
တောင်ကြီး ဖေဖော်ဝါရီ ၇
(၇၆) နှစ်မြောက် ရှမ်းပြည်နယ်နေ့ အခမ်းအနားကို ယနေ့နံနက် ၇ နာရီက တောင်ကြီးမြို့ အဝေယာ မီးပုံးပျံကွင်း၌ ကျင်းပသည်။
အခမ်းအနားတွင် အာခါ တိုင်းရင်းသား ရိုးရာယဉ်ကျေးမှု အဖွဲ့က “စေးစေး” သီချင်းဖြင့် ဖျော်ဖြေကပြပြီး ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ထံမှ (၇၆) နှစ်မြောက် ရှမ်းပြည်နယ် နေ့ အခမ်းအနားသို့ ပေးပို့သည့် သဝဏ်လွှာကို နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင် ဒေါက်တာ ကျော်ထွန်းက ဖတ် ကြားသည်။
ဆက်လက်၍ ရှမ်းပြည်နယ် အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေးက (၇၆) နှစ် မြောက် ရှမ်းပြည်နယ်နေ့ အထိမ်း အမှတ် မိန့်ခွန်းပြောကြားရာတွင် နိုင်ငံတော် အစိုးရအနေဖြင့် ပြည်တွင်း လက်နက်ကိုင်ပဋိပက္ခ များအားလုံး အမြန်ချုပ်ငြိမ်းပြီး ရေရှည်တည်တံ့ ခိုင်မြဲသော ငြိမ်းချမ်းရေးရရှိရန် အကောင် အထည်ဖော် ဆောင်ရွက်လျက် ရှိပြီး လွတ်လပ်ပြီး တရားမျှတ သော ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ ပြန်လည်ကျင်းပ နိုင်ရန် အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိပါကြောင်း၊ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ တော်အတွင်း ရှေးနှစ်ပေါင်းမျာစွာ ကတည်းကပင် တစ်မြေတည်းနေ တစ်ရေတည်းသောက် အေးအတူ ပူအမျှ အတူတကွ နေထိုင်ခဲ့ကြ သည့် တိုင်းရင်းသားညီအစ်ကို မောင်နှမများ၏ စည်းလုံးညီညွတ် မှုကို သက်သေထူခဲ့သော နေ့ထူး နေ့မြတ် ရှမ်းပြည်နယ်နေ့ အခမ်း အနားတွင် ရှမ်းပြည်နယ်ကြီး တည်ငြိမ် အေးချမ်းစေရန်နှင့် ဘက်စုံ ဖွံ့ဖြိုးတိုးတက်စေရန်၊ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ တော်ကြီး အေးချမ်းသာယာပြီး တိုင်းရင်းသား ညီအစ်ကိုမောင်နှမ အားလုံး ငြိမ်းချမ်းလုံခြုံစွာ ဥမကွဲ သိုက်မပျက် နေထိုင်နိုင်သော ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စု နိုင်ငံတော်ကြီးကို အတူလက်တွဲ တည်ဆောက်သွားကြရန် ပြော ကြားသည်။
ထူးချွန်ဆုများ ချီးမြှင့်
ထို့နောက် လီဆူတိုင်းရင်းသား ရိုးရာ ယဉ်ကျေးမှုအဖွဲ့က လီဆူ ရိုးရာယဉ်ကျေးမှု နှစ်သစ်ကူး အကဖြင့် ဖျော်ဖြေကပြပြီး (၇၆) နှစ် မြောက် ရှမ်းပြည်နယ်နေ့ အခမ်းအနားတွင် ဂုဏ်ထူးဆောင် လက်မှတ်နှင့် ဂုဏ်ထူးဆောင် ဆုပစ္စည်းရရှိသူများကို ဆုများ ချီးမြှင့်ရာ ဘာသာ၊ သာသနာ ဆိုင်ရာ ထူးချွန်ဆု ရရှိသူများနှင့် စီမံခန့်ခွဲရေးဆိုင်ရာ ထူးချွန်ဆု ရရှိသူများကို နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာ ကျော်ထွန်း၊ ဒေါ်ဒွဲဘူ၊ ပိုးရယ် အောင်သိန်း၊ ဦးရွှေကြိမ်းတို့က လည်းကောင်း၊ လုံခြုံရေးနှင့် တရားဥပဒေ စိုးမိုးရေးဆိုင်ရာ ထူးချွန်ဆုရရှိသူများနှင့် စိုက်ပျိုး ရေးဆိုင်ရာ ထူးချွန်ဆုရရှိသူများကို ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်သော်၊ တိုင်းရင်းသားလူမျိုး ရေးရာဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး Jeng Phang နော်တောင် တို့ကလည်းကောင်း၊ မွေးမြူရေး ထူးချွန်ဆုရရှိသူများနှင့် လူမှုရေး ဆိုင်ရာ ထူးချွန်ဆုရရှိသူများကို ရှမ်းပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ဇော်အေး၊ ပြည်နယ် တရားလွှတ်တော် တရားသူကြီး ချုပ် ဦးသန်းဦးလွင်၊ အရှေ့ပိုင်း တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် လှမိုး၊ နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ် ခွန်သန့် ဇော်ထူး၊ စိုက်ပျိုးရေး၊ မွေးမြူရေး နှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ အောင်ကြီး၊ ရှမ်းပြည်နယ် အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ တိုင်း/ဒေသ မှ စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများက လည်းကောင်း၊ အားကစားထူးချွန် ဆုရရှိသူများကို ရှမ်းပြည်နယ် အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးစိုင်းသော်ဝင်းက လည်းကောင်း ဂုဏ်ထူးဆောင် လက်မှတ်နှင့် ဂုဏ်ထူးဆောင် ဆုပစ္စည်းများကို ချီးမြှင့်ပေးအပ်ကြပြီး ရှမ်းပြည် နယ်နေ့ အထိမ်းအမှတ်အဖြစ် ဆိုလာအစုံ ၂၅၀ ကို နယ်စပ်ရေးရာ ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ် ခွန်သန့်ဇော်ထူး က ပေးအပ်ရာ ရှမ်းပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ဇော်အေး က လက်ခံရယူသည်။
ထို့နောက် ရှမ်းတိုင်းရင်းသား ရိုးရာယဉ်ကျေးမှု အကအဖွဲ့က ရှမ်းရိုးရာ အကအလှများ၊ “ဝ” တိုင်းရင်းသားရိုးရာ ယဉ်ကျေးမှု အကအဖွဲ့က “ဝ” တို့ရိုးရာ “အေးဟာဟာ” သီချင်း ၊ “ပအိုဝ်း” တိုင်းရင်းသားရိုးရာ ယဉ်ကျေးမှု အဖွဲ့က ပအိုဝ်းတိုင်းရင်းသားရိုးရာ အိုးစည်ဗုံမောင်း အကတို့ဖြင့် ဖျော်ဖြေတင်ဆက်ကြပြီး စုပေါင်း မှတ်တမ်းတင် ဓာတ်ပုံရိုက်ကြ သည်။
လှည့်လည်ကြည့်ရူ
ထို့နောက် (၇၆) နှစ်မြောက် ရှမ်းပြည်နယ်နေ့ ပြခန်းများ ဖွင့်ပွဲ ကျင်းပရာ ပြခန်းများကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင် ဒေါ်ဒွဲဘူ ၊ ပိုးရယ်အောင် သိန်း၊ ဦးရွှေကြိမ်း၊ ဒေါက်တာ ကျော်ထွန်း၊ ပြည်ထောင်စုဝန်ကြီး ဦးအောင်သော် နှင့် Jeng Phang နော်တောင် ၊ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေးတို့က ဖဲကြိုး ဖြတ် ဖွင့်လှစ်ပေးကြပြီး ဧည့်သည် တော်များက ပြခန်းများကို လှည့်လည်ကြည့်ရူ အားပေးခဲ့ကြ ကြောင်း သိရသည်။ (ဝဲပုံ)
မောင်မောင်သန်း (တောင်ကြီး)