နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ ၂၀၂၂ ခုနှစ် ပြည်နယ်နှင့် တိုင်းဒေသကြီး  အမျိုးသမီး ကိုယ်ကာယကြံ့ခိုင်မှု လေ့ကျင့်ခန်း (အေရိုးဗစ်) ပြိုင်ပွဲ တက်ရောက်ကြည့်ရှုအားပေး


 

နေပြည်တော်   ဖေဖော်ဝါရီ   ၂၁
တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်မှု အဆင့်အတန်း     မြှင့်တင်ရေး၊  ဒေသအသီးသီးရှိ  တိုင်းရင်းသား အချင်းချင်း     ချစ်ကြည်ရင်းနှီးမှု တိုးတက်စေရေးနှင့်   မျိုးဆက် သစ်ရွက်ပုန်းသီး အားကစားသမား များ ပေါ်ထွက်လာစေရန် ရည်ရွယ် ၍  ၂၀၂၂ ခုနှစ် ပြည်နယ်နှင့် တိုင်း ဒေသကြီး အမျိုးသမီးကိုယ်ကာယ ကြံ့ခိုင်မှု လေ့ကျင့်ခန်း (အေရိုးဗစ်) ပြိုင်ပွဲကို  ယနေ့ နံနက် ၉ နာရီတွင် နေပြည်တော်ရှိ        ဝဏ္ဏသိဒ္ဓိ အားကစားရုံ  (B)  ၌  ကိုဗစ်-၁၉   ရောဂါ ကာကွယ် ထိန်းချုပ် ကုသ ရေးဆိုင်ရာ စည်းမျဉ်း၊ စည်းကမ်း များနှင့်အညီ ကျင်းပသည်။
အခမ်းအနားသို့      နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များဖြစ်ကြသည့်    ဒေါ်အေးနုစိန်၊ Jeng     Phang     နော်တောင်၊       စောဒန်နီယယ်၊  သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်း ရေးဝန်ကြီးဌာန   ပြည်ထောင်စု ဝန်ကြီး  ဦးခင်မောင်ရီ၊ အားကစား နှင့်    လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး     ဦးမျိုးလှိုင်နှင့် ဌာနဆိုင်ရာများမှ     တာဝန်ရှိ သူများ၊    ဝန်ထမ်းများ    တက် ရောက်      ကြည့်ရှုအားပေးကြ သည်။ 
လိုက်လံနှုတ်ဆက်
ရှေးဦးစွာ    ဒုတိယဝန်ကြီး ဦးမျိုးလှိုင်က         အမှာစကား ပြောကြားသည်။ ထို့နောက် နိုင်ငံ တော်  စီမံအုပ်ချုပ်ရေးကောင်စီ ဝင်များနှင့်       ဒုတိယဝန်ကြီး ဦးမျိုးလှိုင်တို့က      ၂၀၂၂    ခုနှစ်   ပြည်နယ်နှင့်      တိုင်းဒေသကြီး အမျိုးသမီး ကိုယ်ကာယကြံ့ခိုင်မှု လေ့ကျင့်ခန်း      (အေရိုးဗစ်)ပြိုင်ပွဲ တွင် ဝင်ရောက်ယှဉ်ပြိုင်ကြမည့်  အားကစားသမားများအား ရင်းရင်း နှီးနှီး လိုက်လံနှုတ်ဆက်ကြသည်။
ယင်းနောက်     ၂၀၂၂   ခုနှစ်    ပြည်နယ်နှင့်     တိုင်းဒေသကြီး   အမျိုးသမီး ကိုယ်ကာယကြံ့ခိုင်မှု လေ့ကျင့်ခန်း     (အေရိုးဗစ်)ပြိုင်ပွဲ    ပထမနေ့ပွဲစဉ် ပြိုင်ပွဲများဖြစ်သည့်    ငါးဦးတွဲ အေရိုးဗစ်ပြိုင်ပွဲ ယှဉ်ပြိုင် နေမှုများကို ကြည့်ရှုအားပေးကြ သည်။ 
အခမဲ့လာရောက်ကြည့်ရှုနိုင်
ယနေ့ပြိုင်ပွဲ ပွဲစဉ်များအဖြစ် ငါးဦးတွဲ အေရိုးဗစ်ပြိုင်ပွဲ၊ သုံးဦးတွဲ   အေရိုးဗစ်ပြိုင်ပွဲနှင့်   တစ်ဦးချင်း အေရိုးဗစ်ပြိုင်ပွဲများ         ယှဉ်ပြိုင် ကစားခဲ့ကြပြီး ဖေဖော်ဝါရီ ၂၂ ရက် အထိ ဝဏ္ဏသိဒ္ဓိအားကစားရုံ (B) ၌ ဆက်လက်ကျင်းပသွားမည်ဖြစ် ကာ ပြည်နယ်နှင့် တိုင်းဒေသကြီး များမှ ပြိုင်ပွဲဝင်အသင်း ၁၃  သင်း၊      အားကစားသမား      ၁၅၅   ဦး   ဝင်ရောက်ယှဉ်ပြိုင်    ကစားသွား ကြမည်ဖြစ်ရာ    အားကစားကို  စိတ်ပါဝင်စားသည့်     မည်သူမဆို    အခမဲ့ လာရောက်ကြည့်ရှုအားပေး နိုင်ကြောင်း သိရသည်။ သတင်းစဉ်