နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင်နှင့် ပြည်ထောင်စုဝန်ကြီး ဦးလှမိုး ပုသိမ်မြို့ရှိ သမဝါယမစာရင်းရေးစာရင်းကိုင်သင်တန်းကျောင်းရှိ သင်တန်းသား၊ သင်တန်းသူများနှင့်တွေ့ဆုံ

 

နေပြည်တော်    ဇန်နဝါရီ   ၂၀
နိုင်ငံတော်     စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်  မန်းငြိမ်းမောင်နှင့်  သမဝါယမ နှင့်     ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုးသည် ယနေ့ မွန်းလွဲပိုင်းက   ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့ရှိ သမဝါယမစာရင်းရေးစာရင်း ကိုင်သင်တန်းကျောင်းသို့   သွားရောက်၍ တိုင်းဒေသကြီးအဆင့်၊ ခရိုင်အဆင့်၊ မြို့နယ် အဆင့် ဝန်ထမ်းများနှင့် တွေ့ဆုံသည်။  
တွေ့ဆုံစဉ်  ပြည်ထောင်စုဝန်ကြီးက နိုင်ငံ့စီးပွားမြှင့်တင်ရေး စီမံကိန်းလုပ်ငန်း များကို သမဝါယမအသင်းအဖွဲ့စနစ်ဖြင့် ထိရောက်အောင်မြင်စွာ   ဆောင်ရွက်နိုင် ရေးအတွက် အသင်းသား တောင်သူများ လိုအပ်သည့် သွင်းအားစု၊ မျိုး၊ မြေဩဇာ များအား ရာသီအချိန်မီ ထောက်ပံ့ပေးရေး၊ အသေးစား၊  အငယ်စား၊    အလတ်စား စီးပွားရေး    MSMEs   လုပ်ငန်းများ   ပိုမို ဖွံ့ဖြိုးတိုးတက်ရေးအတွက်   ဒေသတစ်ခု ထုတ်ကုန်တစ်ခု          ထုတ်လုပ်နိုင်ရေး ပူးပေါင်းပါဝင်ဆောင်ရွက်ကြရေး၊  ဖွံ့ဖြိုး ရေးလုပ်ငန်းများကို ဘဏ္ဍာနှစ်အလိုက် အရည်အသွေးပြည့်မီစွာ   အချိန်မီပြီးစီး အောင်   ဆောင်ရွက်ကြရေးနှင့်    ဝန်ထမ်း သက်သာချောင်ချိရေးအတွက် တာဝန်ရှိ သူများက    ကြိုးပမ်းဆောင်ရွက်ပေးရန် တိုက်တွန်းမှာကြားပြီး ဦးစီးဌာနအလိုက် ဝန်ထမ်းများ၏     လုပ်ငန်းလိုအပ်ချက် များ     တင်ပြမှုကို    ပေါင်းစပ်ဖြည့်ဆည်း ဆောင်ရွက်ပေးသည်။
ဆက်လက်၍ သမဝါယမစာရင်းရေး စာရင်းကိုင်     သက်မွေးပညာသင်တန်း ကျောင်း ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများနှင့် တွေ့ဆုံရာ ကျောင်း အုပ်ဆရာမကြီးက      သင်တန်းကျောင်း အတွက်    လိုအပ်ချက်များကို    ရှင်းလင်း တင်ပြပြီး     ရှင်းလင်းတင်ပြမှုများနှင့် စပ်လျဉ်း၍     ပြည်ထောင်စုဝန်ကြီးက သင်တန်းကာလ ၂ နှစ် ပြည့်မြောက်မည့် ကျောင်းသား ကျောင်းသူများအနေဖြင့် သတ်မှတ်အရည်အချင်း    ပြည့်မီပါက သမဝါယမကောလိပ်နှင့် တက္ကသိုလ်များ သို့ ဆက်လက်ပေါင်းကူးတက်ရောက်နိုင်  ကြောင်း၊     ကျန်ရှိသည့်    ကျောင်းသား ကျောင်းသူများကိုလည်း အလုပ်အကိုင် ရရှိရေး   ချိတ်ဆက်ဆောင်ရွက်ပေးသွား မည်ဖြစ်ကြောင်း၊    သင်တန်းကျောင်း၏ ဂုဏ်ကိုဆောင်နိုင်သည့် စည်းကမ်းရှိသော ကျောင်းသား ကျောင်းသူများ၊ နိုင်ငံ့သားကောင်းရတနာများဖြစ်အောင်  ကြိုးစား ကြရန်  မှာကြားပြီး  ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများ၏ တင်ပြ ချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေး သည်။                                  သတင်းစဉ်