
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့် ကုလသမဂ္ဂဘေးအန္တရာယ်
ကင်းရှင်းရေးနှင့်လုံခြုံရေးဌာန (United Nations Department of Safety and Security-UNDSS) ၏
အကြီးအကဲ Under-Secretary-General Mr. Gilles Michaud ဦးဆောင်သည့်ကိုယ်စားလှယ်အဖွဲ့ကို လက်ခံတွေ့ဆုံ
နေပြည်တော် ဧပြီ ၄
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်၊ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး ရာပြည့်သည် ကုလ သမဂ္ဂ ဘေးအန္တရာယ်ကင်းရှင်းရေး နှင့်လုံခြုံရေးဌာန(United Nations Department of Safety and Security-UNDSS) ၏ အကြီး အကဲ Under-Secretary-Gene-ral Mr. Gilles Michaud ဦးဆောင် သည့် ကိုယ်စားလှယ်အဖွဲ့ကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည် တော်ရှိရုံးအမှတ်(၁၀) ပြည်ထဲရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ၏ ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံ သည်။
တွေ့ဆုံစဉ် မြန်မာနိုင်ငံ အတွင်း တာဝန်ထမ်းဆောင်လျက် ရှိသော ကုလသမဂ္ဂဝန်ထမ်းများ၏ ဘေးကင်းလုံခြုံရေးဆိုင်ရာ ကိစ္စ ရပ်များ၊ ကုလသမဂ္ဂဝန်ထမ်းများ ခရီးသွားလာခွင့်နှင့် စပ်လျဉ်း သည့် ကိစ္စရပ်များ၊ မြန်မာနိုင်ငံ အတွက် လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ အကူအညီ ပေးရေးဆိုင်ရာ ကိစ္စရပ်များ၊ ပြည်ထဲရေးဝန်ကြီးဌာနနှင့် ကုလသမဂ္ဂဘေးအန္တရာယ်ကင်းရှင်းရေးနှင့် လုံခြုံရေးဌာနတို့အကြား ပူးပေါင်း ဆောင်ရွက်ရေးဆိုင်ရာကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။
တွေ့ဆုံပွဲသို့ ပြည်ထဲရေး ဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးခိုင်ထွန်းဦး၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ နိုင်ငံဖြတ်ကျော် မှုခင်းဌာနကြီး၊ ဌာနကြီးမှူး ယာယီရဲမှူးချုပ် ကျော်ဇေယျ ၊ မြန်မာနိုင်ငံ ဆိုင်ရာ ကုလသမဂ္ဂယာယီဌာနေ ညှိနှိုင်းရေးမှူး/လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ ယာယီ ညှိနှိုင်းရေးမှူး Mr. Marcoluigi Corsi ၊ မြန်မာနိုင်ငံဆိုင်ရာ ကုလ သမဂ္ဂ ဘေးအန္တရာယ်ကင်းရှင်း ရေးနှင့် လုံခြုံရေးဌာန၊ လုံခြုံရေး အကြံပေးအရာရှိ Mr. Marco Smoliner တို့ တက်ရောက်ခဲ့ကြ ကြောင်း သိရသည်။
သတင်းစဉ်