နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ ၂၀၂၄ ခုနှစ် ပြည်နယ်နှင့် တိုင်းဒေသကြီး ဘော်လီဘောပြိုင်ပွဲ ဖွင့်ပွဲတက်ရောက်

နေပြည်တော်    မေ    ၇
၂၀၂၄ ခုနှစ် ပြည်နယ်နှင့်တိုင်းဒေသကြီး ဘော်လီဘောပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိအားကစားရုံ(C)၌ ကျင်းပသည်။
အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီအဖွဲ့ဝင်များ  ဖြစ်ကြသည့်  ဒေါ်ဒွဲဘူ၊ ပိုးရယ်အောင်သိန်း၊ ဒေါက်တာ မှုထန်၊  ဒေါက်တာဘရွှေ၊  ဦးရွှေကြိမ်း၊ ဦးရန်ကျော်၊ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးကိုကို၊ ပြည်ထောင်စု ဝန်ကြီးများ၊    ဒုတိယဝန်ကြီးများ၊   ဌာန ဆိုင်ရာ   တာဝန်ရှိသူများ၊   မြန်မာနိုင်ငံ ဘော်လီဘောအဖွဲ့ချုပ်မှ တာဝန်ရှိသူများ၊  ပြိုင်ပွဲဝင်အသင်းများမှ အုပ်ချုပ်သူနည်းပြ များ၊ အားကစားသမားများ၊ ဝန်ထမ်းများ နှင့်  အားကစားဝါသနာရှင်  ပြည်သူများ တက်ရောက်ကြသည်။
အထောက်အကူပြုမည်
ဦးစွာ မြန်မာနိုင်ငံအိုလံပစ်ကော်မတီ ဥက္ကဋ္ဌ    အားကစားနှင့်    လူငယ်ရေးရာ ဝန်ကြီးဌာန       ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံက ပြည်နယ်နှင့် တိုင်းဒေသ ကြီး ဘော်လီဘောပြိုင်ပွဲကို ကျင်းပပေး ခြင်းဖြင့်  ပြည်နယ်နှင့် တိုင်းဒေသကြီးများ မှ လာရောက်ယှဉ်ပြိုင်ကြသည့် ဘော်လီ ဘောအားကစားသမားများ   ချစ်ကြည် ရင်းနှီးမှု ခိုင်မာလာစေရေး၊ မျိုးဆက်သစ် အားကစားသမားများ  ပေါ်ထွက်လာစေ ရေးနှင့် ဘော်လီဘော အားကစားအဆင့် အတန်း ပိုမိုတိုးတက် မြင့်မားလာစေရေး  စသည့် ရည်ရွယ်ချက်များကို အထောက် အကူပြုမည်ဖြစ်ကြောင်း။
ဘက်စုံပြည့်စုံအောင်ကြိုးစား
ပြိုင်ပွဲဝင်      အားကစားသမားများ အနေဖြင့်   မိမိတို့  ကိုယ်စားပြုယှဉ်ပြိုင် ကြမည့်    ပြည်နယ်နှင့်   တိုင်းဒေသကြီး ဂုဏ်ဆောင်နိုင်သူများဖြစ်အောင် ကြိုးစား ယှဉ်ပြိုင်ကြစေလိုကြောင်း၊ ထို့ပြင်အသင်း လိုက်      အားကစားနည်းဆိုသော်လည်း တစ်ဦးချင်း        ထိုးဖောက်တတ်သည့် ဉာဏ်ရည်ဉာဏ်သွေး ထက်မြက်ရမည် ဖြစ်သကဲ့သို့ မိမိအသင်းအောင်နိုင်ရေး အတွက်လည်း အသင်းဖော်များ၏ အရည် အသွေးပေါ်လွင်အောင် ဖန်တီးပေးတတ် သူဖြစ်ရန်လည်း   လိုအပ်သည့်အတွက် ဘက်စုံပြည့်စုံအောင်  ကြိုးစားယှဉ်ပြိုင် သွားကြရန် တိုက်တွန်းလိုပါကြောင်း။
ပြိုင်ပွဲတွင် အနိုင်မခံ၊ အရှုံးမပေးဘဲ   အားကစားစိတ်ဓာတ်    အပြည့်အဝဖြင့်  အသန့်ရှင်းဆုံး ပါဝင်ယှဉ်ပြိုင်သွားကြရန် နှင့် ပြိုင်ပွဲ၏ စည်းမျဉ်း၊ စည်းကမ်းများ ကိုလည်း     လေးစားလိုက်နာကြစေလို ကြောင်း၊ ပြိုင်ပွဲများကို ကြီးကြပ်ကြမည့် ဒိုင်လူကြီးများအနေဖြင့်လည်း    ပြိုင်ပွဲ စည်းမျဉ်း၊ စည်းကမ်းများနှင့်အညီ တရား မျှတစွာနှင့် တိကျစွာ ဆုံးဖြတ်ဆောင်ရွက်  ပေးကြစေလိုကြောင်း၊ ယခုပြိုင်ပွဲမှတစ်ဆင့် နိုင်ငံတော်က   အားထားရမည့်   နိုင်ငံ ဂုဏ်ဆောင်အားကစားသမားများဖြစ်လာ အောင် ကြိုးစားသွားကြရန် တိုက်တွန်း မှာကြားပြီး   ၂၀၂၄  ခုနှစ်  ပြည်နယ်နှင့် တိုင်းဒေသကြီး   ဘော်လီဘောပြိုင်ပွဲကို ဖွင့်လှစ်ပေးသည်။
ထို့နောက် ပြည်နယ်နှင့် တိုင်းဒေသ ကြီး ပြိုင်ပွဲဝင်အသင်းများမှ  အားကစား သမားများက     အားကစားသစ္စာဓိဋ္ဌာန်  ရွတ်ဆိုကြပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များနှင့် အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးတို့က    ပြိုင်ပွဲဝင်အသင်းများမှ အုပ်ချုပ်သူများနှင့် အားကစားသမားများ ကို     ရင်းရင်းနှီးနှီး     လိုက်လံနှုတ်ဆက် ကြသည်။ 
ယင်းနောက်  နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီအဖွဲ့ဝင်များနှင့်       အခမ်း အနားသို့ တက် ရောက်လာကြသူများသည်  ၂၀၂၄ ခုနှစ် ပြည်နယ်နှင့် တိုင်းဒေသကြီး  ဘော်လီဘောပြိုင်ပွဲ ဖွင့်ပွဲပွဲစဉ်ဖြစ်သည့် ဘော်လီဘောအမျိုးသားပြိုင်ပွဲ       ပြည် ထောင်စုနယ်မြေ နေပြည်တော်အသင်းနှင့် ရန်ကုန်တိုင်းဒေသကြီး    အသင်းတို့၏ ယှဉ်ပြိုင်ကစားနေမှုများကို        ကြည့်ရှု အားပေးကြသည်။
၂၀၂၄ ခုနှစ် ပြည်နယ်နှင့် တိုင်းဒေသ ကြီး ဘော်လီဘောပြိုင်ပွဲကို မေ ၇ ရက်မှ  ၁၆ ရက်အထိ ဝဏ္ဏသိဒ္ဓိအားကစားရုံ (C) ၌ ကျင်းပသွားမည်ဖြစ်ပြီး ပြည်နယ်နှင့် တိုင်းဒေသကြီးများမှ ပြိုင်ပွဲဝင် အမျိုးသား အသင်း ၁၃ သင်းနှင့် အမျိုးသမီးအသင်း ၁၂ သင်းတို့မှ  အားကစားသမား စုစုပေါင်း ၃၉၉ ဦး ပါဝင်ယှဉ်ပြိုင်သွားကြမည်ဖြစ် ကြောင်း သိရသည်။              သတင်းစဉ်