
နေပြည်တော် စက်တင်ဘာ ၄
ရုရှားဖက်ဒရေးရှင်းနိုင်ငံ၌ ရောက်ရှိနေ သည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ၊ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီး ချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းသည် စက်တင်ဘာ ၃ ရက် ဒေသစံတော်ချိန် မွန်းလွဲပိုင်းတွင် ရုရှား ဖက်ဒရေးရှင်းနိုင်ငံ ဒုတိယကာကွယ်ရေး ဝန်ကြီး Colonel General Alexander Vasilyevich Fomin နှင့် ကာကွယ်ရေး ဝန်ကြီးဌာန၌ တွေ့ဆုံဆွေးနွေးသည်။
တာဝန်ရှိသူများ တက်ရောက်
အဆိုပါ တွေ့ဆုံပွဲသို့ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ၊ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း)နှင့်အတူ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး အောင်စိုး၊ စစ်သံမှူး နှင့် တပ်မတော်အရာရှိကြီးများ တက်ရောက်ကြပြီး ရုရှားဖက်ဒရေးရှင်း နိုင်ငံ ဒုတိယကာကွယ်ရေးဝန်ကြီးနှင့် အတူ တာဝန်ရှိသူများ တက်ရောက်ကြ သည်။
ထိုသို့တွေ့ဆုံရာတွင် မြန်မာ-ရုရှား နှစ်နိုင်ငံနှင့် နှစ်နိုင်ငံတပ်မတော် နှစ်ရပ်အကြား ချစ်ကြည်ရင်းနှီးမှု တိုးမြှင့်ရေးအတွက် ဆက်လက် ပူးပေါင်းဆောင်ရွက်သွားမည့်ကိစ္စရပ်များ၊ စစ်ဘက်နည်းပညာ၊ ပညာ ရေး၊ ကျန်းမာရေးနှင့် ကဏ္ဍပေါင်းစုံတွင် ရုရှားနိုင်ငံမှ ကူညီဆောင်ရွက် သွားမည့် အခြေအနေများအား ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြသည်။
တွေ့ဆုံပွဲအပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယ ဥက္ကဋ္ဌ၊ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ်(ကြည်း)နှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ ဒုတိယကာကွယ်ရေး ဝန်ကြီးတို့သည် အမှတ်တရလက်ဆောင်ပစ္စည်းများ အပြန်အလှန် ပေးအပ်ခဲ့ကြသည်။
ရှင်းလင်းပြောကြား
ထို့ပြင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ၊ ဒုတိယ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း)နှင့် အဖွဲ့ဝင်များသည် ရုရှားဖက်ဒရေးရှင်းနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံ သံရုံးသို့ သွားရောက်၍ မြန်မာသံရုံးနှင့် မြန်မာစစ်သံ (ကြည်း၊ ရေ၊ လေ)ရုံးတို့မှ မိသားစုများအား ရင်းရင်းနှီးနှီးတွေ့ဆုံကာ ဝေးလံသည့် နိုင်ငံ ရပ်ခြားတွင် နိုင်ငံတော်၏တာဝန်များကို အတူတကွ လာရောက် ထမ်းဆောင်နေခြင်းဖြစ်သည့်အတွက် တစ်ဦးနှင့်တစ်ဦး ဖေးမကူညီ စောင့်ရှောက်ကြရန် လိုအပ်သည့် အခြေအနေများ၊ နှစ်နိုင်ငံဆက်ဆံရေး ပိုမိုတိုးတက်ကောင်းမွန်စေရေး၊ နိုင်ငံ့အကျိုးစီးပွားတိုးတက်ရေးတို့ အတွက် ကျရာအခန်းကဏ္ဍမှ နိုင်ငံ့ဝန်ထမ်းကောင်း ပီသစွာဖြင့် နိုင်ငံတော် နှင့် မိမိဝန်ကြီးဌာနအပေါ် သစ္စာရှိရှိဆောင်ရွက်ကြရမည်ဖြစ်ကြောင်း အကျယ်တဝင့် ရှင်းလင်းပြောကြားသည်။
ထို့နောက် သံရုံး၊ စစ်သံရုံး မိသားစုများအတွက် လက်ဆောင် ပစ္စည်းနှင့် ချီးမြှင့်ငွေများကိုပေးအပ်ရာ သံအမတ်ကြီး ဦးလွင်ဦးနှင့် စစ်သံမှူး ဗိုလ်မှူးချုပ် ကျော်စိုးမိုးတို့က လက်ခံရယူခဲ့ကြကြောင်း သတင်းရရှိသည်။
သတင်းစဉ်