
နေပြည်တော် စက်တင်ဘာ ၃
ရုရှားဖက်ဒရေးရှင်းနိုင်ငံ၌ ရောက်ရှိနေသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ၊ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ် ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် ယနေ့ဒေသ စံတော်ချိန် နံနက်ပိုင်းတွင် မော်စကိုမြို့၊ အနောက် တောင်ဘက် ကူဘင်ကာမြို့၊ မျိုးချစ်ပန်းခြံရှိ ရုရှား တပ်မတော်၏ ပင်မဘုရားရှိခိုးကျောင်းတော်ကြီး Main Cathedrial of the Russian Armed Forces သို့ သွားရောက်လေ့လာကြည့်ရှုကြသည်။
လေ့လာကြည့်ရှု
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယ ဥက္ကဋ္ဌ၊ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း)နှင့် အဖွဲ့ဝင်များသည် ရုရှားတပ်မတော်၏ ပင်မဘုရားရှိခိုးကျောင်းတော် ကြီးသို့ရောက်ရှိကြရာ တာဝန်ရှိသူများက ကြိုဆို နှုတ်ဆက်ကြပြီး ဘုရားရှိခိုးကျောင်းတော်ကြီးအနီးရှိ ပြတိုက်တွင် ဒုတိယကမ္ဘာစစ် ဖြစ်ပွားစဉ်ကာလ အတွင်း အသုံးပြုခဲ့သည့် လက်နက်၊ ခဲယမ်း၊ ချပ်ဝတ် တန်ဆာနှင့် အသုံးအဆောင်ပစ္စည်းများ၊ ဆေးတပ်ဖွဲ့ ဆိုင်ရာ အသုံးအဆောင်ပစ္စည်းများ၊ ဆက်သွယ်ရေး အသုံးအဆောင်ပစ္စည်းများနှင့် စစ်ပွဲများအကြောင်း ကို Program များဖြင့် ပြုလုပ်ပြသထားမှုများ အား လေ့လာကြည့်ရှုကြပြီး သိရှိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့ကာ ပင်မဘုရားရှိခိုးကျောင်း တော်ကြီးအတွင်းဝင်ရောက်၍ သမိုင်းကြောင်းနှင့် မှတ်တမ်းများအား လေ့လာကြည့်ရှုကြသည်။
ဂုဏ်ပြုတည်ဆောက်
အဆိုပါ ရုရှားတပ်မတော်၏ ပင်မဘုရားရှိခိုး ကျောင်းတော်ကြီးကို ၂၀၂၀ ပြည့်နှစ် မေ ၉ ရက်တွင် ကျရောက်သော Victory Day of Great Patriotic War (၇၅)နှစ်မြောက် အထိမ်းအမှတ်အဖြစ် ဂုဏ်ပြု တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး ရုရှားတပ်မတော်၏ ဗဟိုစစ်ဘက်ဆိုင်ရာ ကျက်သရေဆောင်နေရာ Center of Military Glory ဖြစ်လာစေရန် ရည်ရွယ် တည်ဆောက်ခဲ့ခြင်းဖြစ်ကြောင်း၊ ၉၆ မီတာ အမြင့် ရှိသော ပင်မအဆောက်အဦအပါအဝင် ၇၅ မီတာ အမြင့်ရှိ ခေါင်းလောင်းစင်နှင့် အခြားအဆောက်အဦ ငယ် ၃ ခု၊ ပြတိုက် ၄ ခုနှင့် ပန်းခြံများ ထည့်သွင်း ဆောက်လုပ်ထားပြီး ၆ လတာကာလအတွင်း ဗိသုကာပညာရှင်၊ ပန်းချီပညာရှင် အကျော်အမော် ၄၀၀၀ ကျော်ဖြင့် နေ့ည အကောင်အထည်ဖော် တည်ဆောက်ခဲ့ခြင်းဖြစ်ကြောင်း၊ ဒုတိယကမ္ဘာစစ် ဖြစ်ပွားစဉ်ကာလအတွင်း ရုရှားတပ်မတော်က ဆင်နွှဲခဲ့သော ရက်ပေါင်း ၁၄၁၈ ရက်ကို ဓာတ်ပုံပေါင်း ၁၀ သန်းကျော်ဖြင့် ပြသထားကြောင်း၊ ပင်မဘုရား ရှိခိုးကျောင်းတော်ကြီး အနီးတစ်ဝိုက်နှင့် အုတ် တံတိုင်းနံရံတို့တွင် စစ်ပွဲအတွင်းအသုံးပြုခဲ့ပြီး ပျက်စီးချို့ယွင်းခဲ့သည့် ယာဉ်ယန္တရားများ၊ အသုံး အဆောင်ပစ္စည်းများ အသုံးပြု၍ စစ်မြေပြင်ပုံစံတူ များနှင့် နံရံဆေးရေးပန်းချီများကိုလည်း ထည့်သွင်း ပြုလုပ်ထားကြောင်း သိရသည်။
သတင်းစဉ်