နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ခြောက်လတာ ခရီးမှတ်တိုင်

 

ကနောင်

ဇူလိုင်လကုန် နံနက်ခင်းသည်  မိုးစက်ပွင့်တို့ဖြင့် အလှဆင်ထားသည်။ ရပ်ကွက်ရုံးအချို့၊ စုရပ်အချို့တွင် အသက် ၆၅ နှစ်အထက် အဘိုးအဘွားတို့က စောင့်ဆိုင်းနေကြပြီ။ အများအကျိုး၊ နိုင်ငံ့အကျိုး၊ ရပ်ရွာအကျိုး အတွက် စေတနာထား ထမ်းရွက်ကြသည့် နိုင်ငံ့ဝန်ထမ်းများ၊ ကျန်းမာရေးဝန်ထမ်းများနှင့်  စေတနာ့ဝန်ထမ်းများ၊ ရဟန်း၊   သီလရှင်၊ ဘာသာရေးအသီးသီးမှ  ပုဂ္ဂိုလ်များကလည်း ရောက်ရှိနေကြသည်။   “ခါးလေး ထောက်ပေးပါ ခင်ဗျာ”ဟူသော   ကာကွယ်ဆေးထိုးနှံပေးသည့် ကျန်းမာရေးဝန်ထမ်း၏ စကားအဆုံးတွင်  အဘိုးအဘွားတို့  ငြိမ်သက်စွာ ကာကွယ်ဆေးထိုးနှံရန် အသင့်ဖြစ်နေကြပါပြီ။ 
 

ကမ္ဘာ့ကပ်ရောဂါ ကိုဗစ် - ၁၉ ကို အခြားသော နိုင်ငံများနည်းတူ မိမိတို့နိုင်ငံတွင် တွေ့ကြုံခံစားနေ ကြရသည်။ ဇူလိုင်လသည် နိုင်ငံတော်စီမံအုပ်ချုပ် ရေးတာဝန်ယူထားသည့် ခြောက်လပြည့်မြောက်သည့်လဖြစ်သကဲ့သို့    ပြည်သူအားလုံးအတွက် ကိုဗစ်-၁၉ တတိယလှိုင်း ပြင်းပြင်းထန်ထန် အရိုက် ခတ်ခံခဲ့ရသည့်       လတစ်လလည်းဖြစ်ပါသည်။ နိုင်ငံတော်အစိုးရက ပြည်သူအတွက် ကျန်းမာရေးစောင့်ရှောက်မှုများကို တတ်စွမ်းသမျှ   ဖြည့်ဆည်း ပေးလျက်ရှိသည်ကိုလည်း မြင်တွေ့ရပါသည်။


CDM ကြောင့် ကျန်းမာရေးဝန်ထမ်းအင်အား နည်းပါးချိန်   ရှိသမျှအင်အားကို    စုစည်းကာ တပ်မတော်ဆေးဝန်ထမ်းတပ်ဖွဲ့၊ ပရဟိတစေတနာ ရှင် လုပ်အားရှင်များက  ကိုဗစ် - ၁၉   ရောဂါကို ရှေ့တန်းမှ စုပေါင်းကာကွယ်ပေးလျက်ရှိကြသည်။ နိုင်ငံတော်ကလည်း ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအတွက်  ဇူလိုင်လတစ်လတည်းမှာပင် ညှိနှိုင်းအစည်းအဝေးပေါင်း ငါးကြိမ်နှင့် နိုင်ငံတကာ နှင့် ပူးပေါင်းဆောင်ရွက်နိုင်ရန်    အစည်းအဝေး တစ်ကြိမ်တို့ဖြင့်   အရေးကြီးသည့်    မူဝါဒများ ချမှတ်ခြင်း၊ ချက်ချင်းအကောင်အထည်ဖော်ရန်နှင့် ဆုံးဖြတ်ချက်များချမှတ်ရန်   ပွင့်လင်းမြင်သာစွာ ဆွေးနွေးတိုင်ပင်ခဲ့ကြသည်။ ရုံးများ၊ ကျောင်းများကို အချိန်မီပိတ်ထားလိုက်ခြင်း၊ အောက်ဆီဂျင်လိုအပ် ချက်ကို နည်းလမ်းပေါင်းစုံဖြင့် ဖြည့်တင်းပေးခြင်း၊ စောင့်ကြပ်ကြည့်ရှုခြင်း၊ ရောဂါကုသခြင်းစသည် တို့အတွက် ကွာရန်တင်းစင်တာများ၊ ကိုဗစ်စင်တာ များကို ရက်ပိုင်းအတွင်း  အမြန်ဆုံးတိုးချဲ့ဖွင့်လှစ် ခြင်း၊ ရောဂါထပ်မံကူးစက်ပြန့်ပွားမှုကို   ထိန်းချုပ် နိုင်မည့် အရေးကြီးဆုံး လုပ်ဆောင်ချက်ဖြစ်သည့် ပြည်သူလူထုကို  ကာကွယ်ဆေး     အမြန်ဆုံးထိုးနှံ လွှမ်းခြုံနိုင်ရေး    စသည့်လုပ်ဆောင်ချက်များကို တစ်လတာအတွင်း        အင်တိုက်အားတိုက် ဆောင်ရွက်ပေးခဲ့သည်ကို မြင်တွေ့ရပါသည်။


နိုင်ငံတော်အကြီးအကဲ၏ 
တာဝန်ယူဆောင်ရွက်ချက်များ


နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ  ဥက္ကဋ္ဌ          ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဇူလိုင်  ၃ ရက် တွင် ကျရောက်သည့်    မြန်မာအမျိုးသမီးများနေ့ အထိမ်းအမှတ်အခမ်းအနားသို့ Video  Message ဖြင့် အမှာစကားပေးပို့ခဲ့ပြီး မြန်မာအမျိုးသမီးများ၏ အစွမ်းအစကို မြှင့်တင်နိုင်စေရေးနှင့် မျိုးဆက်သစ် မြန်မာအမျိုးသမီးများ၏ ဘဝလုံခြုံရေးနှင့် စွမ်းရည် မြင့်မားရေးအတွက်   အားလုံးဝိုင်းဝန်း ကြိုးပမ်း ကြစေရေး တိုက်တွန်းခဲ့ပါသည်။ 


ဇူလိုင်  ၉ ရက်က ကျင်းပသည့် ပထမအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ဆိုင်ရာ  ညှိနှိုင်းအစည်းအဝေး၌     နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌတက်ရောက်၍ အမှာ စကားပြောကြားရာတွင် ကျန်းမာရေးအသိပညာ ပေးလုပ်ငန်းများမြှင့်တင်ရန်၊  ကုသခြင်း၊  ရောဂါ ကာကွယ်ခြင်းတို့ကို အင်တိုက်အားတိုက်  ဆောင် ရွက်ရန်နှင့် လူမှုရေးအသင်းအဖွဲ့၊  ပရဟိတစိတ် ရှိသူများနှင့်   ပူးပေါင်းအကောင်အထည်ဖော်ရန် တို့ကို မှာကြားဆွေးနွေးခဲ့ပါသည်။ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာနှင့်ပတ်သက်၍ ဘဏ္ဍာ ငွေသုံးစွဲရာတွင်   ကန့်သတ်ချက်ထားခြင်းမရှိဘဲ ဆောင်ရွက်မည်ဖြစ်ကြောင်း၊ ရောဂါဖြစ်ပွားနေသူ များအတွက် အောက်ဆီဂျင်လိုအပ်ချက် ဖြည့်ဆည်း ရန်၊ ဆေးရုံသို့အချိန်မီရောက်ရှိရန်နှင့် ကာကွယ် ဆေးထိုးခြင်းလုပ်ငန်းများ ထိရောက်စွာ အမြန်ဆုံးအကောင်အထည်ဖော်ရေးတို့ကို  ညှိနှိုင်းဆွေးနွေး ခဲ့ကြပါသည်။


ဒုတိယအကြိမ်မြောက်   ကိုဗစ် - ၁၉    ရောဂါ ကာကွယ်၊ ထိန်းချုပ်၊  ကုသရေးဆိုင်ရာ  ညှိနှိုင်း အစည်းအဝေးကို ဇူလိုင်  ၁၂ ရက်တွင်   ထပ်မံ ကျင်းပခဲ့ပြီး         ရောဂါကူးစက်မှုသံသယရှိပါက အဆင့်ဆင့်ဆက်သွယ်ဆောင်ရွက်ရန်   အစီအမံ များကို ပြည်သူလူထုအကြား   နားလည်သဘော ပေါက်စေရေး၊ ကျန်းမာရေးနှင့်လျော်ညီသည့်နေရာ များတွင် သီးသန့်နေထိုင်ကြရေးနှင့် အောက်ဆီဂျင် လိုအပ်မှု၊ ဖြည့်တင်းပေးနေမှုနှင့်   ပြည်သူလူထု ကျန်းမာရေးစောင့်ရှောက်မှု လိုအပ်ချက်ပြည့်မီရေး အစီအမံများ ချမှတ်ရေးဆွဲနိုင်ခဲ့ပါသည်။


တတိယအကြိမ်မြောက် ကိုဗစ်-၁၉   ရောဂါ ကာကွယ်၊ ထိန်းချုပ်၊   ကုသရေးဆိုင်ရာ   ညှိနှိုင်း အစည်းအဝေးကို ဇူလိုင်   ၁၈ ရက်တွင် ကျင်းပ ခဲ့ရာ၌လည်း   နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ     ဗိုလ်ချုပ်မှူးကြီး      မင်းအောင်လှိုင်က တပ်မတော်နှင့်  အရပ်ဘက်ဆေးရုံများ၊   နေရာ ဌာနများ၌ လူဦးရေ ၆၉၀၀၀ ကျော်အတွက် စင်တာ ၁၉၃၄ နေရာခန့် ပြင်ဆင်ထားရှိပြီး ပိုးတွေ့လူနာ များနှင့်ပတ်သက်ပြီး နေရာပေါင်း ၁၁၁၄  နေရာ တွင် လူဦးရေ ၄၆၀၀၀ ထားရှိနိုင်ရန်  ပြင်ဆင်ထားပြီး ဖြစ်ကြောင်းနှင့် လူစုလူဝေးပြုလုပ်မှု၊    လူအများ စုရုံးနေမှု  လျော့နည်းလာသည်ကို မြင်တွေ့ရသဖြင့် သတ်မှတ်စည်းကမ်းများ လိုက်နာကြသည့်အတွက် ပြည်သူလူထုကို ကျေးဇူးတင်ရှိကြောင်းပြောကြားသည်။ ထို့နောက် ကိုဗစ်တတိယလှိုင်းကို ရင်ဆိုင် ကျော်ဖြတ်နိုင်ရေး၊    ကူးစက်မှုလျော့ကျနိုင်ရေး၊ ကျန်းမာရေးအပါအဝင် ပြည်သူ့ဝန်ထမ်းများ ရောဂါ ကူးစက်မှုမဖြစ်ပွားစေရေး၊          ပြည်သူလူထုသို့ ကျန်းမာရေးအသိပညာများကို ထိထိရောက်ရောက် ဖြန့်ကြက်ရောက်ရှိစေရေး၊      ဝေးလံခေါင်ဖျား ဒေသများအထိ  ကျန်းမာရေးစောင့်ရှောက်မှုနှင့် အောက်ဆီဂျင်၊ ဆေးဝါးလိုအပ်ချက်တို့ကို ဖြည့်ဆည်း ပေးနိုင်ရေးအပါအဝင်          ပြည်သူများကလည်း  ပူးပေါင်းပါဝင်ကြဖို့  လိုအပ်ကြောင်း   ထည့်သွင်း ညှိနှိုင်းဆွေးနွေးခဲ့ကြပါသည်။


စတုတ္ထအကြိမ်မြောက်   ကျင်းပသည့်   ကိုဗစ်- ၁၉   ရောဂါ   ကာကွယ်၊      ထိန်းချုပ်၊    ကုသရေး ဆိုင်ရာ       ညှိနှိုင်းအစည်းအဝေးကို        ဇူလိုင်  ၂၃   ရက်က   ကျင်းပခဲ့သည်။      အခမ်းအနားတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ      ဥက္ကဋ္ဌက     “တစ်ဖက်က ကျန်းမာရေးဆိုင်ရာ   ပုဂ္ဂိုလ်တချို့က လည်း CDM လုပ်ထားတဲ့အတွက်ကြောင့်   မလာကြ ဘူး။  ကျွန်တော်လည်း    အကြိမ်ကြိမ်အခါခါ   ဖိတ်ခေါ်တယ်။  ခင်ဗျားတို့လာကြပါ။     ဒါလူမှုရေး ကိစ္စဖြစ်တယ်၊ နိုင်ငံ့အရေးကိစ္စဖြစ်တယ်၊  အမျိုး သားရေး ကိစ္စဖြစ်တယ်၊ ကူညီရအောင်ပြောတယ်၊ တချို့လည်း  လာကြတာရှိတယ်၊     တချို့လည်း အကြောင်းအမျိုးမျိုးကြောင့် မလာနိုင်တာလည်း   ရှိပါတယ်၊ ကျွန်တော်ထပ်ပြီး မေတ္တာရပ်ခံပါတယ်…ဒီဟာနဲ့ပတ်သက်ပြီးတော့  ကျန်းမာရေးဆိုင်ရာ    ပုဂ္ဂိုလ်အားလုံး  တစ်နိုင်ငံလုံး ပူးပေါင်းဆောင်ရွက် ကြဖို့ ပြောလိုပါတယ်” ဟု   ပြောကြားခဲ့သည်ကို    တွေ့ရပါသည်။   လူမှုရေးအဖွဲ့အစည်းများ   ပူးပေါင်း ဆောင်ရွက်ကြရန် တိုက်တွန်းထားသည်ကိုလည်း တွေ့ရှိရပြီး ကာကွယ်ဆေးထိုးနှံရေးလုပ်ငန်းများကို    အရှိန်အဟုန်မြှင့်ဆောင်ရွက်ရန်အပါအဝင် အခြားအစီအမံများကိုလည်း အဆိုပါအစည်းအဝေး အတွင်း ချမှတ်နိုင်ခဲ့ပါသည်။
ဇူလိုင်  ၂၆ ရက်က ကျင်းပသည့်   ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ ပဉ္စမ အကြိမ် ညှိနှိုင်းအစည်းအဝေးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက ရောက်ရှိလာသည့် ကာကွယ်ဆေးများအား ဦးစားပေးသတ်မှတ်ချက် များအလိုက် အမြန်ဆုံးထိုးနှံပေးနိုင်ရေး ထိရောက် မြန်ဆန်စွာ ဆောင်ရွက်ကြရန်အတွက်  လမ်းညွှန် မှာကြား၍ အစီအမံများ ချမှတ်ခဲ့ကြကြောင်း သိရှိ ရပါသည်။ အဆိုပါအစည်းအဝေးတွင် ကိုဗစ်စင်တာ များ၊ စမ်းသပ်စစ်ဆေးရေးစင်တာများကို  တိုးချဲ့ ဖွင့်လှစ်ရန်၊  အောက်ဆီဂျင်လိုအပ်ချက်ပြည့်မီစေ ရန်၊ ကာကွယ်ဆေးထိုးနှံခြင်း လုပ်ငန်းစဉ်များကို နယ်ပယ်များသတ်မှတ်၍ ဦးစားပေးအဆင့်အလိုက် စနစ်တကျထိုးနှံနိုင်ရေးအတွက်   အစီအစဉ်များ ချမှတ်နိုင်ခဲ့သည်။ 


ဇူလိုင်  ၂၇ ရက်က ကျင်းပသည့် ကိုဗစ် - ၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းများ တွင် အာဆီယံနိုင်ငံများ၊ မိတ်ဆွေနိုင်ငံများအပါအဝင် နိုင်ငံတကာနှင့်ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့် လုပ်ဆောင်နိုင်ရေး      ညှိနှိုင်းအစည်းအဝေးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ် မှူးကြီး မင်းအောင်လှိုင်က အမှာစကား ပြောကြား ရာတွင် အာဆီယံအပါအဝင် မိတ်ဆွေနိုင်ငံများနှင့် ပူးပေါင်း၍ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာတို့တွင်     အရှိန်အဟုန်မြှင့်တင် ရန်  လိုအပ်ကြောင်း၊ ကာကွယ်ဆေးထိုးနှံပြီးစီးမှု တိုးတက်အောင်၊ ကာကွယ်ဆေးများ   အမြန်ဆုံး ရောက်ရှိအောင်နှင့် လိုအပ်သည့် အထောက်အကူပြု ပစ္စည်းများ အမြန်ဆုံးရောက်ရှိအောင် ဆောင်ရွက် ကြရန်လိုအပ်ကြောင်းတို့ကို ဆွေးနွေးပြောကြား ခဲ့ပြီး ပြည်သူများ၏ ကျန်းမာရေးနှင့်   အာဟာရ ပြည့်ဝစေရေးအတွက် လမ်းညွှန်မှာကြားခဲ့ပါသည်။ 


နိုင်ငံတကာသို့ သံတမန်ရေးအလေးထားဆက်ဆံ 


အာဆီယံ - ရုရှား  နိုင်ငံခြားရေးဝန်ကြီးများ အထူးအစည်းအဝေးကို ဇူလိုင်  ၆ ရက်က   ဗီဒီယို ကွန်ဖရင့်ဖြင့် ကျင်းပခဲ့ပြီး   ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင် တက်ရောက်ရှင်းလင်းပြောကြား ရာတွင် ရေရှည်တည်တံ့သော    ဖွံ့ဖြိုးတိုးတက်မှု ရည်မှန်းချက်များနှင့်အညီ ကြိုးပမ်းရေး၊ ခရီးသွား ကဏ္ဍ  ပြန်လည်ဖွံ့ဖြိုးမှုမှ     စီးပွားရေးပြန်လည် ထူထောင်နိုင်ရေးတို့တွင်   ပူးပေါင်းဆောင်ရွက်ရေး နှင့် မိမိတို့နိုင်ငံ၏   ရှေ့လုပ်ငန်းစဉ်များကိုလည်း ထည့်သွင်းရှင်းလင်းပြောကြားခဲ့ပါသည်။
ရုရှားဖက်ဒရေးရှင်းနိုင်ငံ MGIMO တက္ကသိုလ်မှ မြန်မာ့ရေးရာကျွမ်းကျင်ပညာရှင် တွဲဖက်ပါမောက္ခ Mrs. Kseniya Alexandrovna    Efremova  နှင့်  ရုရှား - မြန်မာ ချစ်ကြည်ရေးအသင်း ဒုတိယဥက္ကဋ္ဌ Mr. Bulochnikov Anatony Mikhainovich တို့ကို တွေ့ဆုံမေးမြန်းခဲ့ပြီး မြန်မာနိုင်ငံရဲ့လက်ရှိနိုင်ငံရေးအခြေအနေအပေါ် သုံးသပ်ချက်များနှင့် နှစ်နိုင်ငံ ချစ်ကြည်ရေးကောင်းမွန်မှု၊ လာမည့်အနာဂတ် လူမှု စီးပွားပေါင်းစည်းမှု   အလားအလာအပေါ်တို့ကို သုံးသပ်ဆွေးနွေးခဲ့တာကိုလည်း    ပြည်သူတွေသိရှိ လာစေရန်အတွက် နိုင်ငံပိုင်မီဒီယာများ၌  ဖော်ပြ နိုင်ခဲ့ပါသည်။


နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သည် အာဆီယံ - အမေရိကန် နိုင်ငံခြားရေးဝန်ကြီး များအထူးအစည်းအဝေးသို့ ဇူလိုင်လ ၁၄ ရက်တွင် ဗီဒီယိုကွန်ဖရင့်ဖြင့် တက်ရောက်ခဲ့ရာ ပြည်ထောင်စု ဝန်ကြီးက  အာဆီယံ၏   ကိုဗစ်-၁၉   ကာကွယ် တိုက်ဖျက်ရေးကြိုးပမ်းမှုနှင့်ပတ်သက်၍   အမေ ရိကန်နိုင်ငံ၏ ကူညီထောက်ပံ့မှုများကို   ကျေးဇူး တင်ရှိကြောင်းနှင့်        အာဆီယံပေါင်းစည်းရေး ဦးဆောင်ဦးရွက်ပြုမှုအစီအစဉ်  (IAI) ကိုလည်း ဆက်လက်ကူညီပံ့ပိုးသွားရန် တိုက်တွန်းပြောကြား ခဲ့သည်။ 


(၁၁)ကြိမ်မြောက် မဲခေါင် - ဂင်္ဂါ   ပူးပေါင်း ဆောင်ရွက်မှု နိုင်ငံခြားရေးဝန်ကြီးများ   အစည်း အဝေးကို   ဇူလိုင်  ၂၁ ရက်က    ဗီဒီယိုကွန်ဖရင့် ဖြင့် ကျင်းပခဲ့ရာ    အပြည်ပြည်ဆိုင်ရာပူးပေါင်း ဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး တက်ရောက်ခဲ့ပြီး မြန်မာနိုင်ငံအနေဖြင့် မဲခေါင်- ဂင်္ဂါ  ပူးပေါင်းဆောင်ရွက်မှု   မူဘောင်အောက်၌  အပြည့်အဝ   ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ် ကြောင်း     ထပ်လောင်းပြောကြားနိုင်ခဲ့ပါသည်။ (၅၄) ကြိမ်မြောက်    အာဆီယံခရီးသွားလုပ်ငန်း အာဏာပိုင်အစည်းအဝေးနှင့်   ဆက်စပ်အစည်း အဝေးများ၊   အရှေ့တောင်အာရှနိုင်ငံများဆိုင်ရာ စာရင်းစစ်ချုပ်ရုံးများအဖွဲ့ အဆင့်မြင့်အရာရှိအစည်း အဝေးများ၊ အာဆီယံ၏ (၂၁) ကြိမ်မြောက်  နိုင်ငံ ဖြတ်ကျော်မှုခင်း တိုက်ဖျက်ရေးဆိုင်ရာ အဆင့်မြင့် အရာရှိကြီးများ အစည်းအဝေးစသည့် နိုင်ငံတကာ အစည်းအဝေးများကိုလည်း  သက်ဆိုင်ရာဝန်ကြီး ဌာနအလိုက် တာဝန်ရှိသူများက တက်ရောက်ခဲ့ကြ သည်။


နိုင်ငံတကာဖိအားများကို တွန်းလှန်ကာကွယ်


နိုင်ငံခြားရေးဝန်ကြီးဌာနသည် ဇူလိုင်လ ၂ ရက် ရက်စွဲဖြင့် တိကျခိုင်လုံမှုမရှိ၊    အချက်အလက်များ အပေါ် စိစစ်မှုမရှိဘဲ ထုတ်ပြန်ပြောဆိုမှုများအတွက် ကန့်ကွက်ကြောင်း သတင်းထုတ်ပြန်ချက်တစ်စောင် ကို ထုတ်ပြန်ခဲ့သည်။ ကုလသမဂ္ဂအတွင်းရေးမှူး ချုပ်၏ ပြောရေးဆိုခွင့်ရှိသူက မြန်မာနိုင်ငံရှိ   ကုလ သမဂ္ဂဌာနေကိုယ်စားလှယ်အဖွဲ့မှ       ရရှိသည့် အတည်မပြုနိုင်သည့်  အချက်အလက်များအပေါ် အခြေခံ၍ ဇွန်  ၂၉ ရက်က ပြောဆိုခဲ့မှုများအပေါ် ပြင်းထန်စွာကန့်ကွက်ခဲ့ခြင်းဖြစ်ပါသည်။ ထို့ပြင် အကြမ်းဖက်အဖွဲ့ NUG ဝက်ဘ်ဆိုက်အား   အသိ အမှတ်ပြုချိတ်ဆက်ထားခြင်းအပေါ်   ကန့်ကွက် ထားပြီး ဖြစ်သကဲ့သို့ ကုလသမဂ္ဂအနေဖြင့် သတင်း ထုတ်ပြန်မှုနှင့် ရှင်းလင်းမှုများတွင်  တိကျခိုင်လုံမှု မရှိသည့် အချက်အလက်များအပေါ်   စိစစ်မှုမရှိ တစ်ဖက်သတ်ပြောဆိုခြင်း မပြုလုပ်ရန်နှင့် ယင်းသို့ မပြုလုပ်မီ သက်ဆိုင်ရာအစိုးရများနှင့် ချိတ်ဆက် အတည်ပြုမှု အထူးလိုအပ်ပါကြောင်း ဖော်ပြထား သည်။


ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီ၏  (၄၇) ကြိမ်မြောက်   ပုံမှန်အစည်းအဝေး  ကာလအတွင်း လူ့အခွင့်အရေးဆိုင်ရာမဟာမင်းကြီးနှင့် မြန်မာ နိုင်ငံအခြေအနေဆိုင်ရာ အထူးအစီရင်ခံစာတင်သွင်း သူတို့ နှုတ်ဖြင့်အစီရင်ခံစာတင်သွင်းမှုနှင့် ဆွေးနွေး မှုများသည်   သက်ဆိုင်ရာ နိုင်ငံမပါဝင်ဘဲ  ပြုလုပ် သည့် အပြန်အလှန်ဆွေးနွေးမှုများနှင့် စိစစ်မှုမရှိဘဲ တစ်ဖက်သတ် ပြောဆိုမှုများသာဖြစ်သည့်အတွက် မြန်မာနိုင်ငံအနေဖြင့် ကန့်ကွက်ကြောင်းနှင့် အစီရင် ခံစာ  တင်သွင်းသူသည်   အချုပ်အခြာအာဏာပိုင် နိုင်ငံတစ်နိုင်ငံ၏   ပြည်တွင်းရေးကို    ဝင်ရောက် စွက်ဖက်သည့်   တိုက်တွန်းတောင်းဆိုချက်များ အပေါ် ပြင်းထန်စွာကန့်ကွက်ကြောင်း စသည်ဖြင့် နိုင်ငံခြားရေးဝန်ကြီးဌာနမှ သတင်းထုတ်ပြန်ချက် တစ်စောင်ကို ဇူလိုင်လ ၉ ရက် ရက်စွဲဖြင့် ထုတ်ပြန် ခဲ့သည်။


ဇူလိုင်လ ၁၃ ရက်ကထုတ်ပြန်သည့် နိုင်ငံခြား ရေးဝန်ကြီးဌာန၏  သတင်းထုတ်ပြန်ချက်တွင်မူ ဖေဖော်ဝါရီလအတွင်းက ကုလသမဂ္ဂဆိုင်ရာ မြန်မာ အမြဲတမ်းကိုယ်စားလှယ် / သံအမတ်ကြီးအဖြစ်မှ ထုတ်ပယ်ထားပြီးဖြစ်သည့်   ဦးကျော်မိုးထွန်းက ကုလသမဂ္ဂ၏ အစည်းအဝေးများတွင် တက်ရောက် ဆွေးနွေးမှုများသည် တရားဝင်ခြင်းမရှိကြောင်းနှင့် သူသည် နိုင်ငံတော်သစ္စာဖောက်ဖျက်ပုန်ကန်မှုနှင့် အခြားသောပြစ်မှုများအရ တရားစွဲဆို   ဖမ်းဝရမ်း ထုတ်ထားပြီးဖြစ်ကြောင်း၊ တရားရင်ဆိုင်ရေးနှင့် မြန်မာကိုယ်စားလှယ်အဖြစ် အသိအမှတ်မပြုရေး အတွက် နိုင်ငံခြားရေးဝန်ကြီးဌာနက သက်ဆိုင်ရာ နိုင်ငံနှင့် အဖွဲ့အစည်းများထံ တရားဝင်အကြောင်း ကြားထားကြောင်း သတင်းထုတ်ပြန်ခဲ့ပါသည်။


နိုင်ငံခြားရေးဝန်ကြီးဌာနက    မြန်မာနိုင်ငံ အနေဖြင့် အိုအိုင်စီမှတင်သွင်းသည့် အဆို (မူကြမ်း)အား လက်မခံပယ်ချကြောင်း သဘောထားထုတ်ပြန် ချက်ကို ဇူလိုင်လ ၁၄ ရက် ရက်စွဲဖြင့် ထုတ်ပြန်ခဲ့ ပါသည်။ ဂျီနီဗာမြို့၌ ကျင်းပသည့် လူ့အခွင့်အရေး ကောင်စီ၏ (၄၇) ကြိမ်မြောက် ပုံမှန်အစည်းအဝေး ကာလအတွင်း  ဇူလိုင်   ၁၂ ရက်က  အိုအိုင်စီက တင်သွင်းခဲ့သည့် ရိုဟင်ဂျာဆိုသူ မွတ်စလင်များနှင့် အခြားသောလူနည်းစုများ၏   အခွင့်အရေးအခြေ အနေနှင့်ပတ်သက်၍ အဆိုတစ်ရပ်ကို သက်ဆိုင်ရာ မြန်မာနိုင်ငံမပါဝင်ဘဲ  အတည်ပြုဆုံးဖြတ်ခဲ့ခြင်း အပေါ် မြန်မာနိုင်ငံက လက်မခံနိုင်သည့် သဘော ထားကို ထုတ်ပြန်ထားခြင်းပင်ဖြစ်ပါသည်။


အကြမ်းဖက်အုပ်စုမှ ဇော်ဝေစိုးသည် ပြင်သစ် အစိုးရပိုင်ရုပ်သံသတင်းဌာန   France  24    နှင့် ဇူလိုင်  ၁ ရက်က တွေ့ဆုံမေးမြန်းခြင်းပြုလုပ်ခဲ့ပြီး အကူအညီမဲ့နေသည့်   မြန်မာပြည်သူများသည် မိမိကိုယ်ကိုခုခံသည့်   နည်းလမ်းမှလွဲ၍   အခြား နည်းလမ်းများကို အသုံးမပြုနိုင်တော့ကြောင်းနှင့် နိုင်ငံတကာက ကူညီရန်ပြောကြားခဲ့ကြောင်း သိရှိ ရသည်။ ဇော်ဝေစိုး၏   ပြောကြားချက်များသည် အကြမ်းဖက်တိုက်ခိုက်မှုများကို ကျူးလွန်သူများ အား ခုခံကာကွယ်ပြောဆိုခဲ့ပြီး အားပေးအားမြှောက် ပြုလုပ်နေခြင်းလည်းဖြစ်ခြင်းကြောင့်   ဥပဒေနှင့် အညီ အရေးယူသွားမည်ဖြစ်ပြီး ယင်းသို့တွေ့ဆုံမေးမြန်းသည်ကိုလည်း မြန်မာနိုင်ငံက ကန့်ကွက် ကြောင်း သတင်းထုတ်ပြန်ချက်ကို ဇူလိုင်လ ၇ ရက် က နိုင်ငံခြားရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားခဲ့သည်။


ကမ္ဘာ့ကပ်ရောဂါကိုထိန်းချုပ်တားဆီးရန် နိုင်ငံ တကာနည်းတူ မြန်မာနိုင်ငံက  အစိုးရနှင့်ပြည်သူလက်တွဲတွန်းလှန်နေချိန်တွင် အချင်းချင်းစိတ်ဝမ်း ကွဲပြားမှုများနှင့် သံသယများ ဖြစ်ပေါ်စေရန်၊ နိုင်ငံ တစ်နိုင်ငံ၏ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်ရန် ကြိုးပမ်းနေခြင်းအပေါ် မြန်မာနိုင်ငံက  ပြင်းထန်စွာ ရှုတ်ချခြင်းဆိုင်ရာ သတင်းထုတ်ပြန်ချက်တစ်စောင် ကိုလည်း နိုင်ငံခြားရေးဝန်ကြီးဌာနက ဇူလိုင်လ ၃၀ ရက်စွဲဖြင့်  ထုတ်ပြန်ထားသည်။  အဆိုပါ   သတင်း ထုတ်ပြန်ချက်တွင် ဗြိတိန်နိုင်ငံ၏ ကမကထပြုမှုဖြင့် မြန်မာနိုင်ငံ ဆိုင်ရာ Arria Formula အစည်းအဝေးကို ဇူလိုင်  ၂၉ ရက်က နယူးယောက်မြို့တွင်  ကျင်းပ ခဲ့ပြီး   ထင်ယောင်ထင်မှားဖြစ်စေရန်   ရည်ရွယ် လုပ်ကြံဖန်တီးထားသည့် တစ်ဖက်သတ် သတင်း အချက်အလက်များကို  အခြေခံဆွေးနွေးခဲ့သည့် အပြင်  အကြမ်းဖက်အဖွဲ့အစည်းအဖြစ်  ကြေညာ ထားသည့် NUG နှင့်  ဆက်စပ်သူများ  ပါဝင်ခဲ့ကြ သည်။ အဆိုပါ အစည်းအဝေးတွင်   ၎င်းတို့ပါဝင် တက်ရောက်မှုနှင့် ဆွေးနွေးပြောကြားချက်များကို ပြင်းထန်စွာ ကန့်ကွက်ပယ်ချကြောင်းနှင့် မြန်မာ နိုင်ငံ၏ ပကတိအခြေအနေများနှင့် သဘောထား တို့ကို ရှင်းလင်းပြတ်သားစွာ သတင်းထုတ်ပြန်ထား ခြင်းဖြစ်သည်။ 


(ဆက်လက်ဖော်ပြပါမည်)