးဦးတည်ချက်များအပေါ်
အကောင်အထည်ဖော်ဆောင်ရွက်
ပြည်သူများ လပေါင်းများစွာတောင့်တနေခဲ့တဲ့ ဘုရားပုထိုးများ ဖူးမြော်ခွင့်ကို ပြန်လည်ခွင့်ပြုနိုင် ဖို့အတွက် ရွှေတိဂုံစေတီတော်မြတ်ကြီး၊ မဟာမုနိ ရုပ်ရှင်တော်မြတ်ကြီး၊ ကျိုက်ထီးရိုးစေတီတော် မြတ်ကြီးနှင့် ပုဂံညောင်ဦး ရှေးဟောင်းယဉ်ကျေးမှု နယ်မြေတို့ရှိ ဘုရားစေတီ၊ ပုထိုးများအပါအဝင် အနယ်နယ်အရပ်ရပ်မှာရှိတဲ့ ဘုရား၊ စေတီပုထိုး များကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးစည်းကမ်း ချက်များနှင့်အညီ ပြန်လည်ဖွင့်လှစ်နိုင်ဖို့ ဒေသ အသီးသီးမှာရှိတဲ့ နယ်မြေခံတပ်ရင်းများမှ တပ်မတော်သားများက စုပေါင်းသန့်ရှင်းရေးများ ပြုလုပ်ပေးခဲ့ကြပါတယ်။ ဖေဖော်ဝါရီလ ၈ ရက် နေ့ကစပြီး ပြည်နယ်နှင့် တိုင်းဒေသကြီးအသီးသီး မှာရှိတဲ့ ဘုရား၊ စေတီပုထိုးများမှာ ရဟန်းရှင်လူ ပြည်သူများ သဒ္ဓါကြည်ညိုစွာ ဖူးမြော်ခွင့်ရရှိခဲ့ပြီ ဖြစ်ပါတယ်။
ကျန်းမာရေးစောင့်ရှောက်
နိုင်ငံတစ်ဝန်းလုံးမှာရှိတဲ့ ပြည်သူများရဲ့ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းတွေမှာ ကူညီ အားဖြည့်ပေးရန်ဟူသည့် တပ်မတော်၏စေတနာ ဖြင့် တပ်မတော်ဆေးရုံများတွင် တိုင်းရင်းသား ပြည်သူအားလုံး အခမဲ့ တက်ရောက်ဆေးကုသမှု ခံယူနိုင်ကြောင်းကို ဖေဖော်ဝါရီလ ၅ ရက် နေ့စွဲ ဖြင့် အသိပေးထုတ်ပြန်နိုင်ခဲ့ပါတယ်။ ဖေဖော်ဝါရီ လဆန်းမှ ဖေဖော်ဝါရီလ ၂၈ ရက် တစ်လတာအတွင်း တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ ပြည်သူများ၏ ကျန်းမာရေးဆိုင်ရာအခက်အခဲများကို တစ်ထောင့် တစ်နေရာမှ အထောက်အကူပြုနေကြတဲ့ တပ်မတော်ဆေးရုံများနှင့် ယာယီကုသရေးဆေးရုံ များတွင် ပြင်ပလူနာ ၃၆၁၃၃ ဦး၊ အတွင်းလူနာ ၃၅၅၀ တို့ကို တပ်မတော်မှ ပါရဂူများ၊ ဆေးမှူးများ၊ သူနာပြုများက ကျန်းမာရေးစောင့်ရှောက်ခြင်း၊ ခွဲစိတ်ကုသခြင်းများ ပေးအပ်ခဲ့ကြပါတယ်။ လူနာနဲ့ လူနာစောင့်များ နေထိုင်စားသောက်မှုအဆင်ပြေစေရေးအတွက်လည်း တာဝန်ယူဆောင်ရွက်ပေး နိုင်ခဲ့ပါတယ်။ လူနာများအနက် အကြီးစားခွဲစိတ် ကုသရန်လိုအပ်တဲ့လူနာ ၁၅၉၂ ဦး၊ အသေးစား ခွဲစိတ်ကုသရန် လိုအပ်သူ ၈၇၀၊ မွေးလူနာ ၉၀၉ ဦး တို့ကို ခွဲစိတ်မီးဖွားပေးနိုင်ခဲ့ပြီး ရိုးရိုးမွေးလူနာ ၁၃၃၁ ဦးကို မီးဖွားပေးနိုင်ခဲ့ပါတယ်။ ထို့ကြောင့် ကလေးငယ်စုစုပေါင်း ၂၂၄၀ ကို ဖေဖော်ဝါရီလ အတွင်း တပ်မတော်ဆေးရုံအသီးသီးမှာ အောင်မြင် စွာ မွေးဖွားပေးခဲ့တာလည်းဖြစ်ပါတယ်။
လူမှုရေးအကူအညီများ ပေးအပ်
ကိုဗစ်ရောဂါဖြစ်ပွားနေတဲ့ ကာလအတွင်း နိုင်ငံရပ်ခြားမှာ ကာလကြာရှည်စွာ ပိတ်မိဒုက္ခခံ နေကြရတဲ့ မြန်မာနိုင်ငံသားများ မိမိတို့နိုင်ငံသို့ ပြန်လည်ရောက်ရှိလာနိုင်စေဖို့အတွက် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၏ လမ်းညွှန်ချက် များအတိုင်း ဆောင်ရွက်မှုတစ်ရပ်အဖြစ် မလေးရှား နိုင်ငံတွင် ယခင်ကာလများကတည်းက အကြောင်း အမျိုးမျိုးကြောင့် မြန်မာနိုင်ငံသို့ ပြန်လာရန် အခက်အခဲကြုံနေကြရတဲ့ မြန်မာနိုင်ငံသား များကို ပြန်လည်ခေါ်ဆောင်ရန်အတွက် တပ်မတော်ရေမှ တာဝန်ရှိသူများဦးဆောင်တဲ့ စစ်ရေယာဉ်သုံးစင်းဟာ ရန်ကုန်မြို့မှ မလေးရှား နိုင်ငံသို့ ဖေဖော်ဝါရီလ ၁၅ ရက်နေ့က စတင် ထွက်ခွာခဲ့ကြပါတယ်။ မလေးရှားနိုင်ငံမှာရောက်ရှိ ပိတ်မိနေတဲ့ မြန်မာနိုင်ငံသား ၁၀၈၆ ဦးကို မလေးရှားနိုင်ငံဆိုင်ရာ မြန်မာသံရုံးနဲ့ မလေးရှား နိုင်ငံ လူဝင်မှုကြီးကြပ်ရေးဌာနမှ တာဝန်ရှိသူများ ထံမှ စနစ်တကျလွှဲပြောင်းလက်ခံခဲ့ပြီး ဖေဖော် ဝါရီလ ၂၃ ရက်နေ့မှာ မြန်မာနိုင်ငံကို ပြန်လည် ခုတ်မောင်းလာခဲ့ပါတယ်။
လမ်းခရီးတစ်လျှောက် ပြည်တော်ပြန်များ၏ လုံခြုံရေး၊ ကျန်းမာရေးနဲ့ စားသောက်ရေးတို့ အတွက် တပ်မတော်မှ အစစအရာရာ ကူညီ စောင့်ရှောက်ပေးခဲ့ကြပြီး ဖေဖော်ဝါရီလ ၂၇ ရက် နေ့မှာ ရန်ကုန်မြို့ အမှတ် (၃) ရေတပ် ဆိပ်ကမ်းသို့ အောင်မြင်စွာ ဆိုက်ရောက်ခဲ့ပြီဖြစ်ပါတယ်။ နေရပ်ပြန်များကို ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး စည်းကမ်းချက်များနဲ့အညီ တပ်မတော်ကွာရန်တင်း စင်တာများတွင် လက်ခံထားရှိပြီး နေရပ် အသီးသီးသို့ ပြန်လည်ရောက်ရှိစေဖို့နဲ့ အလုပ် အကိုင်အခွင့်အလမ်းများ ရရှိစေဖို့အတွက် ညှိနှိုင်း ဆောင်ရွက်ပေးသွားမှာ ဖြစ်ပါတယ်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက လူမှု ရေးဦးတည်ချက်များကို အကောင်အထည်ဖော် ဆောင်ရွက်ရာမှာလည်း နိုင်ငံတော်နှင့် တိုင်းရင်း သားပြည်သူများအတွက် နေ့ထူးနေ့မြတ်များဖြစ်တဲ့ ဖေဖော်ဝါရီလ ၇ ရက်မှာ ကျရောက်တဲ့ (၇၄)နှစ် မြောက် ရှမ်းပြည်နယ်နေ့အခမ်းအနား၊ ဖေဖော်ဝါရီ လ ၁၂ ရက်နေ့မှာ ကျရောက်တဲ့ (၇၄)နှစ်မြောက် ပြည်ထောင်စုနေ့အခမ်းအနား၊ ဖေဖော်ဝါရီလ ၂၀ ရက်နေ့မှာ ကျရောက်တဲ့ (၇၃)နှစ်မြောက် ချင်း အမျိုးသားနေ့အခမ်းအနားတွေကို သဝဏ်လွှာများ ပေးပို့ခဲ့ပြီး တိုင်းရင်းသားပြည်သူ ညီအစ်ကိုမောင်နှမ များအတွက် တစ်သားတည်းရှိနေကြောင်းကို ထုတ် ဖော်ပြသခဲ့ပါတယ်။
ကိုဗစ်ကာကွယ်ရေးလုပ်ငန်းများ
တိုးမြှင့်လုပ်ဆောင်
ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုး လုပ်ငန်း များ ဆက်လက်ဆောင်ရွက်ပေးလျက်ရှိရာမှာ ဖေဖော်ဝါရီလ ၅ ရက်နေ့မှာ ယာယီသမ္မတ အပါ အဝင် ပြည်ထောင်စုအဆင့် အဖွဲ့အစည်းဝင်များနဲ့ ဝန်ကြီးဌာနများမှ အရာထမ်းများကို ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (COVISHIELD) ပထမအကြိမ် အဖြစ် စတင်ထိုးနှံပေးနိုင်ခဲ့သလို မတ်လ ၅ ရက်နေ့ မှာ ဒုတိယအကြိမ် ကာကွယ်ဆေးထိုးနှံ ပြီးစီးခဲ့ပြီ ဖြစ်ပါတယ်။ ထို့ပြင် ထေရ်ကြီးဝါကြီး ဆရာတော် ကြီးများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ထိုးနှံခြင်း၊ အသက် ၆၅ နှစ် အထက် မိဘပြည်သူ များအား ကာကွယ်ဆေးထိုးလုပ်ငန်းများကို လည်း ဆောင်ရွက်ပေးလျက်ရှိပါတယ်။
ပြည်သူများရဲ့ ကျန်းမာရေးစောင့်ရှောက်မှု ကဏ္ဍ ပိုမိုမြင့်မားလာစေရေးအတွက် ဆေး တက္ကသိုလ်များနှင့် ဆေးပညာနှီးနွှယ် တက္ကသိုလ် များမှာ ဘွဲ့လွန်သင်တန်းတွေ ဖွင့်လှစ်သင်ကြားဖို့ အတွက် လျှောက်လွှာများခေါ်ယူပေးနိုင်ခဲ့သလို မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီဝင်လစ်လပ် နေရာများအတွက် အစားထိုး ရွေးချယ်ရန် ကိုယ်စားလှယ်လောင်း အဆိုပြုလွှာများကိုလည်း ဖိတ်ခေါ်ပေးနိုင်ခဲ့ပါတယ်။ ထို့အပြင် အခြေခံပညာ ကျောင်းများ ပြန်လည်ဖွင့်လှစ်နိုင်ရေးတို့အတွက် ကျောင်းနှင့်ပတ်ဝန်းကျင် သန့်ရှင်းရေး၊ စာသင်ခုံနှင့် သင်ထောက်ကူပစ္စည်းများ နေရာချထားရေး၊ ကျန်းမာ ရေး ဆောင်ရွက်ချက်များ၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး စည်းကမ်းများနှင့်အညီ အမြန်ဆုံး ဖွင့်လှစ်နိုင်ရေးတို့ကိုလည်း ကြိုတင်ဆောင်ရွက်နေ ပြီဖြစ်ပါတယ်ဆိုတာကို တင်ပြရင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ တစ်လတာခရီးကို မှတ်တမ်းတင် ဂုဏ်ပြုဖော်ပြလိုက်ရပါတယ်။ ။
ကနောင်