နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ၊ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ ရုရှားနိုင်ငံလုံးဆိုင်ရာပြခန်းများသို့ သွားရောက်လေ့လာ

 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ၊  ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် 
ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ 
Exhibition of Achievements of National Economy ရုရှားနိုင်ငံလုံးဆိုင်ရာပြခန်းများသို့ သွားရောက်လေ့လာ

နေပြည်တော်   စက်တင်ဘာ   ၃


ရုရှားဖက်ဒရေးရှင်း     နိုင်ငံ၌    ရောက်ရှိနေသည့်     နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ     ဒုတိယ ဥက္ကဋ္ဌ၊   ဒုတိယ      တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်  ရေးဦးစီးချုပ်(ကြည်း)    ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း ဦးဆောင် သည့်             ကိုယ်စားလှယ်အဖွဲ့သည် စက်တင်ဘာ ၂ ရက် မွန်းလွဲပိုင်း တွင် မော်စကိုမြို့ရှိ Exhibition   of   Achievements   of   National Economy    ရုရှားနိုင်ငံလုံးဆိုင်ရာ   ပြခန်းများသို့ သွားရောက်လေ့လာ ခဲ့ကြသည်။

 

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ၊ ဒုတိယ တပ်မတော်   ကာကွယ်ရေးဦးစီး ချုပ်      ကာကွယ်ရေးဦးစီးချုပ် (ကြည်း)နှင့်     အဖွဲ့ဝင်များအား ရုရှားဖက်ဒရေးရှင်းနိုင်ငံ ကာကွယ် ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူ များက  ကြိုဆိုနှုတ်ဆက်ကြပြီး မော်စကို    မြို့ပုံစံငယ်ပြတိုက်၊ Smart City   ပုံစံငယ်ပြတိုက်နှင့် အာကာသပြတိုက်များအတွင်း လိုက်လံရှင်းလင်းပြသ ခဲ့ကြသည်။


ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ  ဒုတိယဥက္ကဋ္ဌ၊    ဒုတိယတပ်မတော်ကာကွယ်ရေး ဦးစီးချုပ်    ကာကွယ်ရေးဦးစီးချုပ်(ကြည်း)သည် ဒေသစံတော်ချိန်   ညနေပိုင်းတွင်   ပညာတော်သင်  သင်တန်းသားများအား ခေတ္တတည်းခိုသည့် ဟိုတယ် ဧည့်ခန်းမဆောင်၌  တွေ့ဆုံသည်။


တွေ့ဆုံစဉ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ  ဒုတိယဥက္ကဋ္ဌ၊    ဒုတိယတပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း)က အမှာ စကားပြောကြားရာတွင်   မြန်မာနိုင်ငံ၏   လက်ရှိ နိုင်ငံရေးဖြစ်ပေါ်ပြောင်းလဲမှု       အခြေအနေများ၊ နိုင်ငံရပ်ခြားတွင် နိုင်ငံတော်၏တာဝန်များကို အတူ တကွ    လာရောက်ထမ်းဆောင်နေခြင်းဖြစ်သည့် အတွက် တစ်ဦးနှင့်တစ်ဦး ဖေးမကူညီစောင့်ရှောက် ကြရန်  လိုအပ်သည့်အခြေအနေများ၊  မိမိနိုင်ငံ၏ နိုင်ငံရေး၊ စီးပွားရေးနှင့် နိုင်ငံ့အကျိုးစီးပွားတိုးတက် အောင် နိုင်ငံ့ဝန်ထမ်းကောင်းပီသစွာဖြင့် ဆောင်ရွက် ကြရမည်ဖြစ်ပြီး နိုင်ငံ့ဂုဏ်ကို မြှင့်တင်ရန်လိုအပ်သည့် အခြေအနေများနှင့်   ပတ်သက်၍   အကျယ်တဝင့် ရှင်းလင်းပြောကြားခဲ့ပြီး သင်တန်းသားများအတွက် အမှတ်တရလက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့သည်။


သတင်းစဉ်