
နေပြည်တော် နိုဝင်ဘာ ၁၇
၂၀၂၃ ခုနှစ် ပြည်နယ်နှင့် တိုင်း ဒေသကြီး အမျိုးသမီးကိုယ်ကာယ ကြံ့ခိုင်မှုလေ့ကျင့်ခန်း (အေရိုးဗစ်)ပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်း တွင် နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိ အားကစားရုံ (A) ၌ ကျင်းပသည်။
အခမ်းအနားသို့ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင် ဒေါ်ဒွဲဘူ၊ ပိုးရယ်အောင်သိန်း၊ ဒေါက်တာမှုထန်၊ ဒေါက်တာဘရွှေ၊ ဦးရွှေကြိမ်း၊ ပြည်ထောင်စုဝန်ကြီး များ၊ ဒုတိယဝန်ကြီးများ၊ ဌာန ဆိုင်ရာတာဝန်ရှိသူများ၊ မြန်မာ နိုင်ငံ အမျိုးသမီးအားကစားအဖွဲ့ ချုပ်မှ တာဝန်ရှိသူများ၊ ပြိုင်ပွဲဝင် အသင်းများမှ အုပ်ချုပ်သူ/နည်းပြ များ၊ အားကစားသမားများ၊ ဝန်ထမ်းမိသားစုများနှင့် အားကစား ဝါသနာရှင်ပြည်သူများ တက် ရောက် ကြည့်ရှုအားပေးကြသည်။
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီအဖွဲ့ဝင်များ နှင့် အခမ်းအနားသို့ တက်ရောက်လာ ကြသူများက ပြည်နယ်နှင့် တိုင်း ဒေသကြီး အမျိုးသမီးကိုယ်ကာယ ကြံ့ခိုင်မှု လေ့ကျင့်ခန်း (အေရိုး ဗစ်) ပြိုင်ပွဲ ဗိုလ်လုပွဲစဉ်အဖြစ် သုံးယောက်တွဲနှင့် တစ်ဦးချင်း ပြိုင်ပွဲများ ယှဉ်ပြိုင်နေမှုနှင့် ကိုးယောက်တွဲပြိုင်ပွဲတွင် ဗိုလ်လု ပွဲသို့ တက်ရောက်ခဲ့ကြသည့် ပြည်နယ်နှင့် တိုင်းဒေသကြီးတို့မှ ပြိုင်ပွဲဝင်များ၏ သရုပ်ပြသမှုတို့ကို ကြည့်ရှုအားပေးကြသည်။
ထို့နောက် ဆုချီးမြှင့်ခြင်း အခမ်းအနားကို ဆက်လက် ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီအဖွဲ့ဝင် ဦးရွှေကြိမ်း က ကိုးယောက်တွဲပြိုင်ပွဲတွင် ပထမဆုရရှိသည့် ရန်ကုန်တိုင်း ဒေသကြီး၊ ဒုတိယဆုရရှိသည့် ကရင်ပြည်နယ်နှင့် တတိယဆုရရှိ သည့် ကချင်ပြည်နယ်အသင်း တို့ကို လည်းကောင်း၊ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင် ဒေါက်တာဘရွှေက Physical Fitness Dance ပြိုင်ပွဲတွင် ပထမ ဆုရရှိသည့် ရန်ကုန်တိုင်းဒေသ ကြီး၊ ဒုတိယဆုရရှိသည့် မန္တလး တိုင်းဒေသကြီးနှင့် တတိယဆုရရှိ သည့် ရှမ်းပြည်နယ်အသင်းတို့ကို လည်းကောင်း၊ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင် ဒေါက်တာမှုထန်က သုံးယောက် တွဲပြိုင်ပွဲတွင် ပထမဆုရရှိသည့် ကချင်ပြည်နယ်၊ ဒုတိယဆုရရှိ သည့် ရန်ကုန်တိုင်းဒေသကြီးနှင့် တတိယဆုရရှိသည့် စစ်ကိုင်းတိုင်း ဒေသကြီးအသင်းတို့ကို လည်း ကောင်း တစ်ဦးချင်း ဂုဏ်ပြုဆု တံဆိပ်များနှင့် ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်ကြသည်။
ယင်းနောက် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင် ပိုးရယ်အောင်သိန်းက တစ်ဦးချင်း ပြိုင်ပွဲတွင် ပထမဆုရရှိသည့် ကချင်ပြည်နယ်၊ ဒုတိယဆုရရှိ သည့် ရန်ကုန်တိုင်းဒေသကြီးနှင့် တတိယဆုရရှိသည့် မန္တလေးတိုင်း ဒေသကြီးတို့မှ ပြိုင်ပွဲဝင်များကို လည်းကောင်း၊ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင် ဒေါ်ဒွဲဘူက တံခွန်စိုက်ဆုဖလား ရရှိသည့် ရန်ကုန်တိုင်းဒေသ ကြီး အသင်းကိုလည်းကောင်း တစ်ဦးချင်း ဂုဏ်ပြုဆုတံဆိပ်များ၊ ဂုဏ်ပြုဆုငွေများနှင့် တံခွန်စိုက် ဆုဖလားတို့ကို ပေးအပ်ချီးမြှင့် ကြသည်။
ဆက်လက်၍ မြန်မာနိုင်ငံ အမျိုးသမီးအားကစားအဖွဲ့ချုပ်က ၂၀၂၃ ခုနှစ် ပြည်နယ်နှင့် တိုင်း ဒေသကြီး အမျိုးသမီးကိုယ်ကာယ ကြံ့ခိုင်မှုလေ့ကျင့်ခန်း (အေရိုးဗစ်) ပြိုင်ပွဲများတွင် အဆင့် (၄)၊ (၅)၊ (၆) ရရှိခဲ့ကြသည့် ပြည်နယ်နှင့် တိုင်းဒေသကြီးများမှ ပြိုင်ပွဲဝင် အသင်းများကို ဂုဏ်ပြုချီးမြှင့် ငွေများ ပေးအပ်ကြသည်။
၂၀၂၃ ခုနှစ် ပြည်နယ်နှင့် တိုင်းဒေသကြီး အမျိုးသမီး ကိုယ်ကာယကြံ့ခိုင်မှု လေ့ကျင့်ခန်း (အေရိုးဗစ်) ပြိုင်ပွဲကို လူထု အားကစားလုပ်ငန်းများ ကျယ်ပြန့် စွာ ဆောင်ရွက်နိုင်ရန်၊ အားကစား လှုပ်ရှားမှုများတွင် စုပေါင်းလှုပ်ရှား သော အလေ့အကျင့်ကောင်းများ ရရှိလာစေရန်နှင့် ဗလငါးတန် ဖွံ့ဖြိုးသော မျိုးဆက်သစ်လူငယ် များ ထွက်ပေါ်လာစေရန် ရည်ရွယ် ၍ အားကစားနှင့် လူငယ်ရေးရာ ဝန်ကြီးဌာန၊ အားကစားနှင့်ကာယ ပညာဦးစီးဌာနနှင့် မြန်မာနိုင်ငံ အမျိုးသမီး အားကစားအဖွဲ့ချုပ်တို့ ပူးပေါင်းကာ နိုဝင်ဘာ ၁၅ ရက်မှ ၁၇ ရက် အထိ ဝဏ္ဏသိဒ္ဓိအားကစား ရုံ (A) ၌ ကျင်းပခဲ့ခြင်းဖြစ်ပြီး ပြည်နယ်နှင့် တိုင်းဒေသကြီးများမှ ပြိုင်ပွဲဝင် အမျိုးသမီးအသင်း ၁၄ သင်းတို့မှ အားကစားသမား စုစု ပေါင်း ၂၃၄ ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ကြ ကြောင်း သိရသည်။
သတင်းစဉ်