နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ် လွိုင်ကော်အကျဉ်းထောင်အား ကြည့်ရှုစစ်ဆေး၊ ပြည်နယ်ရဲတပ်ဖွဲ့မှူးရုံး၌ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များနှင့် မိသားစုဝင်များအား တွေ့ဆုံအမှာစကားပြောကြ

နေပြည်တော်   ဖေဖော်ဝါရီ   ၃


ကယားပြည်နယ် လွိုင်ကော်မြို့တွင်  ရောက်ရှိ နေသော    နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်   ပြည်ထဲရေးဝန်ကြီးဌာန   ပြည်ထောင်စု ဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးစိုးထွဋ်သည်   လွိုင်ကော် အကျဉ်းထောင်အား  သွားရောက်ကြည့်ရှုစစ်ဆေးကာ ပြည်နယ်ရဲတပ်ဖွဲ့မှူးရုံး၌   မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင် များနှင့်   မိသားစုဝင်များအား  တွေ့ဆုံအမှာစကား ပြောကြားသည်။


ကြည့်ရှုစစ်ဆေး


ဖေဖော်ဝါရီ   ၃ ရက်   မွန်းလွဲပိုင်းတွင် ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး စိုးထွဋ်သည် တာဝန်ရှိသူများ လိုက်ပါ လျက်  ကယားပြည်နယ်  လွိုင်ကော်မြို့ အကျဉ်း ထောင်အား လှည့်လည်ကြည့်ရှုစစ်ဆေးသည်။ 


ထိုသို့ ကြည့်ရှုစစ်ဆေးရာတွင် ပြည်ထောင်စု ဝန်ကြီးက အကျဉ်းဦးစီးဌာနသည် လက်နက်ကိုင် အဖွဲ့အစည်းဖြစ်၍ စနစ်တကျတာဝန်ထမ်းဆောင်နိုင်ရန်လိုအပ်ကြောင်း၊ လုံခြုံရေးကျိုးပေါက်မှုမရှိစေရေး၊ စည်းကမ်းဖောက်ဖျက်မှုမရှိစေရေးနှင့် သစ္စာရှိ၍ တာဝန်ကျေပွန်စွာ  အဖွဲ့စနစ်ဖြင့်  လုပ်ငန်းတာဝန် များကို    အောင်မြင်စွာ    ဆောင်ရွက်နိုင်ရမည် ဖြစ်ကြောင်း၊ အကျဉ်းသားများအား စည်းကမ်းများ နှင့်အညီထားရှိပြီး ရသင့်ရထိုက်သည့် ကျွေးမွေးမှုများ ကိုလည်း  အရည်အသွေးမီ ကောင်းမွန်မှန်ကန်စွာ ကျွေးမွေးရန်လိုအပ်ကြောင်း၊ အကျဉ်းသားများအား ကျန်းမာရေးစောင့်ရှောက်မှုကို   ကိုဗစ်-၁၉ ကာကွယ် တားဆီးထိန်းချုပ်ရေးဆိုင်ရာ   စည်းကမ်းသတ်မှတ် ချက်များနှင့်အညီ  ဆောင်ရွက်ရေး   အသေးစိတ် မှာကြားသည်။


ထောက်ပံ့ပေးအပ်


ထို့နောက်   အကျဉ်းထောင်ရှိ   မိသားစုဝင် များနှင့်တွေ့ဆုံကာ      မိသားစုဝင်အချင်းချင်း စည်းစည်းလုံးလုံး     ညီညီညွတ်ညွတ်    နေထိုင်ရန် မှာကြားကာ  မိသားစုဝင်များအတွက်  ထောက်ပံ့ ငွေကျပ် ၁၀ သိန်း ပေးအပ်သည်။  


ဆက်လက်၍     ပြည်ထောင်စုဝန်ကြီးသည် ပြည်နယ်ရဲတပ်ဖွဲ့မှူးရုံးရှိ      ကန္ဒရဝတီခန်းမ၌ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်နှင့်  မိသားစုများအား တွေ့ဆုံ အမှာစကားပြောကြားရာ ရဲတပ်ဖွဲ့သည် လက်နက် ကိုင်တပ်ဖွဲ့ဖြစ်၍     အမိန့်ညွှန်ကြားချက်နှင့် စည်းကမ်းများကို လိုက်နာရကြောင်း၊ အခြားဌာန များထက်  လုံခြုံရေးပိုင်းဆိုင်ရာတွင်  ပိုမိုတာဝန် ရှိကြောင်း၊ ဝန်ထမ်းများသည် အမျိုးသားရေး အသိ စိတ်ဓာတ်ဖြင့် တာဝန်ကိုကျေပွန်စွာထမ်းဆောင်ကြရန်လိုအပ်ကြောင်း၊ လုံခြုံရေးအမြင်ရှိရန်နှင့် သတိ ဝီရိယဖြင့်  နေထိုင်သွားလာလုပ်ကိုင်ကြရန်လိုအပ် ကြောင်း၊ တာဝန်ရှိသူအဆင့်ဆင့်မှလည်း လုံခြုံရေး ကျိုးပေါက်မှုမရှိစေရေး       အမြဲမပြတ်စစ်ဆေး ကြပ်မတ်နေရန်    လိုအပ်ကြောင်း၊  မိမိရုံး/ ရဲစခန်း/ ရဲကင်းများ ရန်သူတိုက်ခိုက်ခံရမှုမရှိစေရေးအတွက် ခံစစ်ပြင်ဆင်ဆောင်ရွက်ထားရှိရန်လိုအပ်ကြောင်း၊ မိသားစုဝင်    ရဲမေများအနေဖြင့်    မိမိကိုယ်ကို ကာကွယ်ခုခံနိုင်ရေးအတွက်     အခြေခံစစ်ပညာ တတ်ကျွမ်းပြီး      လက်နက်ငယ်ပစ်ခတ်တတ်ရန် လိုအပ်သည့်အတွက် သင်တန်းများဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း၊      သင်ကြားပေးထားသည့် အတတ်ပညာနှင့်အညီ       လက်တွေ့လိုက်နာ ဆောင်ရွက်နိုင်ရန် လိုအပ်ပြီး        စဉ်ဆက်မပြတ် လေ့ကျင့်မှုပြုလုပ်ရန်  လိုအပ်ကြောင်း၊     ကိုဗစ်-၁၉ ကာကွယ်တားဆီးထိန်းချုပ်ရေးဆိုင်ရာ     ကျန်းမာရေး ဝန်ကြီးဌာန၏    စည်းကမ်းသတ်မှတ်ချက်များကို    တိတိကျကျ    လိုက်နာကြရန်နှင့်    အလေးထား ဆောင်ရွက်ကြရန် မှာကြားသည်။


ပေါင်းစပ်ညှိနှိုင်း  


ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ရဲတပ်ဖွဲ့ ဝင်များနှင့်   မိသားစုများ၏   အခက်အခဲများအား မေးမြန်း၍  တင်ပြချက်များအပေါ် တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း    ဖြည့်ဆည်းဆောင်ရွက်ပေးကာ တပ်ဖွဲ့ဝင်နှင့်   မိသားစုများအတွက်    ငွေကျပ် သိန်း ၂၀ ထောက်ပံ့ပေးကြောင်း သိရသည်။


သတင်းစဉ်