
နေပြည်တော် ဇန်နဝါရီ ၅
နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင်၊ ပြည်ထဲရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့် ဦးဆောင်သည့် ကိုယ်စားလှယ် အဖွဲ့သည် တရုတ်ပြည်သူ့သမ္မတ နိုင်ငံ နိုင်ငံတော်ကောင်စီဝင်၊ ပြည်သူ့လုံခြုံရေးဝန်ကြီး Mr. Wang Xiaohong ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့နှင့် ယနေ့ ညနေ ၆ နာရီတွင် နေပြည်တော် ရှိ ရုံးအမှတ် (၁၀) ပြည်ထဲရေး ဝန်ကြီးဌာန အစည်းအဝေးခန်းမ ၌ အွန်လိုင်းစနစ်ဖြင့် တွေ့ဆုံ သည်။
ဆွေးနွေး
တွေ့ဆုံစဉ် မြန်မာ-တရုတ် နှစ်နိုင်ငံ (၇) ကြိမ်မြောက် တရား ဥပဒေစိုးမိုးရေးနှင့် လုံခြုံရေး ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု ဝန်ကြီးအဆင့် အစည်းအဝေးတွင် သဘောတူညီထားသည့် ဆုံးဖြတ် ချက်များအပေါ် အကောင်အထည် ဖော်ဆောင်ရွက်နေမှုဆိုင်ရာကိစ္စ ရပ်များ၊ နိုင်ငံဖြတ်ကျော်မှုခင်း များနှင့် အွန်လိုင်းလိမ်လည်မှုများ ကို နှစ်နိုင်ငံ ပူးပေါင်းတိုက်ဖျက်ရေး ဆိုင်ရာကိစ္စရပ်များ၊ မြန်မာ-တရုတ် နှစ်နိုင်ငံ နယ်စပ်ဒေသ တည်ငြိမ် အေးချမ်းရေးအတွက် ပူးပေါင်း ဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်များနှင့် နှစ်နိုင်ငံချစ်ကြည် ရင်းနှီးစွာ ပူးပေါင်းဆောင်ရွက်ရေး ဆိုင်ရာကိစ္စရပ်များအပေါ် အမြင် ချင်းဖလှယ်၍ ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။
တက်ရောက်
တွေ့ဆုံပွဲသို့ ပြည်ထဲရေး ဝန်ကြီးဌာန၊ နိုင်ငံခြားရေးဝန်ကြီး ဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနတို့မှ ဒုတိယဝန်ကြီးများ၊ ပြည်ထဲရေး ဝန်ကြီးဌာနမှ အမြဲတမ်းအတွင်း ဝန်၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ဆိုင်ရာ မြန်မာသံအမတ်ကြီးတို့ နှင့်အတူ တာဝန်ရှိသူများ တက် ရောက်ခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်