နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ  ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း စိန်ရတုပြည်ထောင်စုနေ့အထိမ်းအမှတ် လူငယ်နှင့်စာပေပွဲတော်အတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားမှုများ ကြည့်ရှုစစ်ဆေး

 

ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့်အညီ ခင်းကျင်းပြသရန်နှင့် လုံခြုံရေးဂရုပြုဆောင်ရွက်ရန် မှာကြား

 

နေပြည်တော်   ဇန်နဝါရီ   ၂၇

 


နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး  စိုးဝင်း သည် ယနေ့နံနက်ပိုင်းတွင်  ဝဏ္ဏသိဒ္ဓိအားကစားကွင်း ၌ ကျင်းပမည့် စိန်ရတုပြည်ထောင်စုနေ့  အထိမ်း အမှတ်  လူငယ်နှင့်စာပေပွဲတော်အတွက်   ကြိုတင် ပြင်ဆင်ဆောင်ရွက်ထားမှု      အခြေအနေများကို     ကြည့်ရှုစစ်ဆေးသည်။

 


ရှေးဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ   ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ် မှူးကြီး   စိုးဝင်း အား       ပြည်ထောင်စုဝန်ကြီး         ဦးမောင်မောင်အုန်း၊    ဒေါက်တာ   မျိုးသိန်းကျော်၊ ဦးမင်းသိန်းဇံနှင့်    နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမောင်မောင်နိုင် တို့က လူငယ်နှင့်   စာပေ ပွဲတော်   ကျင်းပမည့်အစီအစဉ်နှင့်   ပြခန်းများ        ခင်းကျင်းပြသထားမှုကို ရှင်းလင်းတင်ပြကြသည်။

 


ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ       ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ် မှူးကြီး စိုးဝင်း သည် ဝန်ကြီးဌာနအလိုက် ခင်းကျင်း  ပြသမည့် ပြခန်းများ၊ မြန်မာနိုင်ငံ လေကြောင်းပညာ ရပ်ဆိုင်ရာ    ပြခန်းများကို     ကြည့်ရှုစစ်ဆေးကာ ကိုဗစ်- ၁၉   ရောဂါ  ကာကွယ် ထိန်းချုပ်ရေးဆိုင်ရာ   စည်းမျဉ်း စည်းကမ်းများနှင့်အညီ ခင်းကျင်း ပြသရန်နှင့်    လုံခြုံရေး    ဂရုပြု ဆောင်ရွက်ရန် မှာကြားသည်။

 


ကြည့်ရှုအားပေး


ယင်းနောက် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ    ဒုတိယ ဥက္ကဋ္ဌ  ဒုတိယဝန်ကြီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီး   စိုးဝင်း    သည် နေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစား ကွင်း  (B)  ရုံ     သို့ရောက်ရှိပြီး ဗီယက်နမ်နိုင်ငံက အိမ်ရှင်အဖြစ်  လက်ခံကျင်းပမည့်    (၃၁) ကြိမ် မြောက်        အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင် ဝင်ရောက် ယှဉ်ပြိုင်ကြမည့်   ဗိုဗီနမ်၊   တိုက် ကွမ်ဒို၊   ဂျူဒို၊ ပိုက်ကျော်ခြင်း လက်ရွေးစင်    အားကစားအဖွဲ့ များ၏ သရုပ်ပြလေ့ကျင့်နေမှုနှင့်  အားကစားနှင့် လူငယ်ရေးရာဝန်ကြီး ဌာန ဝန်ထမ်းများ၏ Fitness Dance သရုပ်ပြဖျော်ဖြေတင်ဆက် မှုတို့ကို ကြည့်ရှုအားပေးသည်။

 


လာရောက်ကြည့်ရှုလေ့လာနိုင်


စိန်ရတု     ပြည်ထောင်စုနေ့ အထိမ်းအမှတ် လူငယ်နှင့်စာပေ ပွဲတော်ကို   ပြန်ကြားရေးဝန်ကြီး ဌာန၊    ပညာရေးဝန်ကြီးဌာနနှင့် အားကစားနှင့်   လူငယ်ရေးရာ ဝန်ကြီးဌာနတို့     ပူးပေါင်းစီစဉ် ကျင်းပခြင်းဖြစ်ပြီး ကျောင်းသား၊ ကျောင်းသူများ၊ လူငယ်များနှင့်  ပြည်သူများ ဗဟုသုတရရှိစေမည့် မြန်မာနိုင်ငံ၏ သမိုင်းဝင်စာချုပ် စာတမ်းများနှင့်  မှတ်တမ်းမှတ်ရာ များပြခန်း၊ စာပေတိုက်အသီးသီး က  ထုတ်ဝေထားသည့်   စာအုပ် စာစောင်များနှင့် စာပေပညာရှင် ကြီးများ၏ အတ္ထုပ္ပတ္တိများပြခန်း၊  ကိုဗစ် - ၁၉ ရောဂါဆိုင်ရာ အသိ ပညာပေးပြခန်း၊     ရေကြောင်း ပညာရပ်၊ လေကြောင်းပညာရပ် ဆိုင်ရာ အသိပညာပေးပြခန်းများ၊  သိပ္ပံနှင့် နည်းပညာဆိုင်ရာ အသိ ပညာပေးပြခန်း၊ ပန်းချီ၊ အနုပညာ ပြခန်း  စသည်ဖြင့်  ပြခန်းပေါင်း ၄၀   ကျော်   ခင်းကျင်းပြသမည် ဖြစ်ကာ  မြန်မာ့အသံနှင့် ရုပ်မြင် သံကြားနှင့် အနုပညာဦးစီးဌာနမှ  အနုပညာရှင်များ၊ ကျောင်းသား ကျောင်းသူများ၏ ဖျော်ဖြေမှုအစီ အစဉ်များလည်း ပါဝင်ကြောင်းနှင့်  ဇန်နဝါရီ ၂၉ ရက်မှ ၃၁ ရက်အထိ နံနက် ၉ နာရီခွဲမှ ညနေ ၅ နာရီခွဲ အထိ ဝဏ္ဏသိဒ္ဓိအားကစားကွင်း၌  ကျင်းပပြုလုပ်မည်ဖြစ်ရာ  မည်သူ မဆို လာရောက်ကြည့်ရှုလေ့လာ နိုင်ကြောင်း သိရသည်။

သတင်းစဉ်