နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း (၇၅)နှစ်မြောက်စိန်ရတုလွတ်လပ်ရေးနေ့ ဂုဏ်ပြုအခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေး ဝတ်စုံပြည့်အစမ်းလေ့ကျင့်နေမှု ကြည့်ရှုစစ်ဆေး

 

နေပြည်တော်   ဒီဇင်ဘာ   ၃၁


နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ   ဒုတိယဝန်ကြီးချုပ်   ဒုတိယဗိုလ်ချုပ်မှူးကြီး  စိုးဝင်းသည်   ယနေ့နံနက်ပိုင်းတွင်  နေပြည်တော်ဗိုလ်ရှုခံရင်ပြင်၌  ကျင်းပသည့် ၂၀၂၃ ခုနှစ် (၇၅)နှစ်မြောက်  စိန်ရတု လွတ်လပ်ရေးနေ့ ဂုဏ်ပြုအခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေး ဝတ်စုံပြည့်အစမ်းလေ့ကျင့်နေမှုကို ကြည့်ရှုစစ်ဆေးသည်။

 


နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ       ဒုတိယဝန်ကြီးချုပ်သည်      စစ်ရေးပြတပ်ရင်း၊   တပ်ခွဲများ၊   ယန္တရားတပ်ခွဲများ၊     ဂုဏ်ပြုယာဉ်များ၊   လေယာဉ်များ၊   ရဟတ်ယာဉ်များ ချီတက်အလေးပြုမှု၊ ကျောင်းသား  ကျောင်းသူလေးများ၏    စာလုံးသရုပ်ဖော်ပြသမှု၊   တိုင်းရင်းသားရိုးရာယဉ်ကျေးမှု     အဖွဲ့များ ၏ ကပြဖျော်ဖြေမှုအပါအဝင်   အစီအစဉ်အလိုက်     လေ့ကျင့်ဆောင်ရွက်မှုများကို    ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားသည်။

 


ထိုသို့      လေ့ကျင့်ဆောင်ရွက်နေမှုများကို     (၇၅)နှစ်မြောက်    စိန်ရတုလွတ်လပ်ရေးနေ့   ကျင်းပရေး ဗဟိုကော်မတီဥက္ကဋ္ဌ    နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ     ဒုတိယဝန်ကြီးချုပ်နှင့်အတူ နိုင်ငံတော်       စီမံအုပ်ချုပ်ရေး ကောင်စီဝင်များ၊   အခမ်းအနားကျင်းပရေး  ဗဟိုကော်မတီဝင်   ပြည်ထောင်စု    ဝန်ကြီးများ၊   နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊   ဆပ်ကော်မတီအသီးသီးမှ  ဥက္ကဋ္ဌများဖြစ်ကြသည့်  ဒုတိယ ဝန်ကြီးများနှင့်  တာဝန်ရှိသူများ၊   ကာကွယ်ရေးဦးစီးချုပ်ရုံးမှ   တပ်မတော်အရာရှိကြီးများ လိုက်ပါကြည့်ရှု ကြပြီး  လိုအပ်သည်များကို   တာဝန်ရှိသူများနှင့်  ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း   သတင်းရရှိ သည်။                                          

သတင်းစဉ်