နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ တိုင်းရင်းသားစည်းလုံးညီညွတ်ရေး၊ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ငြိမ်းချမ်းရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲသို့ တက်ရောက်

 

နေပြည်တော်    ဇွန်    ၁


တိုင်းရင်းသားစည်းလုံးညီညွတ်ရေး၊  ဖွံ့ဖြိုးတိုးတက် ရေးနှင့်    ငြိမ်းချမ်းရေးဆိုင်ရာ    အသိပညာများကို တိုင်းရင်းသားလူမျိုးများရေးရာ          ဝန်ကြီးဌာနရှိ ဝန်ထမ်းများ ပိုမိုသိရှိလာနိုင်ရေးအတွက် အသိပညာ ပေးဟောပြောပွဲကို    ယနေ့နံနက်  ၁၀  နာရီတွင် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန  အစည်း အဝေးခန်းမ၌ ကျင်းပသည်။

 


တက်ရောက်


အခမ်းအနားသို့   နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင်   မန်းငြိမ်းမောင်၊    Jeng Phang နော်တောင်၊  တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန    ပြည်ထောင်စုဝန်ကြီး ဦးစောထွန်းအောင်မြင့်၊ ဒုတိယဝန်ကြီး ဦးဇော်အေးမောင်၊   အမြဲတမ်းအတွင်း ဝန်၊  ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေး မှူးချုပ်များ၊        ဧည့်သည်တော်  သမိုင်းပါမောက္ခ ဒေါက်တာ ခင်စောနွဲ့(ငြိမ်း)၊ နေပြည်တော်ရှိ လီဆူနှင့် ကရင်ဖြူ  တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအဖွဲ့ များနှင့်   အရာထမ်း အမှုထမ်းများ   တက်ရောက်ကြ သည်။ 

 


အားလုံးဝိုင်းဝန်းကြိုးပမ်း


ရှေးဦးစွာ  ပြည်ထောင်စုဝန်ကြီးက  ဝန်ကြီးဌာနရှိ ဝန်ထမ်းများအားလုံး   အသိပညာပိုမိုကြွယ်ဝလာစေ ရေးအတွက်  ဟောပြောပွဲအစီအစဉ်ကို  ကျင်းပဆောင် ရွက်ရခြင်းဖြစ်ပါကြောင်း၊      တိုင်းရင်းသားပြည်သူ အားလုံး  အသိအမြင်မှန်ကန်ရန်  လိုအပ်ပါကြောင်း၊ အသိအမြင်မှန်ကန်မှ   ဆုံးဖြတ်ချက်များ မှန်ကန်မည် ဖြစ်ပါကြောင်း၊  ဆုံးဖြတ်ချက်မှန်ကန်မှ   မှန်ကန်စွာ လုပ်ဆောင်နိုင်မည်ဖြစ်ပြီး တိုင်းပြည်ဖွံ့ဖြိုးတိုးတက် မည်ဖြစ်ပါကြောင်း၊   တိုင်းရင်းသားစည်းလုံးညီညွတ် ရေး၊ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ငြိမ်းချမ်းရေးတို့ကို ရှေးရှု ပြီး   အသိပညာများ   လာရောက်ဟောပြောပေးပါ သော   နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင်နှင့်   Jeng Phang နော်တောင် တို့ကို အထူးကျေးဇူးတင်ရှိပါကြောင်း၊  ဝန်ထမ်းများအနေ ဖြင့်လည်း ဟောပြောပေးသည့်  အကြောင်းအရာများ ကို   သေချာစွာ  မှတ်သားပြီး   မိမိတို့၏ သက်ဆိုင်ရာ လုပ်ငန်းများတွင်    ထိရောက်စွာ    အသုံးချနိုင်ရေး ဆောင်ရွက်ကြစေလိုပါကြောင်း၊ နောင်အခါအခွင့်သင့် ပါက  အခြားသောတိုင်းရင်းသား နိုင်ငံတော်စီမံအုပ်ချုပ် ရေးအဖွဲ့ဝင်များကို ဖိတ်ကြားသွားမည်ဖြစ်ပါကြောင်း၊ ငြိမ်းချမ်းရေးအတွက်  အားလုံးဝိုင်းဝန်းကြိုးပမ်းကြ စေလိုပါကြောင်း    နှုတ်ခွန်းဆက်စကား   ပြောကြား သည်။

 


အသက်တမျှအရေးကြီး


ယင်းနောက်  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင်က    တိုင်းပြည်တစ်ခုတွင် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးသည်  အရေးကြီး ပါကြောင်း၊     တိုင်းရင်းသားစည်းလုံးညီညွတ်ရေး ပြိုကွဲပါက ငြိမ်းချမ်းရေးတည်ဆောက်၍ မရနိုင်ပါ ကြောင်း၊  ခေတ်အဆက်ဆက် နိုင်ငံတော်အစိုးရများက  ငြိမ်းချမ်းရေးအတွက်           ကြိုးပမ်းခဲ့ကြပါကြောင်း၊ ပဋိပက္ခဖြစ်ပါက အထူးသဖြင့်  အမျိုးသမီး၊ ကလေး သူငယ်၊ သက်ကြီးရွယ်အိုများ ပိုမိုခံစားရပါကြောင်း၊ ၂၀၁၅ ခုနှစ် အောက်တိုဘာ ၁၅ ရက်တွင် တစ်နိုင်ငံ လုံးအပစ်အခတ်ရပ်စဲရေး     သဘောတူစာချုပ်ကို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း  ရှစ်ဖွဲ့နှင့် လက်မှတ်ရေးထိုးနိုင်ခဲ့ပါကြောင်း၊  ယခုကာလတွင် လည်း  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက ငြိမ်းချမ်းရေး တွေ့ဆုံဆွေးနွေးမှုကို ကမ်းလှမ်းထား ပါကြောင်း၊    အမျိုးသားရေးပြဿနာ၊     နိုင်ငံရေး ပြဿနာများကို     နိုင်ငံရေးစားပွဲပေါ်၌သာ    နှစ်ဦး နှစ်ဖက်ပွင့်လင်းစွာ   ဆွေးနွေးညှိနှိုင်းရန်   လိုအပ်ပါ ကြောင်း၊ တိုင်းရင်းသားများ၏ဘဝကို  နားအလည်ဆုံး သောသူမှာ   တပ်မတော်သာဖြစ်ပြီး  တပ်မတော်ကို နားလည်သူမှာ   တိုင်းရင်းသားများဖြစ်ပါကြောင်း၊ တိုင်းပြည်၏   ငြိမ်းချမ်းရေးသည်   အသက်တမျှ အရေးကြီးပါကြောင်း၊ ဝန်ထမ်းများအနေဖြင့်  ဝန်ကြီး ဌာန၏ အရေးပါမှုကို ဂုဏ်ယူရမည်ဖြစ်ပြီး တိုင်းရင်း သားစည်းလုံးညီညွတ်ရေးအတွက်     တစ်ထောင့် တစ်နေရာမှ  ပါဝင်ဆောင်ရွက်ကြစေလိုပါကြောင်း ဆွေးနွေးပြောကြားသည်။

 


 ရှင်းလင်းပြောကြား


ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် Jeng Phang နော်တောင်က   မြန်မာနိုင်ငံ သည် အရှေ့တောင်အာရှတွင်  ဒုတိယအကြီးဆုံးနိုင်ငံ ဖြစ်ပြီး သဘာဝသယံဇာတများ ပေါကြွယ်ဝ၍ ပထဝီ နိုင်ငံရေးအရ အချက်အချာကျသည့် နိုင်ငံဖြစ်ကြောင်း ဆွေးနွေးပြီး     တိုင်းရင်းသားစည်းလုံးညီညွတ်ရေး ကဏ္ဍတွင်    တိုင်းရင်းသားစည်းလုံးညီညွတ်ရေးကို ပြိုကွဲစေသည့်   အကြောင်းရင်းများ၊    မြန်မာနိုင်ငံ တိုင်းရင်းသားများ၏           ဝိသေသလက္ခဏာများ၊ ပြည်ထောင်စုစိတ်ဓာတ်၏အဓိပ္ပာယ်၊ ဖွံ့ဖြိုးတိုးတက် ရေးကဏ္ဍတွင်        စစ်မှန်သောမျိုးချစ်စိတ်ဓာတ်၏ အဓိပ္ပာယ်၊      လူမှုစီးပွားဘဝ   ဖွံ့ဖြိုးတိုးတက်စေရေး၊ ငြိမ်းချမ်းရေးကဏ္ဍတွင်        ငြိမ်းချမ်းရေးအဓိပ္ပာယ် ဖွင့်ဆိုချက်နှင့်   သဘောထားအမြင်၊    ငြိမ်းချမ်းရေး အမျိုးအစား၊ မြန်မာပြည်၏ ပြည်တွင်းငြိမ်းချမ်းရေး ပြုလုပ်ခဲ့မှု၊ ငြိမ်းချမ်းရေးကို  ဖြေရှင်းသည့် နည်းလမ်း များနှင့် ငြိမ်းချမ်းရေးကို ထိခိုက်စေသော အချက်များ ကို ရှင်းလင်းပြောကြားသည်။

 


ယင်းနောက်   ဆွေးနွေးဟောပြောမှုများအပေါ် သိရှိလိုသည်များကို             မေးမြန်းဆွေးနွေးကြရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များက ပြန်လည်ဖြေကြား ဆွေးနွေးကြသည်။


ထို့နောက်  ဒုတိယဝန်ကြီး ဦးဇော်အေးမောင်က  ကျေးဇူးတင်စကားပြောကြားခဲ့ကြောင်း သိရသည်။ 

သတင်းစဉ်