နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း ရန်ကုန်တိုင်းစစ်ဌာနချုပ် စိုက်ပျိုးမွေးမြူရေးစခန်းများသို့ သွားရောက်ကြည့်ရှုစစ်ဆေး

 

နေပြည်တော်   ဒီဇင်ဘာ   ၂၉


နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ   ဒုတိယဥက္ကဋ္ဌ    ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်   ကာကွယ် ရေးဦးစီးချုပ်   (ကြည်း)   ဒုတိယဗိုလ်ချုပ်မှူးကြီး  စိုးဝင်း သည် ယနေ့မွန်းလွဲပိုင်းတွင် ရန်ကုန်တိုင်း ဒေသကြီး  ဝန်ကြီးချုပ်၊  ကာကွယ်ရေးဦးစီးချုပ်ရုံး မှ  တပ်မတော်အရာရှိကြီးများ၊ ရန်ကုန်တိုင်းစစ်ဌာန ချုပ် တိုင်းမှူးနှင့် တာဝန်ရှိသူများလိုက်ပါ၍    ရန်ကုန် တိုင်းစစ်ဌာနချုပ် စိုက်ပျိုးမွေးမြူရေးစခန်းများသို့         သွားရောက်ကြည့်ရှု စစ်ဆေးသည်။

 


သက်သာသောဈေးနှုန်းများဖြင့် ရောင်းချပေး


ဦးစွာ      နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီး ချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) နှင့် အဖွဲ့ဝင် များသည် အမှတ်(၁) စိုက်ပျိုးမွေးမြူရေးစခန်းသို့ ရောက်ရှိရာ     ရှင်းလင်းဆောင်၌     ရန်ကုန်တိုင်း စစ်ဌာနချုပ်   တိုင်းမှူးက   ရန်ကုန်တိုင်းစစ်ဌာနချုပ်  စိုက်ပျိုးမွေးမြူရေးခြံများတွင် စိုက်ပျိုးမွေးမြူရေး  လုပ်ငန်းများ ဆောင်ရွက်ထားရှိမှု၊ ထွက်ရှိလာသည့် အသား၊ ငါး၊ ဟင်းသီးဟင်းရွက်၊ ကြက်ဥနှင့် နွားနို့ များကို အရာရှိ၊ စစ်သည် မိသားစုများနှင့် စစ်မှုထမ်း ဟောင်းအဖွဲ့ဝင်များ၊  ရဲတပ်ဖွဲ့ဝင်များနှင့်  မိသားစု ဝင်များကို သက်သာသောဈေးနှုန်းများဖြင့် ရောင်းချ ပေးလျက်ရှိသည့်    အခြေအနေများကို     ရှင်းလင်း တင်ပြသည်။

 


ဆက်လက်၍ ရန်ကုန်တိုင်းဝန်ကြီးချုပ်က ညောင် နှစ်ပင်     စိုက်ပျိုးမွေးမြူရေးဇုန်      ဖြစ်ပေါ်လာပုံ၊ ကော်မတီများ ဖွဲ့စည်း ထားရှိမှု၊      စိုက်ပျိုးမွေးမြူရေး   လုပ်ငန်းများ အကောင်ထည်ဖော်  ဆောင်ရွက်ထားရှိမှု များနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြသည်။

 


ရှင်းလင်းတင်ပြမှုများအပေါ်     နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ်    ကာကွယ်ရေးဦးစီးချုပ် (ကြည်း) က ဘက်စုံစိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ  ဆောင်ရွက်ခြင်းသည် တပ်မတော်သားများအပြင် နိုင်ငံ့ဝန်ထမ်းများအား       ပြင်ပပေါက်ဈေးထက် သက်သာစွာရောင်းချပေးနိုင်ရန် ရည်ရွယ်ဆောင်ရွက် ခြင်းဖြစ်သည့်အခြေအနေများ၊ အမြတ်ကို အဓိက မထားဘဲ     သက်သာချောင်ချိရေးကို     ဦးစားပေး ဆောင်ရွက်ကြရန်လိုသည့် အခြေအနေများ၊  မွေးမြူ ရေး ဆောင်ရွက်ရာတွင် မွေးမြူရေးသုတေသနအဖွဲ့ များနှင့်    တိုင်ပင်ဆွေးနွေး၍        ကျန်းမာရေးနှင့် ညီညွတ်သည့် ထုတ်ကုန်များရရှိအောင် ဆောင်ရွက် ကြရန်လိုအပ်သည့်   အခြေအနေများ၊   စီးပွားရေး မြို့တော်ဖြစ်သည့် ရန်ကုန်မြို့၏ စားရေးကို တစ်ဖက် တစ်လမ်းမှ အထောက်အကူပြုနိုင်သည်အထိ စိုက်ပျိုး မွေးမြူရေးကို  တိုင်းစစ်ဌာနချုပ်နှင့် တိုင်းဒေသကြီး  အစိုးရအဖွဲ့တို့   ပေါင်းစပ်ညှိနှိုင်း   ဆောင်ရွက်ကြ ရန် မှာကြားသည်။ 

 


ပြည်ပဈေးကွက်သို့ ပို့ဆောင်နိုင်ရေး


ဆက်လက်၍   ညောင်နှစ်ပင်    အထူးဇုန်နှင့် ပတ်သက်ပြီး မြေပြင်တွင် အမှန်တကယ်လုပ်ကိုင် ဆောင်ရွက်နေမှုများကို ကြီးကြပ်ရေးအဖွဲ့များဖြင့်  စနစ်တကျ ကြပ်မတ်ရန်လိုအပ်သည့် အခြေအနေ များ၊ ရန်ကုန်မြို့ရှိ လူဦးရေနှင့်အညီ Supply နှင့် Demend ကို   မျှတမှုရှိစေရေး   တွက်ချက်ဆောင်ရွက် ရန်လိုအပ်သည့်  အခြေအနေများ၊ တိုင်းဒေသကြီး အတွင်း  ပိုလျှံသော သား၊ ငါးများကို ခေတ်မီအေးခဲ စနစ်ဖြင့်  ထိန်းသိမ်းနိုင်ရေး၊  ပြည်ပဈေးကွက်သို့ ပို့ဆောင်နိုင်ရေး  စီမံသွားရန်နှင့်  လုပ်ငန်းရှင်များ လာရောက်ရင်းနှီးမြှုပ်နှံနိုင်ရေး  ဖိတ်ခေါ်ဆောင်ရွက် သွားရန်  မှာကြားသည်။

 

 
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီး ချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) နှင့် အဖွဲ့ဝင် များသည် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများမှ ထွက်ရှိ သည့်   ဟင်းသီးဟင်းရွက်များ၊  မှိုနှင့်  ကြက်ဥများ ခင်းကျင်းပြသထားမှုကို   ကြည့်ရှုစစ်ဆေးသည်။ ယင်းနောက်  မိဘမျိုးရင်း နိုဗိုဂျင်ဘရောင်းမျိုးကြက် များ မွေးမြူထားရှိမှုအခြေအနေ၊ ငါးကန်အမှတ် (၁) မှ  ငါးများဖော်ယူနေမှု အခြေအနေတို့ကို ကြည့်ရှု အားပေးသည်။ အဆိုပါကန်၌ ငါးမြစ်ချင်း ၁၅၀၀၊ ငါးတန် ၈၀၀၊ ငါးမုတ် ၅၀၀၊  မြက်စားငါးကြင်း ၂၀၀ တို့ကို ၂၀၂၂ ခုနှစ် ဇန်နဝါရီ ၅ ရက်မှစတင် မွေးမြူ ခဲ့ရာ ယခုကန်ဖော်သည့်အချိန်တွင် ငါးတစ်ကောင် လျှင် ပျမ်းမျှ  ၁ ပိဿာခန့်ရှိပြီး ယနေ့ဖော်ယူရရှိမှု အနေဖြင့် ပိဿာ ၂၂၅၀  ဖော်ယူရရှိခဲ့ရာ  ဈေးနှုန်း  သက်သာစွာဖြင့် တပ်ဖွဲ့ဝင်များနှင့် မိသားစုများအား  ဖြန့်ဝေသွားမည်ဖြစ်ကြောင်း သိရှိရသည်။ 
ဆက်လက်၍ စိုက်ပျိုးမွေးမြူရေး ခြံများအတွင်း လှည့်လည်ကြည့်ရှုစစ်ဆေးကြပြီး   တာဝန်ခံများ၏  ရှင်းလင်းတင်ပြမှုများအပေါ်      လိုအပ်သည်များ မှာကြားဖြည့်ဆည်း ဆောင်ရွက်ပေးသည်။

 


ကြည့်ရှုစစ်ဆေး


ထို့နောက်  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီး ချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) နှင့် အဖွဲ့ဝင်များ သည်  အမှတ် (၃)  စိုက်ပျိုးမွေးမြူရေး  စခန်းသို့ သွားရောက်၍  သားဖောက်ရန်  မျိုးရင်းဝက်မွေးမြူ ထားရှိမှု  အခြေအနေ၊ ကာကီကင်းဘဲ ၁၀၀၀ မွေးမြူ ထားရှိသည့် အခြေအနေနှင့် ငါးကန် ၁၆ ကန်တွင် ငါးများမွေးမြူထားရှိမှု အခြေအနေများကို ကြည့်ရှု စစ်ဆေးရာ တာဝန်ရှိသူများ၏ လိုက်လံရှင်းလင်း တင်ပြမှုများအပေါ် လိုအပ်သည်များ   ပေါင်းစပ်ညှိနှိုင်း    ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်