
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း)
ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း မှော်ဘီတပ်နယ်ရှိ တပ်မတော်(ကြည်း) အရာခံနှင့် အကြပ်ကြီးသင်ကျောင်း၊ နယ်မြေခံ
တပ်ရင်း/တပ်ဖွဲ့များ၊ တပ်မတော် ဘောလုံးစက်ရုံ၊ တပ်မတော် ဘီစကစ်နှင့် ခေါက်ဆွဲစက်ရုံများသို့ သွားရောက်စစ်ဆေး
နေပြည်တော် ဒီဇင်ဘာ ၂၇
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ် ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း သည် ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိ ကြီးများ၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့် တာဝန်ရှိသူများ လိုက်ပါ၍ ယနေ့နံနက်ပိုင်းတွင် မှော်ဘီတပ်နယ်ရှိ တပ်မတော်(ကြည်း) အရာခံနှင့် အကြပ်ကြီးသင်ကျောင်းသို့ သွားရောက်ကြည့်ရှု စစ်ဆေးသည်။
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယ ဥက္ကဋ္ဌ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်(ကြည်း)သည် အဖွဲ့ဝင်များနှင့် အတူ တပ်မတော် (ကြည်း) အရာခံနှင့်အကြပ်ကြီးသင်ကျောင်းသို့ သွားရောက်၍ သင်တန်းကျောင်း လေ့ကျင့်ရေးရုံးရှိ သင်တန်းဌာနများအလိုက် ရုံးခန်း များ၊ သင်တန်းသား စာသင်ဆောင်များ၊ သင်တန်း ခန်းမဆောင်များအား လိုက်လံကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားသည်။
ယင်းနောက် သင်တန်းရုံး ရှင်းလင်းဆောင်၌ တပ်မတော်(ကြည်း)အရာခံနှင့် အကြပ်ကြီးသင် ကျောင်း ခေတ္တကျောင်းအုပ်ကြီးက တပ်တည်ဆောက် ရေးလုပ်ငန်းကြီး(၄)ရပ် အကောင်အထည်ဖော် ဆောင်ရွက်ထားရှိမှုနှင့် လေ့ကျင့်ရေးဆိုင်ရာကိစ္စရပ် များနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြရာ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ်(ကြည်း)က လိုအပ်သည်များ ပေါင်းစပ် ညှိနှိုင်း ဆောင်ရွက်ပေးသည်။
နေ့လယ်စာ အတူတကွသုံးဆောင်
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီး ချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့် အဖွဲ့ဝင်များသည် တပ်မတော်(ကြည်း) အရာခံနှင့် အကြပ်ကြီးသင် ကျောင်း၊ ကွန်ပျူတာဒီပလိုမာ တပ်ကြပ်ကြီး/စာရေး (အမျိုးသမီး)သင်တန်းသူများနှင့် နေ့လယ်စာကို အတူတကွ သုံးဆောင်ကြသည်။
ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော် ကာကွယ် ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း)နှင့် အဖွဲ့ဝင်များသည် တပ်မတော် (ကြည်း) အရာခံနှင့် အကြပ်ကြီးသင်ကျောင်း စိုက်ပျိုး/မွေးမြူရေးခြံများ သို့ သွားရောက်ပြီး ဥစားကြက်၊ အသားတိုးကြက်နှင့် DYLဝက်များ မွေးမြူထားရှိမှု၊ ရာသီသီးနှံများ စိုက်ပျိုး ထားရှိမှုများကို ကြည့်ရှုစစ်ဆေးသည်။
ရှင်းလင်းတင်ပြ
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော် ကာကွယ် ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့် အဖွဲ့ဝင်များသည် မှော်ဘီ မြို့ရှိ တပ်မတော်ဘောလုံးစက်ရုံသို့ ရောက်ရှိရာ စက်ရုံအစည်းအဝေးခန်းမတွင် စက်ရုံမှူး ဒေါ်ကေသီ က စက်ရုံ၏ လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများကို ပါဝါပွိုင့်များဖြင့် ရှင်းလင်းတင်ပြရာ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ်(ကြည်း) က စံချိန်စံညွှန်းမီ အရည်အသွေး ကောင်းမွန်သော ဘောလုံး၊ ဘော်လီဘော အမျိုးမျိုး ကို ထုတ်လုပ်နိုင်ရေး ကြိုးပမ်းဆောင်ရွက်ရန်၊ လက်ရှိ အသုံးပြုနေသောစက်များနှင့် စွမ်းအားပြည့် ထုတ်ကုန်အရည်အသွေး မကျဆင်းစေဘဲ ထုတ်လုပ် နိုင်ရေး၊ ထုတ်ကုန်ပစ္စည်းများ ဈေးကွက်ရရှိရေးနှင့် ရောင်းအားမြှင့်တင်နိုင်ရေး၊ စက်များချွတ်ယွင်းမှု မရှိစေရေး၊ စက်များ တာရှည်အသုံးပြုနိုင်ရေးနှင့် စွမ်းအားပြည့် လည်ပတ်နိုင်ရေးအတွက် စနစ်တကျ စီမံဆောင်ရွက်ရန် စသည်ဖြင့်ဆွေးနွေးပြောကြားကာ သိရှိလိုသည်များ မေးမြန်းပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။
ထောက်ပံ့ငွေများ ပေးအပ်
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီး ချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း)နှင့် အဖွဲ့ဝင်များ သည် စက်ရုံအတွင်း ဘောလုံးများ ထုတ်လုပ်နေမှု အဆင့်ဆင့်ကို လိုက်လံကြည့်ရှုကြရာ တာဝန်ရှိသူများ က ရှင်းလင်းပြသကြသည်။ ဆက်လက်၍ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ်(ကြည်း)က စက်ရုံဝန်ထမ်းများအတွက် ထောက်ပံ့ငွေများ ပေးအပ်ချီးမြှင့်ရာ စက်ရုံမှူးက လက်ခံရယူသည်။
အဆိုပါ ဘောလုံးစက်ရုံသည် တစ်နှစ်လျှင် လူကြီးကန်ဘောလုံး ၇၄၀၀၀၊ ဘော်လီဘော ဘောလုံး ၆၂၀၀၀ ၊ လူငယ်ကန်ဘောလုံး ၁၅၂၀၀၀ စုစုပေါင်း ၂၈၈၀၀၀ ထုတ်လုပ်နိုင်စွမ်းရှိကြောင်း သိရသည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော် ကာကွယ် ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း)နှင့် အဖွဲ့ဝင်များသည် တပ်မတော် ဘီစကစ်နှင့် ခေါက်ဆွဲ စက်ရုံ(မှော်ဘီ) သို့ရောက်ရှိရာ စက်ရုံအစည်းအဝေး ခန်းမတွင် စက်ရုံမှူး ဗိုလ်မှူး ကျော်ဖြိုးဝေ (အငြိမ်း စား) က စက်ရုံ၏ သမိုင်းအကျဉ်း၊ ဘီစကစ်နှင့် ခေါက်ဆွဲများ ထုတ်လုပ်မှုအဆင့်ဆင့်တို့ကို ရှင်းလင်းတင်ပြရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော် ကာကွယ် ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း)က စက်ရုံထုတ် စားသောက်ကုန်ပစ္စည်းများ ထုတ်လုပ်ရာ တွင် အနံ့အရသာ၊ ဆွဲဆောင်မှု စသည့် ပစ္စည်း အရည်အသွေးကောင်းမွန်ရေး၊ ဈေးကွက်ရရှိရေး၊ ထုပ်ပိုးကုန်များ စနစ်တကျနှင့် စားသုံးသူဆွဲဆောင်မှု ရှိရေး၊ စက်စွမ်းအားပြည့်ထုတ်လုပ်နိုင်ရေးနှင့် စက် များ ရေရှည်အသုံးပြုနိုင်ရေး စနစ်တကျစစ်ဆေး ပြုပြင်ထိန်းသိမ်း ကိုင်တွယ်ဆောင်ရွက်ရေး၊ တပ်မတော်သား မိသားစုများသာမက ပြင်ပ ဈေးကွက်ကိုပါ သက်သာသော ဈေးနှုန်းများဖြင့် ရောင်းချနိုင်ရေး ကြိုးပမ်းဆောင်ရွက်ရန် ဆွေးနွေး မှာကြားပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီး ချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) နှင့် အဖွဲ့ဝင်များ သည် စက်ရုံအတွင်း ဘီစကစ်များနှင့် ခေါက်ဆွဲများ ထုတ်လုပ်နေမှု အဆင့်ဆင့်တို့ကို လိုက်လံကြည့်ရှု ကြရာ တာဝန်ရှိသူများက လိုက်လံရှင်းလင်းပြသကြ သည်။ ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော် ကာကွယ် ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း)က စက်ရုံဝန်ထမ်းများအတွက် ထောက်ပံ့ငွေများ ပေးအပ်ချီးမြှင့်ရာ စက်ရုံမှူးက လက်ခံရယူသည်။
တွေ့ဆုံနှုတ်ဆက်
ထို့ပြင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီး ချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ် မှူးကြီး စိုးဝင်းနှင့် အဖွဲ့ဝင်များသည် မှော်ဘီတပ်နယ် ရှိ နယ်မြေခံ တပ်ရင်း/ တပ်ဖွဲ့များအား လိုက်လံ ကြည့်ရှုစစ်ဆေးပြီး အိမ်ထောင်သည် ရဲမေလိုင်းခန်း များသို့သွားရောက်၍ ရဲမေ၊ မိသားစုများအား ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်ကာ လိုအပ်သည် များအား တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးပြီး ချီးမြှင့်ငွေများ ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်