နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပြည်ထဲရေးဝန်ကြီးဌာန မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များက စုပေါင်းသွေးလှူဒါန်းမှု ကြည့်ရှုအားပေး

 

နေပြည်တော်   ဒီဇင်ဘာ   ၂၀


(၇၅)နှစ်မြောက်    စိန်ရတုလွတ်လပ်ရေးနေ့ကို   ကြိုဆိုဂုဏ်ပြုသော အားဖြင့်   ပြည်ထဲရေးဝန်ကြီးဌာန  မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များနှင့် စာရေးဝန်ထမ်းများက ယနေ့နံနက်ပိုင်းတွင်  နေပြည်တော် ဇမ္ဗူသီရိ မြို့နယ်ရှိ ခုတင်(၁၀၀၀) ပြည်သူ့ဆေးရုံကြီး၌  စုပေါင်း  သွေးလှူဒါန်း ကြသည်။

 


ထောက်ပံ့ပေးအပ်


ဂုဏ်ပြုသွေးလှူဒါန်းပွဲတွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဌာနချုပ်ရှိ ဌာနကြီး များနှင့် တပ်ဖွဲ့များမှတပ်ဖွဲ့ဝင်နှင့် စာရေးဝန်ထမ်း ၁၃၁ ဦးတို့က စုပေါင်း သွေးလှူဒါန်းခဲ့ကြရာ       နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ပြည်ထဲရေးဝန်ကြီးဌာန   ပြည်ထောင်စုဝန်ကြီး    ဒုတိယဗိုလ်ချုပ်ကြီး  စိုးထွဋ်နှင့်ဇနီး၊   ဒုတိယဝန်ကြီး ဗိုလ်ချုပ်  စိုးတင့်နိုင်နှင့်ဇနီး၊  ဒုတိယ ဝန်ကြီး ရဲချုပ် ဗိုလ်ချုပ် ဇင်မင်းထက်နှင့်ဇနီး၊   အမြဲတမ်းအတွင်းဝန်နှင့် ဇနီး၊  ဒုတိယရဲချုပ်များနှင့်ဇနီးများ၊  ရဲအရာရှိကြီးများ၊  နေပြည်တော် ခုတင် (၁၀၀၀)ပြည်သူ့ဆေးရုံကြီးမှ ဆေးရုံအုပ်ကြီး ဒေါက်တာ စန်းလွင်ဦး နှင့် တာဝန်ရှိသူများက  လိုက်လံကြည့်ရှုအားပေးကာ  သွေးအလှူရှင် တစ်ဦးချင်းစီကို အာဟာရဖြည့်စွက်စာများနှင့် အားဆေးများ ထောက်ပံ့ ပေးအပ်ခဲ့သည်။ 

 


စုပေါင်းသွေးလှူဒါန်း


ထို့အတူ ဒီဇင်ဘာ ၂၁ ရက်တွင်လည်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင် ၁၁၉ ဦးတို့က (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ကို  ကြိုဆို ဂုဏ်ပြုသောအားဖြင့် နေပြည်တော် ခုတင်(၁၀၀၀) ပြည်သူ့ဆေးရုံကြီး၌ စုပေါင်းသွေးလှူဒါန်းခြင်းများ   ဆက်လက်ဆောင်ရွက်သွားမည်ဖြစ် ကြောင်း သိရသည်။                      

သတင်းစဉ်