နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ၊ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း)   ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ Higher Military Command School သို့ သွားရောက်လေ့လာ


 

နေပြည်တော်  စက်တင်ဘာ   ၇


ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ Novosibirsk မြို့၌  ရောက်ရှိနေသည့် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ     ဒုတိယဥက္ကဋ္ဌ၊ ဒုတိယတပ်မတော်   ကာကွယ်ရေးဦးစီး ချုပ်  ကာကွယ်ရေးဦးစီးချုပ်   (ကြည်း)  ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း ဦးဆောင် သည့် ကိုယ်စားလှယ်အဖွဲ့သည် စစ်သံမှူး ဗိုလ်မှူးချုပ် ကျော်စိုးမိုးနှင့် တာဝန်ရှိသူ များလိုက်ပါ၍ စက်တင်ဘာ ၆ ရက် ဒေသ စံတော်ချိန်နံနက်ပိုင်းတွင် Higher Mili-tary Command School သို့ သွားရောက် လေ့လာကြည့်ရှုကြရာ  ကျောင်းအုပ်ကြီး Colonel Segey Markovchin နှင့် တာဝန် ရှိသူများက ကြိုဆိုနှုတ်ဆက်ကြသည်။
ထို့နောက်    နိုင်ငံတော်အတွက် အသက်စွန့်လွှတ် တာဝန်ထမ်းဆောင်ခဲ့ ကြသည့်  သူရဲကောင်းဆုတံဆိပ် ရရှိသူ များကို   ဂုဏ်ပြုထားသည့်  သူရဲကောင်း ရုပ်တုများအား        ဂုဏ်ပြုပန်းခြင်းဖြင့် အလေးပြုပြီး လေ့လာကြည့်ရှုကြသည်။ 
ယင်းနောက်   ကျောင်းခန်းမတွင် ကျောင်းအုပ်ကြီးက     ကျောင်းသမိုင်း အကျဉ်းနှင့် ကျောင်းမှ သင်ကြားပေးလျက် ရှိသည့် ဘာသာရပ်များ၊ ပြည်ပသင်တန်း သားများ    လာရောက်သင်ကြားနေမှု အခြေအနေများကို ရှင်းလင်းတင်ပြရာ သိရှိလိုသည်များကို         အပြန်အလှန် ဆွေးနွေးခဲ့သည်။ 
ထို့နောက်  နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီ    ဒုတိယဥက္ကဋ္ဌ၊    ဒုတိယ တပ်မတော်   ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) နှင့် အဖွဲ့ ဝင်များသည် ကျောင်းအတွင်း လှည့်လည် ၍  လိုက်လံကြည့်ရှုလေ့လာကြရာ ပြခန်း များအလိုက် တာဝန်ရှိသူများက  ရှင်းလင်း ပြသကြပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ ဒုတိယဥက္ကဋ္ဌ၊ ဒုတိယတပ်မတော်  ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ် (ကြည်း) နှင့် ကျောင်းအုပ်ကြီး တို့က  အထိမ်းအမှတ်တံဆိပ်နှင့် အမှတ် တရ    လက်ဆောင်ပစ္စည်းများ   အပြန် အလှန် လဲလှယ်ကြသည်။
ထို့နောက် Higher Military Comm-and School အတွင်းရှိ လက်တွေ့ပစ်ခတ်မှု စက်ပစ်ကွင်းသို့    သွားရောက်လေ့လာ ကြည့်ရှုကြသည်။    ထိုသို့လေ့လာစဉ် ကျောင်းအုပ်ကြီးနှင့်   တာဝန်ရှိသူများ၊ သင်တန်းသားများက လက်နက်ငယ်နှင့် စနိုက်ပါ    အမျိုးအစား   မျိုးစုံတို့ကို လက်တွေ့ပစ်ခတ်ပြသခြင်းများ ပြုလုပ် ကြရာ           နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ ဒုတိယဥက္ကဋ္ဌ၊ ဒုတိယတပ်မတော်  ကာကွယ်ရေးဦးစီးချုပ်    ကာကွယ်ရေး ဦးစီးချုပ် (ကြည်း) နှင့် ကိုယ်စားလှယ် အဖွဲ့ဝင်များက ကိုယ်တိုင်ပါဝင် လက်တွေ့ စမ်းသပ်ပစ်ခတ်ကြသည်။
ယင်းနောက် နိုင်ငံတော် စီမံအုပ်ချုပ် ရေးကောင်စီ    ဒုတိယဥက္ကဋ္ဌ၊     ဒုတိယ တပ်မတော်ကာကွယ်ရေး    ဦးစီးချုပ်   ကာကွယ်ရေးဦးစီးချုပ်   (ကြည်း)    နှင့် ကိုယ်စားလှယ်အဖွဲ့သည်       Higher     Military Command School ကျောင်းအုပ် ကြီးနှင့်         တာဝန်ရှိသူများနှင့်အတူ နေ့လယ်စာ  အတူတကွသုံးဆောင်ကြ ကြောင်း သတင်းရရှိသည်။   သတင်းစဉ်