နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကာကွယ်ရေးဦးစီးချုပ်(ကြည်း)ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း ဗထူးတပ်နယ်ရှိ တပ်မတော်ဆေးရုံနှင့်တပ်နယ်အတွင်း စိုက်ပျိုး/မွေးမြူရေးလုပ်ငန်းများဆောင်ရွက်ထားရှိမှုများ လိုက်လံကြည့်ရှု

 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်
 ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း  ဗထူးတပ်နယ်ရှိ တပ်မတော်ဆေးရုံနှင့် 
တပ်နယ်အတွင်း စိုက်ပျိုး/မွေးမြူရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှုများ လိုက်လံကြည့်ရှုစစ်ဆေး 
 

 

နေပြည်တော်  ဧပြီ    ၆


နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ်  ကာကွယ်ရေးဦးစီးချုပ်(ကြည်း)     ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းသည် ဇနီး ဒေါ်သန်းသန်းနွယ်၊ ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း)မှ   ဒုတိယဗိုလ်ချုပ်ကြီး အောင်ဇော်အေး၊ ကာကွယ် ရေးဦးစီးချုပ်ရုံး (ကြည်း၊ ရေ၊ လေ)မှ   တပ်မတော်အရာရှိကြီးများ၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူးတို့ လိုက်ပါ၍     ယနေ့နံနက်ပိုင်း တွင်   ရှမ်းပြည်နယ် (တောင်ပိုင်း)     ဗထူးတပ်မြို့ရှိ တပ်မတော်ဆေးရုံသို့  သွားရောက်ကြည့်ရှုစစ်ဆေးသည်။ 
 

 

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယ တပ်မတော်ကာကွယ်ရေး  ဦးစီး ချုပ်       ကာကွယ်ရေးဦးစီးချုပ် (ကြည်း)နှင့်    အဖွဲ့ဝင်များအား ဆေးရုံတပ်မှူးနှင့်   တာဝန်ရှိသူ များက  ကြိုဆိုနှုတ်ဆက်ကြပြီးဆေးရုံရှင်းလင်းဆောင်၌ ဆေးရုံ တပ်မှူးက ဆေးဝါးကုသမှုဆိုင်ရာ များနှင့်      တပ်တည်ဆောက်ရေး လုပ်ငန်းကြီး လေးရပ်ဆိုင်ရာများ ကို  ရှင်းလင်းတင်ပြရာ  နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယ ဥက္ကဋ္ဌ      ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ်     ကာကွယ် ရေးဦးစီးချုပ်(ကြည်း)က      သိရှိလို သည်များ  မေးမြန်းပြီး    လိုအပ် သည်များ    ညှိနှိုင်းဖြည့်ဆည်း  ဆောင်ရွက်ပေးသည်။ 

 


ထို့နောက်    နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ   ဒုတိယ ဥက္ကဋ္ဌ      ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ် ရေးဦးစီးချုပ်(ကြည်း)နှင့် အဖွဲ့ဝင် များသည်   ဆေးရုံတက်ရောက် ဆေးကုသမှု   ခံယူလျက်ရှိသည့် အရာရှိ၊   စစ်သည်၊   မိသားစုများ နှင့်     ဒေသခံပြည်သူများအား လိုက်လံကြည့်ရှုပြီး   တစ်ဦးချင်း ၏   ရောဂါအခြေအနေများအား   မေးမြန်းအားပေးစကား       ပြော ကြားကာ    စားသောက်ဖွယ်ရာ များ   ပေးအပ်သည်။ 

 


 ညှိနှိုင်းဖြည့်ဆည်းပေး


ဆက်လက်၍  နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ    ဒုတိယ ဥက္ကဋ္ဌ       ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ် ရေးဦးစီးချုပ်(ကြည်း)နှင့် အဖွဲ့ဝင် များသည်  ဆေးရုံရှိ    DENTAL ROOM ၊ ULTRASOUND ROOM အပါအဝင်   အခြားရောဂါကုသ ဆောင်များ၊ ဆေးရုံစားချက်ဆောင် နှင့် ရိက္ခာစတို  တို့ကို     လိုက်လံ ကြည့်ရှုစစ်ဆေးရာ      တာဝန်ရှိသူ များက  ရှင်းလင်းတင်ပြကြသည်။ 

 


ထောက်ပံ့ပစ္စည်းများ ပေးအပ်


အလားတူ     နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ      ဒုတိယ ဥက္ကဋ္ဌ       ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ် ရေးဦးစီးချုပ်(ကြည်း)၏     ဇနီး ဒေါ်သန်းသန်းနွယ်နှင့်    အဖွဲ့ဝင် များသည် အမျိုးသမီးနှင့် ကလေး ကုသဆောင်သို့   သွားရောက်၍ ဆေးရုံတက်ရောက်   ကုသလျက် ရှိသည့်လူနာများအား   လိုက်လံ ကြည့်ရှုအားပေးစကား ပြောကြား ပြီး ထောက်ပံ့ပစ္စည်းများ ပေးအပ် သည်။

 


ယင်းနောက်   နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ      ဒုတိယ ဥက္ကဋ္ဌ         ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ် ရေးဦးစီးချုပ်(ကြည်း)   ဒုတိယ ဗိုလ်ချုပ်မှူးကြီး  စိုးဝင်းနှင့်  ဇနီး တို့သည်    ဆေးရုံတွင်     တာဝန် ထမ်းဆောင်လျက်ရှိသည့် ကျန်းမာ ရေးဝန်ထမ်းများအတွက် ချီးမြှင့် ငွေနှင့်  ဆေးရုံအတွက်   အလှူငွေ များကို ပေးအပ်ရာ ဆေးရုံတပ်မှူး က လက်ခံရယူသည်။

 


စိုက်ပျိုးမွေးမြူထားရှိမှု စစ်ဆေး


ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ    ဒုတိယ ဥက္ကဋ္ဌ       ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ် ရေးဦးစီးချုပ်(ကြည်း)နှင့် အဖွဲ့ဝင် များသည်     တပ်မတော် (ကြည်း) ဗိုလ်သင်တန်းကျောင်း    (ဗထူး) ပေါင်းစည်းလယ်ယာစနစ် စိုက်ပျိုး/ မွေးမြူရေးခြံသို့ သွားရောက်ပြီး ဥစားကြက်၊   အသားတိုးကြက်၊ DYLဝက်နှင့်    နို့စားနွားမွေးမြူ ထားရှိမှု၊ ရာသီ သီးနှံများ စိုက်ပျိုး မွေးမြူထားရှိမှုများအား ကြည့်ရှု စစ်ဆေးသည်။ 

 


လယ်မြေသစ်များဖော်ထုတ်


ထို့နောက်    နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ     ဒုတိယ ဥက္ကဋ္ဌ  ဒုတိယတပ်မတော်ကာကွယ် ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီး ချုပ်(ကြည်း)နှင့် အဖွဲ့ဝင်များသည် တပ်မတော်(ကြည်း)   တိုက်ခိုက် ရေးကျောင်း(ဗထူး)    ပေါင်းစည်း လယ်ယာ(ဗထူးစမ်း)သို့    သွား ရောက်၍  ဆည်မြောင်းနှင့်    ရေ အသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန ၏ အကူအညီဖြင့် လယ်မြေသစ် များဖော်ထုတ်နေမှုကို သွားရောက် ကြည့်ရှုစစ်ဆေးရာ   တပ်မတော် (ကြည်း)  တိုက်ခိုက်ရေးကျောင်း (ဗထူး)ကျောင်းအုပ်ကြီးနှင့် တာဝန် ရှိသူများက  လုပ်ငန်းဆောင်ရွက် နေမှုများနှင့်ပတ်သက်ပြီး ရှင်းလင်း တင်ပြရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ  ဒုတိယဥက္ကဋ္ဌ  ဒုတိယ တပ်မတော်ကာကွယ်ရေး     ဦးစီး  ချုပ်         ကာကွယ်ရေးဦးစီးချုပ် (ကြည်း)က       သိရှိလိုသည်များ မေးမြန်းပြီး   လိုအပ်သည်များ       မှာကြားသည်။  ထို့နောက် ဖော်ထုတ် ထားရှိသည့်  လယ်မြေသစ်များ၌အာလူးနှင့် ပဲပုပ်စမ်းသပ် စိုက်ပျိုး ထားရှိသည့် စိုက်ခင်းများအတွင်း သို့    လိုက်လံကွင်းဆင်းကြည့်ရှု သည်။

 


အဆိုပါ ပေါင်းစည်းလယ်ယာ (ဗထူးစမ်း)အတွင်း   ဗထူးစမ်း ဆည်တည်ဆောက်ခြင်း လုပ်ငန်း များကို   အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပြီး ယခုအချိန် တွင် မျောရိုက်သဲအိတ်ဖြင့် ယာယီ တမံပိတ်၍    ရေကိုပင့်တင်ကာ စိုက်ပျိုး   ဆောင်ရွက်လျက်ရှိပြီး ဗထူးစမ်းဆည်    တည်ဆောက် ပြီးစီးပါက   တပ်နယ်အတွင်းနှင့် အနီးပတ်ဝန်းကျင်ရှိ  ဇလဲရွာနှင့် လွယ်ဆင်ရွာတို့ရှိ ဒေသခံပြည်သူ များ၏ လယ်မြေဧက စုစုပေါင်း ၂၀၀ ကျော်အား အကျိုးပြုနိုင်မည် ဖြစ်ကာ သုံးရာသီမပြတ်    ရေရရှိ နိုင်မည်ဖြစ်၍   တပ်နယ်အတွင်း နှင့် ပတ်ဝန်းကျင်ကျေးရွာများ၏ စိုက်ပျိုးမွေးမြူရေး  လုပ်ငန်းများ ကို များစွာအထောက်အပံ့ပေးနိုင် မည်ဖြစ်သည့်အပြင် ဗထူးစမ်းရေ ထွက်နှင့် ချောင်းအတွင်း နုန်းပိတ် ဆို့ ပို့ချမှုကိုလည်း  ကာကွယ်နိုင် မည်ဖြစ်ကြောင်း သိရှိရသည်။

 


ပိန်းချောင်းဆည် ပြန်လည်ပြုပြင်


အလားတူ    နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း)နှင့်   အဖွဲ့ဝင်များသည် တပ်မတော်(ကြည်း)       ဗိုလ် သင်တန်းကျောင်း(ဗထူး)အတွင်း ပိန်းချောင်းဆည်ပြန်လည်ပြုပြင် ခြင်းလုပ်ငန်းများ     ဆောင်ရွက် နေမှုကို      သွားရောက်ကြည့်ရှု စစ်ဆေးရာ တာဝန်ရှိသူတစ်ဦးက လုပ်ငန်း အကောင်အထည်ဖော်ဆောင်ရွက်နေမှုများနှင့်      ပတ် သက်၍        ရှင်းလင်းတင်ပြပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ် ရေးဦးစီးချုပ်(ကြည်း)က သိရှိလို သည်များ မေးမြန်းကာ    လိုအပ် သည်များ ပေါင်းစပ်ညှိနှိုင်းဆောင် ရွက်ပေးသည်။ 

 


အဆိုပါ    ပိန်းချောင်းဆည် သည်  တစ်ဖက်ပိတ်ဆည်အမျိုး အစားဖြစ်ပြီး    ရေဝပ်ဧရိယာ အတွင်း သဲနုန်းများပို့ချပြီး ရေဝပ် ဧရိယာကောလာကာ ရေလှောင် နိုင်မှုမရှိသဖြင့် တာပေါင်အား မြှင့် တင်ခြင်း၊    ဆည်ရေဝပ်သဲနုန်း တူးဖော်ခြင်း၊ နုန်းစစ်ကန် တူးဖော် ခြင်း၊  နုန်းစစ်ကျောက်ရိုး   တည် ဆောက်ခြင်း၊    တာပေါင်အား ကျောက်ကြီး   အခြောက်စီခြင်း စသည့်     ပြန်လည်ပြုပြင်ခြင်း လုပ်ငန်းများကို     ဆောင်ရွက် လျက်ရှိသည်။  ပိန်းချောင်းဆည် ပြန်လည်ပြုပြင်ပြီးစီးပါက လယ် မြေ ဧက ၅၀ ကျော်ကို အကျိုးပြု နိုင်မည်ဖြစ်ကြောင်းနှင့်   ရာသီ သီးနှံ    စိုက်ပျိုးရေးလုပ်ငန်းများ တွင်   များစွာအထောက်အကူပြု မည်ဖြစ်ကြောင်း     သတင်းရရှိ သည်။


သတင်းစဉ်