နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ပြည်ထဲရေး၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ် မြန်မာနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံသံအမတ်ကြီး H.E. Mr. Mongkol Visitstump ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ကို လက်ခံတွေ့ဆုံ

 

နေပြည်တော်  ဒီဇင်ဘာ   ၈


နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ပြည်ထဲ ရေးဝန်ကြီးဌာန    ပြည်ထောင်စုဝန်ကြီး     ဒုတိယ ဗိုလ်ချုပ်ကြီး   စိုးထွဋ်  သည်    မြန်မာနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံသံအမတ်ကြီး  H.E. Mr. Mongkol Visits-tump ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ကို ယနေ့ မွန်းလွဲ ၃ နာရီတွင် နေပြည်တော်ရှိ ပြည်ထဲရေးဝန်ကြီး ဌာန  ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌ လက်ခံ တွေ့ဆုံသည်။

 


တွေ့ဆုံစဉ် နှစ်နိုင်ငံအကြား တရားဥပဒေစိုးမိုး ရေးဆိုင်ရာ ကိစ္စရပ်များ၊ နိုင်ငံဖြတ်ကျော် မှုခင်းများ တိုက်ဖျက်ရေးဆိုင်ရာကိစ္စ၊   လူကုန်ကူးမှုတားဆီး နှိမ်နင်းရေးဆိုင်ရာ   ကိစ္စ၊   မူးယစ်ဆေးဝါးတားဆီး နှိမ်နင်းရေးဆိုင်ရာကိစ္စ၊       မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ စွမ်းရည်မြှင့်တင်ရေးဆိုင်ရာ ကိစ္စနှင့် နှစ်နိုင်ငံပူးပေါင်း ဆောင်ရွက်ရေးဆိုင်ရာ     ကိစ္စရပ်များနှင့်စပ်လျဉ်း ၍    ရင်းနှီးပွင့်လင်းစွာ   အမြင်ချင်းဖလှယ်ဆွေးနွေး ခဲ့ကြသည်။

 


တွေ့ဆုံပွဲသို့    ပြည်ထဲရေးဝန်ကြီးဌာန   ဒုတိယ ဝန်ကြီး ဗိုလ်ချုပ်စိုးတင့်နိုင်၊ ဒုတိယဝန်ကြီး မြန်မာ နိုင်ငံရဲတပ်ဖွဲ့ရဲချုပ် ဗိုလ်ချုပ်ဇင်မင်းထက် တို့ တက် ရောက်ခဲ့ကြသည်။                              

သတင်းစဉ်