
နေပြည်တော် နိုဝင်ဘာ ၇
အားကစားနှင့် လူငယ်ရေးရာ ဝန်ကြီးဌာန အားကစားနှင့် ကာယပညာဦးစီးဌာနနှင့် မြန်မာ နိုင်ငံ တိုက်ကွမ်ဒိုအဖွဲ့ချုပ်တို့ ပူးပေါင်းကျင်းပသည့် ၂၀၂၃ ခုနှစ် ပြည်နယ်နှင့် တိုင်းဒေသကြီး တိုက်ကွမ်ဒိုပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနား ကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိ အားကစား ရုံ(A)၌ ကျင်းပသည်။
အခမ်းအနားသို့ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင် ဒေါ်ဒွဲဘူ၊ ပိုးရယ်အောင်သိန်း၊ ဒေါက်တာမှုထန်၊ ဒေါက်တာဘရွှေ၊ ဦးရွှေကြိမ်း၊ ဦးရန်ကျော်၊ ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယ ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန် ရှိသူများ၊ မြန်မာနိုင်ငံတိုက်ကွမ်ဒို အဖွဲ့ချုပ်မှ တာဝန်ရှိသူများ၊ ပြိုင်ပွဲ ဝင်အသင်းများမှ အုပ်ချုပ်သူ/နည်းပြများ၊ အားကစားသမားများ နှင့် ဌာနဆိုင်ရာဝန်ထမ်းများ တက်ရောက်ကြသည်။
ဦးစွာ မြန်မာနိုင်ငံအိုလံပစ် ကော်မတီဥက္ကဋ္ဌ၊ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ပြည် ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံက ပြည်နယ်နှင့်တိုင်းဒေသကြီး တိုက် ကွမ်ဒိုပြိုင်ပွဲ ကျင်းပပေးရခြင်း၏ ရည်ရွယ်ချက်မှာ ပြည်နယ်နှင့် တိုင်းဒေသကြီးများမှ အားကစား သမားများ ချစ်ကြည်ရင်းနှီးမှုရရှိ စေရေး၊ ပြည်ထောင်စုစိတ်ဓာတ် မြင့်မားလာစေရေးနှင့် အပြည်ပြည် ဆိုင်ရာ တိုက်ကွမ်ဒိုပြိုင်ပွဲများတွင် နိုင်ငံ့ဂုဏ်ကိုဆောင်နိုင်မည့် ထူးချွန် ထက်မြက်သည့် မျိုးဆက်သစ် အားကစားသမားများ ပေါ်ထွက် လာစေရေးတို့အတွက် ဖြစ်ပါ ကြောင်း။
ပြည်နယ်နှင့် တိုင်းဒေသကြီးတိုက်ကွမ်ဒိုပြိုင်ပွဲကို လာရောက် ယှဉ်ပြိုင်ကြသည့် ပြိုင်ပွဲဝင် အားကစားသမား များကလည်း အားကစားစိတ်ဓာတ် အပြည့်အဝ ဖြင့် သန့်သန့်ရှင်းရှင်း ပါဝင် ယှဉ်ပြိုင်ကြစေလိုကြောင်း၊ ပြိုင်ပွဲ ၏ အနိုင်၊ အရှုံး အဆုံးအဖြတ်ကို စံချိန်စံညွှန်း သတ်မှတ်ချက်ဖြင့် ရယူခြင်းမဟုတ်ဘဲ အချိန်တို အတွင်း မျက်မြင်ဆုံးဖြတ်ရသည့် ကကွက်ပြိုင်ပွဲနှင့် နည်းပညာ၊ စက်ကိရိယာပစ္စည်းများ ပံ့ပိုးမှုဖြင့် ဆုံးဖြတ်ရသည့် အတိုက်ပြိုင်ပွဲများ တွင် ဒိုင်လူကြီးများ၏ မှန်ကန် သည့် အဆုံးအဖြတ်ကို ကျေကျေ နပ်နပ် အသိအမှတ်ပြုလက်ခံကြရ မည်ဖြစ်ကြောင်း၊ ဒိုင်လူကြီးများ ကလည်း “အကောင်းဆုံးလူ အနိုင်ရပါစေ” ဆိုသည့် ဆောင်ပုဒ် အတိုင်း ဘက်လိုက်မှုကင်းရှင်းပြီး တရားမျှတမှန်ကန်စွာ ဆုံးဖြတ် ဆောင်ရွက်ပေးသွားကြရမည် ဖြစ် ကြောင်း။
နိုင်ငံတော်မှ မြန်မာ့အားကစား ကို အစွမ်းကုန် အားပေးချီးမြှောက် နေသည့် အချိန်ကာလဖြစ်သည့် အတွက် အားကစားသမားများ အနေဖြင့် မိမိတို့၏ အစွမ်းအစ၊ အရည်အသွေးများကို အစွမ်းကုန် ဖော်ထုတ်ပြသပြီး မိမိတို့ကိုယ်စား ပြုသည့် ပြည်နယ်နှင့် တိုင်းဒေသ ကြီး အနိုင်ရရှိစေရေး အားကစား စိတ်ဓာတ်အပြည့်အဝဖြင့် အသန့် ရှင်းဆုံး ပါဝင်ယှဉ်ပြိုင်သွားကြရန် နှင့် ပြည်နယ်နှင့် တိုင်းဒေသကြီး ပြိုင်ပွဲများမှတစ်ဆင့် နိုင်ငံတော်က အားထားရသည့် နိုင်ငံ့ဂုဏ်ဆောင် လက်ရွေးစင် အားကစားသမား ကောင်းများ ဖြစ်လာအောင် ကြိုးစားသွားကြရန် တိုက်တွန်း လိုကြောင်း ပြောကြားသည်။
ထို့နောက် ပြည်နယ်နှင့် တိုင်းဒေသကြီး တိုက်ကွမ်ဒိုပြိုင်ပွဲ တွင် ဝင်ရောက်ယှဉ်ပြိုင်ကြမည့် ပြိုင်ပွဲဝင်အသင်းများမှ အားကစား သမားများက အားကစား သစ္စာ ဓိဋ္ဌာန်(၄)ချက်ကို ရွတ်ဆိုကြသည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ၊ ပြည်ထောင်စုဝန်ကြီး များနှင့် တာဝန်ရှိသူများသည် ပြိုင်ပွဲဝင် အသင်းများမှ အသင်းအုပ်ချုပ်သူ/ နည်းပြများ၊ အားကစားသမား များနှင့် ဒိုင်အဖွဲ့ဝင်များကို လိုက်လံ နှုတ်ဆက်ကြပြီး ပထမနေ့ပြိုင်ပွဲ ပွဲစဉ်များအဖြစ် တိုက်ကွမ်ဒို တစ်ဦးချင်း (အမျိုးသား/ အမျိုးသမီး) အတိုက်ပြိုင်ပွဲ ပွဲစဉ်များကို ကြည့်ရှုအားပေးကြ သည်။
၂၀၂၃ ခုနှစ် ပြည်နယ်နှင့် တိုင်းဒေသကြီး တိုက်ကွမ်ဒိုပြိုင်ပွဲ ကို ပြည်နယ်နှင့် တိုင်းဒေသကြီး များမှ ပြိုင်ပွဲဝင်အမျိုးသားအသင်း ၁၅ သင်းနှင့် အမျိုးသမီးအသင်း ၁၅ သင်းတို့မှ အားကစားသမား စုစုပေါင်း ၂၈၀ တို့က နိုဝင်ဘာ ၇ ရက်မှ ၁၁ ရက်အထိ ဝဏ္ဏသိဒ္ဓိ အားကစားရုံ(A) ၌ ယှဉ်ပြိုင်သွား ကြမည်ဖြစ်သဖြင့် တိုက်ကွမ်ဒို အားကစားနည်းကို စိတ်ပါဝင်စား သည့် မည်သူမဆို အခမဲ့လာရောက် ကြည့်ရှုအားပေးနိုင်ကြောင်း သိရ သည်။
သတင်းစဉ်