
နေပြည်တော် ဇွန် ၁၃
၂၀၂၄ ခုနှစ် ပြည်နယ်နှင့် တိုင်း ဒေသကြီး ရေကူးပြိုင်ပွဲ ဗိုလ်လုပွဲ နှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည် တော်ရှိ ဝဏ္ဏသိဒ္ဓိရေကူးကန်၌ ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီအဖွဲ့ဝင်များ တက် ရောက်ကြည့်ရှုအားပေးကြသည်။
အခမ်းအနားသို့ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ ဖြစ်ကြသည့် ဒေါ်ဒွဲဘူ၊ ပိုးရယ် အောင်သိန်း၊ မန်းငြိမ်းမောင်၊ ဒေါက်တာမှုထန်၊ ဒေါက်တာဘရွှေ၊ ခွန်စံလွင်၊ ဦးရွှေကြိမ်းနှင့် ဦးရန် ကျော်၊ ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံ ရေကူးအဖွဲ့ချုပ်မှ တာဝန်ရှိသူများ၊ ပြိုင်ပွဲဝင်အသင်းများမှ အုပ်ချုပ် သူ/ နည်းပြများနှင့် အားကစား သမားများ တက်ရောက်ကြသည်။
ဦးစွာ ၂၀၂၄ ခုနှစ် ပြည်နယ်နှင့် တိုင်းဒေသကြီး အမျိုးသားမီတာ ၂၀၀ လွန်းပျံအလွတ်ကူး ဗိုလ်လုပွဲ ယှဉ်ပြိုင်နေမှုနှင့် အမျိုးသမီးမီတာ ၂၀၀ လွန်းပျံအလွတ်ကူး ဗိုလ်လုပွဲ ယှဉ်ပြိုင်နေမှုကို ကြည့်ရှုအားပေး ကြသည်။
ထို့နောက် ဆုချီးမြှင့်ပွဲ ကို ဆက်လက်ကျင်းပရာ ပြည်ထောင်စုဝန်ကြီးများ ဖြစ်ကြ သည့် Jeng Phang နော်တောင်၊ ဒေါက်တာစိုးဝင်းနှင့် ဒေါက်တာ မျိုးသိန်းကျော်တို့က အမျိုးသမီး မီတာ ၅၀ ရင်ပေါင်တန်းကူး ပြိုင်ပွဲတွင် ပထမ၊ ဒုတိယနှင့် တတိယဆုရရှိကြသူများ၊ အမျိုး သားမီတာ ၅၀ လိပ်ပြာကူးပြိုင်ပွဲ တွင် ပထမ၊ ဒုတိယ၊ တတိယဆု ရရှိကြသူများနှင့် အမျိုးသမီးမီတာ ၅၀ လိပ်ပြာကူးပြိုင်ပွဲတွင် ပထမ၊ ဒုတိယနှင့် တတိယဆုရရှိကြသူ များကို ဂုဏ်ပြုဆုတံဆိပ်နှင့် ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့် ကြသည်။
ယင်းနောက် နိုင်ငံတော်စီမံ အုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင် ဦးရန်ကျော်နှင့် ဦးရွှေကြိမ်းတို့က အမျိုးသားမီတာ ၅၀ အလွတ်ကူး ပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယ ဆုရရှိကြသူများနှင့် အမျိုးသမီး မီတာ ၅၀ အလွတ်ကူးပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယဆုရရှိကြ သူများကို ဂုဏ်ပြုဆုတံဆိပ်နှင့် ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့် ကြသည်။
ဆက်လက်၍ နိုင်ငံတော်စီမံ အုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင် ခွန်စံလွင်က အမျိုးသားမီတာ ၂၀၀ လွန်းပျံအလွတ်ကူးပြိုင်ပွဲ တွင် ပထမဆုရရှိသည့် ရန်ကုန် တိုင်းဒေသကြီး၊ ဒုတိယဆု ရရှိ သည့် မန္တလေးတိုင်းဒေသကြီးနှင့် တတိယဆုရရှိသည့် ဧရာဝတီ တိုင်းဒေသကြီး အသင်းတို့ကို လည်းကောင်း၊ နိုင်ငံတော်စီမံ အုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင် ဒေါက်တာဘရွှေက အမျိုးသမီး မီတာ ၂၀၀ လွန်းပျံအလွတ်ကူး ပြိုင်ပွဲတွင် ပထမဆု ရရှိသည့် ရန်ကုန်တိုင်းဒေသကြီး၊ ဒုတိယဆု ရရှိသည့် ဧရာဝတီတိုင်းဒေသကြီး နှင့် တတိယဆုရရှိသည့် ပဲခူးတိုင်း ဒေသကြီးအသင်းတို့ကို လည်း ကောင်း ဂုဏ်ပြုဆုတံဆိပ်နှင့်ဂုဏ် ပြုဆုငွေများ ပေးအပ်ချီးမြှင့်သည်။
ထို့နောက် နိုင်ငံတော်စီမံ အုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင် ဒေါက်တာမှုထန်က အကောင်းဆုံး အမျိုးသမီး အားကစားသမားဆု နှင့် အကောင်းဆုံးအမျိုးသား အားကစား သမားဆုရရှိကြသူများ ကို ဆုဖလားနှင့် ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်သည်။
ယင်းနောက် နိုင်ငံတော်စီမံ အုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင်နှင့် ပိုးရယ်အောင် သိန်းတို့က အမျိုးသမီးတံခွန်စိုက် ဆုဖလားနှင့် အမျိုးသားတံခွန်စိုက် ဆုဖလားရရှိကြသည့် ရန်ကုန် တိုင်းဒေသကြီး အမျိုးသမီးအသင်း နှင့်အမျိုးသားအသင်းတို့ကို တံခွန် စိုက်ဆုဖလားများ ပေးအပ်ချီးမြှင့် ကြသည်။
ဆက်လက်၍ နိုင်ငံတော်စီမံ အုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင် ဒေါ်ဒွဲဘူက ၂၀၂၄ ခုနှစ် ပြည်နယ် နှင့်တိုင်းဒေသကြီး ရေကူးပြိုင်ပွဲ တွင် စုပေါင်းတံခွန်စိုက်ဆုဖလားရရှိသည့် ရန်ကုန်တိုင်းဒေသကြီး အသင်းကို စုပေါင်းတံခွန်စိုက် ဆုဖလား ပေးအပ်ချီးမြှင့် သည်။
ယခုကျင်းပသည့် ၂၀၂၄ ခုနှစ် ပြည်နယ်နှင့် တိုင်းဒေသကြီး ရေကူးပြိုင်ပွဲကို ပြည်နယ်နှင့်တိုင်း ဒေသကြီးများမှ လူငယ်များရေကူး အားကစားနည်းကို ပိုမိုစိတ်ပါ ဝင်စားလာစေရေးနှင့် ထူးချွန် ထက်မြက်သည့် မျိုးဆက် သစ်ရေကူး အားကစားလူငယ် များ ပေါ်ထွက်လာစေရေးအတွက် ရည်ရွယ်၍ ဇွန် ၁၂ ရက်မှ ၁၃ ရက် အထိ ကျင်းပပေးခဲ့ခြင်းဖြစ် ကြောင်း သိရသည်။ သတင်းစဉ်