
မိမိတို့နိုင်ငံရဲ့ ဒီမိုကရေစီစနစ်အပေါ် ရိုးသားမှုများ ပြန်လည်ရရှိစေဖို့ ကြိုးပမ်းဆောင်ရွက်နေတဲ့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီရဲ့ တာဝန်ယူမှုခရီး ငါးလတာကာလ ဖြတ်သန်းခဲ့ပြီဖြစ်ပါတယ်။ ယခင်လများနည်းတူ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနဲ့ ကောင်စီဝင်များ၊ ပြည်ထောင်စုဝန်ကြီးများအပါအဝင် အစိုးရတစ်ရပ်လုံးက ပြည်သူအတွက်၊ နိုင်ငံအတွက် ဖော်ဆောင်မှုများမှာ များပြားလွန်းလှပါတယ်။ ပြည်တွင်းတည်ငြိမ်အေးချမ်းမှုရှိအောင်၊ တိုးတက်ဖွံ့ဖြိုး အောင် အားသွန်ကြိုးပမ်းရချိန်၊ တစ်ဖက် နိုင်ငံတကာမျက်နှာစာမှာလည်း နိုင်ငံနဲ့အုပ်ချုပ်သူအစိုးရ၊ နိုင်ငံသားတို့ရဲ့ ရပ်တည်ချက်၊ မျှော်မှန်းချက်၊ ဆောင်ရွက် ချက်များကို ကမ္ဘာကသိမြင်အောင် ကြိုးပမ်းအားထုတ်ကြရတာကို မြင်တွေ့ရပါတယ်။
ဇွန် ၂၃ ရက်နဲ့ ၂၄ ရက်တို့မှာ ကျင်းပခဲ့တဲ့ (၉)ကြိမ်မြောက် မော်စကိုအပြည်ပြည်ဆိုင်ရာ လုံခြုံရေးညီလာခံကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြပါ တယ်။ အဲဒီညီလာခံက အပြည်ပြည်ဆိုင်ရာလုံခြုံ ရေးအတွက် အမှန်တကယ်ဖြစ်ပျက်နေတဲ့ ပြဿနာ တွေကို ဆွေးနွေးဖို့ လုံလောက်တဲ့ ပလက်ဖောင်း တစ်ခုဖြစ်ပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံရဲ့ နိုင်ငံ တကာအပေါ်ထားရှိတဲ့ သဘောထား၊ ရပ်တည် ချက်နဲ့ မိမိတို့နိုင်ငံအတွက် အစိုးရရဲ့လုပ်ဆောင် ချက်တွေအပေါ် ကမ္ဘာ့နိုင်ငံများ သိရှိနားလည်စေရန် အတွက် ဖော်ထုတ်ပြသခဲ့တဲ့ ခရီးစဉ်တစ်ခု ဖြစ်ပါတယ်။ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ညီလာခံတွင် “The Asia-Pacific Region in the Context of Global Politics” ခေါင်းစဉ်နဲ့ဆွေးနွေးခဲ့ ပါတယ်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ရုရှားဖက်ဒရေးရှင်းနိုင်ငံကို ရောက်ရှိစဉ် ဇွန် ၂၁ ရက်မှာ မြန်မာထေရဝါဒဗုဒ္ဓ ဝိဟာရ(မော်စကို)က ရွှေတိဂုံစေတီတော်ပုံတူ တော်မြတ်ကို ရတနာစိန်ဖူးတော်၊ ငှက်မြတ်နား တော်၊ ရွှေထီးတော်တင်လှူပူဇော်ခြင်းနဲ့ ဗုဒ္ဓါ ဘိသေက အနေကဇာတင်မဟာမင်္ဂလာ၊ သဒ္ဓမ္မ ဇောတိကသိမ်တော်မြတ်အား ရေစက်သွန်းချ လှူဒါန်းခြင်း မင်္ဂလာအခမ်းအနားများကို တက်ရောက်ပူဇော်ခဲ့ပါတယ်။
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နဲ့ ရုရှား ဖက်ဒရေးရှင်းနိုင်ငံ လုံခြုံရေးကောင်စီ အတွင်းရေး မှူးတို့ ဇွန် ၂၁ ရက်က တွေ့ဆုံပြီး နှစ်နိုင်ငံနဲ့ နှစ်နိုင်ငံ တပ်မတော်နှစ်ရပ်အကြား ရှိရင်းစွဲချစ်ကြည်ရင်းနှီး မှုကို တိုးမြှင့်ဆောင်ရွက်နိုင်ဖို့နဲ့ ကဏ္ဍပေါင်းစုံ ပူးပေါင်းနိုင်စေဖို့ ခင်မင်ရင်းနှီးစွာ ဆွေးနွေးခဲ့ကြ ပါတယ်။ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို ရုရှားဖက်ဒရေး ရှင်းနိုင်ငံ ကာကွယ်ရေးဝန်ကြီး Army General Sergey Kuzhugetovich Shoigu က ဇွန်လ ၂၂ ရက် ညနေပိုင်းမှာ ဂုဏ်ပြုတပ်ဖွဲ့နဲ့ကြိုဆိုခဲ့ပြီး ခင်မင် ရင်းနှီးစွာနဲ့ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့တာ ကိုလည်း တွေ့ရပါတယ်။
ဂုဏ်ထူးဆောင်ပါမောက္ခဘွဲ့ ချီးမြှင့်ခံရ
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့တွေက ရုရှားဖက်ဒရေးရှင်းနိုင်ငံ မှာရှိတဲ့ Rosoboronexport ကုမ္ပဏီနဲ့ OSTANKINO တာဝါကိုလည်း ဇွန် ၂၂ ရက်က သွားရောက်လေ့လာ ခဲ့ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ရုရှားဖက်ဒရေးရှင်းနိုင်ငံ စစ်ဘက် ဆိုင်ရာတက္ကသိုလ်က ဂုဏ်ထူးဆောင်ပါမောက္ခဘွဲ့ ကို ဇွန် ၂၄ ရက် ညနေပိုင်းက အဆိုပါတက္ကသိုလ်မှာ ပေးအပ်ချီးမြှင့်ခဲ့ပါတယ်။
ထို့အတူ ရုရှားနိုင်ငံ Russia 24 သတင်းဌာနနဲ့ RIA သတင်းဌာနတို့ရဲ့ တွေ့ဆုံမေးမြန်းမှုတွေကိုလည်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က လက်ခံဖြေ ကြားပေးခဲ့ပါတယ်။ မေးမြန်းမှုတွေမှာ ရုရှား - မြန်မာ စစ်ဘက်နည်းပညာဆိုင်ရာ ပူးပေါင်းဆောင်ရွက် နေတဲ့အခြေအနေ၊ လက်ရှိမြန်မာ့နိုင်ငံရေး ဖြစ်ပေါ် ပြောင်းလဲမှုနဲ့ ကိုဗစ် - ၁၉ ရောဂါ ကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေးဆိုင်ရာများ ပါဝင်ခဲ့ပါတယ်။
ရုရှားနိုင်ငံကို ရောက်ရှိနေတဲ့ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နဲ့ ကိုယ်စားလှယ်အဖွဲ့ဝင်များက Republic of the Tatarstan၊ Kazan မြို့တော်ကို ရောက်ရှိခဲ့စဉ် သမ္မတ Mr. Rustam Nurgaliyevich Minnikhanov နဲ့ တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ် ခဲ့တဲ့အပြင် ဆေးကုသရေးဆိုင်ရာ အထောက်အကူပြု ဆေးပစ္စည်းထုတ်လုပ်ရေးကုမ္ပဏီများ၊ ရေယာဉ် တည်ဆောက်ရေးအလုပ်ရုံဖြစ်တဲ့ JSC “Zeleno- dolsk Plant named after A.M.Gorky”၊ ထရပ် ကား၊ ဘတ်စ်ကားနဲ့ ဒီဇယ်အင်ဂျင်တွေ ထုတ်လုပ် တဲ့ KAMAZ Holding ကုမ္ပဏီ၊ PJSC “Kazan Helicopters” ထုတ်လုပ်ရေးအလုပ်ရုံနဲ့ Kazan Higher Tank Red Banner Command School တို့ကို သွားရောက်လေ့လာခဲ့ပြီး ရိုးရာနွေရာသီ ပွဲတော်ကိုလည်း တက်ရောက်ချီးမြှင့်ခဲ့ပါတယ်။
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဦးဆောင် တဲ့ ကိုယ်စားလှယ်အဖွဲ့က Novosibirsk မြို့ကို ဇွန် ၂၆ ရက်က ရောက်ရှိခဲ့ပြီး ပြည်နယ် Academic Opera and Ballet Theatre၊ Higher Military Command School နဲ့ Russian Academy of Science (Siberian Branch) တို့ကို သွားရောက် လေ့လာခဲ့ပါတယ်။
ထို့အတူ အဖွဲ့ဝင်အဖြစ် လိုက်ပါလာတဲ့ ကာကွယ်ရေးဦးစီးချုပ်(ရေ)ဗိုလ်ချုပ်ကြီးမိုးအောင် ဦးဆောင်တဲ့ မြန်မာ့တပ်မတော်(ရေ)ကိုယ်စားလှယ် အဖွဲ့အနေနဲ့ ရုရှားနိုင်ငံသို့ရောက်ရှိနေစဉ် ကာလ အတွင်းမှာ နိုင်ငံတကာရေကြောင်းဆိုင်ရာ ကာကွယ် ရေးပြပွဲကို တက်ရောက်ခဲ့ပြီး ရုရှားရေတပ်ဦးစီး ချုပ်နဲ့ တွေ့ဆုံဆွေးနွေးမှုတွေကို ပြုလုပ်ခဲ့ပါတယ်။
ပြည်နယ်နဲ့ တိုင်းဒေသကြီးများပါမကျန် တိုးတက်စေရန်ကြိုးပမ်း
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက မွန်ပြည်နယ် ချောင်းဆုံမြို့နယ်ကို ကားလမ်း ဆက်စပ်သွားလာနိုင်ဖို့ အရေးပါတဲ့ သံလွင် တံတား (ချောင်းဆုံ) ဆိုင်းဘုတ်ကို ဇွန် ၁ ရက်က ဖွင့်လှစ်ပေးခဲ့တဲ့အပြင် ပြည်နယ်အစိုးရအဖွဲ့ ဝင်များ၊
ဝန်ထမ်းများနဲ့ တွေ့ဆုံပြီး စစ်တောင်းစက္ကူစက် ပြန်လည်လည်ပတ်နိုင်ရေး၊ မော်လမြိုင်လေယာဉ် ကွင်းနဲ့ ဆိပ်ကမ်းဖွံ့ဖြိုးရေးလုပ်ငန်း၊ စိုက်ပျိုး မွေးမြူရေးဆိုင်ရာ အကောင်အထည်ဖော်ရေး များကို ညှိနှိုင်းပေးခဲ့တဲ့အပြင် နယ်မြေခံတပ်မတော် သားများနဲ့တွေ့ဆုံခြင်း၊ တပ်မတော်ဆေးရုံတွေကို ထောက်ပံ့လှူဒါန်းခြင်းတွေ၊ ပေါင်မြို့ ပဒုမ္မာ ဆပ်ပြာစက်ရုံ စစ်ဆေးခြင်းတွေနဲ့ မွန်ပြည်နယ် မင်းရွာအနီးက အားကစားဥယျာဉ် တည်ဆောက် ရေးလုပ်ငန်းခွင်မှာ အများပြည်သူ အဆင်ပြေ ချောမွေ့စွာ လာရောက်နိုင်စေရေးအတွက်ပါ လမ်းညွှန်မှာကြားခဲ့တာကို မြင်တွေ့ရပါတယ်။
ဇွန် ၅ ရက်မှာကျရောက်တဲ့ ၂၀၂၁ ခုနှစ် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်း အမှတ်အခမ်းအနားတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌက ရာသီဥတုပြောင်းလဲမှုဖြစ်စဉ် တွေအရ သဘာဝဘေးအန္တရာယ်များ တွေ့ကြုံ ခံစားရမှုလျော့ပါးစေရေးနဲ့ ဂေဟစနစ်ပြန်လည် ထိန်းသိမ်းရေးလုပ်ငန်းစဉ်တွေ အောင်မြင်စေရေး လမ်းညွှန်မှာကြားခဲ့ပါတယ်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အစည်းအဝေး (၁၂/၂၀၂၁)၊ စီမံခန့်ခွဲရေးကော်မတီအစည်းအဝေး (၈/၂၀၂၁)၊ စီမံခန့်ခွဲရေးကော်မတီအစည်းအဝေး (၉/၂၀၂၁)တွေကို တက်ရောက်ခဲ့ပြီး နိုင်ငံရေးအခြေ အနေအရပ်ရပ်အပေါ် သုံးသပ်ဆွေးနွေးခဲ့တာ၊ နိုင်ငံရဲ့ စီးပွားရေး၊ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေးကဏ္ဍ အသီးသီးအပေါ် ဆွေးနွေးညှိနှိုင်းအဖြေရှာခဲ့တာတွေ ကို မြင်တွေ့ရပါတယ်။ ဥပမာ - နိုင်ငံရဲ့ ဘဏ္ဍာနှစ် ပြောင်းလဲသတ်မှတ်နိုင်ဖို့၊ ကျေးလက်ကို အခြေခံတဲ့ စီးပွားရေးလုပ်ငန်းတွေ အလေးပေးဆောင်ရွက်ကြဖို့ နဲ့ အခွန်အခများ လျှော့ချနိုင်ဖို့စတဲ့ နိုင်ငံအတွက် အရေးကြီးတဲ့ ဆုံးဖြတ်ချက်တွေကို ချမှတ်ပေးခဲ့ပါ တယ်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယ ဥက္ကဋ္ဌ၊ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း တောင်သူလယ်သမား အခွင့်အရေးကာကွယ်ရေးနှင့် အကျိုးစီးပွားမြှင့်တင် ရေးဦးဆောင်အဖွဲ့ စုံညီအစည်းအဝေး (၁/၂၀၂၁)၊ နိုင်ငံအဆင့် ပင်လယ်ကမ်းရိုးတန်း သယံဇာတ စီမံအုပ်ချုပ်လုပ်ကိုင်မှုဗဟိုကော်မတီ ပထမအကြိမ် အစည်းအဝေး၊ အမျိုးသားမြေအသုံးချမှုကောင်စီ ပထမအကြိမ်အစည်းအဝေး၊ မြန်မာအထူးစီးပွားရေး ဇုန်ဆိုင်ရာ ဗဟိုအစည်းအဝေး(၁/၂၀၂၁)၊ အမျိုးသား ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး ဗဟိုကော်မတီ ပထမအကြိမ်အစည်းအဝေးများအပြင် ကိုဗစ် - ၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ စတုတ္ထနှင့် ပဉ္စမအကြိမ် လုပ်ငန်းညှိနှိုင်း အစည်း အဝေးတွေကို တက်ရောက်ပြီး ရောဂါကာကွယ် ထိန်းချုပ်ရေးလုပ်ငန်းဆိုင်ရာ ဆုံးဖြတ်ချက်တွေကို ဝန်ကြီးဌာနအလိုက် တာဝန်ရှိသူတွေ နဲ့အတူ ညှိနှိုင်း အဖြေရှာပေးနိုင်ခဲ့ပါတယ်။
နိုင်ငံတကာရေးရာ
နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ဇွန်လ အတွင်း အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီ (ICRC) ဥက္ကဋ္ဌ Mr.Peter Maurer ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့၊ ဘရူနိုင်းဒါရုဆလမ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးနဲ့ အာဆီယံအတွင်းရေးမှူး ချုပ်တို့ကို လက်ခံတွေ့ဆုံခဲ့ပြီး ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ဆေးရရှိရေးအတွက် အာဆီယံအဖွဲ့ရဲ့ ဆောင်ရွက်မှုတွေကို အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ ကြပါတယ်။
ဇွန် ၅ ရက်မှာ မြန်မာနိုင်ငံဆိုင်ရာ တရုတ် ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီးကို လက်ခံတွေ့ဆုံ ခဲ့ပြီး တရုတ်-အာဆီယံ ဆက်ဆံရေးနှစ် ၃၀ ပြည့် အခမ်းအနားနှင့် တရုတ်-မြန်မာချစ်ကြည်ရေးနဲ့ ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာများကို ဆွေးနွေး ခဲ့ပါတယ်။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ကို တရုတ်ပြည်သူ့သမ္မတနိုင်ငံ Phoenix ရုပ်သံ မီဒီယာက တွေ့ဆုံမေးမြန်းခဲ့ရာမှာလည်း လက်ရှိ နိုင်ငံရေးအခြေအနေ၊ နိုင်ငံတကာဆက်ဆံရေးနဲ့ အနာဂတ်နိုင်ငံ လူမှုစီးပွားမျှော်မှန်းချက်တွေကို ဖြေကြားခဲ့တာကိုလည်း မြင်တွေ့ရပါတယ်။
နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်က ဇွန်လ ၇ ရက်မှာ ကျင်းပခဲ့တဲ့ မိတ်ဖက်ဆက်ဆံရေး နှစ် ၃၀ ပြည့် အထိမ်းအမှတ် အာဆီယံ-တရုတ် နိုင်ငံခြားရေးဝန်ကြီးများ အထူးအစည်းအဝေးနဲ့ ဆက်စပ် အစည်းအဝေးတွေကို တက်ရောက်ဖို့ တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ သွားရောက်ခဲ့ပါတယ်။ ဒေသတွင်း ပူးပေါင်း ဆောင်ရွက်မှုတွေနဲ့ မြန်မာနိုင်ငံရဲ့ အခြေအနေ အရပ်ရပ်ကို အစည်းအဝေးများမှာ တင်ပြဆွေးနွေး ခဲ့တဲ့အပြင် တရုတ်နှင့် အာဆီယံဆိုင်ရာ နိုင်ငံတော် အဆင့် တာဝန်ရှိသူများနဲ့ တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခဲ့ပါတယ်။ ထူးခြားမှုအနေနဲ့ မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှုအထူးရန်ပုံငွေနဲ့ အကောင် အထည်ဖော်မယ့် စီမံကိန်းများအနက် မြန်မာနိုင်ငံ အတွက် အမေရိကန်ဒေါ်လာ ရှစ်သန်းကျော်တန်ဖိုးရှိ လူမှုစီးပွားဘဝများအတွက် စီမံကိန်း ၂၂ ခုကို အကောင်အထည်ဖော်နိုင်ဖို့ သဘောတူညီချက်များ ချမှတ်နိုင်ခဲ့ပါတယ်။
ဇွန်လအတွင်း ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးမြထွန်းဦးက (၁၅) ကြိမ်မြောက် အာဆီယံကာကွယ်ရေးဝန်ကြီးများ အစည်းအဝေးနဲ့ ဆက်စပ်အစည်းအဝေးတွေ၊ ရှစ်ကြိမ်မြောက် အာဆီယံအပေါင်း ကာကွယ်ရေးဝန်ကြီးများ အစည်းအဝေးတွေကို တက်ရောက်ခဲ့ပါတယ်။ အာရှနဲ့ ပစိဖိတ်ဒေသဆိုင်ရာ ရပ်ဝန်းနဲ့ပိုးလမ်းမ ပူးပေါင်းဆောင်ရွက်မှုနိုင်ငံများရဲ့ အဆင့်မြင့်ညီလာခံ ကို ဇွန် ၂၄ ရက်က ကျင်းပခဲ့ရာ နိုင်ငံခြားရေးဝန်ကြီးက ဗီဒီယိုကွန်ဖရင့်ဖြင့် တက်ရောက်ဆွေးနွေးခဲ့ပါတယ်။ ထို့အတူ (၁၁) ကြိမ်မြောက် အာဆီယံအပေါင်း အကြမ်းဖက်မှု တန်ပြန်တိုက်ဖျက်ရေးဆိုင်ရာ ကျွမ်းကျင်လုပ်ငန်း အဖွဲ့အစည်းအဝေးကို မြန်မာနိုင်ငံနဲ့ ရုရှားနိုင်ငံတို့က ဦးဆောင်ပြီး ဇွန် ၃၀ ရက်က ကျင်းပခဲ့ပါတယ်။
အာဆီယံ - ရုရှားလုံခြုံရေးဆိုင်ရာ အဆင့်မြင့် ဆွေးနွေးပွဲကို ဇွန်လ ၂၈ ရက်က ကျင်းပခဲ့ရာမှာ လည်း ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး တက်ရောက်ဆွေးနွေးခဲ့ပါ တယ်။ အာဆီယံကဏ္ဍအလိုက် အဖွဲ့အစည်းများနဲ့ ဆက်စပ်အဖွဲ့အစည်းတွေအကြား ဘေးအန္တရာယ် စီမံခန့်ခွဲရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲအဖြစ် (အာဆီယံ အဆင့်မြင့်ဥပဒေအရာရှိကြီးများ အစည်းအဝေး)ကို အလှည့်ကျဥက္ကဋ္ဌအနေနဲ့ ဒုတိယရှေ့နေချုပ်နဲ့ ကိုယ်စားလှယ်အဖွဲ့ တက်ရောက်ပြီး ပူးပေါင်းဆွေးနွေးခဲ့တာတွေအပြင် ဘင်္ဂလားဒေ့ရှ်နိုင်ငံကို နေရပ်စွန့်ခွာသွားခဲ့သူ ၇၂ ဦးမှာ မြန်မာနိုင်ငံသို့ ပြန်လည်ဝင်ရောက်လိုတဲ့ ကိစ္စရပ်ကို ဇွန်လ ၁၁ ရက်ကကျင်းပတဲ့ နိုင်ငံသား စိစစ်ရေးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး မှာ တာဝန်ရှိသူတွေက ညှိနှိုင်းဆောင်ရွက်ခဲ့ကြ ပါတယ်။
နိုင်ငံခြားရေးဝန်ကြီးဌာနက ဇွန်လအတွင်း သတင်းထုတ်ပြန်ချက်သုံးစောင်ကို ထုတ်ပြန်ခဲ့ပါ တယ်။ ဇွန်လ ၁၃ ရက် ရက်စွဲနဲ့ သတင်းထုတ်ပြန် ရာမှာ ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာ မဟာ မင်းကြီးက မြန်မာနိုင်ငံအရေးနဲ့စပ်လျဉ်းပြီး ဇွန် ၁၁ ရက် နေ့စွဲနဲ့ထုတ်ပြန်ခဲ့တဲ့ သတင်းထုတ်ပြန် ချက်အပေါ် မြန်မာနိုင်ငံအနေနဲ့ ပြင်းထန်စွာ ကန့်ကွက် ပယ်ချလိုက်တဲ့ တန်ပြန်သတင်း ထုတ်ပြန်ချက်ဖြစ်ပါတယ်။ ဇွန် ၁၅ ရက် ရက်စွဲနဲ့ သတင်းထုတ်ပြန်ချက်က ဇွန် ၁၃ ရက်မှာ ထုတ်ပြန်ခဲ့တဲ့ G7 ထိပ်သီးအစည်းအဝေး ကြေညာ ချက်မှာပါဝင်တဲ့ အတည်ပြုမရတဲ့ သတင်းရင်းမြစ် တွေကနေ ထွက်ပေါ်လာတဲ့ ဘက်လိုက်မှုရှိတဲ့ သတင်းမှားတွေကို အခြေခံပြီး မြန်မာ့ပြည်တွင်း နိုင်ငံရေး ကိစ္စရပ်တွေအပေါ် ထည့်သွင်းဖော်ပြတာ ကို ပြင်းပြင်းထန်ထန် ပြန်လည်ကန့်ကွက်ခဲ့တာ ဖြစ်ပါတယ်။ တတိယသတင်းထုတ်ပြန်ချက်ကို ဇွန်လ ၁၉ ရက်မှာ ထုတ်ပြန်ခဲ့ပြီး ကုလသမဂ္ဂ အထွေထွေညီလာခံသို့ လီချင်စတိန်းနိုင်ငံက တင်သွင်းတဲ့ The Situation in Myanmar အဆို မူကြမ်းနှင့်စပ်လျဉ်းပြီး မြန်မာနိုင်ငံအနေနဲ့ နိုင်ငံခြားရေးမူဝါဒနဲ့အညီ မိမိတို့နိုင်ငံရဲ့ အမျိုးသား အကျိုးစီးပွားအတွက် ဆက်လက်ဆောင်ရွက် သွားမယ်၊ နိုင်ငံတော်ရဲ့ အချုပ်အခြာအာဏာကို ထိခိုက်စေတဲ့ ပြည်တွင်းရေးဝင်ရောက်စွက်ဖက်မှု တွေကို လက်သင့်မခံကြောင်းကို ဖော်ပြပါရှိခဲ့ ပါတယ်။
(ဆက်လက်ဖော်ပြပါမည်)