နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဦးခွန်စံလွင် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ရွှေမိုင်းစိတ် မြေသြဇာစက်ရုံဖွင့်ပွဲ တက်ရောက် ဆိုက်ခေါင်နယ်စပ်ဒေသ တိုင်းရင်းသားလူငယ်များဖွံ့ဖြိုးရေးသင်တန်းကျောင်းရှိ ကျောင်းသား ကျောင်းသူများနှင့် တွေ့ဆုံ

 

ဆိုက်ခေါင်   ဇွန်  ၂၈ 


ရှမ်းပြည်နယ်(တောင်ပိုင်း) ပအိုဝ်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင်  ရွှေမိုင်းစိတ် မြေသြဇာစက်ရုံဖွင့်ပွဲ ကို   ယနေ့   နံနက်  ၁၀   နာရီက ဆိုက်ခေါင်-မောက်မယ်သွား ကား လမ်းဘေး ဆိုက်ခေါင်ကျေးရွာ၌ ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီအဖွဲ့ဝင် ဦးခွန်စံလွင် တက်ရောက်ဖွင့်လှစ်ပေးသည်။

 


စက်ရုံဖွင့်ပွဲတွင် ရှမ်းပြည်နယ်  ဝန်ကြီးချုပ် ဦးအောင်ဇော်အေးက အမှာစကားပြောကြားသည်။ 
ဆက်လက်၍ ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ  စီမံအုပ်ချုပ် ရေးအဖွဲ့ဥက္ကဋ္ဌ   ဦးခွန်ရဲထွေးက နှုတ်ခွန်းဆက်စကား   ပြောကြား ပြီး ရွှေမိုင်းစိတ် မြေသြဇာကုမ္ပဏီ လီမိတက်၏ မန်နေဂျင်းဒါရိုက်တာ ဦးစိုင်းမြင့်အောင်သိန်း        နှင့် ဦးကျော်ကိုထိုက်တို့က    စက်ရုံ ဖွင့်လှစ်ရခြင်း အကြောင်းအရင်း နှင့် ကျေးဇူးတင်စကား ပြောကြား ကာ ရွှေမိုင်းစိတ် မြေသြဇာကုမ္ပဏီ  လီမိတက်၏ နည်းပညာအကြံပေး      စိုက်ပျိုးရေး  ပညာရှင် ဦးသက်ဦး (BAg)    က    အပင်များအတွက် အကျိုးပြုမှုကို      ရှင်းလင်းတင်ပြ သည်။

 


ဖဲကြိုးဖြတ်ဖွင့်လှစ်


ထို့နောက်    မြေသြဇာစက်ရုံ အား နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်      ဦးခွန်စံလွင်၊ ရှမ်းပြည်နယ်             ဝန်ကြီးချုပ် ဦးအောင်ဇော်အေး၊ ပြည်နယ်လုံခြုံ ရေးနှင့်      နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး  စိန်ဝင်း၊   ပြည်နယ် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ရဲမှူးချုပ်    တင်ကိုကို၊       ပအိုဝ်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ     စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ      ဦးခွန်ရဲ ထွေး၊   ပြည်နယ်စိုက်ပျိုးရေးဦးစီး ဌာန ညွှန်ကြားရေးမှူး ဦးချိုနိုင် ထွန်း၊ သရုပ်ဆောင် ကျော်ကျော် နှင့် ဆုမြတ်နိုးဦးတို့က ဖဲကြိုးဖြတ်  ဖွင့်လှစ်ပေးကြသည်။

 


လှည့်လည်ကြည့်ရှု


ယင်းနောက်    နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ     အဖွဲ့ဝင် ဦးခွန်စံလွင်၊ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်  ဝန်ကြီးများနှင့် တာဝန် ရှိသူများက             စက်ရုံအတွင်း လှည့်လည်ကြည့်ရှုကြသည်။

 


အဆိုပါ ရွှေမိုင်းစိတ် မြေသြဇာ စက်ရုံမှ သဘာဝဂျစ်ဆမ်မြေသြဇာ၊ သဘာဝဒိုလိုမိုက် မြေပြင်မြေသြဇာ များ    ထုတ်လုပ်လျက်ရှိကြောင်း သိရှိရသည်။

 


ဆက်လက်၍ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ    အဖွဲ့ဝင် ဦးခွန်စံလွင်နှင့်အဖွဲ့သည်  ပအိုဝ်း  ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဆီဆိုင် မြို့နယ် ဆိုက်ခေါင်ရှိ နယ်စပ်ဒေသ  တိုင်းရင်းသားလူငယ်များ   ဖွံ့ဖြိုး ရေးသင်တန်းကျောင်းရှိ ကျောင်း သား    ကျောင်းသူများနှင့်    သွား ရောက်တွေ့ဆုံသည်။ 

 


တွေ့ဆုံပွဲတွင်   နယ်စပ်ဒေသ  တိုင်းရင်းသားလူငယ်များ   ဖွံ့ဖြိုး ရေး  သင်တန်းကျောင်း ကျောင်း  အုပ် ဦးခွန်အောင်မှန်က ကျောင်း  နှင့်     ပတ်သက်သည့်      အချက် အလက်များကို    လည်းကောင်း၊   အမျိုးသမီး   အိမ်တွင်းမှုလုပ်ငန်း၊ သက်မွေးပညာသင်တန်း ကျောင်း အုပ် ဒေါ်ခင်စန်းဝင်းက အိမ်တွင်းမှု  နှင့်    သက်မွေးသင်တန်းကျောင်း အချက်အလက်များကို        လည်း ကောင်း        ရှင်းလင်းတင်ပြကြ သည်။

 


ဆက်လက်၍   နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ       အဖွဲ့ဝင် ဦးခွန်စံလွင်က          ကျောင်းသား ကျောင်းသူများအနေဖြင့် စည်းကမ်း ရှိစွာ ကြိုးစားသင်ယူပေးကြရန်နှင့်  မိမိတို့ရှေ့ဆောင်လမ်းပြကောင်း မှ နောင်လာမည့် မျိုးဆက်သစ် များအတွက် လမ်းပြကောင်းမည် ဖြစ်ကြောင်း၊  ဆရာ  ဆရာမများ အနေဖြင့်လည်း      ကျောင်းသား ကျောင်းသူများကို        ရင်ဝယ်သား သဖွယ်        စေတနာကောင်းဖြင့် မွေးထုတ်သင်ကြားပေးရန်   ပြော ကြားသည်။

 


ထောက်ပံ့ငွေပေးအပ်


ထို့နောက်     နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ     အဖွဲ့ဝင်       ဦးခွန်စံလွင်နှင့်       ရှမ်းပြည်နယ် ဝန်ကြီးချုပ်    ဦးအောင်ဇော်အေး တို့က နယ်စပ်ဒေသတိုင်းရင်းသား လူငယ်များ   ဖွံ့ဖြိုးရေးသင်တန်း ကျောင်းနှင့် အမျိုးသမီးအိမ်တွင်း မှုလုပ်ငန်းသက်မွေးပညာသင်တန်း ကျောင်းအတွက် ထောက်ပံ့ငွေများ      ပေးအပ်ရာ ကျောင်းအုပ်ကြီးနှင့်    ဒုတိယကျောင်းအုပ်ကြီး    တို့က     လက်ခံရယူကြသည်။

 


ရင်းရင်းနှီးနှီးနှုတ်ဆက်


ယင်းနောက်  နိုင်ငံတော်စီမံ  အုပ်ချုပ်ရေးကောင်စီ  အဖွဲ့ဝင် ဦးခွန်စံလွင်၊  ပြည်နယ်ဝန်ကြီးချုပ်၊    ပြည်နယ် ဝန်ကြီးများနှင့် တာဝန်ရှိ သူများသည် ကျောင်းသား  ကျောင်း သူများအား ရင်းရင်းနှီးနှီး လိုက်လံ နှုတ်ဆက်ကြပြီး အိပ်ဆောင် များ၊     စိုက်ပျိုးရေးခြံ၊   ရေသန့် စက်ရုံ၊ စာကြည့်တိုက်၊ စတိုဆောင် နှင့် စားရိပ်သာတို့ကို  လှည့်လည် ကြည့်ရှုကြကြောင်း သိရသည်။   
သတင်းစဉ်