နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဦးမောင်ကိုနှင့်အဖွဲ့ အောင်မြေသာစံခရိုင်နှင့် အမရပူရခရိုင်အတွင်းရှိ မဟာသင်္ကြန်ရေကစားမဏ္ဍပ်များ၊ ဖျော်ဖြေရေးမဏ္ဍပ်များ၌ အေးချမ်းပျော်ရွှင်စွာ ရေကစားနေမှုများကို ကြည့်ရှုအားပေး

 

မန္တလေး    ဧပြီ   ၁၅


ယနေ့သည် မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော် သင်္ကြန် အကြတ်နေ့ဖြစ်ပြီး နိုင်ငံတစ်ဝန်း၌ မဟာသင်္ကြန်ပွဲတော်ကို အေးချမ်း ပျော်ရွှင်စွာ    ဆင်နွှဲလျက်ရှိရာ    နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင် ဦးမောင်ကို၊ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးအောင်နှင့်    တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်     ဝန်ကြီးများသည် တာဝန်ရှိသူများလိုက်ပါ၍ အောင်မြေသာစံခရိုင်နှင့် အမရပူရခရိုင် အတွင်းရှိ  မန္တလေးမြို့သူမြို့သားများ၊  ဝန်ကြီးဌာနများ၊ အတာသင်္ကြန် ရေကစားမဏ္ဍပ်များ၊  ဖျော်ဖြေရေးမဏ္ဍပ်များနှင့် စတုဒိသာ  ဧည့်ခံရေး မဏ္ဍပ်များသို့ သွားရောက်၍ ကြည့်ရှုအားပေးကာ မြို့သူမြို့သားများ နှင့်အတူ ပျော်ရွှင်စွာဆင်နွှဲကြသည်။

 


နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဦးမောင်ကို၊  မန္တလေး တိုင်းဒေသကြီးအစိုးရအဖွဲ့  ဝန်ကြီးချုပ် ဦးမျိုးအောင်နှင့်အဖွဲ့သည်    နံနက်ပိုင်းတွင်    အောင်မြေသာစံခရိုင်    ကျုံးတောင်ဘက်ခြမ်းရှိ ရွှေမန်းမြေ    မဟာသင်္ကြန်ရေကစားမဏ္ဍပ်နှင့်    ဖျော်ဖြေရေးမဏ္ဍပ်၊   စက်သုံးဆီပိုင်ရှင်များ မဟာသင်္ကြန်ရေကစားမဏ္ဍပ်နှင့်    ဖျော်ဖြေရေး မဏ္ဍပ်၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန မဟာ သင်္ကြန်   ရေကစားမဏ္ဍပ်နှင့်   ဖျော်ဖြေရေးမဏ္ဍပ်၊   မွန်းလွဲပိုင်းတွင် အမရပူရခရိုင်   အမရပူရမြို့နယ်ရှိ   ပိတောက်ရွှေဝါ   မဟာသင်္ကြန်  ရေကစားမဏ္ဍပ်နှင့် ဖျော်ဖြေရေးမဏ္ဍပ်၊ တောင်သမန်သစ္စာ မဟာ သင်္ကြန် ရေကစားမဏ္ဍပ်နှင့် ဖျော်ဖြေရေးမဏ္ဍပ်၊ နန်းမြို့သူမဟာသင်္ကြန် ရေကစားမဏ္ဍပ်နှင့် ဖျော်ဖြေရေးမဏ္ဍပ်၊ မန္တလေးမြို့တော် မဟာသင်္ကြန် မဏ္ဍပ်များသို့ သွားရောက်ပြီး မြို့သူမြို့သားများ အေးချမ်းပျော်ရွှင် စွာဖြင့် ရေသဘင်ပွဲတော် ဆင်နွှဲနေမှုများ၊ မန္တလေးမြို့ ဂုဏ်ဆောင် မြို့မငွေငန်းယာဉ်နှင့်အတူ   သီဆိုကပြဖျော်ဖြေမှုများ၊  နိုင်ငံကျော်   အနုပညာရှင်များနှင့် တေးသံရှင်များက ပရိသတ်အကြိုက် တေးသီချင်း များဖြင့် မြိုင်ဆိုင်စွာသီဆိုဖျော်ဖြေမှုများ၊ ဦးစီးဌာနများမှ ယိမ်းအက အဖွဲ့များ၏ သင်္ကြန်တေးသီချင်း ယိမ်းအကများ၊ Dancer အဖွဲ့များမှ မြူးမြူးကြွကြွသံစဉ်များဖြင့်   ဖျော်ဖြေတင်ဆက်မှုများကို   ကြည့်ရှု အားပေးကာ   အတာရေများ  အပြန်အလှန်ပက်ဖျန်း   နှုတ်ဆက်ပြီး    မြို့သူမြို့သားများနှင့်  အတူဆင်နွှဲခဲ့ကြသည်။ 

 


မြန်မာတို့၏ အစဉ်အလာမပျက် ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန် ပွဲတော်ကို  မြို့ကြီးပြကြီးများတွင်သာမက  ကျေးလက်တောရွာများပါ မကျန်  ဆင်းရဲချမ်းသာမရွေး အားလုံးအေးချမ်းပျော်ရွှင်စွာ ပါဝင်ဆင်နွှဲ ကြကြောင်း၊    မန္တလေးမြို့တော်    မဟာသင်္ကြန်ပွဲတော်တွင်လည်း ရေကစားမဏ္ဍပ်များ၊ ဖျော်ဖြေရေးမဏ္ဍပ်များတွင် စိတ်အေးချမ်းမြေ့ ပျော်ရွှင်စွာဆင်နွှဲနေလျက်ရှိပြီး    အမယ်စုံလင်လှသည့်    စတုဒိသာ မဏ္ဍပ်များမှလည်း  ကျွေးမွေးဧည့်ခံခဲ့ကြောင်းနှင့် လာရောက်လည်ပတ် ကြသူများဖြင့် နေ့စဉ်စည်ကားလျက်ရှိကြောင်း သတင်းရရှိသည်။          


သတင်းစဉ်