နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ၊ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ဒုတိယကာကွယ်ရေးဝန်ကြီးနှင့် တွေ့ဆုံဆွေးနွေး

 

သံရုံး၊ စစ်သံရုံး မိသားစုဝင်များအား ရင်းရင်းနှီးနှီးတွေ့ဆုံ

နေပြည်တော်   စက်တင်ဘာ   ၄


ရုရှားဖက်ဒရေးရှင်းနိုင်ငံ၌       ရောက်ရှိနေသည့်    နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ၊        ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်  ကာကွယ် ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး  စိုးဝင်း သည် စက်တင်ဘာ ၃ ရက် ဒေသစံတော်ချိန်    မွန်းလွဲ ပိုင်းတွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ဒုတိယကာကွယ် ရေးဝန်ကြီး   Colonel   General   Alexander Vasilyevich Fomin နှင့် ကာကွယ်ရေးဝန်ကြီးဌာန၌ တွေ့ဆုံဆွေးနွေးသည်။


အဆိုပါ တွေ့ဆုံပွဲသို့   နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ    ဒုတိယဥက္ကဋ္ဌ၊    ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ်     ကာကွယ်ရေးဦးစီးချုပ် (ကြည်း) နှင့်အတူ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ  ဒုတိယဗိုလ်ချုပ်ကြီး   အောင်စိုး၊   စစ်သံမှူးနှင့် တပ်မတော်အရာရှိကြီးများ    တက်ရောက်ကြပြီး ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊      ဒုတိယကာကွယ်ရေး ဝန်ကြီးနှင့်အတူ တာဝန်ရှိသူများ တက်ရောက်ကြ သည်။


အမြင်ချင်းဖလှယ်ဆွေးနွေး


ထိုသို့တွေ့ဆုံရာတွင် မြန်မာ-ရုရှား နှစ်နိုင်ငံနှင့် နှစ်နိုင်ငံတပ်မတော်နှစ်ရပ်အကြား ချစ်ကြည်ရင်းနှီးမှု တိုးမြှင့်ရေးအတွက် ဆက်လက်ပူးပေါင်းဆောင်ရွက် သွားမည့်ကိစ္စရပ်များ၊ စစ်ဘက်နည်းပညာ၊ ပညာရေး၊ ကျန်းမာရေးနှင့်      ကဏ္ဍပေါင်းစုံတွင်   ရုရှားနိုင်ငံမှ ကူညီဆောင်ရွက်သွားမည့်    အခြေအနေများအား ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြ သည်။ 


တွေ့ဆုံပွဲအပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ     ဒုတိယဥက္ကဋ္ဌ၊   ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ်       ကာကွယ်ရေးဦးစီးချုပ် (ကြည်း)နှင့်     ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊   ဒုတိယ ကာကွယ်ရေးဝန်ကြီးတို့သည် အမှတ်တရလက်ဆောင် ပစ္စည်းများ အပြန်အလှန် ပေးအပ်ခဲ့ကြသည်။


ရင်းရင်းနှီးနှီးတွေ့ဆုံ


ထို့ပြင်      နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ၊    ဒုတိယတပ်မတော်ကာကွယ်ရေး ဦးစီးချုပ်       ကာကွယ်ရေးဦးစီးချုပ် (ကြည်း) နှင့် အဖွဲ့ဝင်များသည်   ရုရှားဖက်ဒရေးရှင်းနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံရုံးသို့သွားရောက်၍  မြန်မာသံရုံးနှင့် မြန်မာစစ်သံ (ကြည်း၊ ရေ၊ လေ)ရုံးတို့မှ မိသားစုများ အား        ရင်းရင်းနှီးနှီးတွေ့ဆုံကာ       ဝေးလံသည့် နိုင်ငံရပ်ခြားတွင်       နိုင်ငံတော်၏တာဝန်များကို အတူတကွ လာရောက်ထမ်းဆောင်နေခြင်းဖြစ်သည့် အတွက် တစ်ဦးနှင့်တစ်ဦး ဖေးမကူညီစောင့်ရှောက် ကြရန်     လိုအပ်သည့်အခြေအနေများ၊   နှစ်နိုင်ငံ ဆက်ဆံရေး ပိုမိုတိုးတက်ကောင်းမွန်စေရေး၊ နိုင်ငံ့ အကျိုးစီးပွားတိုးတက်ရေးတို့အတွက်  ကျရာအခန်း ကဏ္ဍမှ နိုင်ငံ့ဝန်ထမ်းကောင်းပီသစွာဖြင့် နိုင်ငံတော် နှင့် မိမိဝန်ကြီးဌာနအပေါ် သစ္စာရှိရှိဆောင်ရွက်ကြရ မည်ဖြစ်ကြောင်း အကျယ်တဝင့် ရှင်းလင်းပြောကြား သည်။


ထို့နောက်   သံရုံး၊   စစ်သံရုံး   မိသားစုဝင်များ အတွက် လက်ဆောင်ပစ္စည်းနှင့်  ချီးမြှင့်ငွေများကို ပေးအပ်ရာ သံအမတ်ကြီး ဦးလွင်ဦးနှင့်  စစ်သံမှူး ဗိုလ်မှူးချုပ်    ကျော်စိုးမိုးတို့က   လက်ခံရယူခဲ့ကြ ကြောင်း သတင်းရရှိသည်။                   


သတင်းစဉ်