နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကာကွယ်ရေးဦးစီးချုပ်(ကြည်း)ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့် ဇနီး(၇၇)နှစ်မြောက် တပ်မတော်နေ့ အခမ်းအနားသို့တက်ရောက်ကြသည့်လွတ်လပ်ရေးမော်ကွန်းဝင်ပုဂ္ဂိုလ်များအား ဂါရဝပြုတွေ့ဆုံ

 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် 
ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့် ဇနီး (၇၇)နှစ်မြောက် တပ်မတော်နေ့
အခမ်းအနားသို့ တက်ရောက်ကြသည့် လွတ်လပ်ရေးမော်ကွန်းဝင်ပုဂ္ဂိုလ်များအား ဂါရဝပြုတွေ့ဆုံ

 

နေပြည်တော်   မတ်  ၂၇


ယနေ့ ကျရောက်သော (၇၇)နှစ်မြောက် တပ်မတော် နေ့ စစ်ရေးပြ အခမ်းအနားသို့ တက်ရောက်ခဲ့ကြသည့်  လွတ်လပ်ရေးမော်ကွန်းဝင်ပုဂ္ဂိုလ်   ဒုတိယအဆင့်   နှစ်ဦးနှင့် တတိယအဆင့်  သုံးဦး  စုစုပေါင်း  ငါးဦးတို့ အား  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ   ဒုတိယ ဥက္ကဋ္ဌ          ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်  (ကြည်း) ဒုတိယဗိုလ်ချုပ်မှူး ကြီး  စိုးဝင်းနှင့်ဇနီး ဒေါ်သန်းသန်းနွယ်တို့က    ယနေ့ မွန်းလွဲပိုင်းတွင်      နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာ ဧည့်ခန်းမဆောင်၌       လက်ဖက်ရည်ဝိုင်းဖြင့် တည်ခင်းဧည့်ခံ၍ ဂါရဝပြုတွေ့ဆုံသည်။

 


ထိုသို့တွေ့ဆုံစဉ်       နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ် ရေးဦးစီးချုပ်   ကာကွယ်ရေးဦးစီးချုပ်(ကြည်း)နှင့်  ဇနီးတို့က   လွတ်လပ်ရေးမော်ကွန်းဝင် ပုဂ္ဂိုလ်များ၏  ကျန်းမာရေးအခြေအနေများကို တစ်ဦးချင်း မေးမြန်း အားပေးစကားပြောကြားပြီး   အားဖြည့်ငှက်သိုက် များနှင့် ဂါရဝပြုချီးမြှင့်ငွေများကို ကိုယ်တိုင်ကိုယ်ကျ          ဂါရဝပြု ပေးအပ်ကြသည်။ 

 


ယင်းနောက်         နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ် ရေးဦးစီးချုပ်    ကာကွယ်ရေးဦးစီးချုပ်(ကြည်း)နှင့် ဇနီးတို့သည် လွတ်လပ်ရေးမော်ကွန်းဝင်ပုဂ္ဂိုလ်များ နှင့်အတူ  လက်ဖက်ရည်နှင့်   စားသောက်ဖွယ်ရာများ ကို  အတူတကွသုံးဆောင်ခဲ့ကြကြောင်း သတင်းရရှိ သည်။                                            

သတင်းစဉ်