နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ ၂၀၂၄ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး ဖူဆယ်ပြိုင်ပွဲဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ကြည့်ရှုအားပေး

 

နေပြည်တော်   ဩဂုတ်   ၁၃


၂၀၂၄ ခုနှစ်၊ ပြည်နယ်နှင့် တိုင်းဒေသကြီး ဖူဆယ်ပြိုင်ပွဲဖွင့်ပွဲအခမ်းအနားကို ယနေ့ မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိ အားကစားကွင်း   ဖူဆယ်အားကစားရုံ၌ ကျင်းပရာ   နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ တက်ရောက်ကြည့်ရှု အားပေးကြသည်။


အခမ်းအနားသို့      နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များဖြစ်ကြ သည့်    ဒေါ်ဒွဲဘူ၊    ပိုးရယ်အောင်သိန်း၊ မန်းငြိမ်းမောင်၊     ဒေါက်တာ    မှုထန်၊ ဒေါက်တာဘရွှေ၊ ခွန်စံလွင်၊ ဦးရွှေကြိမ်းနှင့် ဦးရန်ကျော်၊  ပြည်ထောင်စုဝန်ကြီးများ၊  ဒုတိယဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိ သူများ၊ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ တာဝန်ရှိသူများ၊   ဖိတ်ကြားထားသည့် ဧည့်သည်တော်များ၊ ပြိုင်ပွဲဝင်အသင်းများ မှ အုပ်ချုပ်သူ/နည်းပြများနှင့် အားကစား သမားများ တက်ရောက်ကြသည်။


ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်


အခမ်းအနားတွင်     မြန်မာနိုင်ငံ အိုလံပစ်ကော်မတီဥက္ကဋ္ဌ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး    ဦးမင်းသိန်းဇံက     ယခုကဲ့သို့ ပြည်နယ်နှင့် တိုင်းဒေသကြီး ဖူဆယ်ပြိုင်ပွဲ ကို    ကျင်းပပေးရခြင်းသည်     ထူးချွန် ထက်မြက်သည့်   သွေးသစ်အားကစား သမားများ ပေါ်ထွက်လာစေရေးအတွက် အခြေခံပြိုင်ပွဲကောင်းတစ်ခုဖြစ်သကဲ့သို့ ယခုပြိုင်ပွဲမှတစ်ဆင့်      သွေးသစ်လူငယ် ဘောလုံးသမားများကို ဖော်ထုတ်ရွေးချယ် လေ့ကျင့်     ပေးနိုင်လိမ့်မည်ဟုလည်း မျှော်လင့်ထားပါကြောင်း၊     ထို့ကြောင့် ပြိုင်ပွဲ၏      ဦးတည်ရည်မှန်းချက်နှင့်    အနှစ်သာရများကို     အောင်မြင်စွာ အကောင်အထည်ပေါ်လာစေရန်  တာဝန် ရှိသူများနှင့် ပြိုင်ပွဲဝင်အားကစားသမား များက ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက် သွား ကြစေလိုကြောင်း။


တရားမျှတမှန်ကန်စွာဆုံးဖြတ်


ပြိုင်ပွဲဝင်     အားကစားသမားများ အနေဖြင့် အားကစားစိတ်ဓာတ် အပြည့် အဝဖြင့် သန့်သန့်ရှင်းရှင်း ယှဉ်ပြိုင်ကစား ကြရန် လိုအပ်ပါကြောင်း၊ ဒိုင်လူကြီးများ အနေဖြင့်လည်း ဘက်လိုက်မှုကင်းရှင်းပြီး သတ်မှတ်ထားသည့်   ဥပဒေ၊  စည်းမျဉ်း/စည်းကမ်းများနှင့်အညီ     တရားမျှတ မှန်ကန်စွာ ဆုံးဖြတ်ဆောင်ရွက်သွားကြ ရန်လည်း လိုအပ်ပါကြောင်း၊ အားကစား သမားလူငယ်အပေါင်းတို့အနေဖြင့် ယခု ပြိုင်ပွဲမှတစ်ဆင့်   ထူးချွန်ထက်မြက်ပြီး နိုင်ငံတော်ကအားထားရမည့်       နိုင်ငံ့ ဂုဏ်ဆောင် ဖူဆယ်ဘောလုံးအားကစား သမားကောင်းများ       ဖြစ်လာစေရန် ကြိုးစားယှဉ်ပြိုင်      ကစားသွားကြရန် တိုက်တွန်းမှာကြားရင်း    ၂၀၂၄   ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး ဖူဆယ်ပြိုင်ပွဲ ကို ဖွင့်လှစ်ပေးလိုက်ကြောင်း ပြောကြား သည်။


ထို့နောက် ပြိုင်ပွဲဝင်အားကစားသမား များက အားကစားသစ္စာဓိဋ္ဌာန်(၄)ချက်ကို ရွတ်ဆိုကြသည်။


ကြည့်ရှုအားပေး


ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ၊ ပြည်ထောင်စု ဝန်ကြီး ဦးမင်းသိန်းဇံနှင့် တာဝန်ရှိသူတို့ သည် ပြိုင်ပွဲဝင်အားကစားသမားများကို ရင်းရင်းနှီးနှီး   လိုက်လံနှုတ်ဆက်ကြပြီး ပြိုင်ပွဲယှဉ်ပြိုင်ကစားနေမှုများကို ကြည့်ရှု အားပေးကြသည်။


ယနေ့ ပြိုင်ပွဲ ပွဲစဉ်များအဖြစ် (အမျိုး သား)အုပ်စုပတ်လည်ပွဲစဉ်များကို ယှဉ်ပြိုင် ကစားခဲ့ရာ ရန်ကုန်တိုင်းဒေသကြီးအသင်း က ပဲခူးတိုင်းဒေသကြီးအသင်းကို ငါးဂိုး-ဂိုးမရှိဖြင့်လည်းကောင်း၊ ဧရာဝတီတိုင်း ဒေသကြီးအသင်းနှင့်     ရခိုင်ပြည်နယ် အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ရာ တစ်ဖက် နှစ်ဂိုးစီ   သရေရလဒ်ဖြင့်လည်းကောင်း၊ ရှမ်းပြည်နယ်အသင်းက တနင်္သာရီတိုင်း ဒေသကြီးအသင်းကို  လေးဂိုး - သုံးဂိုးဖြင့် လည်းကောင်း၊   ပြည်ထောင်စုနယ်မြေ နေပြည်တော်အသင်းနှင့် ကယားပြည်နယ် အသင်းတို့ယှဉ်ပြိုင်ကစားခဲ့ရာ တစ်ဖက် တစ်ဂိုးစီသရေရလဒ်ဖြင့်  လည်းကောင်း၊ မန္တလေးတိုင်းဒေသကြီး    အသင်းနှင့် မကွေးတိုင်းဒေသကြီးအသင်းတို့ ယှဉ်ပြိုင် ကစားခဲ့ရာ ဂိုးမရှိသရေရလဒ်ဖြင့်လည်း ကောင်း၊ (အမျိုးသမီး)   အုပ်စုပတ်လည် ပွဲစဉ်များအဖြစ်     ပြည်ထောင်စုနယ်မြေ နေပြည်တော်အသင်းက  ချင်းပြည်နယ် အသင်းကို   ခုနစ်ဂိုး  -   တစ်ဂိုးဖြင့်လည်း ကောင်း၊     ကချင်ပြည်နယ်အသင်းက တနင်္သာရီတိုင်းဒေသကြီးအသင်းကို ငါးဂိုး- ဂိုးမရှိဖြင့်လည်းကောင်း အကြိတ်အနယ် ယှဉ်ပြိုင်ကစားခဲ့သည်။


ဆက်လက်ယှဉ်ပြိုင်ကစားမည်


ဩဂုတ် ၁၄ ရက်  နံနက် ၉ နာရီမှ စတင်၍ ဖူဆယ်အားကစားရုံ၌  (အမျိုး သား)အုပ်စုပတ်လည်ပြိုင်ပွဲ   ပွဲစဉ်များ အဖြစ် ချင်းပြည်နယ်အသင်းနှင့် ကရင် ပြည်နယ်အသင်း၊    (အမျိုးသမီး)   အုပ်စု ပတ်လည်ပြိုင်ပွဲ   ပွဲစဉ်များအဖြစ်   ရခိုင် ပြည်နယ်အသင်းနှင့်    ကရင်ပြည်နယ် အသင်း၊ စစ်ကိုင်းတိုင်းဒေသကြီးအသင်း နှင့် မွန်ပြည်နယ်အသင်း၊ ပဲခူးတိုင်းဒေသ ကြီးအသင်းနှင့်  ရန်ကုန်တိုင်းဒေသကြီး အသင်း၊ မန္တလေးတိုင်းဒေသကြီးအသင်း နှင့်   ဧရာဝတီတိုင်းဒေသကြီးအသင်း၊ ရှမ်းပြည်နယ်အသင်းနှင့်   ပြည်ထောင်စု နယ်မြေ   နေပြည်တော်အသင်း၊   မကွေး တိုင်းဒေသကြီးအသင်းနှင့်   တနင်္သာရီ တိုင်းဒေသကြီးအသင်းတို့  ဆက်လက်ယှဉ်ပြိုင်ကစားသွားမည်ဖြစ်သည်။


အခမဲ့လာရောက်ကြည့်ရှုနိုင်


ပြည်နယ်နှင့်တိုင်းဒေသကြီး ဖူဆယ် ပြိုင်ပွဲကို    မြန်မာ့ဖူဆယ်အားကစား အဆင့်အတန်း  တိုးတက်မြင့်မားလာစေ ရေး၊    ပြည်နယ်နှင့်    တိုင်းဒေသကြီး အသီးသီးက ဖူဆယ်အားကစားသမားများ အချင်းချင်း  သွေးစည်းညီညွတ်မှုရှိပြီး ပြည်ထောင်စုစိတ်ဓာတ်    ပိုမိုထွန်းကား ပြန့်ပွားလာစေရေး၊ ပြည်နယ်နှင့် တိုင်း ဒေသကြီးများတွင် ဖူဆယ်အားကစားနည်း ပိုမိုပြန့်ပွားလာစေရေး၊ လူငယ်ထုအတွင်း ဖူဆယ်အားကစားနည်းကို ပိုမိုစိတ်ပါဝင် စားလာစေရေး စသည့်ရည်ရွယ်ချက်များ ဖြင့် ဩဂုတ် ၁၁ ရက်မှ ၁၉ ရက်အထိ ကျင်းပပေးခြင်းဖြစ်ပြီး ပြိုင်ပွဲသို့ ပြိုင်ပွဲဝင် အမျိုးသား  ၁၅ သင်း၊  အမျိုးသမီး ၁၄ သင်း စုစုပေါင်း ၅၂၅ ဦး ဝင်ရောက်ယှဉ်ပြိုင် သွားမည်ဖြစ်ကာ   အားကစားကိုစိတ်ပါ ဝင်စားသည့် မိဘပြည်သူများအနေဖြင့် မည်သူမဆို (အခမဲ့) လာရောက်ကြည့်ရှုအားပေးနိုင်ကြောင်း သိရသည်။

သတင်းစဉ်