နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင် (၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဧရာဝတီတိုင်းဒေသကြီး ဖျာပုံမြို့နယ် ဖျာပုံ- ကျုံကဒွန်း- ဒေါ်ညိမ်း- အမာလမ်းပေါ်ရှိ ဒေးဒလူတံတားဖွင့်ပွဲ အခမ်းအနားသို့တက်ရောက်

 

နေပြည်တော်   ဒီဇင်ဘာ    ၂၉ 


(၇၅) နှစ်မြောက် စိန်ရတုလွတ်လပ် ရေးနေ့ကို     ကြိုဆိုဂုဏ်ပြုသော အားဖြင့် ဧရာဝတီတိုင်းဒေသကြီး ဖျာပုံမြို့နယ်      ဖျာပုံ-ကျုံကဒွန်း-ဒေါ်ညိမ်း-အမာလမ်း       ပေါ်ရှိ ဒေးဒလူတံတားဖွင့်ပွဲ အခမ်းအနား ကို  ယနေ့နံနက် ၈ နာရီခွဲတွင် အဆိုပါ    တံတားအနီး   မင်္ဂလာ မဏ္ဍပ်၌ ကျင်းပသည်။

 


ဖွင့်ပွဲအခမ်းအနားသို့    နိုင်ငံ တော်   စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင် မန်းငြိမ်းမောင်၊ ဧရာဝတီ တိုင်းဒေသကြီး     ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊      အနောက် တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် ကြည်ခိုင်၊ ဆောက် လုပ်ရေးဝန်ကြီးဌာန       ဒုတိယ ဝန်ကြီး  ဦးဝင်းဖေနှင့်  တာဝန်ရှိ သူများ၊   ဒေသခံ   ရပ်မိရပ်ဖများ တက်ရောက်ကြသည်။

 


ချစ်ကြည်ရင်းနှီးမှုများ ပိုမိုရရှိ


ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီအဖွဲ့ဝင်     မန်းငြိမ်း မောင်က    နိုင်ငံတော်အစိုးရအနေ ဖြင့်  တိုင်းဒေသကြီး/ ပြည်နယ် အသီးသီးရှိ တိုင်းရင်းသားပြည်သူ များ၏ လူမှုရေး၊ စီးပွားရေး၊ ပညာ ရေး၊ ကျန်းမာရေးကဏ္ဍများတွင်  လူတန်းစေ့နေနိုင်ရန်      အခြေခံ အဆောက်အဦဖြစ်သော ပို့ဆောင် ဆက်သွယ်ရေးကဏ္ဍတွင် ပါဝင် သည့် လေကြောင်း၊ ရေကြောင်းနှင့် ကုန်းကြောင်း လမ်း၊ တံတားများ  ကောင်းမွန်ရေးနှင့် လျှပ်စစ်မီးရရှိ ရေးကို ဦးစားပေးဆောင်ရွက်ပေး လျက်ရှိကြောင်း၊  လမ်းပန်းဆက် သွယ်ရေး    ကောင်းမွန်ပြီး     လုံခြုံ ချောမွေ့မှသာ       တိုင်းရင်းသား ပြည်သူများ အပြန်အလှန်ကူးလူး ဆက်သွယ်         သွားလာနိုင်ပြီး ချစ်ကြည်ရင်းနှီးမှုများ ပိုမိုရရှိစေ မည်ဖြစ်ကြောင်း။

 


ဒေသတစ်ခု  ဖွံ့ဖြိုးတိုးတက် ရန် အဓိကကျသည့် လိုအပ်ချက် များထဲမှ လမ်းပန်းဆက်သွယ်ရေး  လွယ်ကူ     လျင်မြန်ခြင်းသည် အလွန်အရေးကြီးသည့်    အခန်း ကဏ္ဍဖြစ်သည့်အတွက်    မြို့ပြ ဒေသများသာမက ဝေးလံခေါင်းပါး သည့် ဒေသများပါမကျန် အချိုး ညီညီ       ဖွံ့ဖြိုးတိုးတက်စေရေး အတွက်   အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း၊ နိုင်ငံ တော် ဖွံ့ဖြိုးတိုးတက်ရေးအတွက်  စီမံကိန်းများ   အကောင်အထည် ဖော်    ဆောင်ရွက်ရာ၌      ပြည်သူ့ ဘဏ္ဍာငွေများ     သုံးစွဲရာတွင် လေလွင့်မှုမရှိစေရေး၊      ရေရှည် တည်တံ့      ခိုင်မြဲစေရေးအတွက်  အရည်အသွေး   ကောင်းမွန်ရေး၊ ဒေသအတွက် အကျိုးဖြစ်ထွန်းမှု ရှိ/မရှိ    ထောက်ပြဝေဖန်ပေးကြ ပါရန်နှင့် တည့်မတ်ပေးရန်တာဝန် ရှိသူများအနေဖြင့် ပူးပေါင်းဆောင် ရွက်ပေးကြရန် လိုကြောင်း။

 


  အချိန်တိုအတွင်းသွားလာနိုင်

 

ဧရာဝတီတိုင်းဒေသကြီးသည်    ဧရာဝတီမြစ်၏   မြစ်ဝကျွန်းပေါ် ဒေသဖြစ်သည်နှင့်အညီ    မြန်မာ ပြည်၏ ဆန်စပါးအဓိကထွက်ရှိရာ ဒေသကြီးလည်း   ဖြစ်ကြောင်း၊ မြေဆီဩဇာကြွယ်ဝသော   မြေနု ကျွန်းများ       ဖြစ်သည့်အတွက် စိုက်ပျိုးရေးလုပ်ငန်းများ အောင်မြင် ဖြစ်ထွန်းပြီး       ရေထွက်ပစ္စည်း  လုပ်ငန်း၊      မွေးမြူရေးလုပ်ငန်း၊  ရေချိုငါးဖမ်းလုပ်ငန်း၊   ပင်လယ် ငါးဖမ်းလုပ်ငန်း၊    ဆားလုပ်ငန်း၊ သင်ဖြူးသင်ဖျာလုပ်ငန်းနှင့် နိုင်ငံ ခြားဧည့်သည်များ စိတ်ပါဝင်စား သည့်      ပုသိမ်ထီးလုပ်ငန်းများ တည်ရှိသော တိုင်းဒေသကြီးဖြစ် ကြောင်း၊   ယခင်လမ်းပန်းဆက်  သွယ်ရေးအနေဖြင့်    ရေကြောင်း လမ်းကိုသာ အဓိကအားထားခဲ့ရ သော်လည်း ယခုအခါ တိုင်းဒေသ ကြီး၏   ဒေသအသီးသီးသို့   ကုန်း လမ်းခရီးဖြင့်    အချိန်တိုအတွင်း လွယ်လင့်တကူ   သွားလာနိုင်ရန် အတွက်      လမ်းများဖောက်လုပ် ခြင်း၊     အဆင့်မြှင့်တင်ခြင်းနှင့် တံတားများ  တည်ဆောက်ခြင်း တို့ကို      ဆောင်ရွက်ပေးလျက်ရှိ ကြောင်း ပြောကြားသည်။

 


ဆက်လက်၍ ဧရာဝတီတိုင်း ဒေသကြီး   ဝန်ကြီးချုပ်    ဦးတင် မောင်ဝင်းက ယနေ့ဖွင့်လှစ်လိုက် သည့်   ဒေးဒလူတံတားသစ်ကြီး သည် ယခင်က တည်ဆောက်ထား ပြီး  ခံနိုင်ဝန်  ငါးတန်သာရှိသည့်  ပေ  ၄၀၀  အရှည်ရှိ  တစ်လမ်း မောင်း      ဘေလီတံတားအစား ယာဉ်တစ်စီးချင်း    ခံနိုင်ဝန်တန် ၆၀     ရှိသည့်     သံကူကွန်ကရစ် တံတားသစ်ကြီးအဖြစ်     တည် ဆောက်ခဲ့ခြင်းဖြစ်ကြောင်း၊ ယခု တည်ဆောက်          ပြီးစီးခဲ့သည့် ဒေးဒလူတံတားသည် အရှည်ပေ   ၈၇၀      ရှိပြီး     ယာဉ်သွားလမ်း အကျယ် ၂၄ ပေ သံကူကွန်ကရစ် တံတားဖြစ်ပါကြောင်း စုစုပေါင်း ငွေကျပ် သန်း ၄၂၈၀ ဖြင့် တည် ဆောက်ခဲ့ခြင်း     ဖြစ်ပါကြောင်း၊ ဒေးဒလူတံတားကြီးကို    ဖွင့်လှစ် လိုက်သည့်အတွက် အမာမြို့နယ်  မှ ဖျာပုံမြို့နယ်နှင့် ပုသိမ်မြို့များသို့  အလွယ်တကူ ဆက်သွယ်သွားလာ နိုင်ပြီး   အဆိုပါဒေသထွက်ကုန် များကို ရန်ကုန်မြို့သို့ ပို့ဆောင်၍  ပြည်ပနိုင်ငံများအထိ      တင်ပို့ ရောင်းချ    သွားနိုင်မည်ဖြစ်သည့်  အတွက်  ဒေသခံပြည်သူများ၏  လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်လာ မည်ဖြစ်ကြောင်း၊ ဤတံတားကြီး  ရေရှည်တည်တံ့ခိုင်မြဲရေးအတွက် ဧရာဝတီတိုင်းဒေသကြီး   အစိုးရ အဖွဲ့မှ ဒေသခံပြည်သူများနှင့်အတူ ဝိုင်းဝန်း ထိန်းသိမ်းစောင့်ရှောက် သွားမည်ဖြစ်ကြောင်း       ပြော ကြားသည်။

 


ဆက်လက်၍  ဆောက်လုပ် ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းဖေက      ဒေးဒလူတံတား တည်ဆောက်ခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားပြီး ဒေးဒလူ တံတားကြီး တည်ဆောက်မှုနှင့် ပတ်သက်၍       ဒေသခံပြည်သူ တစ်ဦးက     ကျေးဇူးတင်စကား ပြောကြားသည် ။

 


စက်ခလုတ်နှိပ်ဖွင့်လှစ်


ထို့နောက် တံတားဖွင့်ပွဲအခမ်း အနား အပိုင်း (၂) အစီအစဉ်အရ  ဧရာဝတီတိုင်းဒေသကြီး  ဝန်ကြီး ချုပ် ဦးတင်မောင်ဝင်း၊ အနောက်  တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး  ဗိုလ်မှူးချုပ် ကြည်ခိုင်၊ ဆောက် လုပ်ရေးဝန်ကြီးဌာန     ဒုတိယ ဝန်ကြီး ဦးဝင်းဖေနှင့် တိုင်းဒေသ ကြီး    လမ်းပန်းဆက်သွယ်ရေး  ဝန်ကြီး  ရဲမှူးကြီး တင်ဇော်ထွန်း တို့က   တံတားအား   ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးပြီး     ဒေးဒလူတံတား ကမ္ပည်း    မော်ကွန်းကျောက်စာ တိုင်ကို နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင် က   စက်ခလုတ်နှိပ်၍       ဖွင့်လှစ် ပေးသည်။ 

 


ယင်းနောက် ဧည့်သည်တော် များက ဒေးဒလူတံတား ကမ္ပည်း  မော်ကွန်း   ကျောက်စာတိုင်အား အမွှေးနံ့သာရည်များ ပက်ဖျန်းပြီး တံတားပေါ်သို့ ဖြတ်သန်းကြည့်ရှု စစ်ဆေးခဲ့ကြကြောင်း သိရသည်။ 


သတင်းစဉ်