နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင် သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်ရ ဆရာတော်ကြီးများအား ဘွဲ့တံဆိပ်တော်ဆက်ကပ်လှူဒါန်းပွဲ တက်ရောက်

 

ဘားအံ   ဧပြီ    ၆


နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင်၊ ကရင်ပြည်နယ် ဝန်ကြီးချုပ် ဦးစောမြင့်ဦး၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဒေါ်ခင်ဆွေထွန်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တာဝန်ရှိသူများသည် ယနေ့ နံနက်ပိုင်းက  ၂၀၂၂ ခုနှစ် သာသနာတော်ဆိုင်ရာဘွဲ့တံဆိပ်တော်ရ သံဃာတော်အရှင်သူမြတ်များ အား ဘွဲ့တံဆိပ်တော်များ ဆက်ကပ်လှူဒါန်းကြသည်။
 

 

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင်နှင့် အဖွဲ့ဝင်များသည် ဘားအံမြို့နယ် ကျုံဖဲကျေးရွာ    ကျုံဖဲပရိယတ္တိကမ်းနားကျောင်း ဆရာတော်  ဘဒ္ဒန္တစန္ဒိမာအား    ဘွဲ့တံဆိပ်တော် ဆက်ကပ်လှူဒါန်းပွဲသို့ တက်ရောက်ကြပြီး   ကျုံဖဲ ပရိယတ္တိ ကမ်းနားကျောင်းဆရာတော်ထံမှ ငါးပါးသီလ ခံယူဆောက်တည်ကြကာ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင်   မန်းငြိမ်းမောင်က    သာသနာရေး ဆိုင်ရာများ လျှောက်ထားတင်ပြသည်။

 


ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင်က အဂ္ဂမဟာ သဒ္ဓမ္မဇောတိကဓဇ ဘွဲ့တံဆိပ်တော်ရ  ကျုံဖဲပရိယတ္တိကမ်းနားကျောင်း ဆရာတော် ဘဒ္ဒန္တစန္ဒိမာအား ဘွဲ့တံဆိပ်တော်၊ အဆောင်အယောင်နှင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ   နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ် မှူးကြီး မင်းအောင်လှိုင်နှင့်   ဇနီးဒေါ်ကြူကြူလှ၊ သားသမီးမြေးတစ်စုမှလှူဒါန်းသည့် လှူဖွယ်ဝတ္ထု ပစ္စည်းများကို ဆက်ကပ်လှူဒါန်းပြီး ကရင်ပြည်နယ် ဝန်ကြီးချုပ် ဦးစောမြင့်ဦးက လှူဖွယ်ဝတ္ထုပစ္စည်းများနှင့် နဝကမ္မ အလှူတော်ငွေများ ဆက်ကပ်လှူဒါန်းသည်။

 


ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်   မန်းငြိမ်းမောင်၊      ပြည်နယ်ဝန်ကြီးချုပ် နှင့်  ဧည့်ပရိသတ်အပေါင်းတို့က   ကျုံဖဲပရိယတ္တိ ကမ်းနားကျောင်းဆရာတော် အဂ္ဂမဟာသဒ္ဓမ္မဇောတိက ဓဇ ဘဒ္ဒန္တစန္ဒိမာထံမှ အနုမောဒနာတရားနာကြား၍ လှူဒါန်းမှုအစုစုတို့အတွက်    ရေစက်သွန်းချ အမျှ ပေးဝေကြသည်။

 


မွန်းလွဲပိုင်းတွင် အဂ္ဂမဟာပဏ္ဍိတ  ဘွဲ့တံဆိပ် တော်နှင့် အဂ္ဂမဟာသဒ္ဓမ္မ  ဇောတိကဓဇ ဘွဲ့တံဆိပ် တော်ရ   ဆရာတော်နှစ်ပါးအား   ဘွဲ့တံဆိပ်တော် ဆက်ကပ်လှူဒါန်းသည့် အခမ်းအနားကို ဘားအံမြို့ မိုးကယ်ကျောင်းတိုက်၌ ကျင်းပရာ ဦးစွာ နိုင်ငံတော် ဗဟိုသံဃဝန်ဆောင် အဂ္ဂမဟာသဒ္ဓမ္မ ဇောတိကဓဇ ဘွဲ့တံဆိပ်တော်ရ ကမ်းနီကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တဝိဇာရထံမှ ဧည့်ပရိသတ်များက ငါးပါးသီလ ခံယူဆောက်တည်ကြပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင်က  သာသနာရေး ဆိုင်ရာများ လျှောက်ထားတင်ပြသည်။

 


ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်  မန်းငြိမ်းမောင်က   အဂ္ဂမဟာပဏ္ဍိတ ဘွဲ့တံဆိပ်တော်ရ မိုးကယ်ကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တတေဇိန္ဒနှင့် အဂ္ဂမဟာ  သဒ္ဓမ္မဇောတိကဓဇ ဘွဲ့တံဆိပ်တော်ရ ဘဒ္ဒန္တဝိစာရတို့အား ဘွဲ့တံဆိပ် တော်များနှင့် အဆောင်အယောင်များ၊ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် ဇနီးဒေါ်ကြူကြူလှ သားသမီးမြေးတစ်စုမှ လှူဒါန်းသည့် လှူဖွယ်ဝတ္ထု ပစ္စည်းများကို ဆက်ကပ်လှူဒါန်းပြီး ကရင်ပြည်နယ် ဝန်ကြီးချုပ် ဦးစောမြင့်ဦးက လှူဖွယ်ဝတ္ထုပစ္စည်းများနှင့် နဝကမ္မအလှူငွေများ   ဆက်ကပ်လှူဒါန်းသည်။ ယင်းနောက် ကမ်းနီကျောင်းတိုက်ဆရာတော်ထံမှ အနုမောဒနာတရားနာကြား၍  လှူဒါန်းမှုအစုစုတို့ အတွက် ရေစက်သွန်းချအမျှပေးဝေကြသည်။

 


ထို့ပြင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ ဝင် မန်းငြိမ်းမောင်၊ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန် ရှိသူများသည် ဘားအံမြို့ ဇွဲကပင်တောင်နှင့် ကြာအင်း တောင်ကြားကိုဖြတ်၍   သံလွင်တံတားသုံးမြှောင့် လမ်းဆုံမှ လှာကဒေါင်ကျေးရွာသို့   ဖောက်လုပ်ထား သော ဘားအံမြို့ရှောင်လမ်းကို     သွားရောက်ကြည့်ရှု စစ်ဆေးရာ ကရင်ပြည်နယ်လမ်းဦးစီးဌာန ညွှန်ကြား ရေးမှူး ဦးအောင်ညိုနှင့်  တာဝန်ရှိသူများက လမ်း ဖောက်လုပ်နေမှုနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြကြပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင်က  လိုအပ် သည်များ မှာကြားသည်။

 


ထို့နောက် ဘားအံမြို့   ဘားမဲတောင်သဘာဝ အပန်းဖြေဥယျာဉ်သို့ရောက်ရှိပြီး ကိုဗစ်အလွန်ကာလ ခရီးသွားလုပ်ငန်း   ဖွံ့ဖြိုးတိုးတက်ရေးအတွက် သဘာဝဥယျာဉ်ဆောင်ရွက်ထားမှုကို   လှည့်လည် ကြည့်ရှုစစ်ဆေးရာ ပြည်နယ်စည်ပင်သာယာရေးအဖွဲ့ ညွှန်ကြားရေးမှူးသူရမြင့်သူနှင့် တာဝန်ရှိသူများက သဘာဝဥယျာဉ်နှင့် ပတ်သက်၍ လိုက်လံရှင်းလင်း တင်ပြကြပြီး  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်က လိုအပ်သည်များ မှာကြားသည်။

 


ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင် မန်းငြိမ်းမောင်၊   ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်များသည် ဘားအံမြို့ ဇွဲကပင် ပန်းခြံသို့ ရောက်ရှိပြီး အများပြည်သူစိတ်အေးချမ်းသာစွာ အနားယူအပန်းဖြေနိုင်ရေး   ဇွဲကပင်ပန်းခြံ အဆင့် မြှင့်တင်ဆောင်ရွက်ထားရှိမှုကို  လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။              

သတင်းစဉ်