နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ ကရင်ပြည်နယ် အခြေခံမဲဆန္ဒရှင်စာရင်းများ ပြည့်စုံမှန်ကန်ရေးလုပ်ငန်းဆိုင်ရာကိစ္စရပ်များနှင့်စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးပွဲ တက်ရောက်

 

ဘားအံ   နိုဝင်ဘာ   ၄
ကရင်ပြည်နယ်အတွင်း   အခြေခံ မဲဆန္ဒရှင်စာရင်းများ    ပြည့်စုံ  မှန်ကန်ရေးလုပ်ငန်းဆိုင်ရာ   ကိစ္စ ရပ်များနှင့် စပ်လျဉ်း၍ ရှင်းလင်း ဆွေးနွေးသည့်   အခမ်းအနားကို ယနေ့   နံနက်  ၁၀  နာရီခွဲက ပြည်နယ်အစိုးရအဖွဲ့ရုံး  အစည်း အဝေးခန်းမ(၂)၌ ကျင်းပရာ နိုင်ငံ တော်    စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင် မန်းငြိမ်းမောင်၊ စောဒန်နီ ရယ်၊     ပြည်ထောင်စုဝန်ကြီးများ၊   ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ် အစိုးရအဖွဲ့ဝင်များ၊ သက်ဆိုင်ရာ  ဌာနဆိုင်ရာ    တာဝန်ရှိသူများ  တက်ရောက်ကြသည်။ (ယာပုံ)
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်    မန်းငြိမ်း မောင်က နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ်(၅)ရပ်အနက် နောက်ဆုံးလုပ်ငန်းစဉ် အရ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်၏       မဲစာရင်းများ မှန်ကန်စေရေးအတွက်   မြေပြင် စာရင်းများမှန်ကန်ရေး   ဆောင် ရွက်လျက်ရှိကြောင်း၊    မဲစာရင်း ဆောင်ရွက်နိုင်ရေးအတွက် အိမ် ထောင်စုလူဦးရေစာရင်းနှင့် ကိုင် ဆောင်လက်မှတ်တစ်ခုခုရှိရမည် ဖြစ်ကြောင်း၊ မကြာမီကျင်းပမည့် ရွေးကောက်ပွဲ၌  ဥပဒေနှင့်အညီ ဆန္ဒမဲပေးပိုင်ခွင့်ရှိသည့်နိုင်ငံသား၊ ဧည့်နိုင်ငံသား၊ နိုင်ငံသားပြုခွင့်ရ သူများကို မဲဆန္ဒရှင် စာရင်းပြည့်စုံ မှန်ကန်စေရေးအတွက်  လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနအနေဖြင့် နိုင်ငံသား ကတ်တစ်မျိုးမျိုးအား   အချိန်မီ လက်ဝယ်ရရှိကိုင်ဆောင်နိုင်ရေးအတွက် ဆောင်ရွက်ပေးလျက်ရှိ ကြောင်း၊ မဲစာရင်းများ မှန်ကန်စေ ရေးအတွက်  ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၊ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊  လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူအင်အား ဝန်ကြီးဌာနတို့ပူးပေါင်း၍ မြေပြင် လူဦးရေ  တိုက်ဆိုင်စစ်ဆေးခြင်းလုပ်ငန်းကို  ဆောင်ရွက်လျက် ရှိကြောင်း၊ ပူးပေါင်းပါဝင်ဆောင် ရွက်လျက်ရှိသော ဝန်ကြီးဌာနများ အနေဖြင့် မိမိတို့ဆောင်ရွက်ရမည့် သက်ဆိုင်ရာ လုပ်ငန်းများအလိုက် အထူးအလေးထား၍   ကြိုးပမ်း ဆောင်ရွက်ကြရန်  လိုအပ်မည် ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက်  လူဝင်မှုကြီးကြပ် ရေးနှင့် ပြည်သူ့အင်အားဝန်ကြီး ဌာန     ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်က  ယခု  နိုင်ငံတော် အစိုးရ     တာဝန်ယူစဉ်ကာလ အတွင်း  မဲပေးပိုင်ခွင့်ရှိသူ   နိုင်ငံ သားတိုင်း  ကိုင်ဆောင်ကတ်ပြား တစ်မျိုးမျိုး ကိုင်ဆောင်မဲပေးနိုင် ရေးအတွက်       နိုင်ငံတစ်ဝန်း ပန်းခင်းစီမံချက်ဖြင့်   နိုင်ငံသား ကတ်ပြားထုတ်ပေးနေမှုနှင့် နိုင်ငံ သားကတ်ပြား မပြုလုပ်ရသေးသူ မရှိစေရေးအတွက် ကောက်သင်း ကောက်    ဆောင်ရွက်ပေးနေမှု၊ မြေပြင်လူဦးရေစာရင်း တိုက်ဆိုင် စစ်ဆေးဆောင်ရွက်နေမှု၊  နိုင်ငံ သားကတ်ထုတ်ပေးခြင်း၊   မှတ်ပုံ တင်စာအုပ်(နိုင်-၄)နှင့်အိမ်ထောင် စုလူဦးရေစာရင်းပါ       အချက် အလက်များအား   နည်းပညာ အသုံးပြု၍  ရုံးသုံး   Server   တွင် တစ်နေရာတည်း၌ စုစည်းထားရှိမှု နှင့် ပြင်ဆင်/ ပယ်ဖျက်/ အတည် ပြုနိုင်ရန်     မိဘပြည်သူများသို့ အသိပေးထုတ်ပြန်ချက်အား နိုင်ငံ ပိုင်မီဒီယာများမှ ထုတ်လွှင့်ဖော်ပြ နေမှု၊ လက်ရှိစာရင်းနှင့် မြေပြင် စာရင်း   တိုက်ဆိုင်စစ်ဆေးကာ မှန်ကန်သောမဲစာရင်းများ ပြုစုနိုင် ရေးအတွက်  ဆက်လက်ဆောင် ရွက်သွားမည့်အစီအစဉ်၊   ယင်း လုပ်ငန်းစဉ်သည်    နိုင်ငံတော် အတွက် မဖြစ်မနေဆောင်ရွက်ရမည့်လုပ်ငန်းစဉ်ဖြစ်ပြီး သက်ဆိုင် ရာ     ဌာနအသီးသီးမှ    ဝိုင်းဝန်း ကြိုးပမ်း     ဆောင်ရွက်နိုင်ရေး အခြေအနေ အစရှိသည့် အခြေခံ မဲဆန္ဒရှင်စာရင်း   မှန်ကန်ရေး ဆိုင်ရာကိစ္စရပ်များနှင့် စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးခဲ့ပြီး ပြည်နယ် ဝန်ကြီးချုပ်     ဦးစောမြင့်ဦးက ပြည်နယ်အတွင်း အခြေခံမဲဆန္ဒ ရှင်စာရင်း    မှန်ကန်ရေးလုပ်ငန်း များ     ဆောင်ရွက်ထားရှိမှုကို ရှင်းလင်းဆွေးနွေးသည်။
ယင်းနောက် ကရင်ပြည်နယ် အစိုးရအဖွဲ့      အတွင်းရေးမှူး ဦးကျော်စိုး၊ ပြည်နယ်လူမှုရေးရာ ဝန်ကြီး ဦးစိုးလွင်တို့က  မြေပြင်လူဦးရေစာရင်းတိုက်ဆိုင်စစ်ဆေးခြင်းလုပ်ငန်း မြေပြင်ဆောင်ရွက် ပြီးစီးမှုကို  ရှင်းလင်းဆွေးနွေးပြီး ကရင်ပြည်နယ်    ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ ရွေးကောက်ပွဲ အရာရှိ   ဦးမောင်မောင်နိုင်က မဲဆန္ဒရှင် စာရင်းများနှင့်စပ်လျဉ်း ၍   ဆောင်ရွက်မှုကို    ရှင်းလင်း တင်ပြသည်။
ထို့နောက်    နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ    အဖွဲ့ဝင် များ၊ ပြည်ထောင်စုဝန်ကြီးများ၊ ပြည်နယ်ဝန်ကြီးချုပ်နှင့်  အစိုးရ အဖွဲ့ဝင်များက ရှင်းလင်းဆွေးနွေး ချက်များအပေါ် ဖြည့်စွက်အကြံ ပြုဆွေးနွေးခဲ့ကြပြီး   နိုင်ငံတော်   စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင် မန်းငြိမ်းမောင်က      နိဂုံးချုပ် အမှာစကား  ပြောကြားခဲ့ ကြောင်း သိရသည်။               သတင်းစဉ်