နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ၊ ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားကျင်းပရေးဦးစီးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်အမ

နေပြည်တော်  ဇူလိုင်  ၂ 


ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားကျင်းပရေးဦးစီးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန  အစည်းအဝေးခန်းမ၌  ကျင်းပရာ  အခမ်းအနားကျင်းပရေးဦးစီးကော်မတီနာယက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ၊  ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊  ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း တက်ရောက်အမှာစကားပြောကြားသည်။


အစည်းအဝေးသို့   သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန  ပြည်ထောင်စု ဝန်ကြီး ဦးကိုကို၊  နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ ဒေါက်တာမောင်မောင်နိုင်၊  ဒုတိယ ဝန်ကြီးများဖြစ်ကြသည့် ဦးမောင်မောင်ဝင်း၊ ဦးအေးထွန်း၊  ဦးထွန်းအုံ၊  ဗိုလ်မှူးချုပ် လူမွန်နှင့်   ဦးသန့်စင်၊    နေပြည်တော် ကောင်စီဝင်  ဦးမြင့်စိုး၊   ဦးစီးကော်မတီ၊ လုပ်ငန်းကော်မတီဝင်များ၊    ဆပ်ကော် မတီဝင်များနှင့်       တာဝန်ရှိသူများ တက်ရောက်ကြသည်။


ဖွင့်လှစ်


ရှေးဦးစွာ   နမောတဿ   သုံးကြိမ် ရွတ်ဆို၍ အစည်းအဝေးကို ဖွင့်လှစ်သည်။
အစည်းအဝေးတွင်    ဦးစီးကော်မတီ နာယကက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ၂၀၂၁ ခုနှစ် ဇွန် ၁၁ ရက်စွဲပါ စာဖြင့်  အခမ်းအနားကျင်းပရေးဦးစီးကော်မတီကို နာယက ၊  ဥက္ကဋ္ဌအပါအဝင် အဖွဲ့ဝင်   ၁၃  ဦးဖြင့်       လည်းကောင်း၊ 


m ရှေ့ဖုံးမှ
လုပ်ငန်းကော်မတီကို  ဒုတိယဝန်ကြီး ဦးဆောင်၍ အဖွဲ့ဝင် ၁၃ ဦးဖြင့် လည်းကောင်း ဖွဲ့စည်းခဲ့ပြီး ဆပ်ကော်မတီ ၁၀ ခု ဖွဲ့စည်းဆောင်ရွက် လျက်ရှိကြောင်း၊ ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲအခမ်းအနားသည် နှစ်စဉ်ကျင်းပနေသည့် အခမ်းအနားဖြစ်သော်လည်း  ယခုကာလတွင် ကိုဗစ်-၁၉  ဗီဇပြောင်းကူးစက်မြန်ရောဂါ ပြန်လည်တွေ့ရှိနေသည့် ကာလနှင့် တိုက်ဆိုင်နေကြောင်း၊  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် အဆိုပါကပ်ရောဂါ (Third Wave)ကို အမြန်ဆုံးချုပ်ငြိမ်းရန် စနစ်တကျကိုင် တွယ်ထိန်းချုပ်ကုသနေသည့်ကာလလည်း ဖြစ်ကြောင်း၊ ထို့ကြောင့် အခမ်းအနားကျင်းပသည့်အခါ ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ် ကုသရေးအမျိုးသားအဆင့်ဗဟိုကော်မတီနှင့် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနက ထုတ်ပြန်သည့် အမိန့်၊  ညွှန်ကြားချက်များနှင့် အညီ ပြင်ဆင်ဆောင်ရွက်ကြရန် တိုက်တွန်းလိုကြောင်း။


အစဉ်အလာမပျက်ဆောင်ရွက်ခဲ့


ယခုကျင်းပမည့်အခမ်းအနားသည် ဗုဒ္ဓဘုရားရှင်က ဝိနည်းသိက္ခာပုဒ် နှစ်ခုပညတ်၍  သုံးစွဲရမည့်ကာလနှင့်  အတိုင်းအတာပမာဏကို ခွင့်ပြုခဲ့ခြင်းဖြစ်ပြီး သံဃာတော်များအတွက်  မိုးတွင်းကာလအတွင်း မိုးရေခံသင်္ကန်းများ  ဆက်ကပ်လှူဒါန်းခွင့်ပြုရန်  ဝိသာခါကျောင်း        အမကြီး၏လျှောက်ထားချက်အပေါ်ခွင့်ပြုခဲ့ခြင်းနှင့် ဆက်စပ်ဖြစ်ပေါ် လာသည့်   မိုးရေခံသင်္ကန်းအလှူ   တစ်နည်းအားဖြင့်   ဝါဆိုသင်္ကန်း ဆက်ကပ်ခြင်းအခမ်းအနားဖြစ်သည့်အတွက် မွန်မြတ်သည့် ကာလဒါန အလှူလည်းဖြစ်ကြောင်း၊ ကျောင်း၊ သင်္ကန်း၊ ဆေး၊ ဆွမ်း လေးပါးအနက် သင်္ကန်းကို မပင်မပန်းဆက်ကပ်လှူဒါန်းရသည့်အတွက် လက်တွေ့ဘဝ တွင်သာမက နောင်အနာဂတ်ဘဝ အတွက်ပါ အကျိုးကျေးဇူးများခံစားရ မည်ဟု ဗုဒ္ဓဘာသာဝင်များက ယုံကြည်သက်ဝင်ကြပါကြောင်း၊ ထို့ကြောင့် ဝါဆိုကာလရောက်တိုင်း    ဗုဒ္ဓဘာသာဝင်တိုင်းက   ဝါဆိုသင်္ကန်း ဆက်ကပ်ခြင်းကို အစဉ်အလာမပျက်ဆောင်ရွက်ခဲ့ကြောင်း၊  မြန်မာနိုင်ငံ တွင် အစိုးရအဆက်ဆက် အနေဖြင့် ဝါဆိုကာလတွင် သီလဂုဏ်၊ သမာဓိဂုဏ်၊ ပညာဂုဏ်ပြည့်စုံတော်မူသည့် သံဃာဥသျှောင် သံဃာတော် များကို ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းခြင်းသည် ဗုဒ္ဓ၏အလိုဆန္ဒအတိုင်း မိုးရေခံသင်္ကန်း တစ်နည်းအားဖြင့် ဝါဆိုသင်္ကန်းဆက်ကပ်ခြင်း ဖြစ်ပြီး  မွန်မြတ်သည့်အလှူတော်  မင်္ဂလာလည်းဖြစ်ကြောင်း၊   ယခုနှစ်ဝါဆို သင်္ကန်းဆက်ကပ်လှူဒါန်းပွဲအခမ်းအနားတွင်  နိုင်ငံတော်သံဃမဟာ နာယက ဆရာတော်ကြီး နှစ်ပါး၊ ဥပ္ပါတသန္တိစေတီတော် ဂေါပကအဖွဲ့၏ ဩဝါဒါစရိယဆရာတော် ကိုးပါး၊ နေပြည်တော်သံဃနာယကဆရာတော် လေးပါး၊ မြို့နယ်သံဃနာယကဆရာတော်ကြီးများနှင့်  စာသင်တိုက်ပဓာန နာယကဆရာတော်များ စုစုပေါင်း ၂၇ ပါးကို ပင့်လျှောက်ကာ နိုင်ငံတော် အဆင့် ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲကို ကျင်းပသွားမည်ဖြစ်ကြောင်း။


အထူးဂရုပြုဆောင်ရွက်


သက်ဆိုင်ရာ  ဆပ်ကော်မတီအသီးသီးအနေဖြင့်  လုပ်ငန်းများ ဆောင်ရွက်ရာတွင် နှစ်စဉ်နှစ်တိုင်း ကျင်းပပြုလုပ် ပြင်ဆင်ဆောင်ရွက် ခဲ့ခြင်းဖြစ်သော်လည်း သတိ၊ ဝီရိယ၊ မမေ့မလျော့ဖြင့် မိမိတို့၏  လုပ်ငန်း တာဝန်များကို   ကျေပွန်စွာပြင်ဆင်ဆောင်ရွက်သွားကြရမည်ဖြစ် ကြောင်း၊ ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းရာ၌ ဆွမ်း စသည့်ဝေယျာဝစ္စများ တွင် မိုးတွင်းကာလနှင့်ပတ်သက်သည့်   ရောဂါများမဖြစ်ပွားစေရန် အရေးကြီးပြီး ဘက်ပေါင်းစုံရှုထောင့်ပေါင်းစုံမှ အထူးဂရုပြုဆောင်ရွက် သွားရမည်ဖြစ်ကြောင်း၊  ထို့အတူ ကိုဗစ်-၁၉ ကူးစက်မြန်ရောဂါကာလ ဖြစ်သည့်အတွက် တက်ရောက်လာသည့် ဆရာတော်၊  သံဃာတော်ကြီး များနှင့် ဝေယျာဝစ္စဆောင်ရွက်ရမည့်ပုဂ္ဂိုလ်များအနေဖြင့် ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် အမိန့်၊ ညွှန်ကြား ချက်၊ ကိုဗစ်-၁၉ ဆိုင်ရာစည်းမျဉ်း၊ စည်းကမ်းများ၊ ညွှန်ကြားချက် များနှင့်အညီ  တိတိကျကျ   လိုက်နာဆောင်ရွက်သွားကြရမည်ဖြစ် ကြောင်း၊ ထို့ကြောင့် သက်ဆိုင်ရာကဏ္ဍ အလိုက်ဆောင်ရွက်ပြီးသည့် ကိစ္စရပ်များ၊ ဆက်လက်ဆောင်ရွက်သွားမည့်ကိစ္စရပ်များနှင့် ဆောင်ရွက် ရာတွင်တွေ့ကြုံရသည့်အခက်အခဲများကို အကြံပြုဆွေးနွေးပေးကြစေလိုကြောင်း ပြောကြားသည်။


ဆွေးနွေးတင်ပြ


ထို့နောက် ဦးစီးကော်မတီဥက္ကဋ္ဌ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီး ဌာန  ပြည်ထောင်စုဝန်ကြီး  ဦးကိုကိုက  ပြည်ထောင်စုသမ္မတမြန်မာ နိုင်ငံတော်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ၂၀၂၁ ခုနှစ်၊ ဝါဆို သင်္ကန်းဆက်ကပ်လှူဒါန်းပွဲ အခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေး ဆောင်ရွက်မည့် အစီအစဉ်များကို ရှင်းလင်းဆွေးနွေးတင်ပြသည်။


ယင်းနောက် လုပ်ငန်းကော်မတီဥက္ကဋ္ဌ ဒုတိယဝန်ကြီး ဦးအေးထွန်း က လုပ်ငန်းကော်မတီက ဆောင်ရွက်မည့်အခြေအနေများကို ရှင်းလင်း ဆွေးနွေးတင်ပြသည်။
ထို့နောက် အခမ်းအနားကျင်းပရေးနှင့် အခမ်းအနားပြင်ဆင်ရေး ဆပ်ကော်မတီ၊ ဖိတ်ကြားရေးနှင့် ကြိုဆိုနေရာချထားရေးဆပ်ကော်မတီ၊ သံဃာတော်များ ပင့်ဆောင်ရေးနှင့် သယ်ယူပို့ဆောင်ရေးဆပ်ကော်မတီ၊ ဆွမ်းဆက်ကပ်ရေးဆပ်ကော်မတီ၊ လှူဖွယ်ပစ္စည်းများ ပြင်ဆင်ရေးနှင့် ဆက်ကပ်ရေးဆပ်ကော်မတီ၊ ဧည့်ခံဖျော်ဖြေရေးဆပ်ကော်မတီ၊ သတင်း မှတ်တမ်းထုတ်ပြန်ရေးဆပ်ကော်မတီ၊   ကျန်းမာရေးဆပ်ကော်မတီ၊ ဥပ္ပါတသန္တိစေတီတော်ပရိဝုဏ်အတွင်း စိမ်းလန်းစိုပြည်ရေးနှင့် သာသနာ ရေးဆိုင်ရာအခင်းအကျင်းပြင်ဆင်ရေးဆပ်ကော်မတီနှင့်  လုံခြုံရေး ဆပ်ကော်မတီတို့မှ တာဝန်ရှိသူများက  သက်ဆိုင်ရာကဏ္ဍများအလိုက် ရှင်းလင်းဆွေးနွေးတင်ပြကြရာ    ဒုတိယဝန်ကြီးများဖြစ်ကြသည့် ဦးသန့်စင်နှင့်  ဦးမောင်မောင်ဝင်းတို့က  ဖြည့်စွက်ဆွေးနွေးတင်ပြကြ သည်။


ထို့နောက်      အခမ်းအနားကျင်းပရေးဦးစီးကော်မတီနာယက၊             နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ က နိဂုံးချုပ်အမှာစကား ပြောကြားပြီး ဗုဒ္ဓသာသနံစိရံတိဋ္ဌတု သုံးကြိမ် ရွတ်ဆို၍ အစည်းအဝေးကို ရုပ်သိမ်းလိုက်သည်။ 


ဆက်လက်၍ အခမ်းအနားကျင်းပရေးဦးစီးကော်မတီနာယက၊         နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ၊  ဒုတိယဗိုလ်ချုပ် မှူးကြီးစိုးဝင်းသည်  ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ ၂၀၂၁ ခုနှစ် ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားတွင် ဆက်ကပ်လှူဒါန်း မည့် လှူဖွယ်ပစ္စည်းများကို ကြည့်ရှုစစ်ဆေးရာ ပြည်ထောင်စုဝန်ကြီး ဦးကိုကိုက ရှင်းလင်းပြသခဲ့ကြောင်း သတင်းရရှိသည်။    

 

 သတင်းစဉ်