
နေပြည်တော် ဩဂုတ် ၁၂
ပြည်နယ်နှင့် တိုင်းဒေသကြီးများမှ မျိုးဆက်သစ် အားကစားသမား များ ပေါ်ထွက်လာစေရန်နှင့် မြန်မာ့ဂျူဒိုအားကစား အဆင့် အတန်း တိုးတက်မြင့်မားလာစေ ရန် ရည်ရွယ်၍ “၂၀၂၂ ခုနှစ် ပြည်နယ်နှင့် တိုင်းဒေသကြီး ဂျူဒိုပြိုင်ပွဲ” ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် ဝဏ္ဏသိဒ္ဓိ အားကစားရုံ (A) ၌ ကျင်းပ သည်။
အခမ်းအနားသို့ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် များ ဖြစ်ကြသည့် ဒေါ်အေးနုစိန်၊ Jeng Phang နော်တောင်၊ ဦးမောင်းဟာ၊ ဦးစောဒန်နီယယ် နှင့် ဒေါက်တာ ဗညားအောင်မိုး၊ ပြည်ထောင်စုဝန်ကြီးဦးမင်းသိန်းဇံ၊ ဒုတိယဝန်ကြီးများ၊ အားကစား နှင့် လူငယ်ရေးရာဝန်ကြီးဌာနမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ မြန်မာနိုင်ငံဂျူဒိုအဖွဲ့ချုပ်ဥက္ကဋ္ဌနှင့် တာဝန်ရှိ သူများ၊ ပြိုင်ပွဲဝင်အသင်းများမှ အုပ်ချုပ်သူ/နည်းပြများနှင့် အား ကစားသမားများ တက်ရောက်ကြ သည်။
ရှေးဦးစွာ ပြည်ထောင်စု ဝန်ကြီးက ဂျူဒိုအားကစားနည်း သည် ဂျပန်လူမျိုးများ၏ ရိုးရာ အားကစားနည်းတစ်ရပ် ဖြစ်ပြီး မြန်မာနိုင်ငံမှ လူငယ်/လူရွယ် အများအပြား စိတ်ပါဝင်စားစွာဖြင့် လေ့ကျင့်ကစားနိုင်သည့် ကိုယ်ခံ ပညာရပ်တစ်ခု ဖြစ်ကြောင်း၊ ဂျူဒိုအားကစားနည်းသည် ၁၉၆၅ ခုနှစ် (၃) ကြိမ်မြောက် အရှေ့ တောင်အာရှ ကျွန်းဆွယ် အား ကစားပြိုင်ပွဲမှ ၂၀၁၉ ခုနှစ် အကြိမ်(၃၀)မြောက် အရှေ့တောင် အာရှ အားကစားပြိုင်ပွဲအထိ ရွှေတံဆိပ် ၂၅ ခု၊ ငွေတံဆိပ် ၆၂ ခုနှင့် ကြေးတံဆိပ် ၇၄ ခုတို့ကို ဆွတ်ခူးရရှိခဲ့ကြောင်း၊ ထို့ပြင် (၃၁) ကြိမ်မြောက် အရှေ့တောင် အာရှ အားကစားပြိုင်ပွဲတွင်လည်း ဂျူဒိုအားကစားနည်းဖြင့် ငွေ တံဆိပ် နှစ်ခုနှင့် ကြေးတံဆိပ် နှစ်ခု၊ ကူရတ်အားကစားနည်းဖြင့် ရွှေတံဆိပ် တစ်ခု၊ ငွေတံဆိပ် တစ်ခုနှင့် ကြေးတံဆိပ် နှစ်ခု ဆွတ်ခူး ရယူပေးနိုင်ခဲ့သည်ကို တွေ့ရှိရကြောင်း၊ ပြည်နယ် နှင့် တိုင်းဒေသကြီး ပြိုင်ပွဲများမှ ထူးချွန်မျိုးဆက်သစ် အားကစား သမားများကို စနစ်တကျလေ့ကျင့် ပျိုးထောင်ပေးရန်နှင့် အောင်မြင် မှု အစဉ်အလာကောင်းများကို မြန်မာနိုင်ငံ ဂျူဒိုအားကစားအဖွဲ့ ချုပ်အနေဖြင့် ဆက်လက်ထိန်း သိမ်းထားရန်လိုကြောင်း။
နိုင်ငံတော်မှ နိုင်ငံ့ဂုဏ်ဆောင် နိုင်ခဲ့သည့် အားကစားသမားများ ၏ ရေရှည်ဘဝအာမခံချက်ရရှိစေ ရန်နှင့် အကြောင်းအမျိုးမျိုး ကြောင့် အားကစားလှုပ်ရှားမှုများ မပြုလုပ်နိုင်တော့သည့် မြန်မာ့ လက်ရွေးစင် အားကစားသမား ဟောင်းများအတွက် ထောက်ပံ့ ကူညီနိုင်ရေး အစီအမံများကို လည်း ဆောင်ရွက်ပေးလျက်ရှိ ကြောင်း၊ ယခု ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည့် အား ကစားသမားများအနေဖြင့် ယှဉ် ပြိုင်ခြင်းသည် အဓိကဖြစ်သလို အနိုင်ရခြင်းသည်လည်း ပဓာနကျ သည်ဆိုသော ခံယူချက်နှင့် မိမိ တို့ ကိုယ်စားပြုယှဉ်ပြိုင်သည့် ပြည်နယ်နှင့် တိုင်းဒေသကြီး အသင်း အနိုင်ရရှိရေးအတွက် အစွမ်းကုန်ကြိုးစားယှဉ်ပြိုင်သွားကြရန်နှင့် အားကစားသမား အချင်းချင်း ချစ်ကြည်ရင်းနှီး စွာ အားကစားသမားကောင်း စိတ်ဓာတ်အပြည့်အဝဖြင့် သတ် မှတ်ထားသော ပြိုင်ပွဲစည်းမျဉ်း/စည်းကမ်းများကို လေးစား လိုက်နာပြီး နိုင်ငံတော်ကအားထား ရသည့် နိုင်ငံ့ဂုဏ်ဆောင် အားကစားသမား ကောင်းများ ဖြစ်လာအောင် ကြိုးစားသွားကြ စေလိုကြောင်း ပြောကြားပြီး “၂၀၂၂ ခုနှစ် ပြည်နယ်နှင့် တိုင်း ဒေသကြီး ဂျူဒိုပြိုင်ပွဲ” ကို ဖွင့်လှစ် ပေးသည်။
ထို့နောက် ပြိုင်ပွဲဝင် အား ကစားသမားများမှ အားကစား သစ္စာအဓိဋ္ဌာန်(၄) ချက် ရွတ်ဆိုကြ ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ၊ ပြည်ထောင် စုဝန်ကြီးများနှင့် တာဝန်ရှိသူများ က အသင်းအုပ်ချုပ်သူ/နည်းပြ များနှင့် အားကစားသမားများကို ရင်းရင်းနှီးနှီး လိုက်လံတွေ့ဆုံ နှုတ်ဆက်ပြီး ပထမနေ့ ဂျူဒိုပြိုင်ပွဲ (အမျိုးသား)ခတပွဲစဉ် နှစ်ယောက် တွဲအသင်းလိုက် ပြိုင်ပွဲသရုပ်ပြ ယှဉ်ပြိုင်ကစားနေမှုကို ကြည့်ရှု အားပေးသည်။
အဆိုပါ “၂၀၂၂ခုနှစ် ပြည်နယ် နှင့် တိုင်းဒေသကြီး ဂျူဒိုပြိုင်ပွဲ” ကို ပြည်နယ်နှင့် တိုင်းဒေသကြီး များမှ အမျိုးသားအသင်း ၁၂ သင်း၊ အမျိုးသမီးအသင်း ၁၃ သင်း စုစုပေါင်း ပြိုင်ပွဲဝင်အသင်း ၁၃ သင်းမှ အသင်းအုပ်ချုပ်သူ/နည်းပြ၊ အားကစားသမားအင်အား စုစုပေါင်း ၂၃၇ ဦးဖြင့် ပြိုင်ပွဲကာလ ဩဂုတ် ၁၂ ရက်မှ ၁၆ ရက်အထိ ဝဏ္ဏသိဒ္ဓိအားကစားရုံ (A) ၌ ကျင်းပသွားမည်ဖြစ်ရာ ဂျူဒို အားကစားနည်းကို စိတ်ပါဝင်စား သည့် မည်သူမဆို အခမဲ့ လာရောက် ကြည့်ရှုအားပေးနိုင် ကြောင်း သိရသည်။
သတင်းစဉ်