နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ၂၀၂၄ ခုနှစ် ပြည်နယ်နှင့် တိုင်းဒေသကြီး အသက် (၂၅) နှစ်အောက် ခရစ်ကက်(အမျိုးသား) ပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ တက်ရောက်

 

နေပြည်တော်  ဧပြီ  ၃


၂၀၂၄ ခုနှစ် ပြည်နယ်နှင့် တိုင်းဒေသကြီး အသက်  (၂၅)  နှစ်အောက်   ခရစ်ကက် ပြိုင်ပွဲ (အမျိုးသား) ဗိုလ်လုပွဲနှင့် ဆုချီးမြှင့် ပွဲ အခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်  ဝဏ္ဏသိဒ္ဓိအားကစားကွင်းရှိ လေ့ကျင့်ရေးကွင်းအမှတ်(၁)၌ ကျင်းပ သည်။


အခမ်းအနားသို့      နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ ဖြစ်ကြ သည့်    ဒေါ်ဒွဲဘူ၊   ပိုးရယ်အောင်သိန်း၊  ဒေါက်တာ ဘရွှေနှင့်        ဦးရွှေကြိမ်း၊  ပြည်ထောင်စုဝန်ကြီးများ၊      ဒုတိယ ဝန်ကြီးများ၊  နေပြည်တော်ကောင်စီဝင်၊  ဌာနဆိုင်ရာတာဝန်ရှိသူများ၊  မြန်မာနိုင်ငံ ခရစ်ကက်အဖွဲ့ချုပ်ဥက္ကဋ္ဌနှင့် တာဝန်ရှိသူ များ၊ ပြိုင်ပွဲဝင်အသင်းများမှ အုပ်ချုပ်သူ၊ နည်းပြများနှင့်   အားကစားသမားများ တက်ရောက်ကြသည်။


ဦးစွာ     နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင်များသည်   အခမ်းအနားသို့ တက်ရောက်    လာကြသူများနှင့်အတူ  ပြည်နယ်နှင့် တိုင်းဒေသကြီး  ခရစ်ကက် အမျိုးသားအသင်းလိုက်ပြိုင်ပွဲ  ဗိုလ်လုပွဲ ပွဲစဉ်အဖြစ်    ရခိုင်ပြည်နယ်အသင်းနှင့် ပြည်ထောင်စုနယ်မြေ      နေပြည်တော် အသင်းတို့   ယှဉ်ပြိုင်နေမှုကို  ကြည့်ရှု အားပေးကြရာ ရခိုင်ပြည်နယ်အသင်းက ပြည်ထောင်စုနယ်မြေ    နေပြည်တော် အသင်းကို အနိုင်ရရှိသည်။


ထို့နောက် ဆုချီးမြှင့်ပွဲကို ဆက်လက် ကျင်းပရာ       ပြည်ထောင်စုဝန်ကြီး ဒေါက်တာ စိုးဝင်း၊ ဒုတိယဝန်ကြီးဒေါ်နုမြဇံ နှင့်      ဦးသန့်စင်တို့က     အမျိုးသား၊  အမျိုးသမီး အသင်းလိုက်ပြိုင်ပွဲများတွင် အကောင်းဆုံးအရိုက် အားကစားသမား ဆု၊ အကောင်းဆုံးအပစ်  အားကစားသမား ဆုနှင့် အကောင်းဆုံးအားကစားဆုရရှိကြ သူများကို    တစ်ဦးချင်းအကောင်းဆုံး ဂုဏ်ပြုဆုတံဆိပ်နှင့် ဂုဏ်ပြုဆုငွေများပေးအပ်ချီးမြှင့်ကြသည်။


ယင်းနောက်   ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မျိုးသိန်းကျော်နှင့် ဦးမင်းသိန်းဇံ တို့က   အမျိုးသမီးအသင်းလိုက် ပြိုင်ပွဲ တွင်      ပူးတွဲတတိယဆုရရှိကြသည့် ပြည်ထောင်စုနယ်မြေ      နေပြည်တော် အသင်းနှင့်   ကရင်ပြည်နယ်အသင်းကို လည်းကောင်း၊   ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်နှင့်   ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်တို့က အမျိုးသားအသင်း လိုက်ပြိုင်ပွဲတွင် ပူးတွဲတတိယဆုရရှိကြ သည့်    ပဲခူးတိုင်းဒေသကြီးအသင်းနှင့် ရန်ကုန်တိုင်းဒေသကြီး      အသင်းတို့ကို လည်းကောင်း၊   နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်    ဦးရွှေကြိမ်းက အမျိုးသမီး      အသင်းလိုက်ပြိုင်ပွဲတွင် ဒုတိယဆုရရှိသည့် ရခိုင်ပြည်နယ်အသင်း ကို လည်းကောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီအဖွဲ့ဝင် ဒေါက်တာဘရွှေက အမျိုးသား     အသင်းလိုက်ပြိုင်ပွဲတွင် ဒုတိယဆုရရှိသည့် ပြည်ထောင်စုနယ်မြေ နေပြည်တော်အသင်းကို  လည်းကောင်း တစ်ဦးချင်းဂုဏ်ပြုဆုတံဆိပ်နှင့် ဂုဏ်ပြု ဆုငွေများ ပေးအပ်ချီးမြှင့်ကြသည်။


ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီအဖွဲ့ဝင် ပိုးရယ်အောင်သိန်း က    အမျိုးသမီးအသင်းလိုက်ပြိုင်ပွဲတွင် ပထမဆုရရှိသည့် ရန်ကုန်တိုင်းဒေသကြီး အသင်းကို လည်းကောင်း၊ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်    ဒေါ်ဒွဲဘူ က   အမျိုးသားအသင်းလိုက်ပြိုင်ပွဲတွင် ပထမဆုရရှိသည့် ရခိုင်ပြည်နယ်အသင်း ကိုလည်းကောင်း     တစ်ဦးချင်းဂုဏ်ပြု ဆုတံဆိပ်၊ ဂုဏ်ပြုဆုငွေနှင့် တံခွန်စိုက် ဆုဖလားတို့ကို       ပေးအပ်ချီးမြှင့်ကြ သည်။


၂၀၂၄ ခုနှစ် ပြည်နယ်နှင့်တိုင်းဒေသ ကြီး အသက်(၂၅) နှစ်အောက် ခရစ်ကက် (အမျိုးသား၊  အမျိုးသမီး)    ပြိုင်ပွဲကို ပြည်နယ်နှင့် တိုင်းဒေသကြီးမှ မျိုးဆက် သစ်အားကစားသမားများ ပေါ်ထွက်လာ စေရန်၊   ခရစ်ကက်အားကစားနည်းကို  လူငယ်လူရွယ်များ ပိုမိုစိတ်ဝင်စားလာစေ ရန်နှင့်  ခရစ်ကက်အားကစားနည်း  ဖွံ့ဖြိုး တိုးတက်ရန် ရည်ရွယ်၍ မတ် ၂၅  ရက်မှ ဧပြီ ၃ ရက်အထိ ဝဏ္ဏသိဒ္ဓိအားကစားကွင်း ရှိ  လေ့ကျင့်ရေးကွင်းများ၌   ကျင်းပခဲ့ ခြင်းဖြစ်ကြောင်း သိရသည်။  

သတင်းစဉ်