နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း)  ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း  ဗထူးတပ်မြို့ရှိ တပ်မတော်ဆေးရုံ၌ တက်ရောက်ဆေးကုသမှုခံယူနေသူများအား  သွားရောက်ကြည့်ရှု

 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း)
 ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း  ဗထူးတပ်မြို့ရှိ တပ်မတော်ဆေးရုံ၌ တက်ရောက်ဆေးကုသမှုခံယူနေသူများအား 
သွားရောက်ကြည့်ရှုအားပေး၊ နယ်မြေခံတပ်ရင်း၊ တပ်ဖွဲ့များအား လိုက်လံကြည့်ရှုစစ်ဆေး

 

နေပြည်တော်   ဧပြီ      ၃


နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယ ဗိုလ်ချုပ် မှူးကြီး  စိုးဝင်းသည်  အဖွဲ့ဝင်များလိုက်ပါ၍  ယနေ့   မွန်းလွဲပိုင်းတွင်   ဗထူးတပ်မြို့ရှိ   တပ်မတော်ဆေးရုံ၌    တက်ရောက်ဆေးကုသလျက် ရှိသော အရာရှိ၊ စစ်သည်၊ မိသားစုဝင်များ၊  မြန်မာနိုင်ငံ   ရဲတပ်ဖွဲ့ဝင် များ၊ ပြည်သူ့စစ် (ဌာနေ) တပ်ဖွဲ့ဝင်များနှင့်  ဒေသခံပြည်သူများအား သွားရောက်ကြည့်ရှုအားပေးစကား ပြောကြားသည်။

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယ တပ်မတော် ကာကွယ်ရေးဦးစီး ချုပ်     ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့်ဇနီး ဒေါ်သန်းသန်းနွယ် တို့သည်   အဖွဲ့ဝင်များလိုက်ပါ၍ ဗထူးတပ်မြို့ရှိ တပ်မတော်ဆေးရုံ သို့ရောက်ရှိရာ     ဆေးရုံတပ်မှူး နှင့်   တာဝန်ရှိသူများက   ကြိုဆို နှုတ်ဆက်ကြသည်။ 
ထို့နောက်     နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ      ဒုတိယ ဥက္ကဋ္ဌ      ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ် ရေးဦးစီးချုပ်(ကြည်း)အား ဆေးရုံ တပ်မှူးက ဆေးရုံအစည်းအဝေး ခန်းမ၌ အရာရှိ၊ စစ်သည်၊ မိသားစု များ၊     ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်ပေးမှု အခြေအနေများနှင့် လိုအပ်ချက် များကို ရှင်းလင်းတင်ပြရာ  နိုင်ငံ တော်   စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ် ရေးဦးစီးချုပ်(ကြည်း)က   လိုအပ် သည်များ လမ်းညွှန်မှာကြားပြီး လိုအပ်ချက်များအပေါ် ဖြည့်ဆည်း ဆောင်ရွက်ပေးသည်။


ယင်းနောက်   နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း)နှင့်  အဖွဲ့ဝင်များသည် ဆေးရုံတက်ရောက် ဆေးကုသမှု ခံယူလျက်ရှိသည့်       အရာရှိ၊ စစ်သည်၊ မိသားစုများ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ၊    ပြည်သူ့စစ် (ဌာနေ)တပ်ဖွဲ့ဝင်များနှင့် ဒေသခံ ပြည်သူများအား လိုက်လံကြည့်ရှု ပြီး  တစ်ဦးချင်း၏   ရောဂါဖြစ်ပွား မှု၊  ဆေးဝါးကုသပေးထားမှုနှင့် ကျန်းမာရေးတိုးတက်ကောင်းမွန် မှုအခြေအနေများကို     ရင်းရင်း နှီးနှီး    မေးမြန်းအားပေးစကား ပြောကြားပြီး    စားသောက်ဖွယ် ရာများ  ပေးအပ်သည်။ 


အလားတူ    နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်  ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း)၏ဇနီး ဒေါ်သန်းသန်းနွယ် နှင့်အဖွဲ့ဝင်များသည် အမျိုးသမီး နှင့်      ကလေးကုသဆောင်သို့ သွားရောက်၍ ဆေးရုံတက်ရောက် ကုသလျက်ရှိသည့် လူနာများအား လိုက်လံကြည့်ရှု  အားပေးစကား ပြောကြားပြီး    ထောက်ပံ့ပစ္စည်း များ ပေးအပ်သည်။


ဆက်လက်၍  နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ    ဒုတိယ ဥက္ကဋ္ဌ       ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ် ရေးဦးစီးချုပ်(ကြည်း)    ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့် ဇနီးတို့ သည်  ဆေးရုံအတွင်း   လှည့်လည် ကြည့်ရှုစစ်ဆေးကြပြီး  အဆိုပါ ဆေးရုံတွင်   တာဝန်ထမ်းဆောင် လျက်ရှိသည့် ကျန်းမာရေးဝန်ထမ်း များအတွက် ချီးမြှင့်ငွေနှင့် ဆေးရုံ အတွက် အလှူငွေများကို ပေးအပ် ရာ ဆေးရုံတပ်မှူးက  လက်ခံရယူ သည်။


ထို့နောက်    နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) နှင့်   အဖွဲ့ဝင်များသည် ဗထူးတပ်နယ်ရှိ နယ်မြေခံတပ်ရင်း/ တပ်ဖွဲ့များအား မော်တော်ယာဉ် များဖြင့် လိုက်လံကြည့်ရှုစစ်ဆေး ပြီး   မိသားစုများနှင့်   တွေ့ဆုံ၍ ရင်းရင်းနှီးနှီး   လိုက်လံနှုတ်ဆက် အားပေးစကား   ပြောကြားကာ တင်ပြချက်များအပေါ် လိုအပ်သည် များကို တာဝန်ရှိသူများနှင့်ပေါင်းစပ် ညှိနှိုင်းဆောင်ရွက်ပေးကာ   စား သောက်ဖွယ်ရာများနှင့် ထောက်ပံ့ ငွေများပေးအပ်ခဲ့ကြောင်း သတင်း ရရှိသည်။                

သတင်းစဉ်