
နေပြည်တော် မတ် ၁၄
နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယ တပ်မတော်ကာကွယ်ရေး ဦးစီး ချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းသည် ကာကွယ်ရေးဦးစီး ချုပ်ရုံးမှ တပ်မတော်အရာရှိကြီး များ၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့် တာဝန်ရှိသူများ လိုက်ပါလျက် ယနေ့နံနက်ပိုင်း တွင် ရှမ်းပြည်နယ် (တောင်ပိုင်း) အောင်ပန်းမြို့ရှိ တပ်မတော် ဆေးရုံ၌ တက်ရောက်ကုသမှုခံယူ လျက်ရှိသည့် အရာရှိ၊ စစ်သည်၊ မိသားစုများ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ဝင်များနှင့် ပြည်သူ့စစ်(ဌာနေ) တပ်ဖွဲ့ဝင်များအား သွားရောက် ကြည့်ရှုအားပေးစကား ပြောကြား သည်။
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယ တပ်မတော် ကာကွယ်ရေးဦးစီး ချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) နှင့် အဖွဲ့ဝင်များသည် အောင်ပန်းမြို့ရှိ နယ်မြေခံ တပ်မတော်ဆေးရုံသို့ ရောက်ရှိကြ ရာ ဆေးရုံတပ်မှူး၊ တပ်မတော် ပါရဂူများနှင့် ဆေးမှူးများ၊ တာဝန် ရှိသူများက ကြိုဆိုနှုတ်ဆက် ကြသည်။
ဖြည့်ဆည်းဆောင်ရွက်
ထို့နောက် နိုင်ငံတော် စီမံ အုပ်ချုပ်ရေးကောင်စီ ဒုတိယ ဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ် ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီး ချုပ် (ကြည်း) အား ဆေးရုံတပ်မှူး က ဆေးရုံအစည်းအဝေးခန်းမ၌ အရာရှိ၊ စစ်သည်၊ မိသားစုများ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ၊ ပြည်သူ့စစ် (ဌာနေ) တပ်ဖွဲ့ဝင်များ နှင့် ဒေသခံပြည်သူများအား ကျန်းမာရေး စောင့်ရှောက်ပေး ထားမှု အခြေအနေများနှင့် လိုအပ် ချက်များကို ရှင်းလင်းတင်ပြရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ် ရေးဦးစီးချုပ်(ကြည်း) က လိုအပ် သည်များ လမ်းညွှန်မှာကြားပြီး လိုအပ်ချက်များအပေါ် ဖြည့်ဆည်း ဆောင်ရွက်ပေးသည်။
ယင်းနောက် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ ဒုတိယ ဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ် ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီး ချုပ် (ကြည်း)နှင့် အဖွဲ့ဝင်များသည် ဆေးရုံတက်ရောက် ကုသမှုခံယူ လျက်ရှိသည့် နိုင်ငံတော်ကာကွယ် ရေးနှင့် လုံခြုံရေးတာဝန်များကို ထမ်းဆောင်စဉ် ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြသည့် အရာရှိ၊ စစ်သည် များ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ နှင့် ပြည်သူ့စစ် (ဌာနေ) တပ်ဖွဲ့ဝင် များ၏ ကျန်းမာရေး အခြေအနေ များကို တစ်ဦးချင်း ရင်းရင်းနှီးနှီး မေးမြန်း အားပေးစကားပြောကြား ကာ စားသောက်ဖွယ်ရာများ ပေးအပ်သည်။
ဆက်လက်၍ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ ဒုတိယ ဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ် ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီး ချုပ် (ကြည်း) သည် ဆေးရုံတွင် တာဝန် ထမ်းဆောင်လျက်ရှိသည့် ကျန်းမာရေးဝန်ထမ်းများအတွက် ချီးမြှင့်ငွေများနှင့် လက်ဆောင် ပစ္စည်းများကို ပေးအပ်ရာ တာဝန် ရှိသူများက လက်ခံရယူကြသည်။
မွန်းလွဲပိုင်းတွင် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ ဒုတိယ ဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ် ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီး ချုပ် (ကြည်း) နှင့် အဖွဲ့ဝင်များ သည် စစ်ဦးစီးတက္ကသိုလ်မှ နည်းပြအရာရှိကြီးများ၊ သင်တန်း သား အရာရှိကြီးများနှင့်အတူ နေ့လယ်စာ အတူတကွသုံးဆောင် ခဲ့ကြကြောင်း သတင်းရရှိသည်။
သတင်းစဉ်