
နေပြည်တော် မတ် ၁၄
နိုင်ငံတော်စီမံ အုပ်ချုပ်ရေး ကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယ တပ်မတော်ကာကွယ်ရေး ဦးစီး ချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းသည် ယနေ့ နံနက်ပိုင်း တွင် ပြင်ဦးလွင်မြို့ နယ်မြေခံတပ် နှင့် တပ်မတော်နည်းပညာ တက္ကသိုလ်တို့ရှိ သင်တန်းသား အရာရှိများ၊ သန္ဓေအရာရှိ၊ စစ်သည်များနှင့် မိသားစုများအား သီးခြားစီတွေ့ဆုံ၍ အားပေးအမှာ စကား ပြောကြားသည်။
အဆိုပါ တွေ့ဆုံပွဲများသို့ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး အောင်ဇော် အေး၊ ကာကွယ်ရေးဦးစီးချုပ်ရုံး
(ကြည်း၊ရေ၊လေ)မှ တပ်မတော် အရာရှိကြီးများ၊ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး၊ ပြင်ဦးလွင် မြို့ နယ်မြေခံတပ်နှင့် တပ်မတော် နည်းပညာ တက္ကသိုလ်တို့ရှိ သင်တန်းသား အရာရှိများ၊ သန္ဓေအရာရှိ စစ်သည်များနှင့် မိသားစုများ တက်ရောက်ကြ သည်။
ရှင်းလင်းဆွေးနွေး
တွေ့ဆုံပွဲများတွင် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယ ဥက္ကဋ္ဌ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ် ရေးဦးစီးချုပ် (ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက် တွင် ယာယီသမ္မတ ဦးမြင့်ဆွေ က နိုင်ငံတော်ကို အရေးပေါ် အခြေအနေကြေညာပြီးနောက် တပ်မတော်သို့ ဖွဲ့စည်းပုံအခြေခံ ဥပဒေပုဒ်မ ၄၁၇၊ ၄၁၈ အရ လွှဲပြောင်းပေးခဲ့မှုဖြစ်စဉ် အသေး စိတ်အခြေအနေများကို လည်း ကောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအား တပ်မတော် အရာရှိကြီးများနှင့် အရပ်သားများ ဖြင့် ဖွဲ့စည်း၍ ရှေ့လုပ်ငန်းစဉ်(၅)ရပ်၊ ဦးတည်ချက် (၉) ရပ်တို့ဖြင့် ဆောင်ရွက်နေမှုအခြေအနေများ ကိုလည်းကောင်း၊ နိုင်ငံတကာ သတင်းမီဒီယာများ၊ ပြည်တွင်း လူမှုကွန်ရက်များနှင့် ပြည်တွင်း၊ ပြည်ပ သတင်းဌာနများတွင် အစိုးရဆန့်ကျင်သူများ၏ မင်းမဲ့ စရိုက်ဆန်စွာ အကြမ်းဖက်ဖြစ်စဉ် များ၌ လုံခြုံရေးတပ်ဖွဲ့ဝင်များ ဥပဒေနှင့်အညီ အဓိကရုဏ်း နှိမ်နင်းလူစုခွဲမှုအပေါ် အင်အား သုံးဖြိုခွဲခြင်းအဖြစ် တစ်ဖက်သတ် ဖော်ပြစွပ်စွဲနေမှုအခြေအနေများ၊ လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် မင်းမဲ့စရိုက်ဆန်သော အကြမ်း ဖက်လုပ်ရပ်များအား ဖြေရှင်း ဆောင်ရွက်ရာတွင် ပြည်ထဲရေး ဝန်ကြီးဌာနမှ ထုတ်ပြန်သည့် ၁၉၅၆ ခုနှစ်၊ ရုန်းရင်းဆန်ခတ်မှု လက်စွဲ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၏ (၂၀၁၅) ခုနှစ် ထုတ်ပြန်သည့် လူစုလူဝေးအား ကြီးကြပ် ထိန်းသိမ်းခြင်းလက်စွဲပါ စည်း မျဉ်း စည်းကမ်းဥပဒေအတိုင်း ဆောင်ရွက်မှု အခြေအနေများကို လည်းကောင်း၊ ဖေဖော်ဝါရီ ၅ ရက် မှ ၂၂ ရက်အထိ ငြိမ်းချမ်းစွာ ဆန္ဒ ဖော်ထုတ်မှုအပေါ် လုံခြုံရေး တပ်ဖွဲ့ဝင်များ၏ ကိုင်တွယ်မှုနှင့် ဖေဖော်ဝါရီ ၂၃ ရက်နောက်ပိုင်း လူတစ်ဦးချင်းစီ၏ အခွင့်အရေး ဆုံးရှုံးသည်အထိ လူ့အသက်နှင့် အရှက်သိက္ခာ ကျဆင်းစေပြီး မိသားစုဘဝများပါ လူ့အသိုင်း အဝိုင်းအတွင်း မသွားရဲ၊ မလာရဲ ဖြစ်စေသည့် မျက်ခုံးမွေးရိတ်ခြင်း၊ လေးကွက်ကျား ကတုံးရိတ်ခြင်း၊ လည်ပင်းစာတန်းဆွဲ၍ ရပ်ကွက်အတွင်းလှည့်လည်စေခြင်းအပြင် လူအုပ်စုဖြင့် အဓမ္မဖမ်းချုပ်၍ နဖူး၊ ပါးများတွင် တက်တူးရေးထိုး ခြင်း၊ ရပ်ကွက်အတွင်း အဓမ္မခြိမ်း ခြောက်အကျပ်ကိုင်ခြင်း၊ CDM မပါဝင်သူများ၊ စိတ်ဆန္ဒမရှိသူ များကို အစိုးရသတင်းပေးအဖြစ် သတ်မှတ်၍ နည်းမျိုးစုံ အသက် အန္တရာယ်ရှိသည်အထိ ရန်ပြု နှောင့်ယှက်ခြင်းများ အပြင် ရပ်ကွက်အတွင်း အများသုံးလမ်း များအတွင်း မြန်မာ့ဓလေ့ထုံးတမ်း စဉ်လာ ယဉ်ကျေးမှုနှင့် ဖီလာ ဆန့်ကျင်သည့် အမျိုးသမီးဝတ် ထဘီများအား ကြိုးတန်းချိတ်ဆွဲ လျက် အဆိုပါထဘီတွင် ဗုဒ္ဓ ဘာသာထေရ်ကြီးဝါကြီး ရဟန်း တော်ကြီးများ၏ ဓာတ်ပုံများကို ယုတ်မာရိုင်းစိုင်းစွာ အောက်တန်း ကျသည့် လုပ်ဆောင်မှုအဖြစ် ချိတ်ဆွဲထားသည့် အခြေအနေ များကို ကာလအပိုင်းအခြားဖြစ် နှိုင်းယှဉ်ဆွေးနွေးပြီး ဖေဖော်ဝါရီ ၂၃ ရက်နောက်ပိုင်း မင်းမဲ့စရိုက် ဆန်သော အကြမ်းဖက်မှုများအား အဓိကရုဏ်း နှိမ်နင်းလူစုခွဲသည့် အဆင့်များအတိုင်း လုံခြုံရေး တပ်ဖွဲ့ဝင်များက ရှင်းလင်းနေမှု အခြေအနေများကို ရှင်းလင်း ဆွေးနွေးသည်။
NCA လက်မှတ်ရေးထိုး
ယင်းနောက် တပ်မတော်သား များနှင့် မိသားစုဝင်များအနေဖြင့် လည်း နိုင်ငံတော်၏ တာဝန်များ ကို တပ်မတော်က ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့်အညီ ပုဒ်မ ၄၁၇၊ ၄၁၈ အရ ခွင့်ပြုထားသည့်အချိန် ကာလ သတ်မှတ်ချက်အတွင်း ဆောင်ရွက်နေချိန်တွင် တိုက်ရိုက် သော်လည်းကောင်း၊ သွယ်ဝိုက်၍ သော်လည်းကောင်း တာဝန်ရှိမှု အခြေအနေများ၊ တပ်ဌာနချုပ်များ ၏ လုံခြုံရေးနှင့် တပ်တွင်းစည်းလုံး ညီညွတ်မှုကို ရေပက်မဝင်စည်းစည်း လုံးလုံး ဖြစ်နေစေရန် ဆောင်ရွက် ကြရမည့်အခြေအနေများ၊ NCA လက်မှတ်ရေးထိုးပြီး တိုင်းရင်း သားလက်နက်ကိုင်အဖွဲ့အစည်း များနှင့် ထာဝရငြိမ်းချမ်းရေးရရှိ ရေး၊ NCA လက်မှတ်ရေးထိုးရန် ကျန်ရှိသည့် တိုင်းရင်းသား လက်နက်ကိုင်များအား NCA ၌ လက်မှတ် ရေးထိုးနိုင်ရေး ဆက်လက်ဆောင်ရွက်မည့်အခြေအနေများနှင့် တပ်မိသားစုဝင်များ အားလုံး မိမိတစ်ဦးချင်း၊ မိမိ မိသားစု၊ မိမိဆွေမျိုးအသိုင်းအဝိုင်း ကြောင့် မိမိနေထိုင်ရာအဖွဲ့ အစည်း၊ တပ်မတော်၊ နိုင်ငံတော် အား ထိခိုက်ပျက်စီးစေမည့် အပြု အမူများအား တမင်သိလျက်နှင့် ဖြစ်စေ၊ မသိလျက်နှင့်ဖြစ်စေ၊ ရည်ရွယ် သည်ဖြစ်စေ၊ မရည်ရွယ်သည် ဖြစ်စေ၊ မလုပ်ဆောင်မိစေရေး ထိန်းသိမ်း ဆောင်ရွက်ကြရန် အခြေအနေများ၊ တပ်မတော်နှင့်ညီနောင်မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင် များအား သပ်လျှိုသွေးခွဲနေမှု အပေါ် သတိပြုလျက် ဆက်လက် ပူးပေါင်းဆောင်ရွက်ရမည့် အခြေ အနေများ၊ နိုင်ငံတော်နှင့် တပ်မတော်အကြီးအကဲက တပ် မိသားစုဝင်များနှင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင် မိသားစုများအတွက် ထောက်ပံ့ပေးမှုအခြေအနေများ၊ လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ လုံခြုံ ရေးတာဝန်များကို နေ့မအား ညမနား တာဝန်ထမ်းဆောင်နေကြ မှုအပေါ် စာနာနားလည်မှုဖြင့် အသိအမှတ်ပြုသည့် အခြေအနေ များကို ရှင်းလင်းဆွေးနွေးသည်။
ပစ္စည်းများ ပေးအပ်
ထို့နောက် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ ဒုတိယ ဥက္ကဋ္ဌ၊ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ် ရေးဦးစီးချုပ်(ကြည်း)နှင့်အဖွဲ့ဝင် များက ပြင်ဦးလွင်မြို့ နယ်မြေခံ တပ်နှင့် တပ်မတော်နည်းပညာ တက္ကသိုလ်တို့ရှိ သင်တန်းသား အရာရှိများ၊ သန္ဓေအရာရှိ စစ် သည်များနှင့်မိသားစုများ အတွက် တပ်မတော်စက်ရုံထုတ် စား သောက်ဖွယ်ရာများနှင့် လက်ဆောင် ပစ္စည်းများပေးအပ်ရာ တာဝန်ရှိသူ များက လက်ခံရယူသည်။
ရင်းရင်းနှီးနှီးနှုတ်ဆက်
တွေ့ဆုံပွဲများ အပြီးတွင် နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယ တပ်မတော် ကာကွယ်ရေးဦးစီး ချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း)နှင့် အဖွဲ့ဝင်များသည် တွေ့ဆုံပွဲများသို့ တက်ရောက်လာ သော သင်တန်းသား အရာရှိများ၊ သန္ဓေအရာရှိ၊ စစ်သည်များနှင့် မိသားစုများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ကြသည်။
အားပေးစကားပြောကြား
ထို့ပြင် နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) နှင့် အဖွဲ့ဝင်များသည် ပြင်ဦးလွင် မြို့ရှိ တပ်မတော်ဆေးရုံသို့ သွားရောက်၍ ဆေးရုံတက်ရောက် လျက်ရှိသော အရာရှိ၊ စစ်သည် များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ နှင့် ပြည်သူများအား တစ်ဦးချင်း လိုက်လံတွေ့ဆုံကာ အားပေးစကား များပြောကြားပြီး လက်ဆောင် ပစ္စည်းများ ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်