နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ခြောက်လတာ ခရီးမှတ်တိုင်

 

ကနောင်

(ယမန်နေ့မှအဆက်)


ငြိမ်းချမ်းရေးနှင့်တရားဥပဒေစိုးမိုးရေး


ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးနှင့်    ထာဝရ ငြိမ်းချမ်းရေးအတွက် နိုင်ငံတစ်ဝန်းလုံး၌ နိုင်ငံတော် ကာကွယ်ရေးနှင့်     အုပ်ချုပ်မှုဆိုင်ရာကိစ္စရပ်များအပြင် နိုင်ငံတော်အစိုးရ၏ လုံခြုံရေးနှင့် အုပ်ချုပ် ရေးယန္တရားများအား နှောင့်ယှက်ထိပါးတိုက်ခိုက် ချိန်မှအပ တပ်မတော်၏  စစ်ရေးဆိုင်ရာကိစ္စရပ်များ ကို ဇူလိုင်လ ၁ ရက်မှ ၃၁ ရက်အထိနှင့်   ထပ်မံ၍ လည်း ဩဂုတ်လ ၁ ရက်မှ စက်တင်ဘာလ ၃၀ ရက် အထိ    ထပ်မံတိုးမြှင့်ရပ်ဆိုင်းပေးသွားမည်ဖြစ် ကြောင်း ဝမ်းမြောက်ဖွယ်သိရှိရပါသည်။


ပြည်ထောင်စုတရားသူကြီးချုပ် ဦးထွန်းထွန်း ဦးနှင့်   ပြည်ထောင်စုတရားလွှတ်တော်ချုပ် အထူး အယူခံခုံရုံးသည် ဇူလိုင်လ ၅ ရက်က တရားမအထူး အယူခံမှု လေးမှုကို ရုံးထိုင်ကြားနာခဲ့ပြီး လေးမှုကို စီရင်ချက်များ   ချမှတ်နိုင်ခဲ့ကြောင်း    သိရသည်။ ထို့အပြင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် ကြားနာစစ်ဆေးဆဲ   ပြစ်မှုဆိုင်ရာအမှုများကို ပိတ် သိမ်းခြင်းအမိန့်ကို ထုတ်ပြန်ခဲ့ပါသည်။ သက်ဆိုင်ရာ တရားရုံးများတွင် စွဲဆိုခံရသည့်  ပြစ်မှုဆိုင်ရာအမှု များကို ပိတ်သိမ်းပြီး တရားခံများအား အမှုမှလွှတ်ရ မည် ဟူ၍ပါရှိပြီး  အကျုံးဝင်သော အမှုအမျိုးအစား များကို  စနစ်တကျစိစစ်ခဲ့ပြီး အကျဉ်းသားအကျဉ်းသူ ၄၂၉၇ ဦး ကို သက်ဆိုင်ရာ အကျဉ်းထောင်အသီးသီးမှ ပြန်လွှတ်ပေးခဲ့သည်ကိုလည်း   မြင်တွေ့ရပါသည်။ 


ရွေးကောက်ပွဲကော်မရှင်၏ ဆောင်ရွက်ချက်များ


ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် ဇူလိုင်လ  ၅  ရက်က  ကချင်ပြည်နယ်  နောင်မွန်း၊ ခေါင်လန်ဖူး၊ ဆော့လော်၊ အင်ဂျန်းယန်နှင့် ဖားကန့် မြို့နယ်၊ ကရင်ပြည်နယ် ဖာပွန်မြို့နယ်တို့၏ မဲဆန္ဒရှင် စာရင်းများနှင့်   ဆန္ဒမဲလက်မှတ်များ    မြေပြင် အခြေအနေမှန်ကို   ဖော်ထုတ်ခဲ့သည်။ ဇူလိုင်လ ၆ ရက်တွင်   ကချင်ပြည်နယ်  မြို့နယ် ၁၈ မြို့နယ်၏ မဲစာရင်းများနှင့်    မဲပေးခဲ့မှုအခြေအနေများကို စစ်ဆေးဖော်ထုတ်ခဲ့သကဲ့သို့  ဇူလိုင်လ ၇ ရက်တွင် ကရင်ပြည်နယ် မြို့နယ် ခုနစ်မြို့နယ်၏ မဲပေးခဲ့မှု အခြေအနေများ   မြေပြင်စစ်ဆေးဖော်ထုတ်မှု ရလဒ်တို့ကို သတင်းထုတ်ပြန်ပေးခဲ့သည်။


ဇူလိုင်လ ၈ ရက်တွင် ပြည်ထောင်စုရွေးကောက် ပွဲကော်မရှင်က  သတင်းထုတ်ပြန်ချက်တစ်စောင် ထုတ်ပြန်ရာ၌  ၂၀၂၀  ပြည့်နှစ်  ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ    ကျင်းပခဲ့သည့်မြို့နယ် ၃၁၅ မြို့နယ်၏ မဲဆန္ဒရှင်စာရင်းများကို စစ်ဆေးခဲ့ ရာ မြို့နယ်တိုင်း၊ မဲရုံတိုင်း၌ မဲစာရင်းအရေအတွက် များပြားစွာမှားယွင်းလျက်ရှိပြီး ယင်းမှာ မတော် တဆ  အမှားမျိုးမဟုတ်သည့် ကြိုတင်ကြံစည်ထားရှိမှုဖြစ်ကြောင်း တွေ့ရှိခဲ့ရသည်။ ပွင့်လင်းမြင်သာစွာ မြေပြင်စစ်ဆေးဖော်ထုတ်ချက်များအရ မဲမသမာမှု ဖြစ်ပွားခဲ့သော  မဲစာရင်းတွေ့ရှိချက်မှာ ၁၁၃၀၅၃၉၀ (၂၉ ဒသမ ၅၄ ရာခိုင်နှုန်း) ဖြစ်ကြောင်း ထုတ်ပြန် နိုင်ခဲ့သည်။ ဇူလိုင်လ ၁၀ ရက်ကလည်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က  သတင်းထုတ်ပြန်ခဲ့ရာ၌ တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် နိုင်ငံသားစိစစ် ရေးကတ်ပြား မရှိခြင်း၊ သုံးကြိမ်အထက်၊ နှစ်ကြိမ် ခန့် မဲပေးခြင်း၊  အသက်  ၁၈  နှစ်အောက်နှင့် ၁၀၀ နှင့်အထက် မဲပေးထားခြင်းစသည့်  မဲမသမာမှုများ ကို တိကျသည့်စာရင်းဇယားများဖြင့်  ထုတ်ပြန်ခဲ့ သည်ကိုလည်း  မြင်တွေ့ရသည်။


ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် ဇူလိုင်လ ၂၃ ရက်တွင် ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်း ဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီးနှင့် မွန်ပြည် နယ်၊ ဇူလိုင်လ ၂၄  ရက်တွင် ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်နှင့် ဧရာဝတီ တိုင်းဒေသကြီး၊ ဇူလိုင်လ ၂၅ ရက်တွင် မန္တလေးတိုင်း ဒေသကြီး၊ ပြည်ထောင်စုနယ်မြေ၊ ရခိုင်ပြည်နယ်နှင့် ရန်ကုန်တိုင်းဒေသကြီးတို့၏ ရွေးကောက်ပွဲရလဒ် များနှင့် စပ်လျဉ်း၍ မြေပြင်အခြေအနေများအပေါ် ပွင့်လင်းမြင်သာစွာ သတင်းထုတ်ပြန်ခဲ့ပြီး ဇူလိုင်လ ၂၆ ရက်တွင် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌသည် ကြေညာချက်တစ်စောင်ကို ထုတ်ပြန်ခဲ့ သည်။ ယင်းကြေညာချက်တွင် ၂၀၂၀ ပြည့်နှစ်တွင် ကျင်းပသည့်    ပါတီစုံဒီမိုကရေစီ    အထွေထွေ ရွေးကောက်ပွဲသည် ဥပဒေများနှင့် ညီညွတ်ခြင်းမရှိ သည့်အပြင်   လွတ်လပ်၍   တရားမျှတမှု  မရှိသော ရွေးကောက်ပွဲဖြစ်ကြောင်း     စိစစ်တွေ့ရှိရသဖြင့် ရွေးကောက်ပွဲရလဒ်များကို    ပယ်ဖျက်ကြောင်း ကြေညာခဲ့သည်။


မိမိအိမ်မှာသာ နေထိုင်ရေးအစီအစဉ်


ပဲခူးနှင့်   မန္တလေးတိုင်းဒေသကြီး  မြို့နယ် ၉ မြို့နယ်ကို ဇူလိုင်လ ၁ ရက်ကလည်းကောင်း၊ ဇူလိုင် လ ၂ ရက်က စစ်ကိုင်းတိုင်းဒေသကြီး ဟုမ္မလင်းမြို့ နယ်၊  မန္တလေးတိုင်းဒေသကြီး   ပြင်ဦးလွင်မြို့နယ်၊ ရှမ်းပြည်နယ်   နောင်ချိုမြို့နယ်တို့ကို လည်းကောင်း၊ ဇူလိုင်လ ၃  ရက်က  ဧရာဝတီတိုင်းဒေသကြီးမှ မြို့နယ် ၃ မြို့နယ်ကိုလည်းကောင်း၊ ဇူလိုင်လ ၆ ရက် က ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ရှိ မြို့နယ် ၂ မြို့နယ်နှင့် ပဲခူးတိုင်းဒေသကြီး မြို့နယ် ၃ မြို့နယ် တို့ကို လည်းကောင်း၊  ဇူလိုင်လ  ၇  ရက်က မကွေး တိုင်းဒေသကြီး၊ မွန်ပြည်နယ်နှင့် ရန်ကုန်တိုင်းဒေသ ကြီးတို့ရှိ မြို့နယ် ၁၄ မြို့နယ်အား လည်းကောင်း၊ ဇူလိုင်လ ၁၁ ရက်က ပဲခူးတိုင်းဒေသကြီးနှင့် ရန်ကုန် တိုင်းဒေသကြီးအတွင်းရှိ မြို့နယ် ၁၈ မြို့နယ်အား လည်းကောင်း၊  ကချင်ပြည်နယ်၊  ကရင်ပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး၊   မကွေးတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်နှင့်   ဧရာဝတီတိုင်းဒေသကြီးတို့ရှိ မြို့နယ် ၁၁ မြို့နယ်၊   ဇူလိုင်လ   ၂၅  ရက်တွင် နေပြည်တော်၊ မကွေးတိုင်းဒေသကြီးနှင့် ရှမ်းပြည် နယ်အတွင်းမှ မြို့နယ် ၇ မြို့နယ်၊ ဇူလိုင်လ ၂၇ ရက် တွင် ပဲခူး၊  မန္တလေးနှင့်   ဧရာဝတီတိုင်းဒေသ ကြီးအတွင်းမှ မြို့နယ် ၅ မြို့နယ်၊ ဇူလိုင်လ ၃၀ ရက် တွင်  ပဲခူးနှင့်    မန္တလေးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ် ၁၀ မြို့နယ်တို့ကိုလည်း   နေအိမ်တွင်နေထိုင် ရေး   အစီအစဉ်အကျုံးဝင်ကြောင်း  ကြေညာခဲ့ပါ သည်။


ကိုဗစ် - ၁၉   တတိယလှိုင်းကို  အစိုးရနှင့်ပြည်သူ ပူးပေါင်းတွန်းလှန်


ဗဟိုအဆင့်အပါအဝင်     တိုင်းဒေသကြီးနှင့် ပြည်နယ်များ   အသီးသီးတို့တွင် ကိုဗစ် - ၁၉ ရောဂါ ထိန်းချုပ်ရေးနှင့်  အရေးပေါ်တုံ့ပြန်ရေးကော်မတီ ညှိနှိုင်းစည်းဝေးမှုများ၊   ကွင်းဆင်းဆောင်ရွက်မှုများ၊ ပြန်လည်သုံးသပ်ဆွေးနွေးခြင်းများကို အရှိန်အဟုန် ဖြင့် ဆောင်ရွက်နေပြီး ဆေးရုံများတွင် လူနာများ အတွက်ပြင်ဆင်ခြင်း၊    ရောဂါဖော်ထုတ်ခြင်းနှင့် ကာကွယ်ရေးပစ္စည်းများဖြန့်ဝေခြင်းကို    ဇူလိုင်လ ပထမပတ်နှင့်  ဒုတိယအပတ်တို့တွင်   အများအပြား ဆောင်ရွက်ခဲ့သည်ကိုလည်း    မြင်တွေ့ရပါသည်။ ကိုဗစ်-၁၉ ကာကွယ်၊  ထိန်းချုပ်၊  ကုသရေးဆိုင်ရာ ကျန်းမာရေးအထောက်အကူပြုပစ္စည်းများကို သွင်း ကုန် လိုင်စင်လျှောက်ထားခြင်း ယာယီကင်းလွတ်ခွင့် ပြုပေးခြင်းနှင့်  နယ်စပ်ကုန်သွယ်ရေး  စခန်းများကို  ပိတ်ရက်မရှိ ဖွင့်လှစ်ဆောင်ရွက်ပေးလျက်ရှိပါသည်။                                    
တစ်နိုင်ငံလုံးအတိုင်းအတာဖြင့်  ကိုဗစ် - ၁၉ တတိယလှိုင်း  စတင်မြင့်တက်လာသည့်  ဇူလိုင်လ ၁၂ ရက်မှ ၃၁ ရက်အထိ ယာဉ်အစီးရေ ၇၄၉ စီးဖြင့် အောက်ဆီဂျင်အရည် ၇၂၇ တန်၊  အောက်ဆီဂျင် အရည်(အိုး) ၅၆၇ တန်၊   အောက်ဆီဂျင်ဓာတ်ငွေ့အိုး ဖြင့် ၁၁၄ တန်၊ အိမ်သုံး အောက်ဆီဂျင်စက် ၆၉၁၄၆ ခု၊ Test Kit ၃၂၂၈၇၈ ခု၊ နှာခေါင်းစည်း Mask ၁၁၀၄ တန်၊ အောက်ဆီဂျင် Plant ရှစ်ခု၊ အောက်ဆီဂျင် ဂျင်နရေတာ  ၁၁  ခု၊  ဆေးရုံသုံး  အောက်ဆီဂျင် ဖြည့်စက်လေးခုတို့ကို တင်သွင်းခွင့်ပြုနိုင်ခဲ့သည်။


တပ်မတော်ဆေးရုံများနှင့် ယာယီအရေးပေါ် ဆေးရုံများ၌ ဖေဖော်ဝါရီလ ၅ ရက်မှ ဇူလိုင်လ ၃၁ ရက်အထိ   ပြင်ပလူနာပေါင်း  ၂၇၆၁၈၁  ဦးနှင့် အတွင်းလူနာပေါင်း  ၈၀၇၁၈ ဦးကို ကုသပေးနိုင်ခဲ့ပြီ ဖြစ်သည်ကိုလည်း သိရှိရသည်။ ထို့ပြင် ဆေးကုသ ရန်ခက်ခဲသည့် ပြည်သူ့ဆေးရုံနှင့် တိုက်နယ်ဆေးရုံ များတွင်လည်း တပ်မတော်သားသမားတော်ကြီး များ၊ ဆရာဝန်များနှင့် သူနာပြုများက ကျန်းမာရေး စောင့်ရှောက်မှုများ ဖြည့်ဆည်းပေးလျက်ရှိသည်ကို လည်း မြင်တွေ့ရပါသည်။ 
တစ်ကျော့ပြန်တွေ့ကြုံလာသည့်  ကိုဗစ် - ၁၉ ရောဂါကူးစက်မှုများပြားသော  တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ စေတနာ့ဝန်ထမ်းများ၊ ပရဟိတအဖွဲ့ အစည်းများနှင့်   တွေ့ဆုံ၍     ရောဂါကာကွယ်၊ ထိန်းချုပ်၊ တုံ့ပြန်ဆောင်ရွက်ရေးအစီအမံများကိုလည်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထဲရေးဝန်ကြီး ဌာနတို့မှ တာဝန်ရှိသူများက ညှိနှိုင်းဆောင်ရွက်နေ သည်ကိုလည်း ဇူလိုင်လအတွင်း  မြင်တွေ့ရသည်။


ထို့အတူ ကိုဗစ်ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသ ရေး လုပ်ငန်းများပြုလုပ်ရာတွင် လိုအပ်သည့် ရောဂါ ကာကွယ်ရေးပစ္စည်းများ၊   ဆေးဝါးနှင့်   အသုံး အဆောင်များ၊ စားသောက်ဖွယ်ရာနှင့် လိုအပ်သည့် ပစ္စည်းများကို ဆေးရုံ၊ ဆေးခန်းများ၊ ကွာရန်တင်းစင် တာနှင့်  ကိုဗစ်ကုသရေးစင်တာများသို့  တိုက်ရိုက် လှူဒါန်းကြစေဖို့လည်း ကိုဗစ် - ၁၉ ထိန်းချုပ်ရေး နှင့်   အရေးပေါ်တုန့်ပြန်ရေးကော်မတီက  အသိပေး နှိုးဆော်ထားပါသည်။


ကျောင်းများ ယာယီပိတ်


မျိုးရိုးဗီဇပြောင်းလဲလာသော ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှုများပြားလာသဖြင့်     အခြေခံပညာ ကျောင်းများ(ပုဂ္ဂလိကနှင့်  ဘုန်းတော်ကြီးသင်ပညာ ရေးကျောင်းများအပါအဝင်)ကို  ဇူလိုင်လ ၉ ရက်မှ ၂၃ ရက်အထိ ယာယီပိတ်ထားခဲ့ပြီး ထပ်တိုးအဖြစ် ဩဂုတ်လ ၈ ရက်အထိ ဆက်လက်တိုးမြှင့်၍ ယာယီ ပိတ်ထားခဲ့သည်။ ထို့အတူ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီသည်      ကမ္ဘာ့ကပ်ရောဂါကူးစက်မှုကို ထိရောက်စွာ  ကာကွယ်၊   ထိန်းချုပ်၊   ကုသနိုင်ရေး အတွက် ပိတ်ရက်များနှင့် တစ်ဆက်တစ်စပ်တည်း ဇူလိုင်လ ၁၇ ရက်မှ ၂၅ ရက်အထိအား အများပြည်သူ အလုပ်ပိတ်ရက်ရှည်အဖြစ် ကြေညာခဲ့ပြီး ဇူလိုင်လ ၂၆ ရက်မှ ဩဂုတ်လ ၁ ရက်အထိကိုလည်း အများ ပြည်သူရုံးပိတ်ရက်အဖြစ် တိုးမြှင့်သတ်မှတ်ခဲ့သည်။ ကိုဗစ် - ၁၉   ကာကွယ်၊   ထိန်းချုပ်၊   ကုသရေးဗဟို ကော်မတီက  ပိတ်ရက်ကာလများအတွင်း   ရောဂါ ကူးစက်မှုကို ထိရောက်စွာ  နှိမ်နင်းနိုင်ရေးအတွက် နေအိမ်တွင် နေထိုင်ရေးအပါအဝင်  အခြားစည်းကမ်း ချက်များကို ထုတ်ပြန်ခဲ့ပါသည်။
ဖြေလျှော့ပေး
အစိုးရရုံးပိတ်ရက်များအတွင်း    ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ ပစ္စည်းများကို လေကြောင်းလိုင်းများ၊ ပင်လယ်ရေကြောင်းဆိပ်ကမ်းများနှင့် နယ်စပ်ကုန်သွယ်ရေးစခန်းများဖြစ် သည့် မြဝတီ၊ တာချီလိတ်၊ ချင်းရွှေဟော်ကုန်သွယ် ရေးစခန်းများမှ  အောက်ဆီဂျင်အရည်များ၊  အရည် ပါဝင်သည့်      ဆလင်ဒါအိုးများ၊   အိုးအလွတ်များ၊   အိမ်သုံး အောက်ဆီဂျင်စက်များ၊   ကိုဗစ် Test Kit များနှင့် Mask  များကို    ဆက်တိုက်တင်သွင်းခွင့် အမြန်ဆုံး ရရှိရန်အတွက်  လုပ်ထုံးလုပ်နည်းများကို   ဖြေလျှော့ ပေးခဲ့သည်ကိုလည်း  မြင်တွေ့ရသည်။ 


အောက်ဆီဂျင်လိုအပ်ချက်     ပြည့်မီစေရေး အတွက် မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း၊ မင်းဓမ္မ အောက်ဆီဂျင်ဓာတ်ငွေ့စက်ရုံမှ     တစ်ရက်လျှင် အောက်ဆီဂျင်ကုဗပေ ၁၄၉၀၀၀ ကျော်နှင့် မြောင်း တကာ အောက်ဆီဂျင်ဓာတ်ငွေ့စက်ရုံမှ တစ်ရက် လျှင် အောက်ဆီဂျင် ကုဗပေ ၁၂၀၀၀ ကို နေ့စဉ် ထုတ်လုပ်ဖြန့်ဖြူးခြင်း၊ နေပြည်တော် ပြည်သူ့ဆေးရုံ ကြီး ခုတင် ၁၀၀၀ နှင့် ပြည်သူ့ဆေးရုံခုတင် ၃၀၀၊ တပ်မတော်သားဖွားမီးယပ်နှင့်     ကလေးဆေးရုံ ခုတင် ၃၀၀ တို့တွင်လည်း အောက်ဆီဂျင်ထုတ်လုပ် နိုင်မည့် Plant များ တပ်ဆင်ထုတ်လုပ်လျက်ရှိသည် ကိုလည်း မြင်တွေ့ရပါသည်။


ကုသရေးဦးစီးဌာနရှိ ဆေးရုံများနှင့် ကိုဗစ် - ၁၉ ရောဂါကုသရေးဌာနများတွင်    လက်ထောက် ဆရာဝန်များကို စာချုပ်စနစ်ဖြင့်  ခန့်ထားနိုင်ရန်နှင့် သူနာပြု၊ သားဖွားများကိုလည်း ကန်ထရိုက်စနစ်ဖြင့် ခန့်ထားနိုင်ရေးအတွက် လျှောက်လွှာများကို ဇူလိုင် လ ၁၃ ရက်က    စတင်ခေါ်ယူခဲ့ပြီး    ကျန်းမာရေး စောင့်ရှောက်မှုအတွက်    အားဖြည့်ဆောင်ရွက်ခဲ့ပါ သည်။
ကောလ်စင်တာဖုန်းနံပါတ်များ
ကျန်းမာရေးနှင့်   အားကစားဝန်ကြီးဌာနသည် ကိုဗစ် - ၁၉ ရောဂါဆိုင်ရာ  ကျန်းမာရေးအသိပညာ များ၊  လိုက်နာဆောင်ရွက်ရန်နှင့်    ပတ်သက်၍ ပြည်သူများ    သိရှိလိုသည်များကို   အချိန်နှင့် တစ်ပြေးညီ ဖြေကြားနိုင်ရေးအတွက် ဇွန်လကုန်မှ စတင်၍  နေ့စဉ်   နံနက် ၈ နာရီမှ ည ၉ နာရီအထိ ကောလ်စင်တာဖုန်းနံပါတ်များသို့ ဆက်သွယ်နိုင် ရေး စီစဉ်ဆောင်ရွက်ပေးနိုင်ခဲ့သည့်အပြင် ကိုဗစ်- ၁၉ ရောဂါ   ရှာဖွေရေးလုပ်ငန်းခွင့်ပြုထားသည့် ပုဂ္ဂလိကဆေးရုံနှင့်  ဓာတ်ခွဲများကို အများပြည်သူ အဆင်ပြေလွယ်ကူစေရန်   ခွင့်ပြုဆောင်ရွက်ပေးခဲ့ သည်ကို မြင်တွေ့ရသည်။
ဇူလိုင်လလယ်ခန့်မှစတင်၍   နေပြည်တော် ကောင်စီနယ်မြေနှင့်  တိုင်းဒေသကြီး၊   ပြည်နယ် အသီးသီးရှိ မြို့များတွင်  အောက်ဆီဂျင် Plant များ အမြန်ဆုံးတည်ဆောက်  လည်ပတ်နိုင်ရေးအတွက် ကြိုးပမ်းလျက်ရှိသည်ကိုလည်း       မြင်တွေ့ရပြီး  မြို့နယ်အသီးသီးတွင်    ကွာရန်တင်းစင်တာများ၊ ကိုဗစ်ကုသရေးနှင့်  စောင့်ကြည့်ရေးစင်တာများကို ကြိုတင်ပြင်ဆင်ရေး၊   လူနာများလက်ခံကုသရေး တို့ကိုလည်း ဇူလိုင်လအတွင်း ဖွင့်လှစ်နိုင်ခဲ့ပြီး Mask ဖြန့်ဝေခြင်းမှသည်၊         ကိုဗစ်သံသယလူနာများ စစ်ဆေးအတည်ပြုခြင်း၊ ကျန်းမာရေးစောင့်ရှောက်မှု ကို မြို့နယ်၊ ရပ်ကွက်၊ ကျေးရွာအလိုက် အဆင့်ဆင့် ဆက်သွယ်ချိတ်ဆက်၍  လူနာများကို   ကယ်တင် ကုသပေးခြင်းနှင့် လိုအပ်သည့် မြို့နယ်များအတွက် အောက်ဆီဂျင်အိုးများ ဖြန့်ဝေလှူဒါန်းခြင်းကိုလည်း ဆောင်ရွက်ပေးလျက်ရှိသည်ကို   မြင်တွေ့ရမည်ဖြစ် ပါသည်။


ကိုဗစ်-၁၉ ကာကွယ်ဆေးရောက်ရှိ


ဇူလိုင်လ ၂၀ ရက်က ကိုဗစ် - ၁၉ ရောဂါကုသရန် အတွက်  National  Strategic  Investment Corporation (NSIC) မှ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသို့ လှူဒါန်းသည့်  Remdesivir ကုသဆေး အလုံးပေါင်း  ၃၀၀၀၀  ခန့်သည်  အိန္ဒိယနိုင်ငံမှ တစ်ဆင့် တပ်မတော်လေယာဉ်ဖြင့် ရောက်ရှိလာခဲ့ပြီ ဖြစ်ပါသည်။ ထို့အတူ တရုတ်ပြည်သူသမ္မတနိုင်ငံမှ မြန်မာနိုင်ငံသို့လှူဒါန်းသည့် Sinopharm ကုမ္ပဏီ ထုတ် ကိုဗစ် - ၁၉    ရောဂါကာကွယ်ဆေး  Dose ၇၃၆၀၀၀   နှင့်စပ်ဆက်ပစ္စည်းများ    ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်သို့  ဇူလိုင်လ ၂၂ ရက် တွင် စတင်ရောက်ရှိခဲ့ပြီး ဇူလိုင်လ  ၂၃  ရက်တွင် မြန်မာနိုင်ငံမှ    ဝယ်ယူထားသည့်   ကာကွယ်ဆေး တစ်သန်း၊ တရုတ်နိုင်ငံမှ မြန်မာနိုင်ငံသို့ လှူဒါန်းပေး သည့် ကာကွယ်ဆေး ၅၂၈၀၀၀ ၊ ဇူလိုင်လ ၂၄ ရက် တွင်   တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ   လှူဒါန်းသည့် ကာကွယ်ဆေး နှစ်သန်းအနက်မှ တတိယအသုတ် အဖြစ် ကာကွယ်ဆေး ၇၃၆၀၀၀ နှင့် ဆေးထိုးအပ် များ ထပ်မံရောက်ရှိလာခဲ့ပါသည်။


ကာကွယ်ဆေးထိုး


တရုတ်နိုင်ငံမှ  လှူဒါန်းသည့်    Sinopharm ကာကွယ်ဆေးနှစ်သန်း၊ မြန်မာနိုင်ငံက ဝယ်ယူထား သည့် Sinovac  ကာကွယ်ဆေး   နှစ်သန်းအနက် တစ်သန်းရောက်ရှိနေပြီဖြစ်ခြင်းကြောင့်  လူဦးရေ သုံးသန်းအား  ဦးတည်လူအုပ်စုများ   မြန်မာနိုင်ငံ တစ်ဝန်းလုံးသို့ အမြန်ဆုံးရောက်ရှိ၍ ပြည်သူများကို ကာကွယ်ဆေးအမြန်ဆုံးလွှမ်းခြုံနိုင်အောင် ဆောင် ရွက်နေကြပြီဖြစ်သည်ကိုလည်း   အားရဖွယ်မြင် တွေ့ရပါသည်။ ဇူလိုင်လ ၂၆ ရက်မှ စတင်၍ အသက် ၆၅ နှစ်အထက် သက်ကြီးရွယ်အိုများ၊ ကျန်းမာရေး ဝန်ထမ်း၊ အခြားဝန်ထမ်းနှင့် ပုဂ္ဂလိကကျန်းမာရေး ဝန်ထမ်းများ၊   ရဟန်းသံဃာ၊   သီလရှင်များနှင့် ဘာသာရေးအဖွဲ့အစည်းများ၊  လူအိုရုံများ၊  ဘဏ် လုပ်ငန်းများ၊   စေတနာရှင်   ပရဟိတလုပ်အားရှင် များ၊    အကျဉ်းသားများစသည်ဖြင့်   ဦးစားပေး သတ်မှတ်ကာ   ကာကွယ်ဆေးများ   ထိုးနှံပေးနေပြီ ဖြစ်ပါသည်။


 (ဆက်လက်ဖော်ပြပါမည်)